Popular Posts!

Sunday, March 10, 2019

တရုတ်ပြည်ရှိ သူတောင်းစားများ တစ်ရက်လျှင် (၆၃) ဒေါ်လာ (မြန်မာငွေ ၉၉၀၀၀ ခန့်)အထိဝင်ငွေရှိနေ


တရုတ်ပြည်ရှိ သူတောင်းစားများ တစ်ရက်လျှင် (၆၃) ဒေါ်လာ (မြန်မာငွေ ၉၉၀၀၀ ခန့်)အထိဝင်ငွေရှိနေ

တရုတ်ပြည် မြေအောက် ရထား ဘူတာရုံများရှိ သူတောင်းစားများသည် တစ်ရက်လျှင် ယွမ်ငွေ (၄၀၀) (ကန်ဒေါ်လာ ၆၃- မြန်မာငွေ ၉၉၅၈၀ ခန့်- တစ်ဒေါ်လာလျှင် ၁၅၈၀ ကျပ်နှုန်းဖြင့် တွက်ချက်ထားပါသည်)ခန့် ဝင်ငွေရှိလျက် ရှိနေကြသည် ။ တရုတ်ပြည်တွင် တောင်းရမ်းခြင်းကို ဥပဒေမှ တားမြစ်ထားသော်လည်း ဒဏ်ငွေ အလွန်နည်းပါးလှသည် ။

မြေအောက် ဘူတာရုံများမှ သူတောင်းစားများသည် တစ်ရက်လျှင် ဒေါ်လာ (၆၀) ခန့်ရရှိနေကြပြီး တရုတ်မြို့ကြီးများရှိ ရထားလမ်းကြောင်းကွန်ရက်ကို နှံ့စပ်စွာသိကြသည့် ကျွမ်းကျင် သူတောင်းစားများဆိုလျှင် (၆၃) ဒေါ်လာခန့်အထိ ရရှိကြသည် ။

အဆိုပါဝင်ငွေမှာ တရုတ်အမျိုးသား ပျှမ်းမျှလုပ်အားခ၏ (၅) ဆခန့် မြင့်မားကြောင်း တရုတ်ပြည်တွင်းသတင်း မီဒီယာများတွင် ဖော်ပြသည် ။ သူတောင်းစား ပြဿနာများ မီဒီယာများအထိ ရောက်ရှိ ကြီးထွားလာသောကြောင့် ဟူဘေးပြည်နယ်၏ မြို့တော် ဝူဟန်မှ ရဲတပ်ဖွဲ့ဝင်များနှင့် မြေအောက်ရထားလမ်း အာဏာပိုင် အဖွဲ့တို့က သူတောင်းစားများကို ဖမ်းဆီးအရေးယူ ဒဏ်ငွေရိုက်ခြင်းများ ပြုလုပ်ခဲ့ကြသည် ။

တရုတ်ပြည်တွင် အများပြည်သူ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ၌ တောင်းရမ်းစားသောက်ခြင်းများကို ဥပဒေမှ တားမြစ်ထားသော်လည်း ဒဏ်ကြေးငွေမှာ တစ်နေရာနှင့်တစ်နေရာ မတူညီဘဲ ကွဲပြားနေသည် ။

ဝူဟန်တွင်ဆိုလျှင် ဒဏ်ငွေမှာ ယွမ်ငွေ ၅၀ (မြန်မာငွေ ၁၁၃၀၀ ဝန်းကျင်- ၁ ယွမ်လျှင် မြန်မာငွေ ၂၂၇ ကျပ်နှုန်းဖြင့် တွက်ချက်ထားခြင်း ဖြစ်ပါသည်။) သာရှိသည်။ ထိုသို့ ဟန့်တားနိုင်လောက်သည့် ပြစ်ဒဏ် နည်းပါးခြင်းကြောင့် ယခုအခါ အာဏာပိုင်တို့က ဆုပေးဒဏ်ပေးစနစ်တစ်ခု အကောင်အထည် ဖော်ခဲ့ပါတယ် ။

ထိုအစီအစဉ်အရ ပထမတစ်ကြိမ် ဖမ်းမိလျှင် ဒဏ်ရိုက်ခြင်းမပြုဘဲ ကင်းလွတ်ခွင့် ပြုမည်ဖြစ်ပြီး ခံဝန်လက်မှတ် ရေးထိုးစေကာ ဒုတိယတစ်ကြိမ် ဖမ်းမိလျှင်မူ ယွမ် (၂၀၀)ဒဏ်ငွေ ဆောင်ရမည် ဖြစ်သည် ။

သို့ရာတွင် သူတောင်းစားများစွာတို့မှာ ပထမတစ်ကြိမ် ခံဝန်လက်မှတ် ရေးထိုးခဲ့ပြီး နောက်နေ့နံနက်တွင်လည်း မြေအောက်ဘူတာရုံများရှိ ပလက်ဖောင်းများတွင် ပြန်လည်ရောက်ရှိ နေကြပြန်သည် ။ သူတောင်းစားတစ်ဦး၏ ပြောကြားချက်အရ တစ်ရက်လျှင် ယွမ်ငွေ (၃၀၀) မှ (၄၀၀) ကြားရရှိသည်ဟု ဆိုသည် ။

သူတောင်းစားများသည် ခရီးသည်များပြားသည့် ရထားလိုင်းများကို ပစ်မှတ်ထားလေ့ရှိသော်လည်း နံနက်နှင့် ညနေ ရုံးဆင်း ရုံးတက်ချိန်များကိုမူ ရှောင်လေ့ရှိကြသည် ။ အဘယ့်ကြောင့်ဆိုလျှင် ထိုအချိန်များ၌ ရထားတွဲတစ်တွဲမှ တစ်တွဲသို့ ကူးသန်းရန် မလွယ်သောကြောင့် ဖြစ်သည် ။

ကျွမ်းကျင်မှု ထိပ်တန်းအဆင့်ရှိသည့် သူတောင်းစားများဆိုပါက တစ်ရက်လျှင် ယွမ်ငွေ (၁၀၀၀) (မြန်မာငွေ ၂၂၀,၀၀၀ ကျော်) ဝင်ငွေရှိသည်ဟု ဆိုသည် ။ တရုတ်ပြည် အရှေ့ပိုင်း ကျန်းစုပြည်နယ် ၊ နန်ကျင်းမြို့ရှိ သူတောင်းစား အမျိုးသားတစ်ဦးဆိုလျှင် (၈) နှစ်ကြာတောင်းရမ်းခဲ့ပြီးနောက် နန်ကျင်းမြို့၏ အိမ်ခြံမြေဈေး အကြီးမြင့်ဆုံး နေရာများတွင် တိုက်ခန်း (၂)ခန်း ဝယ်ယူနိုင်ခဲ့သည် ။

Source Shweinnlay:https://myanmarfamilylife.com/?p=26219

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!