Popular Posts!

Monday, March 25, 2019

ယစ်မျိုးလိုင်စင် FL 11 ပြင်ပဈေးကွက်တွင် ကျပ်သိန်း ၁၄ဝ ဝန်းကျင်ဈေးပေါက်

ယစ်မျိုးလိုင်စင် FL 11 ပြင်ပဈေးကွက်တွင် ကျပ်သိန်း ၁၄ဝ ဝန်းကျင်ဈေးပေါက်

နိုင်ငံခြားအရက်ကို လက်ကားရောင်းချခွင့်လိုင်စင် FL 11 မှာ ပြင်ပဈေးကွက်တွင် ကျပ်သိန်း ၁၄ဝ ဝန်းကျင်အထိ ဈေးပေါက်လျက်ရှိကြောင်း အဆိုပါလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။

လက်ရှိယစ်မျိုးမူဝါဒအရ ယစ်မျိုးလိုင်စင်များကိုလျော့နည်းခွင့်ပြုခဲ့ပြီး လိုင်စင်အသစ်များထပ်မံထုတ်ပေးခြင်းမရှိ တော့ဘဲ ခွင့်ပြုပြီးသောလိုင်စင်များအနက် အကြောင်းအမျိုးမျိုးကြောင့် လုပ်ကိုင်ဆောင်ရွက်နိုင်မှုမရှိတော့သည့် လိုင်စင်များကို ယစ်မျိုးလိုင်စင်တည်နေရာနှင့် လိုင်စင်အမျိုးအစားပြောင်းလဲလျှောက်ထားပါက သက်ဆိုင်ရာမြို့နယ်/ခရိုင်၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတဆင့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးချုပ်သို့ သဘောထားမှတ်ချက်နှင့်အတူတင်ပြပြီး ခွင့်ပြု ပေးလျက်ရှိသော်လည်း လိုင်စင်ရယူထားသူများအနေဖြင့် ဝယ်ယူလိုမှုကိုမူတည်၍ ဈေးကစားမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးချုပ် ယစ်မျိုးနှင့်အခွန်ဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။

လိုင်စင်လွှဲပြောင်းရောင်းချခြင်းကို လိုင်စင်ရယူထားသူများအနေဖြင့် ဝယ်ယူလိုမှုအပေါ်မူတည်၍ ယစ်မျိုးလိုင်စင် FL 11 မှာ ပြင်ပဈေးကွက်တွင်ကျပ်သိန်း ၁၄ဝ ဝန်းကျင်ပေါက်ဈေးဖြင့်လည်းကောင်း၊ ဆိုင်ဥပစာအတွင်းသောက်သုံးခွင့်မရှိသည့် FL 12 လိုင်စင်မှာ ကျပ်သိန်း ၁ဝဝ ဝန်းကျင်ခန့် ဖြင့်လည်းကောင်း ရောင်းသူဝယ်သူနားလည်မှုဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

''ကျွန်တော်တို့ဆိုင်က ယစ်မျိုးလိုင်စင် FL 12 ကိုင်ထားတာပေါ့။ အရင်က FL 11 လိုင်စင်ကို သိန်း ၁၄ဝ ဝန်းကျင်၊ FL 12 လိုင်စင်ကို ကျပ်သိန်း ၁၁၅ သိန်းလောက်အထိခေါ် ရောင်းလို့ရပေမဲ့ အခုက နည်းနည်းအေးသွားတယ်။ အဲတော့ လိုင်စင်ဈေးကွက်ကရှိသော်လည်းပဲ အရောင်းအဝယ်က ထင်သလောက်မဖြစ်ဘူး''ဟု ကျောက်တံတားမြို့နယ်အတွင်း ယမကာအရောင်းဆိုင်မှဆိုင်ရှင်တဦးက ပြောသည်။

လက်ရှိတွင် ယစ်မျိုးမူဝါဒနှင့်အညီ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ယစ်မျိုးလိုင်စင် ၄ဝဝဝဝ ကျော်ချထားပေးခဲ့ပြီးချထားပေးသည့် ယစ်မျိုးလိုင်စင်များထဲမှ FL 11 လိုင်စင်သက်တမ်းတိုး ယစ်မျိုးအခွန် တနှစ်ကျပ်သိန်း ၃ဝ ပေးသွင်းရပြီး FL 12 မှာ လိုင်စင်သက်တမ်းတိုး ယစ်မျိုးအခွန်တနှစ် ကျပ် ၁၅ သိန်းပေးသွင်းရကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

''ဒီလိုင်စင်တွေရဲ့ဈေးနှုန်းက မြို့နယ်အလိုက်တော့ အနည်းငယ်ကွာဟတာတွေရှိတယ်။ တောင်ဒဂုံလို နေရာမျိုးမှာ FL 12 လိုင်စင်ကို သိန်း ၆ဝ၊ သိန်း ၇ဝ လောက်နဲ့ ဝယ်လို့ရတယ်။ မြို့ထဲမှာဆိုရင်တော့ ဈေးခေါ် ကြ တယ်။ ယခင်က ဒီထက်လိုင်စင်ဈေးကကောင်းတာက နိုင်ငံခြားအရက်ပါ တရားဝင်ရောင်းခွင့်ရတဲ့အတွက် ဖြစ်ပါတယ်။ အခုက နိုင်ငံခြားအရက်ကို တရားဝင်ခွင့်မပြုတဲ့အတွက် ဒီလိုင်စင်ဝယ်လိုအားကနည်းသွား တယ်''ဟု သာကေတမြို့နယ် အရက်၊ ဘီယာအရောင်းဆိုင်ဖွင့်လှစ်ထားသူတဦးက ပြောသည်။

ယစ်မျိုးလိုင်စင်နှင့်ပတ်သက်၍ လိုင်စင်အမျိုးအစားပေါင်း ၄၁ မျိုးအထိ ဥပဒေတွင် ပြဋ္ဌာန်းထားသော်လည်း လက်ရှိတွင် ယစ်မျိုးလိုင်စင် ၃၂ မျိုးသာချထားပေးလျက်ရှိပြီး မူဝါဒအရ တနှစ်ထက်တနှစ် လိုင်စင်အရေအတွက် လျှော့ချ ချထားပေးရမည်ဖြစ်သော်လည်း ပုံမှန်အားဖြင့် လိုင်စင်အရေအတွက် ၅ ခုမှ ၁ဝ ခုအထိသာ လျော့နည်းချထားပေးကြောင်း သိရသည်။

ကျော်သူ

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!