Popular Posts!

Sunday, March 17, 2019

ေပၚထြန္းလာေနျပီ ျဖစ္ေသာ SUUKYINOMICS တံဆိပ္ ခပ္ႏွိပ္လုိက္သည့္ ျမန္မာ့စီးပြားေရး

ေပၚထြန္းလာေနျပီ ျဖစ္ေသာ SUUKYINOMICS တံဆိပ္ ခပ္ႏွိပ္လုိက္သည့္ ျမန္မာ့စီးပြားေရး 



[Zawgyi]
၂၀၁၉ ခုႏွစ္ ဇန္နဝါရီလ ၂၈ ရက္ေန႕၌ ျမန္မာကြန္ဗင္းရွင္းစင္တာ (၂) တြင္ က်င္းပျပဳလုပ္ေသာ Invest Myanmar Summit 2019 တြင္ နိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ေျပာၾကားေသာ မူဝါဒဆိုင္ရာမိန႔္ခြန္း ေကာက္ႏုတ္ဘာသာျပန္ဆိုခ်က္

29 ဇန္နဝါရီ 2019

ပထမဆုံးေနနဲ႕ ေျပာၾကားလိုတာကေတာ့ ဒီေန႕က်င္းပတဲ့ Invest Myanmar Summit 2019 ကို တက္ေရာက္ၾကတဲ့ စီးပြားေရးနယ္ပယ္က႑စုံက ျပည္တြင္းႏွင့္ျပည္ပ ရင္းႏွီးျမႇုပ္ႏွံသူေတြ၊ စီးပြားေရး လုပ္ငန္းရွင္ေတြ၊ နိုင္ငံတကာအဖြဲ႕အစည္း အသီးသီးက တာဝန္ရွိပုဂၢိဳလ္ေတြကို ဝမ္းေျမာက္ဝမ္းသာ ႀကိဳဆိုပါ ေၾကာင္း ဦးစြာေျပာၾကားလိုပါတယ္။

        ဒီေန႕အခမ္းအနားက ကြၽန္မတို႔ျမန္မာနိုင္ငံရဲ႕ စိတ္လႈပ္ရွားဖြယ္ေကာင္းၿပီး အၿမဲေျပာင္းလဲတိုး တက္ေနတဲ့ ရင္းႏွီးျမႇုပ္ႏွံမႈအခင္းအက်င္း ျမင္ကြင္းေတြကိုသိရွိၿပီး ျပည္တြင္းႏွင့္ျပည္ပ လုပ္ငန္းရွင္ေတြ အတြက္ အေကာင္းဆုံး အခြင့္အလမ္းေတြ ေဖာ္ေဆာင္ေပးနိုင္မယ့္ ျမန္မာနိုင္ငံမွာ ပထမဦးဆုံး က်င္းပျပဳလုပ္တဲ့ အေရးပါတဲ့ ေဆြးေႏြးပြဲတစ္ခုအျဖစ္ ယုံၾကည္ေၾကာင္း ေျပာၾကားလိုပါတယ္။

ဒီေန႕အခမ္းအနားရဲ႕ ႏွစ္ရက္တာကာလအတြင္းမွာ ျပည္ေထာင္စုဝန္ႀကီးဌာနာေတြ၊ ျပည္နယ္နဲ႕ တိုင္းေဒသႀကီး အစိုးရအဖြဲ႕ေတြနဲ႕ ကြၽန္မတို႔ရဲ႕ပုဂၢလိကက႑က မိတ္ဖက္လုပ္ငန္းရွင္ေတြအေနနဲ႕ သူတို႔ရဲ႕ ရင္းႏွီးျမႇုပ္ႏွံမႈ အလားအလာနဲ႕ အခြင့္အလမ္းေတြကို ေဖာ္ထုတ္ျပသနိုင္တဲ့ အဖိုးတန္တဲ့အခြင့္အလမ္းကို ရၾကမွာ ျဖစ္တဲ့အတြက္ ကြၽန္မ အေနနဲ႕ အားရေက်နပ္မိပါတယ္။

        ဒီအခမ္းအနားေအာင္ျမင္စြာ က်င္းပနိုင္ေရးအတြက္ ျမန္မာနိုင္ငံရင္းႏွီးျမႇုပ္ႏွံမႈေကာ္မရွင္၊ ရင္းႏွီး ျမႇုပ္ႏွံမႈႏွင့္ နိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာန၊ ရင္းႏွီးျမႇုပ္ႏွံမႈႏွင့္ ကုမၸဏီမ်ားၫႊန္ၾကားမႈဦးစီးဌာန တို႔နဲ႕ အတူ ပူးေပါင္းေဆာင္႐ြက္ခဲ့တဲ့ ျမန္မာနိုင္ငံကုန္သည္မ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ား အသင္းခ်ဳပ္ရဲ႕ အားသြန္ခြန္စိုက္ ႀကိဳးပမ္းေဆာင္႐ြက္မႈကိုလည္း အထူးပဲ အသိအမွတ္ျပဳ ေက်းဇူးတင္ပါတယ္။

        ဒီေဆြးေႏြးပြဲက အားလုံးကို အက်ိဳးမ်ားၿပီး ႏွစ္လိုဖြယ္ေကာင္းတဲ့ အမွတ္တရေတြ ရရွိေစၿပီး ျမန္မာနိုင္ငံကို အႀကိမ္ႀကိမ္ ျပန္လာခ်င္ေအာင္ စြမ္းေဆာင္နိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။

        ယေန႕ဟာ ကြၽန္မတို႔ ျမန္မာနိုင္ငံရဲ႕သမိုင္းမွာ လူသိမ်ားၿပီးထင္ရွားတဲ့ ဟံသာဝတီေခတ္ ဘုရင္ရာဇဓိရာဇ္ရဲ႕ ေမြးေန႕နဲ႕လည္း တိုင္ဆိုင္ေနပါတယ္ နန္းစံခဲ့တဲ့ကာလမွာ ရာဇဓိရာဇ္အေရးေတာ္ပုံ မွတ္တမ္းကို ျပဳစုခဲ့ၿပီး ဒီမွတ္တမ္းဟာ ေရွးေဟာင္းဘုရင့္နိုင္ငံတစ္ခုကို အဲဒီေခတ္က ကုန္သြယ္မႈမွာ အင္အားႀကီးမားတဲ့ နိုင္ငံတစ္ခုျဖစ္ေအာင္ ေဆာင္က်ဥ္းေပးနိုင္တဲ့ အထင္ႀကီးအားက်စရာ ေကာင္းလွတဲ့ အုပ္ခ်ဳပ္ေရးျပဳျပင္ေျပာင္းလဲမႈ လုပ္ငန္းစဥ္ေတြကို ၿငိမ္းခ်မ္းေခ်ာေမြ႕စြာ လုပ္ေဆာင္ နိုင္ခဲ့တာပဲ ျဖစ္ပါတယ္။

        ဒါ့အျပင္ လြန္ခဲ့တဲ့ ၇၄ ႏွစ္ ကာလ ၁၉၄၅ ခုႏွစ္ ဒီေန႕မွာပဲ အသစ္ဖြင့္လွစ္ခဲ့တဲ့ Burma Road ကတစ္ဆင့္ တ႐ုတ္နိုင္ငံကို ေရာက္ရွိနိုင္မယ့္ ေထာက္ပံ့ေရးလမ္းေၾကာင္းကို ထူေထာင္နိုင္ခဲ့ပါတယ္ ဒါေၾကာင့္မို႔လို႔ ဒီေန႕ဟာ ျမန္မာနိုင္ငံ သမိုင္းမွာ ထင္ရွားလွတဲ့ ျပဳျပင္ေျပာင္းလဲေရးေတြကို လုပ္ေဆာင္ခဲ့တဲ့ ဘုရင္ရဲ႕ေမြးေန႕နဲ႕ ဒုတိယ ကမာၻစစ္အတြင္း အေရွ႕ေတာင္အာရွရဲ႕ ဇာတ္ခုံမွာ ဒုတိယကမာၻစစ္ရဲ႕ အလွည့္အေျပာင္းေပၚမွာ သက္ေရာက္မႈႀကီးမားခဲ့တဲ့ အင္မတန္မွ မဟာဗ်ဴဟာအရ အေရးပါလွတဲ့ အေျခခံအေဆာက္အအုံစီမံကိန္းတစ္ခုကို စတင္ခဲ့တဲ့ ေန႕မ်ားနဲ႕တိုက္ဆိုင္ေနတာမို႔ တကယ့္ကို က်က္သေရ မဂၤလာအေပါင္းနဲ႕ ျပည့္စုံတဲ့ဒီေန႕မွာ ေတြ႕ဆုံခြင့္ရၾကတာ ျဖစ္ပါတယ္။

        ျမန္မာနိုင္ငံမွာ ဘာေၾကာင့္ ရင္းႏွီးျမႇုပ္ႏွံၾကသလဲလို႔ ေမးစရာရွိပါလိမ့္မယ္ ကြၽန္မတို႔ ျမန္မာနိုင္ငံရဲ႕ တည္ေနရာဟာ ပထဝီအေနအထားအရ အလြန္ပဲ အားက်စရာေကာင္းေလာက္တဲ့ ေနရာမွာရွိေနတာ ေၾကာင့္ မဟာဗ်ဴဟာအရ အေရးပါလွတဲ့ ေဈးကြက္ ေနရာတစ္ခု ျဖစ္သလို တ႐ုတ္၊ အိႏၵိယ၊ ဘဂၤလားေဒ့ရွ္၊ လာအို၊ ထိုင္းနိုင္ငံတို႔ကို ကုန္သြယ္ကူးသန္း ျဖတ္သန္းနိုင္တဲ့ လမ္းဆုံေနရာမွာလဲ တည္ရွိေနေသာေၾကာင့္ ျဖစ္ပါတယ္။

        ျမန္မာနိုင္ငံအပါအဝင္ အာဆီယံ (၁၀) နိုင္ငံနဲ႕အတူ တ႐ုတ္၊ အိႏၵိယတို႔ ပါဝင္တဲ့ ၃.၅ ဘီလီယံ ေက်ာ္ရွိတဲ့ စားသုံးသူ ေဈးကြက္ကို ကိုယ္စားျပဳပါတယ္၊ ဒီေဈးကြက္ရဲ႕ စီးပြားေရးပမာဏဟာ အေမရိကန္ေဒၚလာ ၁၅ ထရီလ်ံ ဝန္းက်င္ရွိၿပီး ကမာၻ႔ ဂ်ီဒီပီရဲ႕ ၂၀ ရာခိုင္ႏႈန္းကို ကိုယ္စားျပဳပါတယ္။ ဒီေဈးကြက္ရဲ႕ ဆက္စပ္မႈဟာ ေခတ္သစ္ ကမာၻမွာ ေတြ႕ျမင္ဖူးသမွ်ထဲက ထူးျခား အထင္ရွားဆုံး ေဈးကြက္တစ္ခုအျဖစ္ တိုးတက္ေျပာင္းလဲ ေပၚေပါက္လာ လိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။

        မကၠင္းေဆး ဂလိုဘယ္ အင္စတီက်ဳ႕ရဲ႕ ခန႔္မွန္းခ်က္အရ ၂၀၂၅ ခုႏွစ္မွာ ကမာၻ႔စားသုံးဦးေရရဲ႕ တစ္ဝက္ေက်ာ္ရွိတဲ့ တစ္ေန႕ဝင္ေငြ ၁၀ ေဒၚလာအထက္ရွိတဲ့ ဦးေရပမာဏဟာ ျမန္မာနိုင္ငံရဲ႕ ေလေၾကာင္းခရီးအားျဖင့္ ၅ နာရီအတြင္းမွာ ေနထိုင္လိမ့္မယ္လို႔ ခန႔္မွန္းထားပါတယ္ ကြၽန္မတို႔မွာ ၅၃ သန္းေလာက္ဆိုတဲ့ အေတာ္အတန္ႀကီးမားတဲ့ လူဦးေရပမာဏရွိၿပီး တစ္ဝက္ေက်ာ္က အသက္ ၃၀ ႏွစ္ေအာက္ လူငယ္ေတြ ျဖစ္ပါတယ္။

        ဒါေၾကာင့္ ျမန္မာနိုင္ငံဟာ သင့္ေလ်ာ္တဲ့ပမာဏရွိတဲ့ ေဈးကြက္တစ္ခု ျဖစ္သလို တစ္ေန႕တျခား က်ယ္ျပန႔္ ႀကီးမားေနတဲ့အတြက္ နိုင္ငံတကာေဈးကြက္ႏွင့္ ပူးေပါင္းခ်ိတ္ဆက္ၿပီး အက်ိဳးရွိစြာအသုံးခ်နိဳင္မွာ ျဖစ္ပါတယ္ ျမန္မာနိုင္ငံဟာ အေရွ႕ေတာင္အာရွေဒသမွာ ေျမေနရာအက်ယ္ဝန္းဆုံးကို ပိုင္ဆိုင္ထားတဲ့ အတြက္ လယ္ယာက႑မွာ ရင္းႏွီးျမႇုပ္ႏွံဖို႔အတြက္ သာလြန္တဲ့ အလားအလာေကာင္းေတြ ရွိေနသလို သဘာဝသယံဇာတနဲ႕ သဘာဝဓါတ္ေငြ႕ ႂကြယ္ဝစြာရွိတဲ့ နိုင္ငံလည္းျဖစ္ပါတယ္။

        ျမန္မာနိုင္ငံေတာင္ပိုင္းရွိ ကမ္းေျခေဒသသည္လည္း ကမာၻ႔အေရးပါဆုံးစီးပြားေရးစၾကၤံ တစ္ခုျဖစ္တဲ့ ထိုင္းနိုင္ငံ၏ အေအာင္ျမင္ဆုံးလည္းျဖစ္တဲ့ ထိုင္းအေရွ႕ပိုင္းစီးပြားေရးစၾကၤံႏွင့္ ခ်ိတ္ဆက္ေနတာေၾကာင့္ ဘဂၤလား ပင္လယ္ေအာ္ႏွင့္ ကပၸလီပင္လယ္ျပင္တို႔ကတစ္ဆင့္ အိႏၵိယနိုင္ငံနဲ႕ ပစိဖိတ္သမုဒၵရာကိုသာမက ပတ္ဝန္းက်င္ နိုင္ငံေတြျဖစ္တဲ့ ကေမာၻဒီးယား၊ လာအို၊ ဗီယက္နမ္ အပါအဝင္ တ႐ုတ္နိုင္ငံမ်ားနဲ႕လည္း ကူးသန္းသြားလာဖို႔ လမ္းေၾကာင္းေတြ ေဖာ္ေဆာင္ေပးေနပါတယ္။

        ဒါေၾကာင့္ ျမန္မာနိုင္ငံဟာ နိုင္ငံတကာကုန္သြယ္မႈ လမ္းေၾကာင္းကို ေဒသတြင္း ေဈးကြက္မ်ား မွတစ္ဆင့္ အခ်ိတ္အဆက္ျပဳၿပီး မ်ားစြာအက်ိဳးျပဳလ်က္ရွိေနတဲ့အျပင္ အာရွပိစိဖိတ္ေဒသ ကိုသာမက တကမာၻလုံးရဲ႕ ကုန္သြယ္မႈႏွင့္ ရင္းႏွီးျမႇုပ္ႏွံမႈ ျမႇင့္တင္ေရးအတြက္ အဓိက ေနရာက အေထာက္အကူ ျပဳလ်က္ရွိတယ္လို႔ ယုံၾကည္ေၾကာင္း ေျပာၾကားလိုပါတယ္။

        လက္ရွိတြင္ ျမန္မာနိုင္ငံ၌ စီးပြားေရး၊ လူမႈေရးႏွင့္ နိုင္ငံေရးဆိုင္ရာ တိုးတက္ေျပာင္းလဲမႈမ်ားမွာ အရွိန္အဟုန္ႏွင့္ တခ်ိန္တည္းတြင္ ေျပာင္းလဲျဖစ္ေပၚလ်က္ရွိေနသလို ကြၽန္မတို႔ရဲ႕ ကမာၻႀကီးမွာလည္း ေခတ္ၿပိဳင္ ျပဳျပင္ေျပာင္းလဲမႈ အမ်ိဳးမ်ိဳးနဲ႕ တစ္ၿပိဳင္နက္ ျဖစ္ေပၚေနပါတယ္။ လြန္ခဲ့တဲ့ အႏွစ္ေလးဆယ္အတြင္း ကြၽန္မတို႔ ေဒသဟာ ကမာၻမွာ စီးပြားေရးဖြံ႕ၿဖိဳးအတိုးတက္ဆုံး ေဒသတစ္ခုျဖစ္ခဲ့ၿပီး ဒီလွ်င္ျမန္တဲ့ အာဆီယံနိုင္ငံမ်ားနဲ႕ က်န္အာရွနိုင္ငံေတြအၾကား ကုန္သြယ္မႈ ဆက္ဆံေရးအသစ္ေတြကို ဦးေဆာင္ ဖန္တီးေပးခဲ့သလို နည္းပညာသစ္မ်ား တီထြင္နိုင္မယ့္ အခြင့္အလမ္းေတြကို ဖန္တီးေပးခဲ့သလို ျပည္သူေတြ၊ အေတြးအေခၚ အယူအဆေတြ၊ ကုန္ပစၥည္းႏွင့္ ဝန္ေဆာင္မႈေတြ ရင္းႏွီးျမႇုပ္ႏွံမႈေတြကို ေဒသတြင္း လြယ္ကူလ်င္ျမန္စြာ ေခ်ာေမြ႕စြာေ႐ႊ႕ေျပာင္းနိုင္ေအာင္ ေဆာင္႐ြက္ နိုင္ခဲ့တာဟာ အရင္တုန္းက ျဖစ္နိုင္မယ္လို႔ မထင္ခဲ့တဲ့အရာေတြ ျဖစ္ပါတယ္။

အမွန္တစ္ကယ္ေတာ့ ကြၽန္မတို႔ဟာ ကမာၻကို တည္ၿငိမ္စြာ ပုံေဖာ္ေစခဲ့တဲ့ အာရွရဲ႕အေအာင္ျမင္ဆုံး ကာလေတြမွာ ေနထိုင္ရွင္သန္ေနျခင္းျဖစ္ပါတယ္။ တဆက္တည္းမွာပဲ စီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈ တီထြင္ဆန္းသစ္မႈမ်ား လြတ္လပ္စြာကုန္သြယ္မႈႏွင့္ ေဒသတြင္း ျပည္သူမ်ားအၾကား ဆက္ဆံေရးႏွင့္ ေဒသတြင္းအခ်ိန္အဆက္ တိုးတက္မႈမ်ားက ျမန္မာနိုင္ငံနဲ႕ လာေရာက္ရင္းႏွီးျမႇုပ္ႏွံမယ့္သူမ်ားအတြက္ မ်ားျပားလွတဲ့ အခြင္းအလမ္းေကာင္းမ်ားပဲ ျဖစ္ပါတယ္။

        ကြၽန္မတို႔ရဲ႕ ပထဝီအေနအထား အားသာခ်က္၊ အျခားနိုင္ငံေတြနဲ႕ယွဥ္ရင္ လုပ္အားခသက္သာမႈႏွင့္ ကြၽန္မတို႔ ျပည္သူေတြရဲ႕ ႀကီးမားတဲ့စြမ္းပကားေတြဟာ တစ္ခ်ိန္က အေနာက္နိုင္ငံမ်ားက အေရွ႕နိုင္ငံမ်ား ဆီသို႔ ကမာၻ႔စီးပြားေရးခြဲျဖာထြက္မႈ ျဖစ္ေပၚခဲ့သလိုမ်ိဳး ျပန္လည္ေပၚထြန္းလာေအာင္ ေဆာင္ၾကဥ္းေပးနိုင္ မယ့္ အခြင့္အလမ္းမ်ားကို ဖမ္းဆုပ္ရန္ အခ်ိန္အခါေကာင္းပဲျဖစ္ပါတယ္။

        ဘယ္လိုပဲျဖစ္ျဖစ္ ကြၽန္မတို႔ ေအာင္ျမင္ေအာင္ ေက်ာ္လႊားရမယ့္ စိန္ေခၚမႈမ်ားစြာလည္း ရွိေနဆဲပဲ ျဖစ္ပါတယ္။

        ဒါ့အျပင္ ဖြံ႕ၿဖိဳးမႈနည္းပါတဲ့နိုင္ငံေတြအေနနဲ႕ ကမာၻ႔စီးပြားေရးနဲ႕ ပူေပါင္းခ်ိတ္ဆက္ရာမွာ အားနည္းခ်က္ေတြ ရွိေနဆဲေၾကာင့္ စီးပြားေရး ေနာက္က်က်န္ခဲ့ရနိုင္တဲ့ ႀကီးမားတဲ့အႏၲရာယ္ အတြက္ကိုလည္း စိတ္ထဲမွာစြဲမွတ္ၿပီး ျမန္မာနိုင္ငံအေနနဲ႕ကမာၻနဲ႕ ေဒသတြင္း အက်ိဳးအျမတ္ေတြ ရရွိဖို႔အတြက္ နည္းလမ္းေတြ ရွာေဖြလုပ္ေဆာင္ဖို႔ဟာလည္း ကြၽန္မတို႔နိုင္ငံအတြက္ အဓိက စိန္ေခၚမႈ တစ္ရပ္ပဲ ျဖစ္ပါတယ္။

        ကြၽန္မတို႔နိုင္ငံ ဖြံ႕ၿဖိဳးဖို႔အတြက္ စိန္ေခၚမႈမ်ားစြာ ရွိတဲ့အနက္ ေဈးကြက္ကို အေျခခံေျဖရွင္းသည့္ နည္းလမ္းမ်ားကို ရွာေဖြေဆာင္႐ြက္မႈဟာ အားလုံးေျပလည္ေစမယ့္ နည္းလမ္းမဟုတ္ေပမယ့္ ျမန္မာနိုင္ငံမွာ အားလုံးပါဝင္ၿပီး  ေရရွည္ဖြံ႕ၿဖိဳးတိုးတက္ဖို႔အတြက္ အဓိကေမာင္းႏွင္အင္အား ျဖစ္တဲ့အျပင္ အလုပ္အကိုင္ အခြင့္အလမ္း ဖန္တီးတဲ့ ေနရာမွာလည္း အေျခခံတြန္းအားတစ္ရပ္ ျဖစ္တဲ့ အစိုးရနဲ႕ ပုဂၢလိကက႑ အတူတကြ နီးနီးကပ္ကပ္ ပူးေပါင္းလုပ္ေဆာင္နိုင္ေရးဟာ အေရးတႀကီးလိုအပ္ခ်က္အျဖစ္ ကြၽန္မတို႔ အသိအမွတ္ျပဳပါတယ္။

        ျမန္မာနိုင္ငံရဲ႕ ရင္းႏွီးျမႇုပ္ႏွံမႈဝန္းက်င္ အေျခအေနကို နားလည္ဖို႔ဆိုရင္ ျမန္မာနိုင္ငံမွာ လက္ေတြ႕ က်င့္သုံးေနတဲ့ မူဝါဒ လုပ္ထုံးလုပ္နည္းေတြကို က်ယ္က်ယ္ျပန႔္ျပန႔္ သေဘာေပါက္ဖို႔လိုပါတယ္။

        ေဈးကြက္ႏွင့္ကိုက္ညီတဲ့ စီးပြားေရးမူဝါဒမ်ားခ်မွတ္ျခင္းႏွင့္အတူ ေဒသတြင္းပူးေပါင္းေဆာင္႐ြက္မႈႏွင့္ ေပါင္းစည္းမႈ အလ်င္အျမန္တိုးတက္လာျခင္းတို႔က အာရွပစိဖိတ္ေဒသနိုင္ငံမ်ားအတြက္ မ်ားစြာအက်ိဳးရွိခဲ့ သလို ကြၽန္မတို႔ ေဒသတြင္းမွာရွိတဲ့ ျပည္သူအမ်ားစုကို တိုးတက္မႈႏွိမ့္က်ၿပီး ဝင္ေငြနည္းတဲ့ ဘဝေကန အလယ္အလတ္တန္းႏွင့္ ဝင္ေငြျမင့္မားတဲ့ ဘဝေတြကို ေရာက္ရွိေအာင္ လုပ္ေဆာင္နိုင္ခဲ့ပါတယ္။ ျမန္မာနိုင္ငံအေနနဲ႕လည္း ဒီနည္းလမ္း အတိုင္းလုပ္ေဆာင္သြားမွာ ျဖစ္ပါတယ္။

        ကြၽန္မတို႔ကိုယ္တိုင္ ကိုယ္ပိုင္ေ႐ြးခ်ယ္မႈနဲ႕ ယေန႕ျမန္မာနိုင္ငံဟာ ျပင္ပေဈးကြက္မ်ားနဲ႕ နိုင္ငံေရး အင္အားစုမ်ားကို ယခင္ကထက္ ပိုမိုထိေတြ႕ဆက္ဆံလွ်က္ရွိပါတယ္။ ဒီကေန မွ်တတဲ့ အက်ိဳးရလာဒ္အေနနဲ႕ ရင္းႏွီးျမႇုပ္ႏွံမႈအသစ္ေတြ ဝင္ေရာက္လာဖို႔ အခြင့္အလမ္းမ်ား၊ နည္းပညာသစ္မ်ားနဲ႕ အသိပညာဗဟုသုတမ်ား လႊဲေျပာင္း ရရွိနိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။

        ဒီလိုေျပာရျခင္းဟာ ဂလိုဘယ္လ္လိုက္ေဇးရွင္းရဲ႕ ဆိုးက်ိဳးရႈေထာင့္အခ်ိဳ႕ရွိေနတဲ့အေပၚမွာ ထိခိုက္မႈ မရွိဘဲ အလြယ္တကူ တုံ႕ျပန္နိုင္တဲ့ အေျခအေနမွာရွိေနတဲ့ သေဘာမ်ိဳးကို မဆိုလိုပါဘူး။

        ဒီေန႕လို အလွ်င္အျမန္ အရွိန္အဟုန္နဲ႕ ကူးသန္းသြားလာေနတဲ့ ကမာၻႀကီးမွာ နိုင္ငံတစ္ခုက သာမာန္ အေအးမိဖ်ားနာ႐ုံေလာက္သာ ခံစားရေပမယ့္ အမ်ားစုက ေရာဂါကူးစက္မႈအႏၲရယ္ က်ေရာက္တာကို ခံေနရပါတယ္။

        ကမာၻ႔ရင္းႏွီးျမႇုပ္ႏွံမႈ အလားအလာကို ၾကည့္မယ္ဆိုရင္ နိုင္ငံျခားရင္းႏွီးျမႇုပ္ႏွံမႈ စီးဝင္မႈဟာ ၂၀၁၇ ခုႏွစ္မွာ ၂၃ ရာခိုင္ႏႈန္း က်ဆင္းခဲ့ၿပီး ၂၀၁၈ ခုႏွစ္မွာလည္း ဆက္လက္က်ဆင္းေနတာကို ေတြ႕ရမွာ ျဖစ္ပါတယ္။ အာရွပစိဖိတ္ေဒသဟာလည္း ဒီရင္းႏွီးျမႇုပ္ႏွံမႈ က်ဆင္းမႈအေျခအေနကေန မလြတ္ကင္း နိုင္ခဲ့ပါဘူး။

        ေနာက္ဆုံးရထားတဲ့ သတင္းအခ်က္အလက္မ်ားအရ အာရွပစိဖိတ္ေဒသတြင္း နိုင္ငံျခား ရင္းႏွီးျမႇုပ္ႏွံမႈမ်ားဟာ အနည္းငယ္တုံ႕ဆိုင္းခဲ့တာကို ေတြ႕ရပါတယ္။ သို႔ေသာ္ မိမိတို႔အာရွပစိဖိတ္ေဒသဟာ နိုင္ငံျခားရင္းႏွီးျမႇုပ္ႏွံမႈ စီးဝင္ဖို႔အတြက္ အဓိကေဒသတစ္ခုအျဖစ္ ရွိေနဆဲျဖစ္ၿပီး ၂၀၁၇ ခုႏွစ္ ကမာၻ႔ျပည္ပ ရင္းႏွီးျမႇုပ္ႏွံမႈ စုစုေပါင္းစီးဝင္မႈရဲ႕ ၃၉ ရာခိုင္ႏႈန္းရွိကာ ၂၀၁၆ ခုႏွစ္ကထက္ ၉ ရာခိုင္ႏႈန္း တိုးတက္ခဲ့တာ ေတြ႕ရမွာ ျဖစ္ပါတယ္။

        ဒါ့အျပင္ အာရွပစိဖိတ္ေဒသနိုင္ငံမ်ားဟာ ၂၀၁၇ ခုႏွစ္အတြက္ နိုင္ငံျခားရင္းႏွီးျမႇုပ္ႏွံမႈ အမ်ားဆုံး လက္ခံခဲ့တဲ့ ေဒသျဖစ္ပါတယ္။ ျမန္မာနိုင္ငံအေနနဲ႕လည္း ေဒသတြင္းနိုင္ငံအခ်င္းအခ်င္းအၾကား အျပန္အလွန္ ရင္းႏွီးျမႇုပ္ႏွံမႈျပဳလုပ္မႈေၾကာင့္ နိုင္ငံျခားရင္းႏွီးျမႇုပ္ႏွံမႈ ၄၅ ရာခိုင္ႏႈန္းအထိ တိုးတက္ခဲ့ၿပီး အက်ိဳးအျမတ္ ရရွိတဲ့ နိုင္ငံေတြထဲကတစ္ခုျဖစ္ပါတယ္။ သီလဝါ အထူးစီးပြားေရးဇုန္မွာ မေလးရွားနိုင္ငံ အေျခစိုက္ Kiam Joo Group က စက္႐ုံအသစ္တစ္ခု ရင္းႏွီးျမႇုုပ္ႏွံတာကို ၾကည့္ရင္သိနိုင္ပါတယ္။

        ျမန္မာနိုင္ငံဟာ မိမိနိုင္ငံရဲ႕ တည္ေနရာ ပထဝီအေနအထားရဲ႕ အားသာခ်က္အေပၚမွာ အက်ိဳးေက်းဇူးခံစားေနရတယ္ဆိုတာ သံသယရွိစရာ မလိုပါဘူး။

        ကြၽန္မတို႔ ျမန္မာနိုင္ငံမွာ မိုး႐ြာတုန္း ေရခံ ဆိုတဲ့ ဆိုရိုးစကားတစ္ခုရွိပါတယ္။

ဘ႑ာႏွစ္မွာ ၆.၈ ရာခိုင္ႏႈန္းရွိခဲ့ရာကေန ယခုဘ႑ာႏွစ္မွာ ပိုမိုတိုးတက္လာမယ္လို႔ ခန႔္မွန္းတာကို ေတြ႕ရမွာ ျဖစ္ပါတယ္။

ဘ႑ာႏွစ္မွာ ေငြေၾကးေဖာင္းပြမႈႏႈန္းကို ၅ ရာခိုင္ႏႈန္းနဲ႕ တည္ၿငိမ္ေနလိမ့္မယ္လို႔ ခန႔္မွန္းထားပါတယ္။ ဒီခန႔္မွန္းခ်က္က ကြၽန္မတို႔ ေမွ်ာ္မွန္းထားတာထက္ ျမင့္ေနေပမယ့္လည္း ယခင္ႏွစ္ကထက္စာရင္ တိုးတက္မႈရွိလာတာ ေတြ႕ရမွာျဖစ္ပါတယ္။ ၂၀၁၅ ခုႏွစ္မွာေတာ့ အျမင့္ဆုံး ေငြေၾကးေဖာင္းပြမႈႏႈန္း ၉.၉၉ ရာခိုင္ႏႈန္းရွိခဲ့ပါတယ္။ 

        ယခုလို အေပါင္းလကၡဏာေဆာင္တဲ့ နိုင္ငံ့စီးပြားေရးအလားအား ခန႔္မွန္းခ်က္ေတြအေပၚ အေကာင္းဖက္မွ ရႈျမင္ပါက ေဒသတြင္းႏွင့္ ျမန္မာနိုင္ငံအတြက္ ယခုအခ်ိန္ဟာ ရည္မွန္းခ်က္ျမင့္ျမင့္ထားၿပီး ရဲရဲဝံ့ဝံ့ ႀကိဳးပမ္းေဆာင္႐ြက္ရမည့္ အခ်ိန္ျဖစ္ပါတယ္။

        ကမာၻ႔အသိုက္အဝန္းထဲမွ နိုင္ငံတစ္ခုအေနျဖင့္ ျမန္မာအစိုးရဟာ ကုလသမဂၢ အဖြဲ႕အစည္းက ခ်မွတ္ထားတဲ့ စဥ္ဆက္မျပတ္ ဖြံ႕ၿဖိဳးတိုးတက္မႈ ပန္းတိုင္မ်ား (SDG) ကို အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ရန္ ဆုံးျဖတ္ထားၿပီးလည္း ျဖစ္ပါတယ္။

        လူမႈေရး၊ စီးပြားေရးႏွင့္ ပတ္ဝန္းက်င္ဆိုင္ရာ ေျပာင္းလဲမႈမ်ား၊ ဆက္လက္ေဆာင္႐ြက္မည့္ ျပဳျပင္ေျပာင္းလဲမႈမ်ား၏ လမ္းျပေျမပုံျဖစ္တဲ့ ျမန္မာ့စဥ္ဆက္မျပတ္ ဖြံ႕ၿဖိဳးတိုးတက္ေရးစီမံကိန္း (MSDP) ကို ေရးဆြဲျပဌာန္းခဲ့ၿပီး ျဖစ္ပါတယ္။

        ျမန္မာ့စဥ္ဆက္မျပတ္ ဖြံ႕ၿဖိဳးတိုးတက္ေရးစီမံကိန္း (MSDP) ကို မ႑ိဳင္ႀကီး (၃) ရပ္၊ ပန္းတိုင္ (၅) ရပ္၊ နည္းဗ်ဴဟာ (၂၈) ခုႏွင့္ လက္ေတြ႕လုပ္ငန္းစဥ္ (၂၅၁) ခုတို႔ျဖင့္ ေရးဆြဲထားၿပီး နိုင္ငံေတာ္ရဲ႕ ဖြံ႕ၿဖိဳးမႈေမွ်ာ္မွန္းခ်က္အျဖစ္  ေတြ႕ျမင္ရမွာ ျဖစ္ပါတယ္။

        ျမန္မာ့စဥ္ဆက္မျပတ္ ဖြံ႕ၿဖိဳးတိုးတက္ေရးစီမံကိန္း (MSDP) ဟာ နိုင္ငံရဲ႕ ႏွစ္ရွည္ေမွ်ာ္မွန္းခ်က္ျဖစ္ၿပီး ၿငိမ္းခ်မ္းေရး၊ သာယာဝေျပာေရးႏွင့္ ဒီမိုကေရစီနိုင္ငံအျဖစ္ ေမွ်ာ္မွန္းတည္ေဆာက္သြားဖို႔ ရည္႐ြယ္ပါတယ္။

        ဒီ MSDP က တိုင္းေဒသႀကီးျပည္နယ္မ်ားအၾကား စီးပြားေရးႏွင့္ လူမႈေရးက႑အသီးသီးၾကား ရင္းႏွီးျမႇုပ္ႏွံမႈႏွင့္ မဟာဗ်ဴဟာေျမာက္ဖြံ႕ၿဖိဳးမႈအတြက္ ဦးစားေပးအစီအစဥ္အလိုက္ အေကာင္ အထည္ေဖာ္ရာမွာ အေသးစိတ္မဟာဗ်ဴဟာ စီမံကိန္းအျဖစ္နဲ႕ အေထာက္အကူျပဳမွာျဖစ္ပါတယ္။

        ပထမပန္းတိုင္က နိုင္ငံေရးတည္ၿငိမ္မႈ ရရွိေအာင္ ေဆာင္႐ြက္ၿပီး ၿငိမ္းခ်မ္းေရးႏွင့္ ျပန္လည္သင့္ျမတ္ေရးကို ဦးတည္ထားတာျဖစ္ပါတယ္။ ဒုတိယပန္းတိုင္ အေနနဲ႕ကေတာ့ စီးပြားေရးတည္ၿငိမ္မႈကို ထိန္းသိမ္းၿပီးေတာ့ ေမခရိုစီးပြားေရး စီမံခန႔္ခြဲမႈကို ဦးတည္လုပ္ေဆာင္သြားဖို႔ ျဖစ္ပါတယ္။ တည္ၿငိမ္မႈမရွိတဲ့ စီးပြားေရးက က်ယ္ျပန႔္ၿပီး က႑စုံ ဖြံ႕ၿဖိဳးတိုးတက္ေရးကို လက္ေတြ႕ လုပ္ေဆာင္ရာမွာ မျဖစ္နိုင္ပါဘူး။ အဆိုပါ ေမွ်ာ္မွန္းခ်က္ (၁) နဲ႕ (၂) တို႔ဟာ အနာဂတ္ဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ အဓိကအေရးႀကီးဆုံး အေျခခံထားရမယ့္ အုတ္ျမစ္မ်ားထဲက အေရးပါတဲ့ အပိုင္းမွာ ပါဝင္ပါတယ္။

        ပန္းတိုင္ (၃) ကေတာ့ အလုပ္အကိုင္ဖန္တီးမႈ နဲ႕ ပုဂၢလိက က႑ဖြံ႕ၿဖိဳးမႈကို ေဖာ္ေဆာင္နိုင္ဖို႔ျဖစ္ၿပီး ပန္းတိုင္း (၄) ကေတာ့ ပညာေရးႏွသင့္ က်န္းမာေရး ေစာင့္ေရွာက္မႈကို ဦးတည္ထားတဲ့ လူသားစြမ္းေဆာင္ရည္နဲ႕ လူမႈဖြံ႕ၿဖိဳးမႈ အရည္အေသြးရွိေအာင္ ထူေထာင္ဖို႔ျဖစ္ပါတယ္။

        အပိုင္း (၅) ကေတာ့ သဘာဝသယံဇာတ စီမံခန႔္ခြဲမႈႏွင့္ ပတ္ဝန္းက်င္ ထိန္းသိမ္းကာကြယ္ေရးကို ဦးတည္ထားတာျဖစ္ၿပီး ေရရွည္တည္တံ့ခိုင္ၿမဲတဲ့ သဘာဝပတ္ဝန္းက်င္ႏွင့္ သယံဇာတေတြကို စီမံခန႔္ခြဲမႈက တစ္ဆင့္ မိမိနိုင္ငံကို သာမက ကမာၻေျမႀကီးကိုပါ ကာကြယ္နိုင္ဖို႔ ျဖစ္ပါတယ္။

        မဟာဗ်ဴဟာ ၃.၃ ဟာ ယေန႕အခမ္းအနားနဲ႕ တိုက္ရိုက္သက္ဆိုင္ေနၿပီး ရင္းႏွီးျမႇုပ္ႏွံမႈမ်ားႏွင့္ စီးပြားေရးဝန္က်င္ေကာင္းမ်ား ဖန္တီးနိုင္ဖို႔အတြက္ ကြၽန္မတို႔ရဲ႕ ကတိကဝတ္ေတြကို ေဖာ္ျပရာ ေရာက္ပါတယ္။

        ဒါေၾကာင့္မို႔လို႔ ဒီေန႕အခမ္းအနားဟာ အဆိုပါ မဟာဗ်ဴဟာစီမံကိန္းရဲ႕ အႏွစ္သာရကို တစ္စိတ္တစ္ပိုင္း အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေနတာလို႔ ေျပာနိုင္ပါတယ္။

        ကြၽန္မတို႔ အစိုးရတာဝန္ယူခဲ့တဲ့ အခ်ိန္ကစၿပီး နိုင္ငံျခားရင္ႏွီးျမႇုပ္ႏွံမႈနဲ႕ ပက္သက္တဲ့ ေျဖေလ်ာ့မႈေတြ လြယ္ကူေခ်ာေမြ႕ေအာင္ ေဆာင္႐ြက္မႈေတြကို တက္တက္ႂကြႂကြ လုပ္ေဆာင္ခဲ့ပါတယ္။

        မၾကာေသးမီႏွစ္မ်ားအတြင္းမွာ ျပဳျပင္ေျပာင္းလဲမႈမ်ားကို လုပ္ေဆာင္ခဲ့ရာမွာ အခ်ိဳ႕က သိသာထင္ရွားၿပီး အခ်ိဳ႕ကသိမ္ေမြ႕ေပမယ့္ ထူးျခားတဲ့အေျပာင္းအလဲေတြ လုပ္နိုင္ခဲ့တာကေတာ့ တူတူဘဲျဖစ္ပါတယ္။

        ဒီျပဳျပင္ေျပာင္းလဲမႈေတြဟာ အားလုံးပါဝင္တဲ့ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈကို ဦးတည္တဲ့ ေဈးကြက္ စီးပြားေရးစနစ္ကို  ေဖာ္ေဆာင္နိုင္ဖို႔ ရည္႐ြယ္တဲ့ ဥပေဒနဲ႕ လုပ္ထုံးလုပ္နည္း စည္းမ်ဥ္းစည္းကမ္း ေတြကို ေခတ္နဲ႕အညီ ျပဳျပင္ေျပာင္းလဲနိုင္ဖို႔ လုပ္ေဆာင္ခဲ့တာျဖစ္ပါတယ္။

        ဒါ့အျပင္ ကမာၻ႔စီးပြားေရးနဲ႕ အေကာင္းဆုံး ပိုမိုပူးေပါင္းခ်ိတ္ဆက္နိုင္မႈကတစ္ဆင့္ ျမန္မာ့စီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္ေအာင္ လုပ္ေဆာင္နိုင္ဖို႔ အဖြဲ႕အစည္းဆိုင္ရာ ျပဳျပင္ေျပာင္းလဲမႈေတြကိုလည္း လုပ္ေဆာင္ နိုင္ခဲ့ပါတယ္။ ဒီျပဳျပင္ေျပာင္းလဲမႈေတြဟာ ကြၽန္မတို႔ရဲ႕ ရင္းႏွီးျမႇုပ္ႏွံမႈ ဝန္းက်င္ကို အေျခခံက်က် တိုးတက္ေျပာင္းလဲဖို႔ ေဆာင္႐ြက္ရာမွာ ေကာင္းမြန္တဲ့ အက်ိဳးရလာဒ္ေတြ ရရွိခဲ့ပါတယ္။

        ပထမဆုံး ျပဳျပင္ေျပာင္းလဲမႈအေနနဲ႕ ျမန္မာနိုင္ငံရင္းႏွီးျမႇုပ္ႏွံမႈ ဥေပေဒကို ၂၀၁၆ ခုႏွစ္တြင္ ျပဌာန္းနိုင္ခဲ့ျခင္းျဖစ္ၿပီး ဒီဥပေဒက ရင္းႏွီးျမႇုပ္ႏွံသူမ်ားအတြက္ ပိုမိုပြင့္လင္းျမင္သာမႈ၊ ပိုမိုေျဖေလ်ာ့မႈေတြ ျပဳလုပ္ထားတဲ့အျပင္ ရင္းႏွီးျမႇုပ္ႏွံသူမ်ားကို ပိုမိုအကာအကြယ္ေပးတဲ့ ရင္းႏွီးျမႇုပ္ႏွံမႈဝန္းက်င္ကိုလည္း ထည့္သြင္းျပဌာန္းထားသလို နိုင္ငံတကာႏွင့္ေဒသတြင္း သေဘာတူညီမႈမ်ားႏွင့္အညီလည္း ေရးဆြဲထား တာ ျဖစ္ပါတယ္။

      ဒါ့အျပင္ ၂၀၁၇ ခုႏွစ္ ဒီဇင္ဘာလမွာ ျမန္မာကုမၸဏီမ်ားဥပေဒကို ျပဌာန္းနိုင္ခဲ့ၿပီး ၂၀၁၈ ခုႏွစ္ ၾသဂုတ္လတြင္ အသက္ဝင္ခဲ့ၿပီး ျဖစ္ပါတယ္။ ယခင္ ျမန္မာနိုင္ငံကုမၸဏီ အက္ဥပေဒအရ နိုင္ငံသားပိုင္ ကုမၸဏီတစ္ခုမွာ နိုင္ငံျခားရွယ္ယာ ပါဝင္မႈရွိပါက နိုင္ငံျခားကုမၸဏီအျဖစ္ သတ္မွတ္ခဲ့ပါတယ္။

      ယခုဥပေဒအသစ္၏ျပဌာန္းခ်က္အရ နိုင္ငံသားပိုင္းကုမၸဏီတစ္ခုမွာ နိုင္ငံျခားသားရွယ္ယာ ၃၅ ရာခိုင္ႏႈန္းအတထိ ပါဝင္သည့္တိုင္ ျမန္မာနိုင္ငံသားကုမၸဏီအျဖစ္နဲ႕သာ သတ္မွတ္တဲ့အတြက္ နိုင္ငံသား ကုမၸဏီ၏ အခြင့္အေရးမ်ား ဆုံးရႈံးမႈ မရွိေတာ့တာ ေတြ႕ရမွာ ျဖစ္ပါတယ္။

      ကုမၸဏီဥပေဒအသစ္က စီးပြားေရးလုပ္ကိုင္မႈ လြယ္ကူမႈၫႊန္းကိန္းတြင္ ျမန္မာနိုင္ငံ၏ အဆင့္တိုးတက္ေစရန္ အေထာက္အကူျပဳဖို႔အတြက္ အနည္းစုရင္းႏွီးျမႇုပ္ႏွံသူ အတြက္ အကာအကြယ္ ေပးတဲ့ ျပဌာန္းခ်က္ကိုလည္း ထည့္သြင္းထားပါတယ္။

        အဓိက ျပဳျပင္ေျပာင္းလဲႀကိဳးပမ္းအားထုတ္မႈအေနနဲ႕ ကုမၸဏီမွတ္ပုံတင္ရာမွာ မွတ္ပုံတင္႐ုံးကို ကိုယ္တိုင္သြားေရာက္ရန္ မလိုေတာ့ဘဲ အြန္လိုင္းမွတ္ပုံတင္စနစ္ (MyCo) ကတစ္ဆင့္ ေဆာင္႐ြက္နိုင္တာပဲ ျဖစ္ပါတယ္။

        အြန္လိုင္းမွတ္ပုံတင္စနစ္ စတင္ခဲ့တဲ့ ၅ လတာကာလအတြင္းမွာ ကုမၸဏီေပါင္း ၈၄၀၀ ကို အြန္လိုင္းစနစ္နဲ႕ အသစ္မွတ္ပုံတင္နိုင္ခဲ့ၿပီး ျဖစ္ပါတယ္။ ဒါဟာ ၁၉၈၈ ခုႏွစ္ကေန ၂၀၁၈ ခုႏွစ္အထိ ႏွစ္ေပါင္း ၃၀ အတြင္း စုစုေပါင္းမွတ္ပုံတင္ခဲ့မႈရဲ႕ ၁၀ ရာခိုင္ႏႈန္းရွိပါတယ္။

        ဒီတိုးတက္ေအာင္ျမင္မႈကို အတုယူၿပီး အျခားနယ္ပယ္ေတြမွာပါ ပိုမို က်ယ္က်ယ္ျပန႔္ျပန႔္ လုပ္ေဆာင္နိုင္ဖို႔ ရည္႐ြယ္ေဆာင္႐ြက္လ်က္ရွိပါတယ္။ ေနာက္တစ္ဆင့္အေနနဲ႕ လူနဲ႕လုပ္ေဆာင္ရတဲ့ လုပ္ငန္းေတြကို အြန္လိုင္းနဲ႕ ေဆာင္႐ြက္တဲ့စနစ္ကို ေျပာင္းလဲေဆာင္႐ြက္နိုင္ဖို႔ တစ္ဆင့္ျခင္း တိုးတက္ေဆာင္႐ြက္သြားမွာျဖစ္လို႔ ေနာင္ဆိုရင္ ရင္းႏွီးျမႇုပ္ႏွံသူမ်ားအေနနဲ႕ ဌာနမ်ားစြာ ေနရာမ်ားစြာကို သြားေရာက္လုပ္ကိုင္စရာ မလိုေတာ့ေအာင္ ႀကိဳးပမ္းေဆာင္႐ြက္သြားမွာျဖစ္ပါတယ္။

လက္လီက႑တြင္ နိုင္ငံျခားရင္းႏွီးျမႇုပ္ႏွံမႈ ေျဖေလ်ာ့ျခင္း

        ကုမၸဏီဥပေဒ ျပဌာန္းမႈႏွင့္အတူ စီးပြားေရးက႑ အသစ္မ်ားကိုလည္း ရင္းႏွီးျမႇုပ္ႏွံသူမ်ားအတြက္ ဖြင့္လွစ္ေပးခဲ့ပါတယ္။ ဥပမာအားျဖင့္ ၂၀၁၈ ခုႏွစ္မွာ နိုင္ငံျခားသား ၁၀၀ ရာခိုင္ႏႈန္းပိုင္ဆိုင္သည့္ ကုမၸဏီမ်ားကို လက္ကားနဲ႕ လက္လီက႑မွာ ရင္းႏွီးျမႇုပ္ႏွံမႈကို ခြင့္ျပဳေပးခဲ့တဲ့အတြက္ ဥေရာပ၊ ဂ်ပန္နဲ႕ ေတာင္ကိုရီးယားနိုင္ငံမ်ား အျပင္ အျခားနိုင္ငံမ်ားကိုပါ ဆြဲေဆာင္နိုင္ခဲ့ပါတယ္။

ပညာေရးက႑ကိုေျဖေလ်ာ့ေပးခဲ့ျခင္း

        ဒါ့အျပင္ ျမန္မာနိုင္ငံရဲ႕ ပညာေရးဝန္ေဆာင္မႈ က႑မွာ နိုင္ငံျခားသား ၁၀၀ ရာခိုင္ႏႈန္းပိုင္တဲ့ ပညာေရးဝန္ေဆာင္မႈလုပ္ငန္းေတြကို ရင္းႏွီးျမႇုပ္ႏွံခြင့္ ေပးခဲ့ပါတယ္။ ဒါ့အျပင္ ဖက္စပ္ကုမၸဏီမ်ားအျဖစ္နဲ႕ လည္း ထူေထာင္ခြင့္ျပဳခဲ့ပါတယ္။

ရင္းႏွီးျမႇုပ္ႏွံမႈေကာ္မရွင္ ျပဳျပင္ေျပာင္းလဲမႈ

        အေရးပါတဲ့ ေဆာင္႐ြက္မႈ တစ္ခုအေနနဲ႕ ျမန္မာနိုင္ငံ ရင္းႏွီးျမႇုပ္ႏွံမႈေကာ္မရွင္ကို ျပန္လည္ဖြဲ႕စည္းခဲ့ၿပီး ဒီအဖြဲ႕သစ္အေနနဲ႕ စီမံခန႔္ခြဲမႈပုံသ႑န္အသစ္နဲ႕ ျပဳျပင္ေျပာင္းလဲမႈေတြကို အရွိန္အဟုန္နဲ႕ ေဆာင္႐ြက္လ်က္ရွိပါတယ္။ ဒီအဖြဲ႕ဟာ ျမန္မာနိုင္ငံကို ေဒသတြင္းကုန္သြယ္မႈနဲ႕ ရင္းႏွီးျမႇုပ္ႏွံမႈအတြက္ အခ်က္အခ်ာ ေဒသအျဖစ္ ေျပာင္းလဲနိုင္ဖို႔ သႏၷိဌာန္ ခ်ထားၿပီး ရင္းႏွီးျမႇုပ္ႏွံမႈ ခြင့္ျပဳမိန႔္ထုတ္ေပးတဲ့ ကိစၥရပ္ေတြမွာ ပြင့္လင္းျမင္သာၿပီး လြယ္ကူေခ်ာေမြ႕ေအာင္ အစီအစဥ္ေတြ ခ်မွတ္ေဆာင္႐ြက္လ်က္ရွိပါတယ္။

        ရင္းႏွီးျမႇုပ္ႏွံမႈေကာ္မရွင္အဖြဲ႕အသစ္ဟာ ေကာ္မရွင္ရဲ႕လုပ္ငန္းေတြ အေပၚမွာသာကမ အျခား အစိုးရဌာနမ်ားရဲ႕ ရင္းႏွီးျမႇုပ္ႏွံမႈနဲ႕ဆက္စပ္တဲ့ လုပ္ငန္းေဆာင္႐ြက္မႈမ်ားကိုပါ ပိုမိုလြယ္ကူ ရွင္းလင္းၿပီး ႀကိဳတင္ခန႔္မွန္းနိုင္စြမ္းရွိတဲ့ စံခ်ိန္စံၫႊန္းမွီ လုပ္ထုံးလုပ္နည္းမ်ား (Standard Operating Procedure – SOPs) ေရးဆြဲခ်မွတ္ေဆာင္႐ြက္နိုင္ဖို႔အတြက္သာမက ဝန္ေဆာင္မႈေတြ ေပးရာမွာ (Single Window) စနစ္ကိုပါ က်င့္သုံးေဆာင္႐ြက္နိုင္ဖို႔ ျပန္လည္သုံးသပ္ လုပ္ေဆာင္လ်က္ရွိပါတယ္။

        ကြၽန္မတို႔အေနနဲ႕ ျမန္မာနိုင္ငံရင္းႏွီးျမႇုပ္ႏွံမႈ ျမႇင့္တင္ေရးစီမံကိန္းကို မၾကာေသးမီကပဲ ေရးဆြဲထုတ္ျပန္နိုင္ခဲ့ပါတယ္။ ဒီစီမံကိန္းက ေနာင္အႏွစ္ ၂၀ အတြင္း အေမရိကန္ေဒၚလာ ၂၀၀ ဘီလီယံ ေက်ာ္ဖိုးရွိတဲ့ တာဝန္ယူမႈရွိၿပီး အရည္အေသြးရွိတဲ့ ရင္းႏွီးျမႇုပ္ႏွံမႈေတြကို ဖိတ္ေခၚေဆာင္႐ြက္နိုင္ဖို႔ ေမွ်ာ္မွန္းထားသလို မိမိနိုင္ငံကို ဝင္ေငြ အလယ္အလတ္ရွိတဲ့ နိုင္ငံတစ္ခုအျဖစ္ ေရာက္ရွိဖို႔ ေမွ်ာ္မွန္းထားပါတယ္။

        ျပဳျပင္ေျပာင္းလဲေရး လုပ္ငန္းစဥ္ကို အေထာက္အကူျပဳေစရန္ ရင္းႏွီးျမႇုပ္ႏွံမႈႏွင့္ နိုင္ငံျခား စီးပြားဆက္သြယ္ေရး ဝန္ႀကီးဌာန (MOIFER) ကို ၂၀၁၈ ခုႏွစ္ နိုဝင္ဘာလ ၁၉ ရက္ေန႕တြင္ ဖြဲ႕စည္းခဲ့ပါတယ္။ MOIFER အေနနဲ႕ ရင္းႏွီးျမႇုပ္ႏွံမႈဝန္းက်င္ေကာင္း ျဖစ္ေပၚေရး ေဒသတြင္း ပူးေပါင္းေဆာင္႐ြက္ေရး ျမန္မာနိုင္ငံ ဖြံ႕ၿဖိဳးတိုးတက္မႈ မိတ္ဖက္နိုင္ငံမ်ားႏွင့္ နိုင္ငံတကာ အဖြဲ႕အစည္းမ်ားႏွင့္ ပူးေပါင္း ေဆာင္႐ြက္မႈကို ပိုမို ထိေရာက္စြာ ေဆာင္႐ြက္နိုင္ေရးတို႔ကို အဓိကထား ေဆာင္႐ြက္ျခင္းျဖင့္ နိုင္ငံေတာ္နဲ႕ ျပည္သူမ်ားရဲ႕ လိုအပ္ခ်က္ေတြကို ျဖည့္ဆည္းေဆာင္႐ြက္သြားဖို႔ ရည္႐ြယ္ဖြဲ႕စည္းခဲ့တာ ျဖစ္ပါတယ္။

        ဦးစားေပးရင္းႏွီးျမႇုပ္ႏွံမႈလုပ္ငန္းမ်ားကို ေဖာ္ထုတ္ရာမွာ ပိုမိုမဟာဗ်ဴဟာက်ၿပီး ပြင့္လင္းျမင္သာမႈ ရွိေစဖို႔ စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာနႏွင့္ နိုင္ငံျခားစီးပြားဆက္သြယ္ေရး ဝန္ႀကီးဌာနတို႔က စီမံကိန္းဘဏ္ကို ေရးဆြဲခဲ့ပါတယ္။ ျပဳျပင္ေျပာင္းလဲေရးလုပ္ငန္းစဥ္မွာ အဓိကက်တဲ့ စီမံကိန္းမ်ားကို စီစစ္သုံးသပ္အကဲျဖတ္ၿပီး ဦးစားေပးစီမံကိန္းမ်ားအျဖစ္ သတ္မွတ္ကာ အစိုးရဘတ္ဂ်က္၊ ဖြံ႕ၿဖိဳးမႈအကူအညီ သို႔မဟုတ္ ပုဂၢလိကက႑ ရင္းႏွီးျမႇုပ္ႏွံမႈစတဲ့ အသင့္ေလ်ာ္ဆုံး ဘ႑ာေရးအရင္းအျမစ္မ်ားကို ရယူအသုံးခ်တဲ့ ပုံသ႑ာန္အျပင္ အစိုးရပုဂၢလိက ေဆာင္႐ြက္သြားမယ့္ ပုံသ႑ာန္ အေကာင္အထည္ ေဖာ္နိုင္ရန္ စုစည္းထားတဲ့ အခ်က္အလက္ဘဏ္ (Data Bank) ျဖစ္ပါတယ္။

        ျမန္မာနိုင္ငံရဲ႕ ရင္းႏွီးျမႇုပ္ႏွံမႈဝန္းက်င္ ျပဳျပင္ေျပာင္းလဲမႈေတြအေပၚ ႀကိဳးပမ္းေဆာင္႐ြက္မႈကို ကမာၻ႔ဘဏ္မွ အသိအမွတ္ျပဳခဲ့ၿပီး ၂၀၁၇ ခုႏွစ္တြင္ Star Reformer Award ကို အပ္ႏွင္းခဲ့ပါတယ္။ ဒီေအာင္ျမင္မႈအေပၚမွာ ကြၽန္မနိုင္ငံက ေက်နပ္မေနဘဲ ရင္းႏွီးျမႇုပ္ႏွံမႈဝန္းက်င္ေတြ ပိုမိုေကာင္းမြန္ေအာင္ ဆက္လက္ႀကိဳးပမ္းေဆာင္႐ြက္သြားမွာ ျဖစ္ပါတယ္။

        ျမန္မာ့ဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ အေျခခံ အေဆာက္အအုံလိုအပ္ခ်က္ ကြာျခားခ်က္ ရွိေနျခင္းကဲ့သို႔ ေသာ စိန္ေခၚမႈမ်ားစြာလည္း ရွိေနပါေသးတယ္။ ျမန္မာနိုင္ငံမွာ သဘာဝဓာတ္ေငြ႕ႏွင့္ ျပန္လည္ျပည့္ၿဖိဳးၿမဲ စြမ္းအင္မ်ား ေပါႂကြယ္ဝေသာ္လည္း ကမာၻေပၚတြင္ လွ်ပ္စစ္ဓါတ္အား ထုတ္လုပ္မႈ အနည္းဆုံး နိုင္ငံတစ္ခု အျဖစ္ ရွိေနပါေသးတယ္။

        ျမန္မာ့ဆိပ္ကမ္းမ်ားကိုလည္း အဆင့္ျမႇင့္တင္ၿပီး တစ္ေန႕တစ္ျခားတိုးပြားလာတဲ့ ကုန္သြယ္မႈ လိုအပ္ခ်က္ေတြကို ျဖည့္ဆည္းနိုင္ဖို႔ လိုအပ္ေနပါတယ္။

        ဒီလို စိန္ေခၚမႈေတြရွိေနတဲ့ နယ္ပယ္ေတြဟာ ရင္းႏွီးျမႇုပ္ႏွံသူေတြအတြက္ ႀကီးမားတဲ့အခြင့္အလမ္း ေတြအျဖစ္ ရွိေနတဲ့အတြက္ စိန္ေခၚမႈမ်ားကို အခြင့္အလမ္းမ်ားအျဖစ္ ေျပာင္းလဲေဆာင္႐ြက္နိုင္ဖို႔ တိုက္တြန္း ေျပာၾကားရင္း နိဂုံးခ်ဳပ္အပ္ပါတယ္။



[Unicode]
၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့၌ မြန်မာကွန်ဗင်းရှင်းစင်တာ (၂) တွင် ကျင်းပပြုလုပ်သော Invest Myanmar Summit 2019 တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသော မူဝါဒဆိုင်ရာမိန့်ခွန်း ကောက်နုတ်ဘာသာပြန်ဆိုချက်

29 ဇန်နဝါရီ 2019

ပထမဆုံးနေနဲ့ ပြောကြားလိုတာကတော့ ဒီနေ့ကျင်းပတဲ့ Invest Myanmar Summit 2019 ကို တက်ရောက်ကြတဲ့ စီးပွားရေးနယ်ပယ်ကဏ္ဍစုံက ပြည်တွင်းနှင့်ပြည်ပ ရင်းနှီးမြှုပ်နှံသူတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေ၊ နိုင်ငံတကာအဖွဲ့အစည်း အသီးသီးက တာဝန်ရှိပုဂ္ဂိုလ်တွေကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါ ကြောင်း ဦးစွာပြောကြားလိုပါတယ်။

        ဒီနေ့အခမ်းအနားက ကျွန်မတို့မြန်မာနိုင်ငံရဲ့ စိတ်လှုပ်ရှားဖွယ်ကောင်းပြီး အမြဲပြောင်းလဲတိုး တက်နေတဲ့ ရင်းနှီးမြှုပ်နှံမှုအခင်းအကျင်း မြင်ကွင်းတွေကိုသိရှိပြီး ပြည်တွင်းနှင့်ပြည်ပ လုပ်ငန်းရှင်တွေ အတွက် အကောင်းဆုံး အခွင့်အလမ်းတွေ ဖော်ဆောင်ပေးနိုင်မယ့် မြန်မာနိုင်ငံမှာ ပထမဦးဆုံး ကျင်းပပြုလုပ်တဲ့ အရေးပါတဲ့ ဆွေးနွေးပွဲတစ်ခုအဖြစ် ယုံကြည်ကြောင်း ပြောကြားလိုပါတယ်။

ဒီနေ့အခမ်းအနားရဲ့ နှစ်ရက်တာကာလအတွင်းမှာ ပြည်ထောင်စုဝန်ကြီးဌာနာတွေ၊ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့တွေနဲ့ ကျွန်မတို့ရဲ့ပုဂ္ဂလိကကဏ္ဍက မိတ်ဖက်လုပ်ငန်းရှင်တွေအနေနဲ့ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှု အလားအလာနဲ့ အခွင့်အလမ်းတွေကို ဖော်ထုတ်ပြသနိုင်တဲ့ အဖိုးတန်တဲ့အခွင့်အလမ်းကို ရကြမှာ ဖြစ်တဲ့အတွက် ကျွန်မ အနေနဲ့ အားရကျေနပ်မိပါတယ်။

        ဒီအခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန တို့နဲ့ အတူ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရဲ့ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်မှုကိုလည်း အထူးပဲ အသိအမှတ်ပြု ကျေးဇူးတင်ပါတယ်။

        ဒီဆွေးနွေးပွဲက အားလုံးကို အကျိုးများပြီး နှစ်လိုဖွယ်ကောင်းတဲ့ အမှတ်တရတွေ ရရှိစေပြီး မြန်မာနိုင်ငံကို အကြိမ်ကြိမ် ပြန်လာချင်အောင် စွမ်းဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

        ယနေ့ဟာ ကျွန်မတို့ မြန်မာနိုင်ငံရဲ့သမိုင်းမှာ လူသိများပြီးထင်ရှားတဲ့ ဟံသာဝတီခေတ် ဘုရင်ရာဇဓိရာဇ်ရဲ့ မွေးနေ့နဲ့လည်း တိုင်ဆိုင်နေပါတယ် နန်းစံခဲ့တဲ့ကာလမှာ ရာဇဓိရာဇ်အရေးတော်ပုံ မှတ်တမ်းကို ပြုစုခဲ့ပြီး ဒီမှတ်တမ်းဟာ ရှေးဟောင်းဘုရင့်နိုင်ငံတစ်ခုကို အဲဒီခေတ်က ကုန်သွယ်မှုမှာ အင်အားကြီးမားတဲ့ နိုင်ငံတစ်ခုဖြစ်အောင် ဆောင်ကျဉ်းပေးနိုင်တဲ့ အထင်ကြီးအားကျစရာ ကောင်းလှတဲ့ အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေကို ငြိမ်းချမ်းချောမွေ့စွာ လုပ်ဆောင် နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

        ဒါ့အပြင် လွန်ခဲ့တဲ့ ၇၄ နှစ် ကာလ ၁၉၄၅ ခုနှစ် ဒီနေ့မှာပဲ အသစ်ဖွင့်လှစ်ခဲ့တဲ့ Burma Road ကတစ်ဆင့် တရုတ်နိုင်ငံကို ရောက်ရှိနိုင်မယ့် ထောက်ပံ့ရေးလမ်းကြောင်းကို ထူထောင်နိုင်ခဲ့ပါတယ် ဒါကြောင့်မို့လို့ ဒီနေ့ဟာ မြန်မာနိုင်ငံ သမိုင်းမှာ ထင်ရှားလှတဲ့ ပြုပြင်ပြောင်းလဲရေးတွေကို လုပ်ဆောင်ခဲ့တဲ့ ဘုရင်ရဲ့မွေးနေ့နဲ့ ဒုတိယ ကမ္ဘာစစ်အတွင်း အရှေ့တောင်အာရှရဲ့ ဇာတ်ခုံမှာ ဒုတိယကမ္ဘာစစ်ရဲ့ အလှည့်အပြောင်းပေါ်မှာ သက်ရောက်မှုကြီးမားခဲ့တဲ့ အင်မတန်မှ မဟာဗျူဟာအရ အရေးပါလှတဲ့ အခြေခံအဆောက်အအုံစီမံကိန်းတစ်ခုကို စတင်ခဲ့တဲ့ နေ့များနဲ့တိုက်ဆိုင်နေတာမို့ တကယ့်ကို ကျက်သရေ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ဒီနေ့မှာ တွေ့ဆုံခွင့်ရကြတာ ဖြစ်ပါတယ်။

        မြန်မာနိုင်ငံမှာ ဘာကြောင့် ရင်းနှီးမြှုပ်နှံကြသလဲလို့ မေးစရာရှိပါလိမ့်မယ် ကျွန်မတို့ မြန်မာနိုင်ငံရဲ့ တည်နေရာဟာ ပထဝီအနေအထားအရ အလွန်ပဲ အားကျစရာကောင်းလောက်တဲ့ နေရာမှာရှိနေတာ ကြောင့် မဟာဗျူဟာအရ အရေးပါလှတဲ့ ဈေးကွက် နေရာတစ်ခု ဖြစ်သလို တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ လာအို၊ ထိုင်းနိုင်ငံတို့ကို ကုန်သွယ်ကူးသန်း ဖြတ်သန်းနိုင်တဲ့ လမ်းဆုံနေရာမှာလဲ တည်ရှိနေသောကြောင့် ဖြစ်ပါတယ်။

        မြန်မာနိုင်ငံအပါအဝင် အာဆီယံ (၁၀) နိုင်ငံနဲ့အတူ တရုတ်၊ အိန္ဒိယတို့ ပါဝင်တဲ့ ၃.၅ ဘီလီယံ ကျော်ရှိတဲ့ စားသုံးသူ ဈေးကွက်ကို ကိုယ်စားပြုပါတယ်၊ ဒီဈေးကွက်ရဲ့ စီးပွားရေးပမာဏဟာ အမေရိကန်ဒေါ်လာ ၁၅ ထရီလျံ ဝန်းကျင်ရှိပြီး ကမ္ဘာ့ ဂျီဒီပီရဲ့ ၂၀ ရာခိုင်နှုန်းကို ကိုယ်စားပြုပါတယ်။ ဒီဈေးကွက်ရဲ့ ဆက်စပ်မှုဟာ ခေတ်သစ် ကမ္ဘာမှာ တွေ့မြင်ဖူးသမျှထဲက ထူးခြား အထင်ရှားဆုံး ဈေးကွက်တစ်ခုအဖြစ် တိုးတက်ပြောင်းလဲ ပေါ်ပေါက်လာ လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

        မက္ကင်းဆေး ဂလိုဘယ် အင်စတီကျု့ရဲ့ ခန့်မှန်းချက်အရ ၂၀၂၅ ခုနှစ်မှာ ကမ္ဘာ့စားသုံးဦးရေရဲ့ တစ်ဝက်ကျော်ရှိတဲ့ တစ်နေ့ဝင်ငွေ ၁၀ ဒေါ်လာအထက်ရှိတဲ့ ဦးရေပမာဏဟာ မြန်မာနိုင်ငံရဲ့ လေကြောင်းခရီးအားဖြင့် ၅ နာရီအတွင်းမှာ နေထိုင်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ် ကျွန်မတို့မှာ ၅၃ သန်းလောက်ဆိုတဲ့ အတော်အတန်ကြီးမားတဲ့ လူဦးရေပမာဏရှိပြီး တစ်ဝက်ကျော်က အသက် ၃၀ နှစ်အောက် လူငယ်တွေ ဖြစ်ပါတယ်။

        ဒါကြောင့် မြန်မာနိုင်ငံဟာ သင့်လျော်တဲ့ပမာဏရှိတဲ့ ဈေးကွက်တစ်ခု ဖြစ်သလို တစ်နေ့တခြား ကျယ်ပြန့် ကြီးမားနေတဲ့အတွက် နိုင်ငံတကာဈေးကွက်နှင့် ပူးပေါင်းချိတ်ဆက်ပြီး အကျိုးရှိစွာအသုံးချနိုင်မှာ ဖြစ်ပါတယ် မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှဒေသမှာ မြေနေရာအကျယ်ဝန်းဆုံးကို ပိုင်ဆိုင်ထားတဲ့ အတွက် လယ်ယာကဏ္ဍမှာ ရင်းနှီးမြှုပ်နှံဖို့အတွက် သာလွန်တဲ့ အလားအလာကောင်းတွေ ရှိနေသလို သဘာဝသယံဇာတနဲ့ သဘာဝဓါတ်ငွေ့ ကြွယ်ဝစွာရှိတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။

        မြန်မာနိုင်ငံတောင်ပိုင်းရှိ ကမ်းခြေဒေသသည်လည်း ကမ္ဘာ့အရေးပါဆုံးစီးပွားရေးစင်္ကြံ တစ်ခုဖြစ်တဲ့ ထိုင်းနိုင်ငံ၏ အအောင်မြင်ဆုံးလည်းဖြစ်တဲ့ ထိုင်းအရှေ့ပိုင်းစီးပွားရေးစင်္ကြံနှင့် ချိတ်ဆက်နေတာကြောင့် ဘင်္ဂလား ပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တို့ကတစ်ဆင့် အိန္ဒိယနိုင်ငံနဲ့ ပစိဖိတ်သမုဒ္ဒရာကိုသာမက ပတ်ဝန်းကျင် နိုင်ငံတွေဖြစ်တဲ့ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ် အပါအဝင် တရုတ်နိုင်ငံများနဲ့လည်း ကူးသန်းသွားလာဖို့ လမ်းကြောင်းတွေ ဖော်ဆောင်ပေးနေပါတယ်။

        ဒါကြောင့် မြန်မာနိုင်ငံဟာ နိုင်ငံတကာကုန်သွယ်မှု လမ်းကြောင်းကို ဒေသတွင်း ဈေးကွက်များ မှတစ်ဆင့် အချိတ်အဆက်ပြုပြီး များစွာအကျိုးပြုလျက်ရှိနေတဲ့အပြင် အာရှပိစိဖိတ်ဒေသ ကိုသာမက တကမ္ဘာလုံးရဲ့ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးအတွက် အဓိက နေရာက အထောက်အကူ ပြုလျက်ရှိတယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုပါတယ်။

        လက်ရှိတွင် မြန်မာနိုင်ငံ၌ စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ တိုးတက်ပြောင်းလဲမှုများမှာ အရှိန်အဟုန်နှင့် တချိန်တည်းတွင် ပြောင်းလဲဖြစ်ပေါ်လျက်ရှိနေသလို ကျွန်မတို့ရဲ့ ကမ္ဘာကြီးမှာလည်း ခေတ်ပြိုင် ပြုပြင်ပြောင်းလဲမှု အမျိုးမျိုးနဲ့ တစ်ပြိုင်နက် ဖြစ်ပေါ်နေပါတယ်။ လွန်ခဲ့တဲ့ အနှစ်လေးဆယ်အတွင်း ကျွန်မတို့ ဒေသဟာ ကမ္ဘာမှာ စီးပွားရေးဖွံ့ဖြိုးအတိုးတက်ဆုံး ဒေသတစ်ခုဖြစ်ခဲ့ပြီး ဒီလျှင်မြန်တဲ့ အာဆီယံနိုင်ငံများနဲ့ ကျန်အာရှနိုင်ငံတွေအကြား ကုန်သွယ်မှု ဆက်ဆံရေးအသစ်တွေကို ဦးဆောင် ဖန်တီးပေးခဲ့သလို နည်းပညာသစ်များ တီထွင်နိုင်မယ့် အခွင့်အလမ်းတွေကို ဖန်တီးပေးခဲ့သလို ပြည်သူတွေ၊ အတွေးအခေါ် အယူအဆတွေ၊ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုတွေ ရင်းနှီးမြှုပ်နှံမှုတွေကို ဒေသတွင်း လွယ်ကူလျင်မြန်စွာ ချောမွေ့စွာရွှေ့ပြောင်းနိုင်အောင် ဆောင်ရွက် နိုင်ခဲ့တာဟာ အရင်တုန်းက ဖြစ်နိုင်မယ်လို့ မထင်ခဲ့တဲ့အရာတွေ ဖြစ်ပါတယ်။

အမှန်တစ်ကယ်တော့ ကျွန်မတို့ဟာ ကမ္ဘာကို တည်ငြိမ်စွာ ပုံဖော်စေခဲ့တဲ့ အာရှရဲ့အအောင်မြင်ဆုံး ကာလတွေမှာ နေထိုင်ရှင်သန်နေခြင်းဖြစ်ပါတယ်။ တဆက်တည်းမှာပဲ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တီထွင်ဆန်းသစ်မှုများ လွတ်လပ်စွာကုန်သွယ်မှုနှင့် ဒေသတွင်း ပြည်သူများအကြား ဆက်ဆံရေးနှင့် ဒေသတွင်းအချိန်အဆက် တိုးတက်မှုများက မြန်မာနိုင်ငံနဲ့ လာရောက်ရင်းနှီးမြှုပ်နှံမယ့်သူများအတွက် များပြားလှတဲ့ အခွင်းအလမ်းကောင်းများပဲ ဖြစ်ပါတယ်။

        ကျွန်မတို့ရဲ့ ပထဝီအနေအထား အားသာချက်၊ အခြားနိုင်ငံတွေနဲ့ယှဉ်ရင် လုပ်အားခသက်သာမှုနှင့် ကျွန်မတို့ ပြည်သူတွေရဲ့ ကြီးမားတဲ့စွမ်းပကားတွေဟာ တစ်ချိန်က အနောက်နိုင်ငံများက အရှေ့နိုင်ငံများ ဆီသို့ ကမ္ဘာ့စီးပွားရေးခွဲဖြာထွက်မှု ဖြစ်ပေါ်ခဲ့သလိုမျိုး ပြန်လည်ပေါ်ထွန်းလာအောင် ဆောင်ကြဉ်းပေးနိုင် မယ့် အခွင့်အလမ်းများကို ဖမ်းဆုပ်ရန် အချိန်အခါကောင်းပဲဖြစ်ပါတယ်။

        ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတို့ အောင်မြင်အောင် ကျော်လွှားရမယ့် စိန်ခေါ်မှုများစွာလည်း ရှိနေဆဲပဲ ဖြစ်ပါတယ်။

        ဒါ့အပြင် ဖွံ့ဖြိုးမှုနည်းပါတဲ့နိုင်ငံတွေအနေနဲ့ ကမ္ဘာ့စီးပွားရေးနဲ့ ပူပေါင်းချိတ်ဆက်ရာမှာ အားနည်းချက်တွေ ရှိနေဆဲကြောင့် စီးပွားရေး နောက်ကျကျန်ခဲ့ရနိုင်တဲ့ ကြီးမားတဲ့အန္တရာယ် အတွက်ကိုလည်း စိတ်ထဲမှာစွဲမှတ်ပြီး မြန်မာနိုင်ငံအနေနဲ့ကမ္ဘာနဲ့ ဒေသတွင်း အကျိုးအမြတ်တွေ ရရှိဖို့အတွက် နည်းလမ်းတွေ ရှာဖွေလုပ်ဆောင်ဖို့ဟာလည်း ကျွန်မတို့နိုင်ငံအတွက် အဓိက စိန်ခေါ်မှု တစ်ရပ်ပဲ ဖြစ်ပါတယ်။

        ကျွန်မတို့နိုင်ငံ ဖွံ့ဖြိုးဖို့အတွက် စိန်ခေါ်မှုများစွာ ရှိတဲ့အနက် ဈေးကွက်ကို အခြေခံဖြေရှင်းသည့် နည်းလမ်းများကို ရှာဖွေဆောင်ရွက်မှုဟာ အားလုံးပြေလည်စေမယ့် နည်းလမ်းမဟုတ်ပေမယ့် မြန်မာနိုင်ငံမှာ အားလုံးပါဝင်ပြီး  ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဓိကမောင်းနှင်အင်အား ဖြစ်တဲ့အပြင် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးတဲ့ နေရာမှာလည်း အခြေခံတွန်းအားတစ်ရပ် ဖြစ်တဲ့ အစိုးရနဲ့ ပုဂ္ဂလိကကဏ္ဍ အတူတကွ နီးနီးကပ်ကပ် ပူးပေါင်းလုပ်ဆောင်နိုင်ရေးဟာ အရေးတကြီးလိုအပ်ချက်အဖြစ် ကျွန်မတို့ အသိအမှတ်ပြုပါတယ်။

        မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုဝန်းကျင် အခြေအနေကို နားလည်ဖို့ဆိုရင် မြန်မာနိုင်ငံမှာ လက်တွေ့ ကျင့်သုံးနေတဲ့ မူဝါဒ လုပ်ထုံးလုပ်နည်းတွေကို ကျယ်ကျယ်ပြန့်ပြန့် သဘောပေါက်ဖို့လိုပါတယ်။

        ဈေးကွက်နှင့်ကိုက်ညီတဲ့ စီးပွားရေးမူဝါဒများချမှတ်ခြင်းနှင့်အတူ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုနှင့် ပေါင်းစည်းမှု အလျင်အမြန်တိုးတက်လာခြင်းတို့က အာရှပစိဖိတ်ဒေသနိုင်ငံများအတွက် များစွာအကျိုးရှိခဲ့ သလို ကျွန်မတို့ ဒေသတွင်းမှာရှိတဲ့ ပြည်သူအများစုကို တိုးတက်မှုနှိမ့်ကျပြီး ဝင်ငွေနည်းတဲ့ ဘဝကေန အလယ်အလတ်တန်းနှင့် ဝင်ငွေမြင့်မားတဲ့ ဘဝတွေကို ရောက်ရှိအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့လည်း ဒီနည်းလမ်း အတိုင်းလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

        ကျွန်မတို့ကိုယ်တိုင် ကိုယ်ပိုင်ရွေးချယ်မှုနဲ့ ယနေ့မြန်မာနိုင်ငံဟာ ပြင်ပဈေးကွက်များနဲ့ နိုင်ငံရေး အင်အားစုများကို ယခင်ကထက် ပိုမိုထိတွေ့ဆက်ဆံလျှက်ရှိပါတယ်။ ဒီကနေ မျှတတဲ့ အကျိုးရလာဒ်အနေနဲ့ ရင်းနှီးမြှုပ်နှံမှုအသစ်တွေ ဝင်ရောက်လာဖို့ အခွင့်အလမ်းများ၊ နည်းပညာသစ်များနဲ့ အသိပညာဗဟုသုတများ လွှဲပြောင်း ရရှိနိုင်မယ်လို့ မျှော်လင့်ပါတယ်။

        ဒီလိုပြောရခြင်းဟာ ဂလိုဘယ်လ်လိုက်ဇေးရှင်းရဲ့ ဆိုးကျိုးရှုထောင့်အချို့ရှိနေတဲ့အပေါ်မှာ ထိခိုက်မှု မရှိဘဲ အလွယ်တကူ တုံ့ပြန်နိုင်တဲ့ အခြေအနေမှာရှိနေတဲ့ သဘောမျိုးကို မဆိုလိုပါဘူး။

        ဒီနေ့လို အလျှင်အမြန် အရှိန်အဟုန်နဲ့ ကူးသန်းသွားလာနေတဲ့ ကမ္ဘာကြီးမှာ နိုင်ငံတစ်ခုက သာမာန် အအေးမိဖျားနာရုံလောက်သာ ခံစားရပေမယ့် အများစုက ရောဂါကူးစက်မှုအန္တရယ် ကျရောက်တာကို ခံနေရပါတယ်။

        ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှု အလားအလာကို ကြည့်မယ်ဆိုရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီးဝင်မှုဟာ ၂၀၁၇ ခုနှစ်မှာ ၂၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၂၀၁၈ ခုနှစ်မှာလည်း ဆက်လက်ကျဆင်းနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ အာရှပစိဖိတ်ဒေသဟာလည်း ဒီရင်းနှီးမြှုပ်နှံမှု ကျဆင်းမှုအခြေအနေကနေ မလွတ်ကင်း နိုင်ခဲ့ပါဘူး။

        နောက်ဆုံးရထားတဲ့ သတင်းအချက်အလက်များအရ အာရှပစိဖိတ်ဒေသတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများဟာ အနည်းငယ်တုံ့ဆိုင်းခဲ့တာကို တွေ့ရပါတယ်။ သို့သော် မိမိတို့အာရှပစိဖိတ်ဒေသဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီးဝင်ဖို့အတွက် အဓိကဒေသတစ်ခုအဖြစ် ရှိနေဆဲဖြစ်ပြီး ၂၀၁၇ ခုနှစ် ကမ္ဘာ့ပြည်ပ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းစီးဝင်မှုရဲ့ ၃၉ ရာခိုင်နှုန်းရှိကာ ၂၀၁၆ ခုနှစ်ကထက် ၉ ရာခိုင်နှုန်း တိုးတက်ခဲ့တာ တွေ့ရမှာ ဖြစ်ပါတယ်။

        ဒါ့အပြင် အာရှပစိဖိတ်ဒေသနိုင်ငံများဟာ ၂၀၁၇ ခုနှစ်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံး လက်ခံခဲ့တဲ့ ဒေသဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့လည်း ဒေသတွင်းနိုင်ငံအချင်းအချင်းအကြား အပြန်အလှန် ရင်းနှီးမြှုပ်နှံမှုပြုလုပ်မှုကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၄၅ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့ပြီး အကျိုးအမြတ် ရရှိတဲ့ နိုင်ငံတွေထဲကတစ်ခုဖြစ်ပါတယ်။ သီလဝါ အထူးစီးပွားရေးဇုန်မှာ မလေးရှားနိုင်ငံ အခြေစိုက် Kiam Joo Group က စက်ရုံအသစ်တစ်ခု ရင်းနှီးမြှုုပ်နှံတာကို ကြည့်ရင်သိနိုင်ပါတယ်။

        မြန်မာနိုင်ငံဟာ မိမိနိုင်ငံရဲ့ တည်နေရာ ပထဝီအနေအထားရဲ့ အားသာချက်အပေါ်မှာ အကျိုးကျေးဇူးခံစားနေရတယ်ဆိုတာ သံသယရှိစရာ မလိုပါဘူး။

        ကျွန်မတို့ မြန်မာနိုင်ငံမှာ မိုးရွာတုန်း ရေခံ ဆိုတဲ့ ဆိုရိုးစကားတစ်ခုရှိပါတယ်။

ဘဏ္ဍာနှစ်မှာ ၆.၈ ရာခိုင်နှုန်းရှိခဲ့ရာကနေ ယခုဘဏ္ဍာနှစ်မှာ ပိုမိုတိုးတက်လာမယ်လို့ ခန့်မှန်းတာကို တွေ့ရမှာ ဖြစ်ပါတယ်။

ဘဏ္ဍာနှစ်မှာ ငွေကြေးဖောင်းပွမှုနှုန်းကို ၅ ရာခိုင်နှုန်းနဲ့ တည်ငြိမ်နေလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒီခန့်မှန်းချက်က ကျွန်မတို့ မျှော်မှန်းထားတာထက် မြင့်နေပေမယ့်လည်း ယခင်နှစ်ကထက်စာရင် တိုးတက်မှုရှိလာတာ တွေ့ရမှာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့ အမြင့်ဆုံး ငွေကြေးဖောင်းပွမှုနှုန်း ၉.၉၉ ရာခိုင်နှုန်းရှိခဲ့ပါတယ်။ 

        ယခုလို အပေါင်းလက္ခဏာဆောင်တဲ့ နိုင်ငံ့စီးပွားရေးအလားအား ခန့်မှန်းချက်တွေအပေါ် အကောင်းဖက်မှ ရှုမြင်ပါက ဒေသတွင်းနှင့် မြန်မာနိုင်ငံအတွက် ယခုအချိန်ဟာ ရည်မှန်းချက်မြင့်မြင့်ထားပြီး ရဲရဲဝံ့ဝံ့ ကြိုးပမ်းဆောင်ရွက်ရမည့် အချိန်ဖြစ်ပါတယ်။

        ကမ္ဘာ့အသိုက်အဝန်းထဲမှ နိုင်ငံတစ်ခုအနေဖြင့် မြန်မာအစိုးရဟာ ကုလသမဂ္ဂ အဖွဲ့အစည်းက ချမှတ်ထားတဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များ (SDG) ကို အကောင်အထည်ဖော် ဆောင်ရွက်ရန် ဆုံးဖြတ်ထားပြီးလည်း ဖြစ်ပါတယ်။

        လူမှုရေး၊ စီးပွားရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ပြောင်းလဲမှုများ၊ ဆက်လက်ဆောင်ရွက်မည့် ပြုပြင်ပြောင်းလဲမှုများ၏ လမ်းပြမြေပုံဖြစ်တဲ့ မြန်မာ့စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (MSDP) ကို ရေးဆွဲပြဌာန်းခဲ့ပြီး ဖြစ်ပါတယ်။

        မြန်မာ့စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (MSDP) ကို မဏ္ဍိုင်ကြီး (၃) ရပ်၊ ပန်းတိုင် (၅) ရပ်၊ နည်းဗျူဟာ (၂၈) ခုနှင့် လက်တွေ့လုပ်ငန်းစဉ် (၂၅၁) ခုတို့ဖြင့် ရေးဆွဲထားပြီး နိုင်ငံတော်ရဲ့ ဖွံ့ဖြိုးမှုမျှော်မှန်းချက်အဖြစ်  တွေ့မြင်ရမှာ ဖြစ်ပါတယ်။

        မြန်မာ့စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (MSDP) ဟာ နိုင်ငံရဲ့ နှစ်ရှည်မျှော်မှန်းချက်ဖြစ်ပြီး ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနှင့် ဒီမိုကရေစီနိုင်ငံအဖြစ် မျှော်မှန်းတည်ဆောက်သွားဖို့ ရည်ရွယ်ပါတယ်။

        ဒီ MSDP က တိုင်းဒေသကြီးပြည်နယ်များအကြား စီးပွားရေးနှင့် လူမှုရေးကဏ္ဍအသီးသီးကြား ရင်းနှီးမြှုပ်နှံမှုနှင့် မဟာဗျူဟာမြောက်ဖွံ့ဖြိုးမှုအတွက် ဦးစားပေးအစီအစဉ်အလိုက် အကောင် အထည်ဖော်ရာမှာ အသေးစိတ်မဟာဗျူဟာ စီမံကိန်းအဖြစ်နဲ့ အထောက်အကူပြုမှာဖြစ်ပါတယ်။

        ပထမပန်းတိုင်က နိုင်ငံရေးတည်ငြိမ်မှု ရရှိအောင် ဆောင်ရွက်ပြီး ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးကို ဦးတည်ထားတာဖြစ်ပါတယ်။ ဒုတိယပန်းတိုင် အနေနဲ့ကတော့ စီးပွားရေးတည်ငြိမ်မှုကို ထိန်းသိမ်းပြီးတော့ မေခရိုစီးပွားရေး စီမံခန့်ခွဲမှုကို ဦးတည်လုပ်ဆောင်သွားဖို့ ဖြစ်ပါတယ်။ တည်ငြိမ်မှုမရှိတဲ့ စီးပွားရေးက ကျယ်ပြန့်ပြီး ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်ရေးကို လက်တွေ့ လုပ်ဆောင်ရာမှာ မဖြစ်နိုင်ပါဘူး။ အဆိုပါ မျှော်မှန်းချက် (၁) နဲ့ (၂) တို့ဟာ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကအရေးကြီးဆုံး အခြေခံထားရမယ့် အုတ်မြစ်များထဲက အရေးပါတဲ့ အပိုင်းမှာ ပါဝင်ပါတယ်။

        ပန်းတိုင် (၃) ကတော့ အလုပ်အကိုင်ဖန်တီးမှု နဲ့ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးမှုကို ဖော်ဆောင်နိုင်ဖို့ဖြစ်ပြီး ပန်းတိုင်း (၄) ကတော့ ပညာရေးနှသင့် ကျန်းမာရေး စောင့်ရှောက်မှုကို ဦးတည်ထားတဲ့ လူသားစွမ်းဆောင်ရည်နဲ့ လူမှုဖွံ့ဖြိုးမှု အရည်အသွေးရှိအောင် ထူထောင်ဖို့ဖြစ်ပါတယ်။

        အပိုင်း (၅) ကတော့ သဘာဝသယံဇာတ စီမံခန့်ခွဲမှုနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးကို ဦးတည်ထားတာဖြစ်ပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတတွေကို စီမံခန့်ခွဲမှုက တစ်ဆင့် မိမိနိုင်ငံကို သာမက ကမ္ဘာမြေကြီးကိုပါ ကာကွယ်နိုင်ဖို့ ဖြစ်ပါတယ်။

        မဟာဗျူဟာ ၃.၃ ဟာ ယနေ့အခမ်းအနားနဲ့ တိုက်ရိုက်သက်ဆိုင်နေပြီး ရင်းနှီးမြှုပ်နှံမှုများနှင့် စီးပွားရေးဝန်ကျင်ကောင်းများ ဖန်တီးနိုင်ဖို့အတွက် ကျွန်မတို့ရဲ့ ကတိကဝတ်တွေကို ဖော်ပြရာ ရောက်ပါတယ်။

        ဒါကြောင့်မို့လို့ ဒီနေ့အခမ်းအနားဟာ အဆိုပါ မဟာဗျူဟာစီမံကိန်းရဲ့ အနှစ်သာရကို တစ်စိတ်တစ်ပိုင်း အကောင်အထည်ဖော် ဆောင်ရွက်နေတာလို့ ပြောနိုင်ပါတယ်။

        ကျွန်မတို့ အစိုးရတာဝန်ယူခဲ့တဲ့ အချိန်ကစပြီး နိုင်ငံခြားရင်နှီးမြှုပ်နှံမှုနဲ့ ပက်သက်တဲ့ ဖြေလျော့မှုတွေ လွယ်ကူချောမွေ့အောင် ဆောင်ရွက်မှုတွေကို တက်တက်ကြွကြွ လုပ်ဆောင်ခဲ့ပါတယ်။

        မကြာသေးမီနှစ်များအတွင်းမှာ ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ခဲ့ရာမှာ အချို့က သိသာထင်ရှားပြီး အချို့ကသိမ်မွေ့ပေမယ့် ထူးခြားတဲ့အပြောင်းအလဲတွေ လုပ်နိုင်ခဲ့တာကတော့ တူတူဘဲဖြစ်ပါတယ်။

        ဒီပြုပြင်ပြောင်းလဲမှုတွေဟာ အားလုံးပါဝင်တဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်တဲ့ ဈေးကွက် စီးပွားရေးစနစ်ကို  ဖော်ဆောင်နိုင်ဖို့ ရည်ရွယ်တဲ့ ဥပဒေနဲ့ လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်း တွေကို ခေတ်နဲ့အညီ ပြုပြင်ပြောင်းလဲနိုင်ဖို့ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

        ဒါ့အပြင် ကမ္ဘာ့စီးပွားရေးနဲ့ အကောင်းဆုံး ပိုမိုပူးပေါင်းချိတ်ဆက်နိုင်မှုကတစ်ဆင့် မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်ဖို့ အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကိုလည်း လုပ်ဆောင် နိုင်ခဲ့ပါတယ်။ ဒီပြုပြင်ပြောင်းလဲမှုတွေဟာ ကျွန်မတို့ရဲ့ ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်ကို အခြေခံကျကျ တိုးတက်ပြောင်းလဲဖို့ ဆောင်ရွက်ရာမှာ ကောင်းမွန်တဲ့ အကျိုးရလာဒ်တွေ ရရှိခဲ့ပါတယ်။

        ပထမဆုံး ပြုပြင်ပြောင်းလဲမှုအနေနဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပေဒေကို ၂၀၁၆ ခုနှစ်တွင် ပြဌာန်းနိုင်ခဲ့ခြင်းဖြစ်ပြီး ဒီဥပဒေက ရင်းနှီးမြှုပ်နှံသူများအတွက် ပိုမိုပွင့်လင်းမြင်သာမှု၊ ပိုမိုဖြေလျော့မှုတွေ ပြုလုပ်ထားတဲ့အပြင် ရင်းနှီးမြှုပ်နှံသူများကို ပိုမိုအကာအကွယ်ပေးတဲ့ ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ကိုလည်း ထည့်သွင်းပြဌာန်းထားသလို နိုင်ငံတကာနှင့်ဒေသတွင်း သဘောတူညီမှုများနှင့်အညီလည်း ရေးဆွဲထား တာ ဖြစ်ပါတယ်။

      ဒါ့အပြင် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှာ မြန်မာကုမ္ပဏီများဥပဒေကို ပြဌာန်းနိုင်ခဲ့ပြီး ၂၀၁၈ ခုနှစ် သြဂုတ်လတွင် အသက်ဝင်ခဲ့ပြီး ဖြစ်ပါတယ်။ ယခင် မြန်မာနိုင်ငံကုမ္ပဏီ အက်ဥပဒေအရ နိုင်ငံသားပိုင် ကုမ္ပဏီတစ်ခုမှာ နိုင်ငံခြားရှယ်ယာ ပါဝင်မှုရှိပါက နိုင်ငံခြားကုမ္ပဏီအဖြစ် သတ်မှတ်ခဲ့ပါတယ်။

      ယခုဥပဒေအသစ်၏ပြဌာန်းချက်အရ နိုင်ငံသားပိုင်းကုမ္ပဏီတစ်ခုမှာ နိုင်ငံခြားသားရှယ်ယာ ၃၅ ရာခိုင်နှုန်းအတထိ ပါဝင်သည့်တိုင် မြန်မာနိုင်ငံသားကုမ္ပဏီအဖြစ်နဲ့သာ သတ်မှတ်တဲ့အတွက် နိုင်ငံသား ကုမ္ပဏီ၏ အခွင့်အရေးများ ဆုံးရှုံးမှု မရှိတော့တာ တွေ့ရမှာ ဖြစ်ပါတယ်။

      ကုမ္ပဏီဥပဒေအသစ်က စီးပွားရေးလုပ်ကိုင်မှု လွယ်ကူမှုညွှန်းကိန်းတွင် မြန်မာနိုင်ငံ၏ အဆင့်တိုးတက်စေရန် အထောက်အကူပြုဖို့အတွက် အနည်းစုရင်းနှီးမြှုပ်နှံသူ အတွက် အကာအကွယ် ပေးတဲ့ ပြဌာန်းချက်ကိုလည်း ထည့်သွင်းထားပါတယ်။

        အဓိက ပြုပြင်ပြောင်းလဲကြိုးပမ်းအားထုတ်မှုအနေနဲ့ ကုမ္ပဏီမှတ်ပုံတင်ရာမှာ မှတ်ပုံတင်ရုံးကို ကိုယ်တိုင်သွားရောက်ရန် မလိုတော့ဘဲ အွန်လိုင်းမှတ်ပုံတင်စနစ် (MyCo) ကတစ်ဆင့် ဆောင်ရွက်နိုင်တာပဲ ဖြစ်ပါတယ်။

        အွန်လိုင်းမှတ်ပုံတင်စနစ် စတင်ခဲ့တဲ့ ၅ လတာကာလအတွင်းမှာ ကုမ္ပဏီပေါင်း ၈၄၀၀ ကို အွန်လိုင်းစနစ်နဲ့ အသစ်မှတ်ပုံတင်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါဟာ ၁၉၈၈ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ နှစ်ပေါင်း ၃၀ အတွင်း စုစုပေါင်းမှတ်ပုံတင်ခဲ့မှုရဲ့ ၁၀ ရာခိုင်နှုန်းရှိပါတယ်။

        ဒီတိုးတက်အောင်မြင်မှုကို အတုယူပြီး အခြားနယ်ပယ်တွေမှာပါ ပိုမို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ဖို့ ရည်ရွယ်ဆောင်ရွက်လျက်ရှိပါတယ်။ နောက်တစ်ဆင့်အနေနဲ့ လူနဲ့လုပ်ဆောင်ရတဲ့ လုပ်ငန်းတွေကို အွန်လိုင်းနဲ့ ဆောင်ရွက်တဲ့စနစ်ကို ပြောင်းလဲဆောင်ရွက်နိုင်ဖို့ တစ်ဆင့်ခြင်း တိုးတက်ဆောင်ရွက်သွားမှာဖြစ်လို့ နောင်ဆိုရင် ရင်းနှီးမြှုပ်နှံသူများအနေနဲ့ ဌာနများစွာ နေရာများစွာကို သွားရောက်လုပ်ကိုင်စရာ မလိုတော့အောင် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။

လက်လီကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဖြေလျော့ခြင်း

        ကုမ္ပဏီဥပဒေ ပြဌာန်းမှုနှင့်အတူ စီးပွားရေးကဏ္ဍ အသစ်များကိုလည်း ရင်းနှီးမြှုပ်နှံသူများအတွက် ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဥပမာအားဖြင့် ၂၀၁၈ ခုနှစ်မှာ နိုင်ငံခြားသား ၁၀၀ ရာခိုင်နှုန်းပိုင်ဆိုင်သည့် ကုမ္ပဏီများကို လက်ကားနဲ့ လက်လီကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုကို ခွင့်ပြုပေးခဲ့တဲ့အတွက် ဥရောပ၊ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံများ အပြင် အခြားနိုင်ငံများကိုပါ ဆွဲဆောင်နိုင်ခဲ့ပါတယ်။

ပညာရေးကဏ္ဍကိုဖြေလျော့ပေးခဲ့ခြင်း

        ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ပညာရေးဝန်ဆောင်မှု ကဏ္ဍမှာ နိုင်ငံခြားသား ၁၀၀ ရာခိုင်နှုန်းပိုင်တဲ့ ပညာရေးဝန်ဆောင်မှုလုပ်ငန်းတွေကို ရင်းနှီးမြှုပ်နှံခွင့် ပေးခဲ့ပါတယ်။ ဒါ့အပြင် ဖက်စပ်ကုမ္ပဏီများအဖြစ်နဲ့ လည်း ထူထောင်ခွင့်ပြုခဲ့ပါတယ်။

ရင်းနှီးမြှုပ်နှံမှုကော်မရှင် ပြုပြင်ပြောင်းလဲမှု

        အရေးပါတဲ့ ဆောင်ရွက်မှု တစ်ခုအနေနဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို ပြန်လည်ဖွဲ့စည်းခဲ့ပြီး ဒီအဖွဲ့သစ်အနေနဲ့ စီမံခန့်ခွဲမှုပုံသဏ္ဍန်အသစ်နဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အရှိန်အဟုန်နဲ့ ဆောင်ရွက်လျက်ရှိပါတယ်။ ဒီအဖွဲ့ဟာ မြန်မာနိုင်ငံကို ဒေသတွင်းကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုအတွက် အချက်အချာ ဒေသအဖြစ် ပြောင်းလဲနိုင်ဖို့ သန္နိဌာန် ချထားပြီး ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုမိန့်ထုတ်ပေးတဲ့ ကိစ္စရပ်တွေမှာ ပွင့်လင်းမြင်သာပြီး လွယ်ကူချောမွေ့အောင် အစီအစဉ်တွေ ချမှတ်ဆောင်ရွက်လျက်ရှိပါတယ်။

        ရင်းနှီးမြှုပ်နှံမှုကော်မရှင်အဖွဲ့အသစ်ဟာ ကော်မရှင်ရဲ့လုပ်ငန်းတွေ အပေါ်မှာသာကမ အခြား အစိုးရဌာနများရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ဆက်စပ်တဲ့ လုပ်ငန်းဆောင်ရွက်မှုများကိုပါ ပိုမိုလွယ်ကူ ရှင်းလင်းပြီး ကြိုတင်ခန့်မှန်းနိုင်စွမ်းရှိတဲ့ စံချိန်စံညွှန်းမှီ လုပ်ထုံးလုပ်နည်းများ (Standard Operating Procedure – SOPs) ရေးဆွဲချမှတ်ဆောင်ရွက်နိုင်ဖို့အတွက်သာမက ဝန်ဆောင်မှုတွေ ပေးရာမှာ (Single Window) စနစ်ကိုပါ ကျင့်သုံးဆောင်ရွက်နိုင်ဖို့ ပြန်လည်သုံးသပ် လုပ်ဆောင်လျက်ရှိပါတယ်။

        ကျွန်မတို့အနေနဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်းကို မကြာသေးမီကပဲ ရေးဆွဲထုတ်ပြန်နိုင်ခဲ့ပါတယ်။ ဒီစီမံကိန်းက နောင်အနှစ် ၂၀ အတွင်း အမေရိကန်ဒေါ်လာ ၂၀၀ ဘီလီယံ ကျော်ဖိုးရှိတဲ့ တာဝန်ယူမှုရှိပြီး အရည်အသွေးရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်ဆောင်ရွက်နိုင်ဖို့ မျှော်မှန်းထားသလို မိမိနိုင်ငံကို ဝင်ငွေ အလယ်အလတ်ရှိတဲ့ နိုင်ငံတစ်ခုအဖြစ် ရောက်ရှိဖို့ မျှော်မှန်းထားပါတယ်။

        ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို အထောက်အကူပြုစေရန် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန (MOIFER) ကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပါတယ်။ MOIFER အနေနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ကောင်း ဖြစ်ပေါ်ရေး ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု မိတ်ဖက်နိုင်ငံများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်မှုကို ပိုမို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးတို့ကို အဓိကထား ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်နဲ့ ပြည်သူများရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းဆောင်ရွက်သွားဖို့ ရည်ရွယ်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

        ဦးစားပေးရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဖော်ထုတ်ရာမှာ ပိုမိုမဟာဗျူဟာကျပြီး ပွင့်လင်းမြင်သာမှု ရှိစေဖို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနတို့က စီမံကိန်းဘဏ်ကို ရေးဆွဲခဲ့ပါတယ်။ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်မှာ အဓိကကျတဲ့ စီမံကိန်းများကို စီစစ်သုံးသပ်အကဲဖြတ်ပြီး ဦးစားပေးစီမံကိန်းများအဖြစ် သတ်မှတ်ကာ အစိုးရဘတ်ဂျက်၊ ဖွံ့ဖြိုးမှုအကူအညီ သို့မဟုတ် ပုဂ္ဂလိကကဏ္ဍ ရင်းနှီးမြှုပ်နှံမှုစတဲ့ အသင့်လျော်ဆုံး ဘဏ္ဍာရေးအရင်းအမြစ်များကို ရယူအသုံးချတဲ့ ပုံသဏ္ဍာန်အပြင် အစိုးရပုဂ္ဂလိက ဆောင်ရွက်သွားမယ့် ပုံသဏ္ဍာန် အကောင်အထည် ဖော်နိုင်ရန် စုစည်းထားတဲ့ အချက်အလက်ဘဏ် (Data Bank) ဖြစ်ပါတယ်။

        မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုဝန်းကျင် ပြုပြင်ပြောင်းလဲမှုတွေအပေါ် ကြိုးပမ်းဆောင်ရွက်မှုကို ကမ္ဘာ့ဘဏ်မှ အသိအမှတ်ပြုခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် Star Reformer Award ကို အပ်နှင်းခဲ့ပါတယ်။ ဒီအောင်မြင်မှုအပေါ်မှာ ကျွန်မနိုင်ငံက ကျေနပ်မနေဘဲ ရင်းနှီးမြှုပ်နှံမှုဝန်းကျင်တွေ ပိုမိုကောင်းမွန်အောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

        မြန်မာ့ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံ အဆောက်အအုံလိုအပ်ချက် ကွာခြားချက် ရှိနေခြင်းကဲ့သို့ သော စိန်ခေါ်မှုများစွာလည်း ရှိနေပါသေးတယ်။ မြန်မာနိုင်ငံမှာ သဘာဝဓာတ်ငွေ့နှင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များ ပေါကြွယ်ဝသော်လည်း ကမ္ဘာပေါ်တွင် လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှု အနည်းဆုံး နိုင်ငံတစ်ခု အဖြစ် ရှိနေပါသေးတယ်။

        မြန်မာ့ဆိပ်ကမ်းများကိုလည်း အဆင့်မြှင့်တင်ပြီး တစ်နေ့တစ်ခြားတိုးပွားလာတဲ့ ကုန်သွယ်မှု လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ လိုအပ်နေပါတယ်။

        ဒီလို စိန်ခေါ်မှုတွေရှိနေတဲ့ နယ်ပယ်တွေဟာ ရင်းနှီးမြှုပ်နှံသူတွေအတွက် ကြီးမားတဲ့အခွင့်အလမ်း တွေအဖြစ် ရှိနေတဲ့အတွက် စိန်ခေါ်မှုများကို အခွင့်အလမ်းများအဖြစ် ပြောင်းလဲဆောင်ရွက်နိုင်ဖို့ တိုက်တွန်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။




ေပၚထြန္းလာေနျပီ ျဖစ္ေသာ SUUKYINOMICS တံဆိပ္ ခပ္ႏွိပ္လုိက္သည့္ ျမန္မာ့စီးပြားေရး



ႏူိင္ငံတကာ မူ၀ါဒ ေရးရာ သုံးသပ္သူမ်ားက စီးပြားေရး ႏွင့္ လူမ်ဳိးစုမ်ား အေပၚ စီမံခန္႕ခဲြေရး တြင္ သိသိသာသာ ရွင္းလင္း ျပတ္သားေသာ အျမင္ ခ်ဳိ႕တဲ့ေနသည္ဆုိကာ အျပင္းအထန္ ေ၀ဖန္ခံခဲ့ရေသာ္လည္း ဇန္န၀ါရီ ၂၈-၂၉ တြင္ ေျခဥျပင္ဆင္ေရး လႈပ္ရွားမႈ နဲ႕ အတူ Suukyinomics ဟု ကင္ပြန္းတပ္ခံရသည့္ ေဒၚေအာင္ဆန္းစုၾကည္၏ စီးပြားေရး ပဲ့ကုိင္သြားမည့္ လမ္းေၾကာင္းက ထြက္ေပၚလာခဲ့ျပီ ျဖစ္ပါတယ္။

အဓိက အားျဖင့္ေတာ့ ဥပေဒ စည္းကမ္း မ်ား လုိက္နာေရး နဲ႕ Institutional economics ေခၚ စီးပြားေရး ကုိ အေကာင္အထည္ ေဖၚရာမွ ႏူိင္ငံေတာ္ အဖဲြ႕အစည္းမ်ား အခန္းက႑ ကုိ တေျဖးေျဖး ျမွင့္တင္ ေဆာင္ရြက္သြားေရး ကုိ အေျခခံပါတယ္။ ဒီေနရာ မွာ က်ယ္ျပန္႕တဲ့ အစီအစဥ္ ႏွစ္ရပ္ ပါရွိပါတယ္။ ပထမတခုက Myanmar Sustainable Development Plan (MSDP) ျဖစ္ျပီး ျငိမ္းခ်မ္း ဖြံျဖဳိးတဲ့ ဒီမုိကေရစီ ႏူိင္ငံေတာ္ၾကီး ျဖစ္ေပၚေရး ဦးတည္မည့္ စီးပြားေရး အစီအစဥ္မ်ား ျဖစ္ပါတယ္။ ဒုတိယ တခုကေတာ့ Myanmar Investment Promotion Plan (MIPP) ျဖစ္ျပီး ျမန္မာကုိ ကမၻာေပၚတြင္ ၀င္ေငြ အလယ္အလတ္ ရွိတဲ့ middle-income ႏူိင္ငံ ျဖစ္ေပၚေရး နဲ႕ ေနာက္လာမယ့္ ႏွစ္ ၂၀ အတြင္း အေမရိကန္ ေဒၚလာ ဘီလီယံ ၂၀၀ အထိ ရင္းႏွီးျမဳပ္ႏွံမႈ အခြင့္အေရး ေတြကို လမ္းဖြင့္ေပးဖုိ႕ပဲ ျဖစ္ပါတယ္။

MSDP ကုိ ေဒါက္တိုင္ၾကီး သုံးခု၊ ရည္မွန္းခ်က္ ငါးခု၊ မဟာဗ်ဳဟာ ၂၈ ရပ္၊ နဲ႕ လက္ေတြ႕ေဆာင္ရြက္မယ့္ အစီအစဥ္ ေပါင္း ၂၅၁ ခု နဲ႕ ေပါင္းစပ္ဖဲြ႕စည္းထားပါတယ္။ ဒါေတြအားလုံးကုိ ကုလသမဂၢ ေရရွည္တည္တံ့မည့္ ဖြံ႕ျဖဳိးေရး လ်ာထားခ်က္မ်ား နဲ႕ လည္း တသားတည္း က်ေနခဲ့ပါတယ္။ ယခင္ ထုတ္ျပန္ထားတဲ့ စီးပြားေရး မူ၀ါဒ ၁၂ ခ်က္ နဲ႕ လည္း ကုိက္ညီေနပါတယ္။ MSDP ကုိ အေကာင္အထည္ ေဖၚရာမွာ Macroeconomics  ေခၚ အမ်ဳိးသား ထုတ္ကုန္မ်ား၊ အတုိးႏႈန္းမ်ား အစရွိတဲ့ က်ယ္ျပန္တဲ့ အေၾကာင္းအရာေတြ ကုိ ျခဳံငုံ စီမံခန္႕ခဲြသြားမွာ ျဖစ္ပါတယ္။ 

(Macroeconomic ကုိ အေသးစိတ္ ထပ္ရွင္းရရင္ အလုပ္အကုိင္ရရွိေရး ေစ်းကြက္၊ အရႈံးျပေနတဲ့ စီးပြားေရး လုပ္ငန္းမ်ား၊ စီးပြားေရး တြင္ စစ္မွန္တဲ့ ယွဥ္ျပဳိင္လုပ္ကုိင္မႈမ်ား ျဖစ္ထြန္းေရး၊ စီးပြားေရး လုပ္ငန္းမ်ား အတက္အက် ကုိ မ်က္ေျခမျပတ္ေရး။ စီးပြားေရး တုိးတက္မႈ ျဖစ္ထြန္းေစမည့္ အေၾကာင္းတရားမ်ား၊ ေငြေၾကး ေဖါင္းပြမႈ မျဖစ္ေစပဲ ေစ်းႏႈန္း တည္ျငိမ္ေရး။ ေငြတန္ဖုိး အေပၚ ယုံၾကည္မႈရွိေရး၊ အလုပ္လက္မဲ့ ျဖစ္ေစမည့္ အေၾကာင္းတရားမ်ား ကုိ သုံးသပ္ျပင္ဆင္ေရး။ ကမၻာေစ်းကြက္ အေနအထား အတုိင္ ၀ယ္လုိအား ႏွင့္ ေရာင္းလုိအား ထိမ္းညွိေရး၊ ကုန္သြယ္ေရး အေပၚ ထိခုိက္ႏူိင္မည့္ အလားအလာ မ်ား ကုိ သုံးသပ္ျခင္း၊ နည္းပညာ ေျပာင္းလဲလာမႈ မ်ား ႏွင့္အညီ ကုန္ထုတ္လုပ္မႈ ျမွင့္တင္ေရး၊ ေငြေၾကး ရင္းႏွီးျမဳပ္ႏွံမႈ ႏွင့္ ေျမယာ မ်ား စြမ္းေဆာင္ႏူိင္မႈ အျပည့္အ၀ အသုံးခ်ေရး မ်ား ပါ၀င္ပါတယ္။)

ထုိ႕အျပင္ အုပ္ခ်ဳပ္မႈ စနစ္ ေကာင္းမြန္ေရး ၊ တုိင္းျပည္ဘ႑ာကုိ ႏႈိင္းခ်င့္ေမွ်ာ္ေတြးစြာ အသုံးခ်ႏူိင္မည့္ အစီအစဥ္မ်ား ႏွင့္ ဘတ္ဂ်က္ လုိေငြျပမႈကုိ GDP ရဲ႕ ၅% ထက္ မပုိေစေရး ေတြကုိလည္း MSDP က အေကာင္အထည္ ေဖၚေပးသြားမွာလည္း ျဖစ္ပါတယ္။

MIPP ကေတာ့ ၂၀၁၆ ခုႏွစ္က ခ်မွတ္ခဲ့တဲ့ National Comprehensive Development Plan (NCDP) ရဲ႕ ဦးတည္ခ်က္ အတုိင္း ျပည္တြင္း ႏွင့္ ျပည္ပ မွ ရင္းႏွီးျမဳပ္ႏွံႏူိင္မႈမ်ား တုိးျမွင့္ေဖၚေဆာင္ေရး ကုိ ရည္ရြယ္ျပီး ၂၀၂၀ တြင္ တုိင္းျပည္၏ လုပ္ငန္း မ်ား ေဆာင္ရြက္ႏူိင္မည့္ အေနအထားမ်ား တုိးျမွင့္လာေရးျဖစ္ျပီး ဒီအတြက္ ကမၻာဘဏ္က ေကာက္ခံတဲ့ လုပ္ငန္းမ်ား လုပ္ႏူိင္ရန္ အဆင္ေျပမႈ ရည္ညြန္းကိန္း (Ease of Doing Business) ကုိ အဆင့္ ၁၀၀ ေအာက္ ေလ်ာ့ခ်ႏူိင္ေရး ကုိလည္း ရည္ရြယ္ပါတယ္။

MIPP စီမံခ်က္မ်ား ကုိ အေကာင္အထည္ ေဖၚႏူိင္ဖုိ႕ စီမံကိန္း နဲ႕ ဘ႑ာေရး၀န္ၾကီး ဦးစုိး၀င္ ဥကၠဌ အျဖစ္ ေဆာင္ရြက္မယ့္ ရင္းႏွီးျမဳပ္ႏွံမႈ တုိးျမွင္ေရး ေကာ္မီတီ (Investment Promotion Committee) ကုိလည္း ဖဲြ႕စည္းခဲ့ျပီး ျဖစ္ပါတယ္။ ထုိသုိ႕ ျဖစ္လာေအာင္ကလည္း လုပ္ငန္းေဆာင္ရြက္မႈမွာ ေ၀ဖန္ခံေနရတဲ့ ျမန္မာျပည္ရဲ႕ လက္ရွိ ျဗဴရုိကရက္ အရာရွိ ၁.၈ သန္း အေပၚ အဓိက တည္မွီေနျပန္ပါတယ္။ ဒီအရည္အတြက္ကလည္း အေရွ႕ေတာင္အာရွ မွာ ျမန္မာျပည္က အမ်ားဆုံး ျဖစ္ေနျပီး စာအုပ္ၾကီးအတုိင္း အေလ်ာ့အတင္း မရွိ လုပ္ကုိင္ေနၾကဆဲ ျဖစ္ပါတယ္။

၂၀၁၆-၁၉ အတြင္း အင္အယ္ဒီ ရဲ႕ စီးပြားေရး ျပဳျပင္ေျပာင္းလဲမႈမ်ား မွာ ထင္ရွားလွတဲ့ ေဆာင္ရြက္မႈၾကီး သုံးခုကုိ ေတြ႕ရမွာ ျဖစ္ပါတယ္။ ပထမကေတာ့ တရားဥပေဒ နဲ႕ ပါတ္သက္ျပီး အက်င့္ပ်က္ ျခစားမႈ တုိက္ဖ်က္ေရး ေဆာင္ရြက္မႈ ေတြက သိသိသာသာ ေအာင္ျမင္လာတာပဲ ျဖစ္ပါတယ္။ သမၼတၾကီး ဦး၀င္းျမင့္ မွ ရန္ကုန္တုိင္း ေရွ႕ေနခ်ဳပ္ ဦးဟန္ထူး နဲ႕ ဒုတိယ ဗုိလ္မႈးၾကီး ရန္ႏူိင္ထြန္းတုိ႕ကုိ ဖယ္ရွားႏူိင္ခဲ့မႈသည္ ႏွစ္ေပါင္း ၅၀ အတြင္း တရားေရး နဲ႕ ျပည္သူ႕၀န္ထမ္း မ်ား သမုိင္းမွာ အထင္ရွားဆုံး မွတ္တုိင္ၾကီး ျဖစ္လာခဲ့ပါတယ္။ ထုိမွ်သာမကေသး ဦး၀င္းျမင့္ ႏွင့္ အင္အယ္ဒီ ေခါင္းေဆာင္ပုိင္းသည္ သူတုိ႕ရဲ႕ ပါတီတြင္းမွာပင္ ကုိယ္က်ဳိးရွာ အာဏာကုိ အလဲြသုံးစား လုပ္လာမႈနဲ႕ အပုပ္နံ႕ ထြက္လာတဲ့ ႏူိင္ငံေရး သမားမ်ားကုိ ရွင္းထုတ္ႏူိင္ခဲ့ပါတယ္။

ဒုတိယ တခုက ေတာ့ ဗဟုိဘဏ္ကုိ ေခတ္နဲ႕ အညီ ေျပာင္းလဲျပစ္ႏူိင္ခဲ့တာပဲ ျဖစ္ပါတယ္။ ျပည္တြင္းဘဏ္မ်ား နဲ႕ ပုဂၢလိက ပုိင္းမွ ျပင္းျပင္းထန္ထန္ ေ၀ဖန္ခံခဲ့ရတဲ့ ဥကၠဌ ဦးေက်ာ္ေက်ာ္ေမာင္ကုိ ဖယ္ရွားျပီး  ျပဳျပင္ေျပာင္းလဲေရး လုပ္လုိတဲ့ ဦးစုိးသိန္း နဲ႕ ဦးဘုိဘုိငယ္တုိ႕ကုိ ဒုဥကၠဌ မ်ား အျဖစ္ ခန္႕အပ္ႏူိင္ခဲ့ပါတယ္။ ဗဟုိဘဏ္ကလည္း စီးပြားေရး တည္ျငိမ္မႈရေရး အတြက္ ေငြေၾကးေဖါင္းပြမႈ ထိမ္းခ်ဳပ္ေရး၊ ႏူိင္ငံျခားေငြ ေရာင္းအားကုိ ေလ်ာ့ခ်ျခင္း အျပင္ ေငြေၾကး ႏွင့္ ဘ႑ာေရး ေစ်းကြက္မ်ားအားလည္း စည္းကမ္းတက် ထိမ္းခ်ဳပ္လာျခင္းတုိ႕ကုိ အားသြန္ခြန္စုိက္ လုပ္လာေနပါတယ္။ ဒါအျပင္ ၂၀၁၇ ဇူလုိင္လ အတြင္းမွာ Burmese way to Basel Regulation ကုိ ထုတ္ျပန္ခဲ့ပါတယ္။ (Basel Regulation ဆုိတာကေတာ့ ဘဏ္မ်ား အဖုိ႕ စီးပြားေရး ထိခုိက္ႏူိင္ေလာက္တဲ့အထိ မျဖစ္ေအာင္ လုိအပ္တဲ့ ေငြေၾကး ပမာဏ အျမဲထိန္းထားႏူိင္မယ့္ စည္းမ်ဥ္းမ်ားပဲ ျဖစ္ပါတယ္။)

ဗဟုိဘဏ္ရဲ႕ လက္ရွိ ႏူိင္ငံျခားေငြ လဲလွယ္နႈန္း အရ ျပည္ပဘဏ္ ၁၃ ခု အား ပရုိဂ်က္မ်ား နဲ႕ ကုန္သြယ္မႈမ်ားမွာ ေငြထုတ္ေခ်းဖုိ႕ ခြင့္ျပဳထားပါတယ္။ နယ္ျခား တြင္လည္း ကုန္သြယ္ေရးတြင္ ေဒၚလာေငြ လႊမ္းမုိးေနမႈအတြက္ ဂ်ပန္ ယန္း နဲ႕ တရုတ္ ယြမ္ ေငြေတြကုိ အသုံးျပဳခြင့္ ျပဳခဲ့ပါတယ္။ ယခင္ အစုိးရနဲ႕ မတူပဲ အေမရိကန္ ေဒၚလာအပါအ၀င္ အျခား ေငြေၾကးမ်ားနဲ႕ လဲလွယ္ႏႈန္းကုိလည္း ဗဟုိဘဏ္ရဲက ၀က္ဘ္ဆုိက္မွာ ေန႕စဥ္ ေဖၚျပထားပါတယ္။ ဘ႑ာေရး တည္ျငိမ္မႈ ႏွင့္ ေငြေၾကး အစီရင္ခံစာမ်ားကုိလည္း အခါအားေလ်ာ္စြာ ထုတ္ျပန္ခဲ့ပါတယ္။

တတိယ အထင္ရွားဆုံး အခ်က္ကေတာ့ တုိင္းျပည္ရဲ႕ infrastructure လုိ႕ ေခၚတဲ့ အေျခခံ အေဆာက္အအုံမ်ား လုိ႕ ရည္ညြန္းေလ့ရွိတဲ့ လမ္းတံတား နဲ႕ ဆက္သြယ္ေရး စနစ္မ်ားပဲ ျဖစ္ပါတယ္။ လမ္း မ်ား ကုိ တည္ေဆာက္ျပီး မီးရထားလမ္းမ်ားကုိ ႏူိင္ငံအႏွံ႕ အဆင့္ျမင့္တင္ေပးႏူိင္ခဲ့ပါတယ္။ ကမ္းရုိးတန္း ေဒသမ်ား နဲ႕ နယ္ျခား ကုန္သြယ္ေရး လမ္းေၾကာင္းမ်ားသည္လည္း တရုတ္ရဲ႕ ရင္းႏွီးျမဳပ္ႏွံမႈမ်ားနဲ႕ ဖြံ႕ျဖဳိးလာေအာင္ ေဆာင္ရြက္လ်က္ ရွိေနျပန္ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္၏ အေျပာအရ ယခုအခ်ိန္သည္ ျမန္မာႏူိင္ငံတြင္ ရင္းႏွီးျမဳပ္ႏွံရန္ အေကာင္းဆုံး အခ်ိန္ျဖစ္တယ္လုိ႕ သိရပါတယ္။ သုိ႕ေသာ္လည္း နယ္ျခားေဒသမ်ားမွာ ရခုိင္၊ ကခ်င္ နဲ႕ အျခား တုိင္းရင္းသား မ်ား အေပၚ အဓိပၸါယ္ရွိရွိ အကူအညီေပးႏူိင္ေရး ျပႆနာက မေျဖရွင္းႏူိင္ေသးပဲ ရွိေနဆဲ ျဖစ္ပါတယ္။ Suukyinomics ကုိယ္၌က ရည္မွန္းခ်က္ၾကီးမားသည့္အျပင္ တဖက္ကလည္း စစ္၀ါဒ လႊမ္းမုိးေနတဲ့ ဖဲြ႕စည္းပုံ ကုိ ျပင္ဆင္ဖုိ႕ ၾကဳိးပမ္းေနတာေၾကာင့္ ထြက္ေပၚလာမယ့္ အေျဖမ်ားကုိ ေတာ့ လာမည့္ ႏွစ္မ်ား အတြင္း ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။ ၂၀၂၀ အတြင္း အင္အယ္ဒီ အာဏာ ဆက္လက္ တည္ျမဲေနဖုိ႕က ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ နည္းဗ်ဳဟာ ပါးနပ္မႈ၊ မဟာဗ်ဳဟာေျမာက္ ကၽြမ္းက်င္ႏူိင္နင္းစြာ စီမံႏူိင္မႈ နဲ႕ ယခု စီးပြားေရး အစီအမံမ်ား ေအာင္ျမင္မႈ ရွိမရွိ ေပၚ မူတည္ေနျပီ ျဖစ္ပါေတာ့တယ္။

ၾသစေတးသွ် အမ်ဳိးသား တကၠသုိလ္ မွာ PhD သင္တန္း တက္ေရာက္ေနတဲ့ ဦးႏူိင္ကုိကုိ မွ East Asia Forum တြင္ ေရးသားထားတာကုိ ျပန္လည္ ေဖၚျပထားျခင္း ျဖစ္သည္။


Suukyinomics' taking hold 

Myanmar's leader stamps her authority on campaign to develop a 21st century economy but many obstacles remain. 

By Larry Jagan in Nay Pyi Taw 

Please credit and share this article with others using this link:https://www.bangkokpost.com/business/news/1623166/suukyinomics-taking-hold. View our policies at http://goo.gl/9HgTd and http://goo.gl/ou6Ip. © Bangkok Post Public Company Limited. All rights reserved.


Myanmar's civilian leader Aung San Suu Kyi has relaunched the government's drive for economic development based on attracting foreign investment, streamlining bureaucratic procedures, improving infrastructure... 

Please credit and share this article with others using this link:https://www.bangkokpost.com/business/news/1623166/suukyinomics-taking-hold. View our policies at http://goo.gl/9HgTd and http://goo.gl/ou6Ip. © Bangkok Post Public Company Limited. All rights reserved.

Her address represented an important attempt to reboot the country's economic policy, according to Naing Ko Ko, an independent political analyst. "This summit was very significant for the success of... 

Ref: :https://www.bangkokpost.com/business/news/1623166/suukyinomics-taking-hold. 
View our policies at http://goo.gl/9HgTd and http://goo.gl/ou6Ip. © Bangkok Post Public Company Limited. All rights reserved.

No comments:

*** လာလည္ေသာအေပါင္းအသင္းမ်ား မိမိ ASN GROUP ONLINE SHOP ကေန သင္တိုု႔အလိုုရွိေသာပစၥည္းမ်ားကိုု ရွာေဖြၿပီး ORDER မွာလိုု႔ရေနပါၿပီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!