တ႐ုတ္၏ ေျခလွမ္းသစ္မ်ားႏွင့္ ျပဳျပင္ေျပာင္းလဲေရး
doremi | Life Style | 2013年11月18日
တိန႔္ေရွာင္ပင္ကို လီကြမ္းယုက “လူပုသေလာက္ ေခါင္းႀကီးတဲ့လူ” ဟု ေျပာခဲ့ဖူးသည္။ေျခလွ အေဟာင္း ကိုၿဖိဳ၍ အသစ္ကို စတင္ရေသာအလုပ္သည္ လြယ္သည္ေတာ့မဟုတ္။ အမွားကိုျပဳလုပ္သည္ထက္ အ မွားကိုျပင္ရဲေသာ သတၱိ္မ်ားကလည္း နည္းသည့္မ်ားမဟုတ္။ တိန႔္ေရွာင္ပင္သည္ကား ယင္းအလုပ္မ်ား ကို လုပ္နိုင္ခဲ့သည္။ ထို႔ေၾကာင့္လည္း ေမာ္စီတုန္း၏ “မဟာခုန္ပ်ံေက်ာ္လႊား ေတာ္လွန္ေရး” ကဲ့သို႔ မူဝါဒ အမွားမ်ား၏ ဒဏ္မွလြတ္ေျမာက္ေအာင္ ခုန္ထြက္နိုင္ခဲ့သည္။ တ႐ုတ္ျပည္ကိုလမ္းသစ္ဆီေရာက္ေအာင္ ေခၚယူခဲ့သည္။ ေခတ္သစ္ကို ေဖာ္ေဆာင္ခဲ့သည္။ သို႔ျဖင့္ ေခတ္သစ္တ႐ုတ္ျပည္အျဖစ္ ကမာၻ႔ဇာတ္ခုံ ေပၚတြင္ အင္အားႀကီးနိုင္ငံအျဖစ္ ထြက္ေပၚလာခဲ့သည္။ ယခုလည္း တ႐ုတ္ကြန္ျမဴနစ္ပါတီ၏ ဗဟို ေကာ္မတီဝင္မ်ား ေတြ႕ဆုံၿပီး ေနာင္လာမည့္ ဆယ္စုႏွစ္အတြက္ စီးပြားေရး၊ နိုင္ငံေရးမူၾကမ္းမ်ားကို ပုံေဖာ္ေနသည္။ ယင္းေျခလွမ္းမ်ားက တ႐ုတ္ျပည္ကို ေခတ္သစ္စီးပြားေရးစနစ္ႏွင့္ လိုက္ေလ်ာညီေထြ ရွိေသာ၊ တိုးတက္ေသာ၊ တာဝန္ခံမႈရွိေသာ အင္အားႀကီးနိုင္ငံအျဖစ္ ထြက္ေပၚလာမည္လား ဆိုသည္က ေတာ့ ေစာင့္ၾကည့္ရမည္ ျဖစ္သည္။
တ႐ုတ္နိုင္ငံ၏ ျပဳျပင္ေျပာင္းလဲမႈမ်ားကို ၁၉၇၉ ခုႏွစ္ တိန႔္ေရွာင္ပင္ လက္ထက္တြင္စတင္ခဲ့ၿပီး၊ ကြန္ျမဴနစ္ အစိုးရပုံစံျဖင့္ ဆက္လက္အုပ္ခ်ဳပ္ေနေသာ္လည္း စီးပြားေရးတြင္ ေဈးကြက္ကို ေဖာ္ေဆာင္လာခဲ့ သည္။ ဘုံပစၥည္းပိုင္ဆိုင္ခြင့္ စနစ္မ်ားကို တျဖည္းျဖည္း ဖ်က္သိမ္းၿပီး လယ္သမားမ်ားကို လယ္ယာေျမ မ်ား ပိုမိုလြတ္လပ္စြာ စိုက္ပ်ိဳးခြင့္၊ ထြက္ကုန္မ်ားကို ေဈးကြက္တင္ေရာင္းခ်ခြင့္ေပးခဲ့သည္။
တ႐ုတ္ျပည္၏ ႏွစ္ေပါင္းမ်ားစြာ ပိတ္ေလွာင္ထားခဲ့ေသာ စီးပြားေရးကိုလည္း နိုင္ငံျခားကုန္သြယ္မႈျဖင့္ ခ်ိတ္ဆက္လာခဲ့သည္။ ထို႔ေၾကာင့္လည္း တ႐ုတ္နိုင္ငံႏွင့္ အေနာက္နိုင္ငံမ်ား စီးပြားေရးဆက္ဆံမႈ ပိုမို မ်ားျပားလာခဲ့သည္။ ျပင္ပကမာၻႏွင့္ ဆက္ဆံမႈ တိုးတက္လာျခင္းက တိန႔္ေရွာင္ပင္၏ “ျပဳျပင္ေျပာင္းလဲ ေရးႏွင့္ ပြင့္လင္းမႈ” ဟူ ေသာလမ္းစဥ္တြင္ အေရးပါေသာအခ်က္ ျဖစ္သည္။ တိန႔္၏ဦးေဆာင္မႈျဖင့္ တ႐ုတ္ျပည္၏ စီးပြားေရး၊ လူမႈေရးႏွင့္ နိုင္ငံေရးစနစ္မ်ား သိသိသာသာ တိုးတက္ေျပာင္းလဲလာခဲ့သည္။
တ႐ုတ္သည္ ၁၉၇၉ ခုႏွစ္ တိန႔္ေရွာင္ပင္၏ “ေလးမ်ိဳးေခတ္မီေရး”ႏွင့္အတူ နိုင္ငံကို ေဈးကြက္စီးပြားေရး စနစ္ဘက္ မ်က္ႏွာမူခဲ့သည္။ စိုက္ပ်ိဳးေရး၊ စက္မႈ၊ သိပၸံႏွင့္နည္းပညာ၊ စစ္ေရးတို႔တြင္ ထိေရာက္ေသာ ျပဳျပင္ေျပာင္းလဲေရးမ်ား စတင္ခဲ့သည္။ စီးပြားေရးဆုံးျဖတ္ခ်က္မ်ားခ်မွတ္ရာတြင္ ေမာ္စီတုန္း၏ သေဘာ တရားေရးရာမ်ားေပၚတြင္ အေျခခံေသာ ဆုံးျဖတ္ခ်က္မ်ား ခ်မွတ္ျခင္းကို ေလွ်ာ့ခ်ခဲ့သည္။
အထူးစက္မႈဇုန္မ်ား တည္ေဆာက္ၿပီး နိုင္ငံပို႔ကုန္ကို တြန္းတင္ခဲ့သည္။ ထို႔ေၾကာင့္လည္း စီးပြားေရး တိုး တက္လာခဲ့ၿပီး၊ ကမာၻေပၚတြင္ အေမရိကန္ၿပီးေနာက္ စီးပြားေရးအင္အားႀကီးနိုင္ငံ ျဖစ္လာခဲ့သည္။
သို႔ေသာ္ ေျပာင္းလဲလာေသာ ေခတ္စနစ္ႏွင့္အညီ ယခုလည္း တ႐ုတ္နိုင္ငံက ျပဳျပင္ေျပာင္းလဲေရးလုပ္ဖို႔ လိုအပ္ေနၿပီ ျဖစ္သည္။ “လူလတ္တန္းစား ေထာင္ေခ်ာက္” မွ လြတ္ေျမာက္ဖို႔ဆိုလွ်င္ တ႐ုတ္နိုင္ငံ၏ စီးပြားေရးျပႆနာမ်ားကို၊ စီးပြားေရး အေဆာက္အအုံမ်ားကို ျပဳျပင္ေျပာင္းလဲဖို႔ လိုအပ္ေနၿပီ ျဖစ္သည္။
တ႐ုတ္နိုင္ငံ၏ တစ္ဦးခ်င္းဝင္ေငြသည္ ေဒၚလာ ၆,၀၀၀ ေက်ာ္ ရွိလာေနၿပီး၊ လူမ်ားက ေဘးကင္းေသာ အစားအစာမ်ားရရန္၊ အစိုးရ၏ ပြင့္လင္းျမင္သာမႈရွိရန္ အိမ္ရာပိုင္ဆိုင္ခြင့္ႏွင့္ ပညာေရး အဆင့္အတန္း ျမႇင့္တင္ေပးေရးတို႔ကို ပိုမိုေတာင္းဆိုလာေနသည္။ ထို႔အျပင္ တ႐ုတ္နိုင္ငံက ကမာၻ႔အင္အားႀကီးနိုင္ငံ အေနျဖင့္ ကုန္သြယ္မႈ၊ ရင္းႏွီးျမႇုပ္ႏွံမႈ၊ သဘာ၀ ပတ္ဝန္းက်င္ကာကြယ္ေရးကိစၥမ်ားအတြက္ ပိုမိုတာဝန္ ယူရန္ က်န္ကမာၻ႔နိုင္ငံမ်ားက ေတာင္းဆိုေနသည္။
တကယ္ေလးနက္ၿပီး အားလုံးအကြၽမ္းဝင္ေသာ ျပဳျပင္ေျပာင္းလဲေရးလုပ္ရန္ လိုေသာ္လည္း တ႐ုတ္နိုင္ငံ က သူ၏ ျမႇုပ္ႏွံထားေသာ အရင္းအႏွီးမ်ားရွိျခင္းေၾကာင့္ အေကာင္အထည္ေဖာ္ရန္မူ ခက္ခဲလွသည္။ ျပည္သူမ်ား၏ ေထာက္ခံမႈကို ရရွိရန္ ရည္မွန္းခ်က္မ်ား၊ အစိုးရက ရွင္းရွင္းလင္းလင္း ျပည္သူမ်ားကို ခ်ျပသင့္သည္။ ယခု တ႐ုတ္ေခါင္းေဆာင္မ်ား ေတြ႕ဆုံသည့္ အစည္းအေဝး၏ ေဆြးေႏြးမည့္ အေၾကာင္း အရာမ်ားတြင္ ဘ႑ာေရး က႑ေျဖေလွ်ာ့ေရး၊ နိုင္ငံပိုင္ စီးပြားေရး လုပ္ငန္းကိစၥမ်ားႏွင့္ တ႐ုတ္နိုင္ငံ၏ အိမ္ေထာင္စုဇယားစနစ္အား ျပဳျပင္ေျပာင္းလဲေနျခင္းတို႔ ပါဝင္လိမ့္မည္ ျဖစ္သည္။
တ႐ုတ္အစိုးရႏွင့္ ပူးေပါင္းေဆာင္႐ြက္ေနေသာ ဉဏ္ႀကီးရွင္မ်ားအဖြဲ႕တစ္ဖြဲ႕ျဖစ္သည့္ ဖြံ႕ၿဖိဳးတိုးတက္ေရး သုေတသနစင္တာမွ ထုတ္ျပန္ခဲ့ေသာ ေၾကညာခ်က္တြင္ ျပဳျပင္ေျပာင္းလဲေရးအား က်ယ္ျပန႔္ေသာ နယ္ ပယ္သုံးရပ္ႏွင့္ အေရးႀကီးက႑ရွစ္ခုတို႔တြင္ အေလးေပးေဆာင္႐ြက္ရန္ ေတာင္းဆိုထားသည္။
၃၈၃ စီမံခ်က္ဟု လူသိမ်ားေသာ ၎အဖြဲ႕၏ စီမံခ်က္မ်ားမွာ ေဈးကြက္အား ေျဖေလွ်ာ့ရန္၊ တီထြင္ဆန္း သစ္မႈႏွင့္ ၿပိဳင္ဆိုင္မႈတို႔အား အားေပးရန္၊ အစိုးရ၏ ပြင့္လင္ရန္ အစိုးရက တိုင္းျပည္စီးပြားေရးအခ်ိဳ႕ကို ထိန္းခ်ဳပ္ရန္လိုအပ္ၿပီး၊ ပစၥည္းပိုင္ဆိုင္ခြင့္၊ ေလထုညစ္ညမ္းမႈ ေလွ်ာ့ခ်ေရးႏွင့္ လာဘ္ေပးလာဘ္ယူမႈ မ်ား ပေပ်ာက္ေအာင္ေဆာင္႐ြက္ေရးကို အာ႐ုံစိုက္ရမည္ ျဖစ္သည္။ အစိုးရ၏ အရင္းျမင္သာမႈအေျခ အေန တိုးတက္လာေရးတို႔အား ေတာင္းဆိုထားသည္။
ယင္းသုေတသနဌာနမွ ျပဳျပင္ေျပာင္းလဲမႈတစ္ခုလုံးကို ခ်ဥ္းကပ္ရာတြင္ စနစ္တက် ျပဳျပင္ေျပာင္းလဲ ေရးႏွင့္ စိတ္ဓာတ္ေျပာင္းလဲေရးကို ျပဳလုပ္ရန္ေတာင္းဆိုထားသည္။
၃၈၃ စီမံခ်က္တြင္ တ႐ုတ္အစိုးရ ေဖာ္ေဆာင္ရမည့္ အခ်က္မ်ားကို ေဖာ္ျပထားသည္။ ပထမဆုံး တ႐ုတ္ စီးပြားေရးတြင္ ယွက္ႏြယ္ေနေသာ အခ်က္သုံးခ်က္ကို ေဖာ္ျပထားသည္။ အစိုးရ၊ စီးပြားေရး ႏွင့္ ေဈး ကြက္တို႔ ျဖစ္သည္။ ဒုတိယအခ်က္ေနျဖင့္ ျပဳျပင္ေျပာင္းလဲရမည့္ အခ်က္ရွစ္ခ်က္ကို ေဖာ္ျပထားသည္။ အစိုးရ၊ ယွဥ္ၿပိဳင္နိုင္ေသာ မူဝါဒ၊ ေျမ၊ ေငြေၾကး ေဈးကြက္၊ ျပည္သူ႕ဘ႑ာေငြေၾကး၊ နိုင္ငံပိုင္ ပစၥည္းမ်ား၊ တီထြင္စမ္းသပ္မႈ၊ နိုင္ငံတကာ ကုန္သြယ္ေရးႏွင့္ ေငြေၾကးေဈးကြက္ေျဖေလွ်ာ့ေပးေရးတို႔ ပါဝင္သည္။
တတိယအခ်က္အေနျဖင့္ အျပန္အလွန္ဆက္စပ္ေနေသာ ရည္မွန္းခ်က္သုံးရပ္ကို မီးေမာင္းထိုးျပထား သည္။ ျပည္တြင္း မူဝါဒေျပာင္းလဲေရးအတြက္ ျပည္ပဖိအားမ်ားေလွ်ာ့ခ်ရန္၊ လူမႈဘဝလုံၿခဳံေရးအတြက္ အားလုံးပါဝင္ခြင့္ရေသာ လူမႈဘဝအေျခေနတစ္ရပ္ တည္ေဆာက္ေပးရန္ႏွင့္ ေက်းလက္လယ္ယာေျမ ျပဳျပင္ေျပာင္းလဲေရးမွတစ္ဆင့္ လူမႈေရးမညီမွ်မႈမ်ားႏွင့္ လာဘ္ေပးလာဘ္ယူမႈမ်ား ေလွ်ာ့ခ်ရန္တို႔ ျဖစ္ သည္။
တ႐ုတ္ ပို႔ကုန္ေဇာင္းေပးမူဝါဒမ်ား ခ်မွတ္ၿပီး ထုတ္ကုန္မ်ားထုတ္လုပ္ကာ ျပည္တြင္းစီးပြားေရးတိုးတက္ ေအာင္ ေဆာင္႐ြက္နိုင္ေသာ္လည္း မၾကားေသးမီကာလမ်ားက စီးပြားေရးတိုးတက္မႈ ေႏွးေကြးလာျခင္းက ယင္းမူဝါဒတြင္ အကန႔္အသတ္မ်ားရွိေနေၾကာင္း ေဖာ္ျပေနသည္။
ဝန္ေဆာင္မႈႏွင့္ ပညာအေျခခံ စီးပြားေရးလုပ္ငန္းမ်ားကို ေဖာ္ေဆာင္ၿပီး ေနာက္တစ္ဆင့္ ေအာင္ျမင္ ေသာ ျပဳျပင္ေျပာင္းလဲေရးကို အေကာင္အထည္ေဖာ္အရည္အေသြးကို တိုးတက္ေအာင္ေဆာင္႐ြက္ၿပီး တီထြင္ဖန္တီးမႈရွိေသာ ေဈးကြက္အေျခခံျဖင့္ စီးပြားေရးပိုမိုတိုးတက္ေကာင္းမြန္ေအာင္ ေမာင္းတင္ရ မည္ ျဖစ္သည္။
တတိယအႀကိမ္ ဆယ္စုႏွစ္ ရည္မွန္းခ်က္မ်ား အေကာင္အထည္ေဖာ္နိုင္ရန္ စည္းေဝးေနျခင္းက တ႐ုတ္ အေနျဖင့္ သူ၏အေတြ႕ႀကဳံမ်ား၊ နိုင္ငံတကာ အေလ့အထမ်ားကို ေသခ်ာစြာ သုံးသပ္ရန္၊ အားလုံးပါဝင္ေသာ၊ တီထြင္ဖန္းတီနိုင္စြမ္း ျမင့္မားေသာ၊ ေရရွည္တိုးတက္ေသာ စီးပြားေရး ျဖစ္ထြန္းေစမည့္ မဟာဗ်ဴ ဟာမ်ားကို ခ်မွတ္နိုင္ဖို႔ ျဖစ္သည္။ တ႐ုတ္သမၼတရွီက်င့္ဖင္ ေျပာသလိုပင္ “အစိုးရ မလုပ္နိုင္သည့္ အလုပ္ကို ေဈးကြက္က လုပ္ေဆာင္ရန္ ခြင့္ျပဳရမည့္အခ်ိန္” ပင္ ျဖစ္ေတာ့သည္။
Credit to Mizzima
[Unicode]
တရုတ်၏ ခြေလှမ်းသစ်များနှင့် ပြုပြင်ပြောင်းလဲရေး
doremi | Life Style | 2013年11月18日
Written by နေယွန်းအိမ်
တိန့်ရှောင်ပင်ကို လီကွမ်းယုက “လူပုသလောက် ခေါင်းကြီးတဲ့လူ” ဟု ပြောခဲ့ဖူးသည်။ခြေလှ အဟောင်း ကိုဖြို၍ အသစ်ကို စတင်ရသောအလုပ်သည် လွယ်သည်တော့မဟုတ်။ အမှားကိုပြုလုပ်သည်ထက် အ မှားကိုပြင်ရဲသော သတ္တိ်များကလည်း နည်းသည့်များမဟုတ်။ တိန့်ရှောင်ပင်သည်ကား ယင်းအလုပ်များ ကို လုပ်နိုင်ခဲ့သည်။ ထို့ကြောင့်လည်း မော်စီတုန်း၏ “မဟာခုန်ပျံကျော်လွှား တော်လှန်ရေး” ကဲ့သို့ မူဝါဒ အမှားများ၏ ဒဏ်မှလွတ်မြောက်အောင် ခုန်ထွက်နိုင်ခဲ့သည်။ တရုတ်ပြည်ကိုလမ်းသစ်ဆီရောက်အောင် ခေါ်ယူခဲ့သည်။ ခေတ်သစ်ကို ဖော်ဆောင်ခဲ့သည်။ သို့ဖြင့် ခေတ်သစ်တရုတ်ပြည်အဖြစ် ကမ္ဘာ့ဇာတ်ခုံ ပေါ်တွင် အင်အားကြီးနိုင်ငံအဖြစ် ထွက်ပေါ်လာခဲ့သည်။ ယခုလည်း တရုတ်ကွန်မြူနစ်ပါတီ၏ ဗဟို ကော်မတီဝင်များ တွေ့ဆုံပြီး နောင်လာမည့် ဆယ်စုနှစ်အတွက် စီးပွားရေး၊ နိုင်ငံရေးမူကြမ်းများကို ပုံဖော်နေသည်။ ယင်းခြေလှမ်းများက တရုတ်ပြည်ကို ခေတ်သစ်စီးပွားရေးစနစ်နှင့် လိုက်လျောညီထွေ ရှိသော၊ တိုးတက်သော၊ တာဝန်ခံမှုရှိသော အင်အားကြီးနိုင်ငံအဖြစ် ထွက်ပေါ်လာမည်လား ဆိုသည်က တော့ စောင့်ကြည့်ရမည် ဖြစ်သည်။
တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို ၁၉၇၉ ခုနှစ် တိန့်ရှောင်ပင် လက်ထက်တွင်စတင်ခဲ့ပြီး၊ ကွန်မြူနစ် အစိုးရပုံစံဖြင့် ဆက်လက်အုပ်ချုပ်နေသော်လည်း စီးပွားရေးတွင် ဈေးကွက်ကို ဖော်ဆောင်လာခဲ့ သည်။ ဘုံပစ္စည်းပိုင်ဆိုင်ခွင့် စနစ်များကို တဖြည်းဖြည်း ဖျက်သိမ်းပြီး လယ်သမားများကို လယ်ယာမြေ များ ပိုမိုလွတ်လပ်စွာ စိုက်ပျိုးခွင့်၊ ထွက်ကုန်များကို ဈေးကွက်တင်ရောင်းချခွင့်ပေးခဲ့သည်။
တရုတ်ပြည်၏ နှစ်ပေါင်းများစွာ ပိတ်လှောင်ထားခဲ့သော စီးပွားရေးကိုလည်း နိုင်ငံခြားကုန်သွယ်မှုဖြင့် ချိတ်ဆက်လာခဲ့သည်။ ထို့ကြောင့်လည်း တရုတ်နိုင်ငံနှင့် အနောက်နိုင်ငံများ စီးပွားရေးဆက်ဆံမှု ပိုမို များပြားလာခဲ့သည်။ ပြင်ပကမ္ဘာနှင့် ဆက်ဆံမှု တိုးတက်လာခြင်းက တိန့်ရှောင်ပင်၏ “ပြုပြင်ပြောင်းလဲ ရေးနှင့် ပွင့်လင်းမှု” ဟူ သောလမ်းစဉ်တွင် အရေးပါသောအချက် ဖြစ်သည်။ တိန့်၏ဦးဆောင်မှုဖြင့် တရုတ်ပြည်၏ စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေးစနစ်များ သိသိသာသာ တိုးတက်ပြောင်းလဲလာခဲ့သည်။
တရုတ်သည် ၁၉၇၉ ခုနှစ် တိန့်ရှောင်ပင်၏ “လေးမျိုးခေတ်မီရေး”နှင့်အတူ နိုင်ငံကို ဈေးကွက်စီးပွားရေး စနစ်ဘက် မျက်နှာမူခဲ့သည်။ စိုက်ပျိုးရေး၊ စက်မှု၊ သိပ္ပံနှင့်နည်းပညာ၊ စစ်ရေးတို့တွင် ထိရောက်သော ပြုပြင်ပြောင်းလဲရေးများ စတင်ခဲ့သည်။ စီးပွားရေးဆုံးဖြတ်ချက်များချမှတ်ရာတွင် မော်စီတုန်း၏ သဘော တရားရေးရာများပေါ်တွင် အခြေခံသော ဆုံးဖြတ်ချက်များ ချမှတ်ခြင်းကို လျှော့ချခဲ့သည်။
အထူးစက်မှုဇုန်များ တည်ဆောက်ပြီး နိုင်ငံပို့ကုန်ကို တွန်းတင်ခဲ့သည်။ ထို့ကြောင့်လည်း စီးပွားရေး တိုး တက်လာခဲ့ပြီး၊ ကမ္ဘာပေါ်တွင် အမေရိကန်ပြီးနောက် စီးပွားရေးအင်အားကြီးနိုင်ငံ ဖြစ်လာခဲ့သည်။
သို့သော် ပြောင်းလဲလာသော ခေတ်စနစ်နှင့်အညီ ယခုလည်း တရုတ်နိုင်ငံက ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ လိုအပ်နေပြီ ဖြစ်သည်။ “လူလတ်တန်းစား ထောင်ချောက်” မှ လွတ်မြောက်ဖို့ဆိုလျှင် တရုတ်နိုင်ငံ၏ စီးပွားရေးပြဿနာများကို၊ စီးပွားရေး အဆောက်အအုံများကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေပြီ ဖြစ်သည်။
တရုတ်နိုင်ငံ၏ တစ်ဦးချင်းဝင်ငွေသည် ဒေါ်လာ ၆,၀၀၀ ကျော် ရှိလာနေပြီး၊ လူများက ဘေးကင်းသော အစားအစာများရရန်၊ အစိုးရ၏ ပွင့်လင်းမြင်သာမှုရှိရန် အိမ်ရာပိုင်ဆိုင်ခွင့်နှင့် ပညာရေး အဆင့်အတန်း မြှင့်တင်ပေးရေးတို့ကို ပိုမိုတောင်းဆိုလာနေသည်။ ထို့အပြင် တရုတ်နိုင်ငံက ကမ္ဘာ့အင်အားကြီးနိုင်ငံ အနေဖြင့် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ သဘာ၀ ပတ်ဝန်းကျင်ကာကွယ်ရေးကိစ္စများအတွက် ပိုမိုတာဝန် ယူရန် ကျန်ကမ္ဘာ့နိုင်ငံများက တောင်းဆိုနေသည်။
တကယ်လေးနက်ပြီး အားလုံးအကျွမ်းဝင်သော ပြုပြင်ပြောင်းလဲရေးလုပ်ရန် လိုသော်လည်း တရုတ်နိုင်ငံ က သူ၏ မြှုပ်နှံထားသော အရင်းအနှီးများရှိခြင်းကြောင့် အကောင်အထည်ဖော်ရန်မူ ခက်ခဲလှသည်။ ပြည်သူများ၏ ထောက်ခံမှုကို ရရှိရန် ရည်မှန်းချက်များ၊ အစိုးရက ရှင်းရှင်းလင်းလင်း ပြည်သူများကို ချပြသင့်သည်။ ယခု တရုတ်ခေါင်းဆောင်များ တွေ့ဆုံသည့် အစည်းအဝေး၏ ဆွေးနွေးမည့် အကြောင်း အရာများတွင် ဘဏ္ဍာရေး ကဏ္ဍဖြေလျှော့ရေး၊ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းကိစ္စများနှင့် တရုတ်နိုင်ငံ၏ အိမ်ထောင်စုဇယားစနစ်အား ပြုပြင်ပြောင်းလဲနေခြင်းတို့ ပါဝင်လိမ့်မည် ဖြစ်သည်။
တရုတ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နေသော ဉဏ်ကြီးရှင်များအဖွဲ့တစ်ဖွဲ့ဖြစ်သည့် ဖွံ့ဖြိုးတိုးတက်ရေး သုတေသနစင်တာမှ ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ပြုပြင်ပြောင်းလဲရေးအား ကျယ်ပြန့်သော နယ် ပယ်သုံးရပ်နှင့် အရေးကြီးကဏ္ဍရှစ်ခုတို့တွင် အလေးပေးဆောင်ရွက်ရန် တောင်းဆိုထားသည်။
၃၈၃ စီမံချက်ဟု လူသိများသော ၎င်းအဖွဲ့၏ စီမံချက်များမှာ ဈေးကွက်အား ဖြေလျှော့ရန်၊ တီထွင်ဆန်း သစ်မှုနှင့် ပြိုင်ဆိုင်မှုတို့အား အားပေးရန်၊ အစိုးရ၏ ပွင့်လင်ရန် အစိုးရက တိုင်းပြည်စီးပွားရေးအချို့ကို ထိန်းချုပ်ရန်လိုအပ်ပြီး၊ ပစ္စည်းပိုင်ဆိုင်ခွင့်၊ လေထုညစ်ညမ်းမှု လျှော့ချရေးနှင့် လာဘ်ပေးလာဘ်ယူမှု များ ပပျောက်အောင်ဆောင်ရွက်ရေးကို အာရုံစိုက်ရမည် ဖြစ်သည်။ အစိုးရ၏ အရင်းမြင်သာမှုအခြေ အနေ တိုးတက်လာရေးတို့အား တောင်းဆိုထားသည်။
ယင်းသုတေသနဌာနမှ ပြုပြင်ပြောင်းလဲမှုတစ်ခုလုံးကို ချဉ်းကပ်ရာတွင် စနစ်တကျ ပြုပြင်ပြောင်းလဲ ရေးနှင့် စိတ်ဓာတ်ပြောင်းလဲရေးကို ပြုလုပ်ရန်တောင်းဆိုထားသည်။
၃၈၃ စီမံချက်တွင် တရုတ်အစိုးရ ဖော်ဆောင်ရမည့် အချက်များကို ဖော်ပြထားသည်။ ပထမဆုံး တရုတ် စီးပွားရေးတွင် ယှက်နွယ်နေသော အချက်သုံးချက်ကို ဖော်ပြထားသည်။ အစိုးရ၊ စီးပွားရေး နှင့် ဈေး ကွက်တို့ ဖြစ်သည်။ ဒုတိယအချက်နေဖြင့် ပြုပြင်ပြောင်းလဲရမည့် အချက်ရှစ်ချက်ကို ဖော်ပြထားသည်။ အစိုးရ၊ ယှဉ်ပြိုင်နိုင်သော မူဝါဒ၊ မြေ၊ ငွေကြေး ဈေးကွက်၊ ပြည်သူ့ဘဏ္ဍာငွေကြေး၊ နိုင်ငံပိုင် ပစ္စည်းများ၊ တီထွင်စမ်းသပ်မှု၊ နိုင်ငံတကာ ကုန်သွယ်ရေးနှင့် ငွေကြေးဈေးကွက်ဖြေလျှော့ပေးရေးတို့ ပါဝင်သည်။
တတိယအချက်အနေဖြင့် အပြန်အလှန်ဆက်စပ်နေသော ရည်မှန်းချက်သုံးရပ်ကို မီးမောင်းထိုးပြထား သည်။ ပြည်တွင်း မူဝါဒပြောင်းလဲရေးအတွက် ပြည်ပဖိအားများလျှော့ချရန်၊ လူမှုဘဝလုံခြုံရေးအတွက် အားလုံးပါဝင်ခွင့်ရသော လူမှုဘဝအခြေနေတစ်ရပ် တည်ဆောက်ပေးရန်နှင့် ကျေးလက်လယ်ယာမြေ ပြုပြင်ပြောင်းလဲရေးမှတစ်ဆင့် လူမှုရေးမညီမျှမှုများနှင့် လာဘ်ပေးလာဘ်ယူမှုများ လျှော့ချရန်တို့ ဖြစ် သည်။
တရုတ် ပို့ကုန်ဇောင်းပေးမူဝါဒများ ချမှတ်ပြီး ထုတ်ကုန်များထုတ်လုပ်ကာ ပြည်တွင်းစီးပွားရေးတိုးတက် အောင် ဆောင်ရွက်နိုင်သော်လည်း မကြားသေးမီကာလများက စီးပွားရေးတိုးတက်မှု နှေးကွေးလာခြင်းက ယင်းမူဝါဒတွင် အကန့်အသတ်များရှိနေကြောင်း ဖော်ပြနေသည်။
ဝန်ဆောင်မှုနှင့် ပညာအခြေခံ စီးပွားရေးလုပ်ငန်းများကို ဖော်ဆောင်ပြီး နောက်တစ်ဆင့် အောင်မြင် သော ပြုပြင်ပြောင်းလဲရေးကို အကောင်အထည်ဖော်အရည်အသွေးကို တိုးတက်အောင်ဆောင်ရွက်ပြီး တီထွင်ဖန်တီးမှုရှိသော ဈေးကွက်အခြေခံဖြင့် စီးပွားရေးပိုမိုတိုးတက်ကောင်းမွန်အောင် မောင်းတင်ရ မည် ဖြစ်သည်။
တတိယအကြိမ် ဆယ်စုနှစ် ရည်မှန်းချက်များ အကောင်အထည်ဖော်နိုင်ရန် စည်းဝေးနေခြင်းက တရုတ် အနေဖြင့် သူ၏အတွေ့ကြုံများ၊ နိုင်ငံတကာ အလေ့အထများကို သေချာစွာ သုံးသပ်ရန်၊ အားလုံးပါဝင်သော၊ တီထွင်ဖန်းတီနိုင်စွမ်း မြင့်မားသော၊ ရေရှည်တိုးတက်သော စီးပွားရေး ဖြစ်ထွန်းစေမည့် မဟာဗျူ ဟာများကို ချမှတ်နိုင်ဖို့ ဖြစ်သည်။ တရုတ်သမ္မတရှီကျင့်ဖင် ပြောသလိုပင် “အစိုးရ မလုပ်နိုင်သည့် အလုပ်ကို ဈေးကွက်က လုပ်ဆောင်ရန် ခွင့်ပြုရမည့်အချိန်” ပင် ဖြစ်တော့သည်။
Credit to Mizzima
No comments:
Post a Comment