Popular Posts!

Thursday, March 21, 2019

မ်က္စိမႈန္သူမ်ားအတြက္ ေဆးစြမ္းေကာင္း (နတ္မ်က္စဥ္​း)

မ်က္စိမႈန္သူမ်ားအတြက္ ေဆးစြမ္းေကာင္း (နတ္မ်က္စဥ္​း)

အခုက်ေနာ္ေျပာမဲ့ နတ္မ်က္စဥ္းေဆးနည္းက အမွတ္(၁၃၄)၊ စက္တင္ဘာလ၊၁၉၉၇ ခုႏွစ္တြင္ ထုတ္ေ၀ခဲ့ေသာ နကၡတၱေရာင္ျခည္ မဂၢဇင္းမွာ ဖတ္ခဲ့ရတာပါ။

မသိလိုက္ရေသးေသာ သူမ်ားအတြက္ သိသင့္တယ္ထင္လို႔ က်ေနာ္က ျပန္ လည္ တင္ျပတာပါခင္ဗ်ာ။က်ေနာ္က ျပန္လည္တင္ျပတာဆိုေပမဲ့လဲ စာေရးသူ နစ္နာ မႈမ႐ွိေစရန္အတြက္ မဂၢဇင္းထဲတြင္စာေရးသူ ကိုယ္တိုင္ ေရးသား ခဲ့သည့္အတိုင္း (၏ ၊ သည္) မလြဲ ျပန္လည္ တင္ျပ လိုက္ျခင္းျဖစ္ေၾကာင္းကို ဦးစြာပထမ ၀န္ခံလိုက္ပါသည္။

ျမန္မာ့တိုင္းရင္းေဆး ဆရာႀကီး ဦးၾကည္ဟန္မွာ အသက္ (၇၀)နီးပါး႐ွိေနပါၿပီ။ သို႔ေသာ္ဆရာႀကီးမွာ ဇရာ၏ ဖိစီးမႈကိုအျခားခႏၶာ အစိတ္အပိုင္းမ်ား ခံစားေနရေသာ္လည္း ဆရာႀကီး၏ မ်က္စိမွာမူ အေ၀း၊ အနီး ျမင္သည္။လံုး၀မမႈန္ပါ။ မ်က္မွန္ မတတ္ရပါ။ မ်က္စိမွာ လူငယ္မ်ားကဲ့သို႔ စြမ္းအား အျပည့္အ၀ ႐ွိေနပါသည္။ မ်က္မွန္မပါဘဲ စာဖတ္ စာေရးႏိုင္သည္။

ကၽြန္ေတာ္ ဆရာႀကီး ဦးၾကည္ဟန္ႏွင့္ ကရင္ျပည္နယ္ ေကာ့လံု ကၽြန္းတြင္ ေတြ႔ဆံုမိၾကပါ သည္။ဆရာႀကီး၏ မ်က္စိအား ေကာင္းမြန္ေနမႈကို အံ႔ၾသမိသည္။ သို႔ပါ၍ ဆရာႀကီး အား ေမးျမန္း ေျပာဆို မိပါသည္။ဆရာႀကီးရဲ႕ မ်က္စိဟာ လူငယ္ တစ္ဦးလို ေကာင္းမြန္ေနတာ ေတြ႔ရတယ္။ မ်က္စိမမႈန္ဘူး။ မ်က္စိဟာ အားနည္း မႈ အရိပ္အေယာင္ မေတြ႔ရဘူး။ ၾကည္လင္႐ႊန္းလဲ့ေနတယ္။

ဒီေတာ့ဆရာႀကီးမွာ မ်က္စိနဲ႔ပတ္သက္လို႔ အစြမ္း႐ွိေစမယ့္ ေဆးနည္းေကာင္း မ်ား႐ွိရင္ ကၽြန္ေတာ့္ကိုၫႊန္ျပ ေျပာဆိုေပးပါခင္ဗ်ာ။ ကၽြန္ေတာ္ကငယ္ငယ္နဲ႔ မ်က္စိအားနည္းေနလို႔ပါ”

အစြမ္းထက္တဲ့ မ်က္စဥ္းတစ္မ်ဳိးေဖာ္ၿပီး ခတ္ပါ။ ဦးလဲ အဲဒီ မ်က္စဥ္းခတ္ခဲ့လို႔ အခုလိုမ်က္စိ အားမနည္းဘဲ ပကတိေကာင္းမြန္ေန တာပါပဲ” “ဟုတ္ကဲ့၊ နည္းလမ္း ၫႊန္ျပေပးပါ။

မ်က္စဥ္းကို ေဖာ္ပါ႔မယ္ ဆရာႀကီး” “မနက္ေစာေစာမွာ စံပယ္ပင္က စံပယ္ပန္း(၃)ပြင့္ ခူးယူရမယ္။ ေရေျပာင္ေအာင္ ေဆးရမယ္။ စံပယ္ပင္ မ႐ွိတဲ့သူကလဲ စံပယ္ပန္းေရာင္းတဲ့ဆီက၀ယ္ေပါ႔။ဒါေပမယ့္ ခပ္လတ္လတ္ကို ၀ယ္ပါ။ ႏြမ္းရင္ မယူနဲ႔။ “အဲဒီ စံပယ္ပန္းကို ဖန္ခြက္အလြတ္တစ္ခုမွာ ထည့္ရမယ္။ ေနာက္ ေရသန္႔သန္႔ ဖန္ခြက္(၃)ပံု (၂)ပံု ထည့္ရမယ္။

တစ္ေန႔လံုး စိမ္ထားရမယ္။ ညမွာ မ်က္စိကို ခတ္ခါနီး ပန္းကို ဖယ္ပစ္လိုက္၊ အဲဒီေရကို အဲဒီည မ်က္စိကို ခတ္။ပထမဦးဆံုး ခတ္တဲ့ေန႔ နံနက္မွာ မ်က္စိမွာ ထူးထူးျခားျခား မ်က္ေခ်းေတြ ပိတ္ေနလိမ့္မည္။ အ၀တ္ပြတစ္ခုကို ေရဆြတ္ၿပီး မ်က္စိကို ပြတ္သတ္ သန္႔႐ွင္းမႈ လုပ္ေပးရမယ္။အဲဒီပန္းစိမ္ေရကို (၇)ရက္ဆက္တိုက္ ခတ္ေပးရမယ္။ မ်က္ေခ်းက တစ္ေန႔ တျခား နည္းသြားမယ္။

(၇)ရက္ခတ္မိရင္ပဲ မ်က္စိမႈန္ေနသူ ျပန္လင္းၿပီး။ မ်က္စိမွာ တိမ္႐ွိရင္ ေပ်ာက္သြားမယ္။ မ်က္စိအား အရင္ထက္ ထူးထူးကဲကဲ ေကာင္းလာ မယ္။

(၇)ရက္ ဆက္တိုက္ ခတ္ၿပီးရင္ (၁၅)ရက္ေလာက္ နားရမယ္။ ေနာက္ (၁၅)ရက္ျပည့္ရင္ ပထမ(၇)ရက္သံုးခဲ့တဲ့ မ်က္စဥ္းေရကို မသံုးရဘူး။

ေနာက္တစ္ခါ အသစ္ျပန္ၿပီး ပန္းကိုစိမ္ ရတဲ့မ်က္စဥ္းေရကို (၇)ရက္ဆက္ခတ္။ (၇)ရက္ၿပီးရင္ (၁၅)ရက္နားရမယ္။

ဒီလို(၇)ရက္ခတ္၊ (၁၅)ရက္နား၊ (၃)ပတ္ျပည့္ရင္ မ်က္စိေ၀ဒနာေတြ ကင္းေ၀းသြားၿပီး။ မ်က္စိမႈန္၊ မ်က္ခိုးထြက္၊ မ်က္မွန္တပ္ရသူ၊ မ်က္မွန္လြတ္မယ္။

တိမ္႐ွိရင္ ေပ်ာက္မယ္။ ဘာအႏၲရာယ္မွ မ႐ွိဘူး။ ေဆးနည္းက လြယ္တယ္။ ဒါေပမယ့္ စည္းစနစ္က် လုပ္ေဆာင္ရမယ္။ လက္ေတြ႔ ေဆးနည္းမို႔ လက္ေတြ႔သာလုပ္ၾကည့္ အက်ဳိး႐ွိေစရမယ္”

“ယံုၾကည္ပါတယ္။ ဆရာႀကီးကိုယ္တိုင္ လက္ေတြ႔ ေတြ႔ေနရၿပီပဲ။ ဒါနဲ႔ဆရာႀကီး ဒီနည္းပညာကို ဆရာႀကီး ဘယ္သူ႔ဆီက ရခဲ့တာပါလဲ။

သိပါရေစ” “ဒီအစြမ္းထက္ မ်က္စဥ္းရခဲ့တဲ့ေနရာက ဒီကရင္ျပည္နယ္၊ ေနာင္လံု႐ွမ္းစု႐ြာက ပဲ။ေပးအပ္တဲ့ ပုဂၢိဳလ္က “နမ့္ပန္ေက်ာင္းက ဆရာေတာ္ ဦးနႏၵ၀ံသ” က လမ္းၫႊန္နည္းေပးခဲ့တာပဲ” တိုက္ဆိုင္မႈ႐ွိသူ၊ မ်က္စိေ၀ဒနာ႐ွင္မ်ားလက္ေတြ႔ ေဆာင္႐ြက္မႈျဖင့္ အက်ဳိးျဖစ္ႏိုင္ေစရန္ လမ္းၫႊန္ေဖာ္ျပ ေရးသား လိုက္ရပါသည္။

ေဆးနည္းပညာ ေပးအပ္လမ္းၫႊန္ေပးခဲ့ေသာ ကရင္ျပည္နယ္၊ ေနာင္လံု႐ွမ္းစု႐ြာ နမ့္ပန္ေက်ာင္းမွဆရာေတာ္ ဦးနႏၵ၀ံသ ႏွင့္ ဆရာႀကီး ဦးၾကည္ဟန္တို႔အား မွတ္တမ္းတင္ ဂုဏ္ျပဳ ေဖာ္ျပလိုက္ ပါသည္။ ေ၀ဒနာ႐ွင္အေပါင္းတို႔ က်န္းမာပါေစ။

ဆႏၵျပဳလွ်က္​ျဖဴစင္အလို ကင္းႏိုင္ပါေစ။

Credit- ျမတ္ႏိုးေအာင္

Unicode Version – အခုကျနော်ပြောမဲ့ နတ်မျက်စဉ်းဆေးနည်းက အမှတ်(၁၃၄)၊ စက်တင်ဘာလ၊၁၉၉၇ ခုနှစ်တွင် ထုတ်ဝေခဲ့သော နက္ခတ္တရောင်ခြည် မဂ္ဂဇင်းမှာ ဖတ်ခဲ့ရတာပါ။

မသိလိုက်ရသေးသော သူများအတွက် သိသင့်တယ်ထင်လို့ ကျနော်က ပြန် လည် တင်ပြတာပါခင်ဗျာ။ကျနော်က ပြန်လည်တင်ပြတာဆိုပေမဲ့လဲ စာရေးသူ နစ်နာ မှုမရှိစေရန်အတွက် မဂ္ဂဇင်းထဲတွင်စာရေးသူ ကိုယ်တိုင် ရေးသား ခဲ့သည့်အတိုင်း (၏ ၊ သည်) မလွဲ ပြန်လည် တင်ပြ လိုက်ခြင်းဖြစ်ကြောင်းကို ဦးစွာပထမ ဝန်ခံလိုက်ပါသည်။

မြန်မာ့တိုင်းရင်းဆေး ဆရာကြီး ဦးကြည်ဟန်မှာ အသက် (၇၀)နီးပါးရှိနေပါပြီ။ သို့သော်ဆရာကြီးမှာ ဇရာ၏ ဖိစီးမှုကိုအခြားခန္ဓာ အစိတ်အပိုင်းများ ခံစားနေရသော်လည်း ဆရာကြီး၏ မျက်စိမှာမူ အဝေး၊ အနီး မြင်သည်။လုံးဝမမှုန်ပါ။ မျက်မှန် မတတ်ရပါ။ မျက်စိမှာ လူငယ်များကဲ့သို့ စွမ်းအား အပြည့်အဝ ရှိနေပါသည်။ မျက်မှန်မပါဘဲ စာဖတ် စာရေးနိုင်သည်။

ကျွန်တော် ဆရာကြီး ဦးကြည်ဟန်နှင့် ကရင်ပြည်နယ် ကော့လုံ ကျွန်းတွင် တွေ့ဆုံမိကြပါ သည်။ဆရာကြီး၏ မျက်စိအား ကောင်းမွန်နေမှုကို အံ့သြမိသည်။ သို့ပါ၍ ဆရာကြီး အား မေးမြန်း ပြောဆို မိပါသည်။ဆရာကြီးရဲ့ မျက်စိဟာ လူငယ် တစ်ဦးလို ကောင်းမွန်နေတာ တွေ့ရတယ်။ မျက်စိမမှုန်ဘူး။ မျက်စိဟာ အားနည်း မှု အရိပ်အယောင် မတွေ့ရဘူး။ ကြည်လင်ရွှန်းလဲ့နေတယ်။

ဒီတော့ဆရာကြီးမှာ မျက်စိနဲ့ပတ်သက်လို့ အစွမ်းရှိစေမယ့် ဆေးနည်းကောင်း များရှိရင် ကျွန်တော့်ကိုညွှန်ပြ ပြောဆိုပေးပါခင်ဗျာ။ ကျွန်တော်ကငယ်ငယ်နဲ့ မျက်စိအားနည်းနေလို့ပါ”

အစွမ်းထက်တဲ့ မျက်စဉ်းတစ်မျိုးဖော်ပြီး ခတ်ပါ။ ဦးလဲ အဲဒီ မျက်စဉ်းခတ်ခဲ့လို့ အခုလိုမျက်စိ အားမနည်းဘဲ ပကတိကောင်းမွန်နေ တာပါပဲ” “ဟုတ်ကဲ့၊ နည်းလမ်း ညွှန်ပြပေးပါ။

မျက်စဉ်းကို ဖော်ပါ့မယ် ဆရာကြီး” “မနက်စောစောမှာ စံပယ်ပင်က စံပယ်ပန်း(၃)ပွင့် ခူးယူရမယ်။ ရေပြောင်အောင် ဆေးရမယ်။ စံပယ်ပင် မရှိတဲ့သူကလဲ စံပယ်ပန်းရောင်းတဲ့ဆီကဝယ်ပေါ့။ဒါပေမယ့် ခပ်လတ်လတ်ကို ဝယ်ပါ။ နွမ်းရင် မယူနဲ့။ “အဲဒီ စံပယ်ပန်းကို ဖန်ခွက်အလွတ်တစ်ခုမှာ ထည့်ရမယ်။ နောက် ရေသန့်သန့် ဖန်ခွက်(၃)ပုံ (၂)ပုံ ထည့်ရမယ်။

တစ်နေ့လုံး စိမ်ထားရမယ်။ ညမှာ မျက်စိကို ခတ်ခါနီး ပန်းကို ဖယ်ပစ်လိုက်၊ အဲဒီရေကို အဲဒီည မျက်စိကို ခတ်။ပထမဦးဆုံး ခတ်တဲ့နေ့ နံနက်မှာ မျက်စိမှာ ထူးထူးခြားခြား မျက်ချေးတွေ ပိတ်နေလိမ့်မည်။ အဝတ်ပွတစ်ခုကို ရေဆွတ်ပြီး မျက်စိကို ပွတ်သတ် သန့်ရှင်းမှု လုပ်ပေးရမယ်။အဲဒီပန်းစိမ်ရေကို (၇)ရက်ဆက်တိုက် ခတ်ပေးရမယ်။ မျက်ချေးက တစ်နေ့ တခြား နည်းသွားမယ်။

(၇)ရက်ခတ်မိရင်ပဲ မျက်စိမှုန်နေသူ ပြန်လင်းပြီး။ မျက်စိမှာ တိမ်ရှိရင် ပျောက်သွားမယ်။ မျက်စိအား အရင်ထက် ထူးထူးကဲကဲ ကောင်းလာ မယ်။

(၇)ရက် ဆက်တိုက် ခတ်ပြီးရင် (၁၅)ရက်လောက် နားရမယ်။ နောက် (၁၅)ရက်ပြည့်ရင် ပထမ(၇)ရက်သုံးခဲ့တဲ့ မျက်စဉ်းရေကို မသုံးရဘူး။

နောက်တစ်ခါ အသစ်ပြန်ပြီး ပန်းကိုစိမ် ရတဲ့မျက်စဉ်းရေကို (၇)ရက်ဆက်ခတ်။ (၇)ရက်ပြီးရင် (၁၅)ရက်နားရမယ်။

ဒီလို(၇)ရက်ခတ်၊ (၁၅)ရက်နား၊ (၃)ပတ်ပြည့်ရင် မျက်စိဝေဒနာတွေ ကင်းဝေးသွားပြီး။ မျက်စိမှုန်၊ မျက်ခိုးထွက်၊ မျက်မှန်တပ်ရသူ၊ မျက်မှန်လွတ်မယ်။

တိမ်ရှိရင် ပျောက်မယ်။ ဘာအန္တရာယ်မှ မရှိဘူး။ ဆေးနည်းက လွယ်တယ်။ ဒါပေမယ့် စည်းစနစ်ကျ လုပ်ဆောင်ရမယ်။ လက်တွေ့ ဆေးနည်းမို့ လက်တွေ့သာလုပ်ကြည့် အကျိုးရှိစေရမယ်”

“ယုံကြည်ပါတယ်။ ဆရာကြီးကိုယ်တိုင် လက်တွေ့ တွေ့နေရပြီပဲ။ ဒါနဲ့ဆရာကြီး ဒီနည်းပညာကို ဆရာကြီး ဘယ်သူ့ဆီက ရခဲ့တာပါလဲ။

သိပါရစေ” “ဒီအစွမ်းထက် မျက်စဉ်းရခဲ့တဲ့နေရာက ဒီကရင်ပြည်နယ်၊ နောင်လုံရှမ်းစုရွာက ပဲ။ပေးအပ်တဲ့ ပုဂ္ဂိုလ်က “နမ့်ပန်ကျောင်းက ဆရာတော် ဦးနန္ဒဝံသ” က လမ်းညွှန်နည်းပေးခဲ့တာပဲ” တိုက်ဆိုင်မှုရှိသူ၊ မျက်စိဝေဒနာရှင်များလက်တွေ့ ဆောင်ရွက်မှုဖြင့် အကျိုးဖြစ်နိုင်စေရန် လမ်းညွှန်ဖော်ပြ ရေးသား လိုက်ရပါသည်။

ဆေးနည်းပညာ ပေးအပ်လမ်းညွှန်ပေးခဲ့သော ကရင်ပြည်နယ်၊ နောင်လုံရှမ်းစုရွာ နမ့်ပန်ကျောင်းမှဆရာတော် ဦးနန္ဒဝံသ နှင့် ဆရာကြီး ဦးကြည်ဟန်တို့အား မှတ်တမ်းတင် ဂုဏ်ပြု ဖော်ပြလိုက် ပါသည်။ ဝေဒနာရှင်အပေါင်းတို့ ကျန်းမာပါစေ။

ဆန္ဒပြုလျှက်​ဖြူစင်အလို ကင်းနိုင်ပါစေ။

Credit- မြတ်နိုးအောင်

No comments:

*** လာလည္ေသာအေပါင္းအသင္းမ်ား မိမိ ASN GROUP ONLINE SHOP ကေန သင္တိုု႔အလိုုရွိေသာပစၥည္းမ်ားကိုု ရွာေဖြၿပီး ORDER မွာလိုု႔ရေနပါၿပီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!