Popular Posts!

Wednesday, March 6, 2019

ဟွာဝေးရဲ့ နည်းပညာတိုးတက်မှုကြောင့် အမေရိကန်ရဲ့ သူလျှိုလုပ်နိုင်စွမ်း ထိခိုက်လာ


နောက်ကျကျန်နေသည့် အမေရိကန်၏ အထိတ်တလန့် စွပ်စွဲတိုက်ခိုက်မှုများ!

ဟွာဝေးရဲ့ နည်းပညာတိုးတက်မှုကြောင့် အမေရိကန်ရဲ့ သူလျှိုလုပ်နိုင်စွမ်း ထိခိုက်လာ


ဘာကြောင့် အမေရိကန်က ဟွာဝေးကို ဘက်ပေါင်းစုံကနေ တိုက် ခိုက်နေရတာလဲဆိုတဲ့ မေးခွန်းက ဟွာဝေးရဲ့ ထိပ်ပိုင်းတာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ကျွန်တော့်ဆီကို မကြာခဏ ရောက်လာတတ်ပါ တယ်။ နည်းပညာခိုးယူတယ်၊ ကုန်သွယ်ရေးပိတ်ပင်မှုကို ချိုး ဖောက်တယ်ဆိုပြီး အမေရိကန် က ကျွန်တော်တို့ ဟွာဝေးကုမ္ပဏီ ကို အရေးယူခဲ့သလို အမေရိကန် မှာ စီးပွားရေးလုပ်ကိုင်ခြင်းကို လည်း ပိတ်ပင်ထားပါတယ်။ အ မေရိကန်ဒုတိယသမ္မတ မိုက်ပင့်စ် က ဟွာဝေးဟာ ခြိမ်းခြောက်မှု တစ်ခုပဲလို့ NATO အဖွဲ့ကို မကြာ ခင်က ပြောခဲ့သလို ဟွာဝေးရဲ့ ဆက်သွယ်ရေးကွန်ရက်ဆိုင်ရာ ပစ္စည်းတွေကို အသုံးပြုမယ်ဆိုရင် မိတ်ဖက်နိုင်ငံတွေအဖြစ် ဆက် လက်လက်တွဲဖို့  ခက်ခဲလိမ့်မယ် လို့ အမေရိကန်နိုင်ငံခြားရေးဝန် ကြီး မိုက်ခ်ပွန်ပီယိုက အမေရိကန် ရဲ့ မဟာမိတ်နိုင်ငံတွေကို သတိ ပေးခဲ့ပါတယ်


ကမ္ဘာ့ 5G ကွန်ရက်ကနေ ဟွာဝေးကို ဖယ်ထုတ်ဖို့ အမေရိ ကန်ပြည်ထောင်စု ဆက်သွယ်ရေးကော်မရှင်ဥက္ကဋ္ဌ Ajit Pai ဦးဆောင်တဲ့ အမေရိကန်အစိုးရ ကိုယ်စားလှယ်အဖွဲ့က ပြီးခဲ့တဲ့ အင်္ဂါနေ့က စပိန်နိုင်ငံ ဘာစီလိုနာ မြို့မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့မိုဘိုင်း ကွန်ဂရက်မှာ ထပ်လောင်းပြော ကြားခဲ့ပါတယ်။

ဟွာဝေးကုမ္ပဏီ သိက္ခာကျ အောင် ဝါရှင်တန်က နှစ်ပေါင်း များစွာ တိုက်ခိုက်နေခဲ့တာ ဖြစ်ပါ တယ်။ အမေရိကန်အောက်လွှတ် တော် စုံစမ်းထောက်လှမ်းရေး ကော်မတီကလည်း ၂၀၁၂ ခုနှစ် မှာ စာတမ်းတစ်ခုထုတ်ပြန်ပြီး ဟွာဝေးက အန္တရာယ်ရှိတယ်လို့ တံဆိပ်ကပ်ခဲ့ပါတယ်။ ဟွာဝေး ကုမ္ပဏီဟာ အနောက်ကမ္ဘာအ တွက် ခြိမ်းခြောက်မှု အန္တရာယ် ဖြစ်တယ်လို့ အမေရိကန်က အ ကြီးအကျယ်ပုံဖော်ခဲ့တာ ဖြစ်ပါ တယ်။ ဘာကြောင့် ဒီလိုဖြစ်နေ သလဲဆိုတာ မေးစရာမေးခွန်း တစ်ခုပါပဲ။

အဖြေကတော့ ၂၀၁၃ ခုနှစ် မှာ အက်ဒ်ဝပ်စနိုးဒန်ဖောက်ချခဲ့ တဲ့ အမေရိကန်အမျိုးသားလုံခြုံ ရေး အေဂျင်စီ (NSA)ရဲ့ ထိပ်တန်းလျှို့ဝှက်ချက် စာရွက်စာတမ်း တွေကြောင့် ဖြစ်ပါတယ်။ ၁၉၅၂ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ NSA က အီးမေးလ်နဲ့ ဖုန်းခေါ်ဆိုမှုလိုမျိုး အီလက်ထရွန်နစ် ဆက်သွယ်ရေး လမ်းကြောင်းတွေကို ထောက် လှမ်းရေးနဲ့ တန်ပြန်ထောက်လှမ်း ရေး ရည်ရွယ်ချက်နဲ့ စောင့်ကြည့် ခဲ့ပါတယ်။

နေ့စဉ် ကမ္ဘာပေါ်ရှိ လူတိုင်း ရဲ့ ဖုန်းခေါ်ဆိုမှု၊ အီလက်ထရွန် နစ် ဆက်သွယ်မှုတိုင်းကို အမေရိ ကန်ရဲ့ အမျိုးသားလုံခြုံရေးအေ ဂျင်စီ (NSA) က စောင့်ကြည့်ရင်း အချက်အလက်တွေ ရယူခဲ့တယ် ဆိုတာ စနိုးဒန်က ဖောက်ချခဲ့တာ ဖြစ်ပါတယ်။ စနိုးဒန်ဖောက်ချခဲ့ တဲ့ ဒီလျှို့ဝှက်စာတမ်းတွေအရ (NSA) ဟာ အမေရိကန်နည်းပညာနဲ့ ဆက်သွယ်ရေးကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး နိုင်ငံတကာမှာ ဖြန့် ကြက်ထားတဲ့ ဖိုက်ဘာဆက်သွယ်ရေးလမ်းကြောင်းကွန်ရက်တွေ၊ Switch တွေ၊ Router တွေက တစ်ဆင့် လျှို့ဝှက်ထောက်လှမ်း ခဲ့တာဖြစ်ပါတယ်။

 အမေရိကန်လုံခြုံရေးအေ ဂျင်စီ (NSA) က ဟွာဝေးရဲ့ ဆာဗာ တွေကိုလည်း ဖောက်ထွင်းဝင် ရောက်ခဲ့ပါတယ်။ NSA ရဲ့ ပစ် မှတ်တော်တော်များများဟာ ဟွာ ဝေးထုတ်ပစ္စည်းတွေနဲ့ ဆက်သွယ်ရေးကွန်ရက်တွေပေါ်မှာ ရှိနေ တယ်လို့ NSA ရဲ့ လျှို့ဝှက်စာ တမ်းတစ်ခုမှာ ဖော်ပြထားပါ တယ်။ ဒီဟွာဝေးထုတ်ကုန်တွေ ကို ဘယ်လိုဖျက်ဆီးရမလဲဆိုတာ သေချာသိအောင် လုပ်ရမယ်လို့ ပေါက်ကြားခဲ့တဲ့ NSA မှတ်တမ်း ဖိုင်တွေမှာ ဖော်ပြထားပါတယ်။

 ရှင်းရှင်းလေးပါပဲခင်ဗျာ။ ကမ္ဘာ့ဆက်သွယ်ရေးကွန်ရက် ထဲမှာ ဟွာဝေးထုတ်ကုန်ပစ္စည်း တွေများလာတာနဲ့အမျှ NSA အ တွက် ဒီလိုအချက်အလက်ခိုးယူ တာတွေ၊ လျှို့ဝှက်ထောက်လှမ်း တာတွေလုပ်ဖို့ ပိုပြီးခက်ခဲနေမှာ ဖြစ်ပါတယ်။ တစ်နည်းပြောရရင် ဟွာဝေးရှိနေခြင်းဟာ အမေရိကန်အတွက် သူတို့ စိတ်ကြိုက်လုပ်ချင် တိုင်း လုပ်ခွင့်မရနိုင်တဲ့ သဘောပါပဲ။ ဒါကြောင့် အမေရိကန်ကဟွာဝေးကို ဆန့်ကျင်တိုက်ခိုက်နေ တာ ဖြစ်ပါတယ်။

 ဒုတိယအကြောင်းရင်းက တော့ 5G နဲ့ ပတ်သက်နေပါတယ်။ နောက်ဆုံးပေါ် မိုဘိုင်းဆက်သွယ်ရေးနည်းပညာဟာ ခေတ်မီစက် ရုံတွေကနေ လျှပ်စစ်ဓာတ်အား လိုင်းတွေအထိ အရာအားလုံးအ တွက် ဆက်သွယ်ချိတ်ပြီး အချက်အလက် တွ ပို့ဆောင်ပေးနိုင်တော့ မှာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ် ကတည်းက 5G သုတေသနလုပ် ငန်းမှာ များစွာရင်းနှီးမြှုပ်နှံခဲ့တဲ့အ တွက် ဟွာဝေးကုမ္ပဏီဟာ ပြိုင် ဘက်တွေထက် တစ်နှစ်လောက် စောပြီး ရှေ့တန်းရောက်နေပါ တယ်။ ဒါကြောင့်လည်း လာမယ့်လအနည်းငယ်အတွင်း 5G တပ်ဆင်နိုင်ဖို့ တာစူနေတဲ့နိုင်ငံတွေအ တွက် ဟွာဝေးက ဆွဲဆောင်မှုတစ် ခု ဖြစ်နေပါတယ်။

တကယ်လို့ အမေရိကန်က ဟွာဝေးကို လုံခြုံရေးအကြောင်း ပြချက်နဲ့ ကမ္ဘာ့ 5G ကွန်ရက်ထဲက နေ ဖယ်ထုတ်လိုက်မယ်ဆိုရင် ကမ္ဘာကြီးကို အမေရိကန်က စိတ် ကြိုက်ခြယ်လှယ်ပြီး စောင့်ကြည့် နိုင်မှာ ဖြစ်ပါတယ်။ အမေရိကန် ရဲ့ ဒစ်ဂျစ်တယ်လွှမ်းမိုးမှုကို လျော့ကျစေနိုင်တဲ့ ကုမ္ပဏီတစ်ခုကို နှိပ် ကွပ်ခြင်းက အမေရိကန်အတွက် တိုက်ရိုက်အကျိုးကျေးဇူးရှိစေမှာ လည်း ဖြစ်ပါတယ်။ 5G နည်း ပညာဦးဆောင်ကုမ္ပဏီတစ်ခုကို ရပ်တန့်ပစ်လိုက်မယ်ဆိုရင် စီးပွားရေးအရရော လူမှုရေးအရပါ များစွာအကျိုးယုတ်စေပါတယ်။

တစ်ချိန်တည်းမှာပဲ အမေရိ ကန်နိုင်ငံရဲ့ နိုင်ငံရပ်ခြားစောင့် ကြည့် စုံစမ်းထောက်လှမ်းရေး ဥပဒေ (Foreign Intelligence Surveillance Act)နဲ့ အချက်အ လက် သိမ်းဆည်းခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်ထားသည့် Cloud အက်ဥပဒေလို ဥပဒေတွေ အရ အမေရိကန်ရဲ့ ကမ္ဘာလုံး ဆိုင်ရာ စောင့်ကြည့်လေ့လာရေး အစီအစဉ်ကို တန်ပြန်ထောက် လှမ်းရေး (သို့မဟုတ်) အကြမ်း ဖက်မှုကိုင်တွယ်ရေးအသွင် ပုံဖော်ပြီး ထောက်လှမ်းရေးလုပ်ငန်း တွေမှာ ဆက်သွယ်ရေးကုမ္ပဏီ တွေ ပူးပေါင်းပါဝင်ဖို့ အတင်းအ ကျပ်စေခိုင်းနိုင်ပါတယ်။

အခုလို ဟွာဝေးကို အုံနဲ့ ကျင်းနဲ့ စွပ်စွဲတိုက်ခိုက်နေခြင်း ဟာ အမေရိကန်အနေနဲ့ အရေး ကြီးနည်းပညာဖွံ့ဖြိုးတိုးတက်မှု မှာ နောက်ကျကျန်နေခဲ့ပြီဆိုတဲ့ ရလဒ်ကြောင့် ဖြစ်ပါတယ်။ ဒါကို ဝါရှင်တန်ကလည်း သတိပြုမိပါ တယ်။ ဟွာဝေးကို ဆန့်ကျင်တိုက် ခိုက်နေတဲ့ အမေရိကန်ရဲ့ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုမှာ လုံခြုံရေး ဆိုတဲ့အကြောင်းပြချက်က မည် ကာမတ္တသာဖြစ်ပါတယ်။ အရှိန် အဟုန်နဲ့ တိုးတက်နေတဲ့ နည်းပညာပြိုင်ဘက်တစ်ဦးကို ချိုးနှိမ်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်ကသာလျှင် အမေရိကန်ရဲ့ ဆန္ဒအစစ်အမှန် ဖြစ်ပါတယ်။

(ဆောင်းပါးရှင် ဂေါဖျင်သည် Huawei Technologies ကုမ္ပဏီ၏ အလှည့်ကျဥက္ကဋ္ဌ ဖြစ်သည်။)

Ref:http://www.7daydaily.com/story/151276


Edward Snowden’s most important revelations

http://tass.com/world/1015625

https://en.wikipedia.org/wiki/Edward_Snowden

https://edwardsnowden.com/


https://www.facebook.com/RTvids/videos/991307947742482/

https://www.facebook.com/aepoket.hernandez/videos/1031154897054341/


America First’ means emerging markets last

http://lankabd.com/dse/stock-market/news/Nomura:-%E2%80%98America-First%E2%80%99-means-emerging-markets-last?storyId=48076



Edward Snowden’s most important revelations

http://tass.com/world/1015625

https://en.wikipedia.org/wiki/Edward_Snowden

https://edwardsnowden.com/


https://www.facebook.com/RTvids/videos/991307947742482/

https://www.facebook.com/aepoket.hernandez/videos/1031154897054341/


America First’ means emerging markets last

http://lankabd.com/dse/stock-market/news/Nomura:-%E2%80%98America-First%E2%80%99-means-emerging-markets-last?storyId=48076q


WikiLeaks publishes 'biggest ever leak of secret CIA documents'

The 8,761 documents published by WikiLeaks focus mainly on techniques for hacking and surveillance


Smartphones, PCs and TVs: the everyday devices targeted by the CIA

Read more:https://www.theguardian.com/technology/2017/mar/07/cia-targeting-devices-smartphones-pc-tv-wikileaks



Wikileaks: CIA has tools to snoop via TVs

WikiLeaks: The CIA Bugs Everyone's Phones, TVs, Cars...

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!