Popular Posts!

Monday, March 25, 2019

မြဝတီသို့အစေ့ထုတ်ပြောင်းဆံတင်ပို့ ရောင်းချမှုလေးကို sharing လုပ်ခြင်း

မဝတီသို့အစေ့ထုတ်ပြောင်းဆံတင်ပို့ ရောင်းချမှုလေးကို sharing လုပ်ခြင်း

တောင်သူများကုန်သည်များ ပါဝင်ဆက်နွယ်မှုရှိသူများ အားလုံးသိထားသင့်ပါတယ် ကျမတို့မြန်မာပြည်တွင်းက ထွက်တဲ့လယ်ယာ ထွက်ကုန်ပြောင်းဆံရောင်းချ ရပုံလေးပါ

တရုပ်ရဲ့ပြောင်းဝယ်ယူမှု အခြေအနေက ဘယ်လိုမှန်းသေသေ ချာချာမသိသေးချိန်မှာ ပြောင်ဆံရောင်း ဝယ်မှုနောက်ထပ် ထွက်ပေါက်တခု ကထိုင်းနိုင်ငံသို့တရား မဝင်ရောင်းချခြင်း တနည်းဘဲရှိပါတယ် (တရားဝင်ကမလွယ်ကူပါ လုပ်တော့လုပ်နေပါသည်)

ပစ္စည်းစပို့တော့မယ်ဆိုရင်တင်ဖို့ကားခေါ်တာကစပါမယ် ပြောင်းအဓိကထွက်သော နေရာများဖြစ်သည့်ကယား ရှမ်းတောင် ရှမ်းမြောက် ဧရာဝတီကနေမြဝတီပို့ဖို့ဆို ရင်ရောင်းရသည့် နေရာသည်မြဝတီမြို့ပေါ မဟုတ်ပါနယ်စပ်ကမ်းနားရှိဂိတ်ရှိသောနေရာများကိုအရောက် ပို့ပေးရပါတယ်
ပို့ရသည့်နေရာအထိလမ်း ကမကောင်းပါ (တောလမ်းများလဲသွားရပါသည်)

အဲ့သည်အတွက်ပေါက်ဈေး ထက်ကားခတပိသာကို အနဲဆုံး၁၀ကျပ်ပိုပေးရပါတယ် (၁၀ကျပ်ထက်ပိုပါတယ်)အဲ့သည်တင်လာတဲ့ကားသည်ပို့ဆောင်ရမည့် ဂိတ်အထိလျောကနဲရောက်လာခြင်းမဟုတ်ပါလမ်းတွင်ဂိတ်ပေါင်းများစွာကိုပိုက်ဆံပေးပြီးလာရပါသည်
(ဂိတ်ဆို သည်မှာမြဝတီအဝင် သင်္ကန်း
ညီနောင်ဂိတ်မှ စပါသည်)

 မြဝတီတောင်ဘက်အခြမ်း ကိုပို့မည်ဆိုရင် လမ်းရှင်းကြေးပိုကုန်ပါတယ် မြန်မာငွေ၂သိန်းကျော်လောက်အထိ ကုန်ပြီး မြဝတီမြောက်ဘက်အခြမ်းတွင်ရှိသော ဂိတ်များကိုပို့မည်ဆိုရင် လမ်းရှင်းကြေး ၆သောင်းလောက်ကုန်ပါတယ်
ရောင်းချရသည့်ဈေးကလဲ တောင်က 3Baht ပိုရပြီးမြောက်က 3Bahtလျော့ရပါတယ်ပြောင်း တပုံး15kgဈေးမှာပိုရလျော့ရတာပါ

မြဝတီတောင်ခြမ်းကဂိတ်များကတော့ မဲထော်သလေး အင်ကြင်းမြိုင် မင်းလက်ပံစသည့်ရှိသော ဂိတ်များဖြစ်ပြီး မြောက်ဘက်အခြမ်းဂိတ်များ ကတော့ရွှေကုက္ကိုလ် သဲပုံစသောဂိတ်များဖြစ်ပါတယ်
 ပစ္စည်းကိုတဖက်ကမ်းသို့တန်းချမည်ဆိုရင်တဖက်ကမ်းမှကားနှင့်မြန်မာပြည်မှလာသော ကားကားခြင်းတေ့ချိန်းပြီး (အိတ်အားလုံးဖေါက်ချပါသည်) ဘောဖြင့်ကူးပါတယ် ကမ်းနားကလှေဖြင့်ကူးမည် ဆိုရင်လှေပေါ်တင်ကူးပြီးလှေပေါ်မှတဖက်ကမ်းကိုစက်အားသို့ လူအားဖြင့်ဆွဲတင်ပြီးကားပေါ် တင်ပါတယ်  ကားပေါ်ကိုအိတ်အကုန်လုံးဖေါက်ပြီးတင်တာပါ(မကောင်းသောပြောင်းနှင့်ကောင်းသော ပြောင်းရောမတင်စေချင်ပါ အကုန်ရောတင်ပါ ကမကောင်းသောပြောင်းပါ သွားရင်အညံ့ရောသွားသောကြောင့်ဈးကအညံ့ဈေးဘဲဖြစ် သွားပါမည်အရေးကြီးပါသည်)

ရောင်းချရေးအပိုင်းတွင်လဲမသေချာမှုပြသနာများရှိပါသေးတယ် သေချာအောင်လုပ်ရပါတယ် ဈေးကလဲတက်ဈေးမဟုတ်ဘဲပြုတ်ကျနေပါတယ်(ငွေကလက်ငင်း နောက်နေ့ရှင်း ၃ရက် ၇ရက် နည်းအမျိုးမျိုးဖြင့် ရောင်းရပါတယ်)
 ကျမထိုင်းကိုစရောင်းတဲ့အချိန်က15kgတပုံးကို122Bအထိရပြီး ယခု105B(မြောက်)
107B(တောင်)သာဈေး ရပါတော့တယ်

အဲ့သည်ကြားထဲက လမ်းကြေးကုန်ကျစားရိတ်သာသက်သာမည်ဆိုပါကတောင်သူများခံသာမည်ဟုထင်မိပါသည်

ထိုင်းနိုင်ငံသည်တရားမဝင်ကိုခွင့်မပြုပါ ယခုကဲ့သို့ရောင်းချနေသည်ကိုမသိဘဲမရှိလောက်ပါ သူတို့နိင်ငံလိုအပ်ချက်အရ မျက်စိတဖက်မှိတ်ထားသည် ဟုထင်မြင်မိပါသည် မြန်မာဘက်အခြမ်းလဲ သူတို့နည်းလမ်းအတိုင်းလုပ်သင့်ပါသလား
(အမျိုးသားစီးပွား ကာကွယ်ရေးအတွက်)

ပြောင်းရောင်းရပုံမလွယ်ကူကြောင်းသိရယုံshareခြင်းလေးပါ မြဝတီဘက်မှာတရားဝင် openကြီးရောင်းရခြင်းမဟုတ်ပါ အဖမ်းအဆီးလဲရှိသလို ဂိတ်တွေကလဲဖွင့်လိုက် ပိတ်လိုက်ပါ
 Credit Yinmin

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!