Popular Posts!

Thursday, March 21, 2019

အိပ်ယာထောင့်မှာ သံပုရာသီး ထားအိပ်ရင် ရရှိလာမည့် အကျိုးကျေးဇူး

အိပ်ယာထောင့်မှာ သံပုရာသီး ထားအိပ်ရင် ရရှိလာမည့် အကျိုးကျေးဇူး



လူတွေဟာ အိပ်ရာဝင်တဲ့အခါ တစ်ခါတစ်ရံ အခံရဆိုးတဲ့ ကြမ်းပိုး ကိုက်ခြင်းကိုလည်း ခံရတတ်ပါသည်။ ပုရွက်ဆိတ်လို အကောင်အသေးစားမျိုးလည်း အိပ်ရာပေါ်တက်လာတတ်သလို အဆင်မသင့်ရင် အဆိပ်ရှိ သတ္တဝါတွေလည်း(နေရာ၊ ဒေသကိုလိုက်လို့) တက်လာတတ်ပါတယ်။ ဒီလိုဖြစ်ရင်တော့ မိမိအိပ်တဲ့ ခုတင်အပေါ်ထောင့်လေးထောင့်မှာ သံပုရာသီး လတ်လတ်ဆတ်ဆတ် တစ်လုံးစီ ထားပေးပါ။

ပြီးတော့ မိမိ အိပ်ရာအောက် ဖျာ (သို့မဟုတ်) မွေ့ရာအောက်မှာ အသုံးပြုပြီးသား (အရည်ညှစ်ပြီး) သံပုရာသီးအခွံ အပြင်သားကို ဓားဖြင့်ပါးပါးနွှာယူပြီး အိပ်ရာခေါင်းရင်း၊ ခြေရင်းတွေမှာ သင့်တော်သလို ခင်းထားပေးပါ။ ခုတင်ပေါ်မှာ ထားတဲ့ သံပုရာသီးတွေကို ညိုးနွမ်းသွားသော် လတ်လတ်ဆတ်ဆတ်နဲ့ ပြန်လဲပေးပါ။ အိပ်ရာအောက်မှာ ခင်းထားတဲ့ သံပုရာခွံ ပါးပါးလေးတွေကိုတော့ (၆)လတစ်ကြိမ် လဲပေးပါ။

အကျိုးကျေးဇူးတွေကတော့ သံပုရာနံ့ကြောင့် ဘယ်အချိန် အိပ်ရာဝင်ဝင် အမူးအဝေပျောက်ခြင်း၊ အနှောင့်အယှက် ပယောဂ မပြုစားနိုင်ခြင်း၊ အဆိပ်ရှိသတ္တဝါဆိုတဲ့ မြွေကင်းတွေ လုံးဝအနားမကပ်နိုင်ခြင်း၊ အခံရဆိုးတဲ့ ကြမ်းပိုးကိုက်ခြင်း လုံးဝ (လုံးဝ)မရှိခြင်း (၎င်းဥပါပျောက်ခြင်း)၊ အလွန်သေးငယ်တဲ့ ပုရွက်ဆိတ်လို အကောင်ငယ်များ လုံးဝ အနားမကပ်နိုင်ခြင်းတို့ပဲ ဖြစ်ပါတယ်။

Credit : Ohn Mya (Shan News)


No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!