Popular Posts!
Friday, March 22, 2019
☀️Forex ဈေးကွက်​ထဲမှာ ထရိတ်​ဒင်းလုပ်​နေကြသော Traders တိုင်း သိထားသင့်​တဲ့ ဈေးတန်းဖောက်​ထွက်​ခြင်း
☀️Forex ဈေးကွက်​ထဲမှာ ထရိတ်​ဒင်းလုပ်​နေကြသော Traders တိုင်း သိထားသင့်​တဲ့ ဈေးတန်းဖောက်​ထွက်​ခြင်း နှင့် ဆန့်ကျင်ဘက်လားရာ ပြောင်းခြင်း စတဲ့ အခိုက်အတန့်မျိုးမှာ အရောင်းအဝယ်လုပ်ဖို့ အခွင့်အရေးတွေကို ဘာကြောင့် လက်လွှတ်ဆုံးရှုံးလိုက်ရတာလဲ? အခွင့်အရေးကို လက်မလွှတ်သွားရအောင် ဘယ်လို လုပ်သင့်သလဲ? ဆိုတဲ့ အကြောင်းအရာတွေကို Video ထဲမှာ ဆွေးနွေးပေးထားပါတယ်ရှင်။☀️
☀️  အတွေ့အကြုံနုစဉ်ဖြစ်လေ့ရှိတတ်သော Trader တို့၏ ပြဿ နာများ    ☀️
         Forex Trading လောကထဲသို့ ဝင်ရောက်လာစဉ် မည်သူမဆို ကြုံတွေ့ရတတ်သည့် အမှားများရှိကြသည်။ ၄င်းတို့ ထဲကမှာ ဖြစ်လေ့အရှိဆုံး ပြဿ     နာ ၃ မျိုး ကို ဖော်ပြပါမည်။ 
         ပထမတစ်မျိုးကတော့ လုံလောက်သည့် လေ့ကျင့်မှု မျိုး မရှိသေးသောကြောင့် ဖြစ်သည်။ လေ့ကျင့်မှု အနည်းငယ်မျှ ပင် မရှိပဲ real account ဖွင့်ပြီး လက်တည့်စမ်းချင်တတ်ကြသည်။ စိတ်လောပြီး လေ့ကျင့်သည့် အဆင့်ကို ကျော်ပြီး trade ကြသောကြောင့် ငွေ အမြောက်အမြားဖြုန်းတီးမိကြသည်။ 
        လေ့ကျင့်မှု မရှိကြသည့် အကြောင်းရင်းကတော့ - အတွေ့အကြုံနုနယ်စဉ်ကာလတွင် Forex trading တွင် ငွေရှာရတာကို လွယ်ကူသည်ဟု ထင်မြင်မိကြသည်။ ဈေးတက်လျှင် buy မည်။ ဈေးကျလျှင် sell မည်။ buy ယူလိုက်ချိန် ဈေးတက်တာနဲ့ ကြုံပြီး မြတ်သွားလျှင် ငွေရှာရာ လွယ်ကူမြန်ဆန်သည်ဟု ထင်ကြသည်။ သို့သော် နောက်ဆုံးရလာဒ်ကတော့ trading အကောင့် ထဲမှ ငွေများ ကုန်ဆုံးသွားခြင်းသာ ဖြစ်သည်။ ထိုအချိန်မှ အမောတကော လေ့လာဖို့ လေ့ကျင့်ဖို့ ကို ရှာဖွေကြသည်က များသည်။ လေ့ကျင့်ဖို့ အချိန်မပေးချင်သည်က ပြဿ     နာပင်။
         ဒုတိယတစ်မျိုးကတော့ စိတ်ခံစားမှုကို မထိန်းတတ်သေးခြင်း ဖြစ်သည်။ ဈေးတက်နေသည်ကိုမြင်လျှင် လိုက် ဝယ်ချင်သည်။ ဝယ်ထားပြီးမှ ဈေးကျလာလျှင် ရှုံးမှာ စိုးရိမ်ပြီး နောက်ထပ် ထပ်ရောင်းလိုက် ထပ်ဝယ်လိုက်နှင့် ဂနာမငြိမ် Lot တွေ အများကြီးဖွင့်မိကြသည်။ TP/SL ဘယ်နေမှန်းမသိနှင့် Float တွေ ဖြစ်ကုန်ကြသည်။ နဂိုထဲက အမြတ်ရချင်ဇော နှင့် Lot size ကို အကြီးကြီးယူထားသဖြင့် ဆုံးရှုံးမှု က မကြီးမား သင့်ပဲ ကြီးကြသည်။ မြတ်ရင်တော့ ပိတ်ပစ်ပြီး ရှုံးရင်တော့ မျှော်လင့် ချက်နဲ့ စောင့်တတ်ကြသည်။ ၄င်းအချက်များမှာ စိတ်ခံစားမှု ကို မထိန်းချုပ်နိုင်သော ပြဿ     နာမျိုး ဖြစ်သည်။ 
         နောက်ဆုံး တစ်မျိးကတော့ ဈေးကွက် အခြေအနေ ပြောင်းလဲမှုကို မမြင်နိုင်သည့် ပြဿ     နာပင်ဖြစ်သည်။ ဈေးကွက်၏ ဦးတည်ချက်လားရာ က အတက်ဘက်ကို သွားနေသည်ဆိုပါစို့။ ကျတော့မည် ဟုသာ မျှော်မှန်းပြီး ဆန့်ကျင်ဘက်အရောင်းအဝယ်တွေ လုပ်မိကြသည်။ 
       ဤ အချက်များမှာ ယေဘုယျအားဖြင့် အတွေ့အကြုံ နုသော Trader များ ဖြစ်လေ့ အများဆုံး ပြဿ     နာများဖြစ်ပြီး ၄င်းပြဿ     နာ များကို မဖြစ်အောင် ရှောင်ကြဉ်နိုင်မည့် နည်းလမ်းကို ရှာသင့်သည်။ လက်ရှိတွင် ကြုံနေရပါက အမြန်ဆုံး ပြုပြင်ပြောင်းလဲ နိုင်ရန် သတိပေး ရေးသားလိုက်ပါသည်။ 
အွန်လိုင်း သင်တန်း messenger တွင်စုံစမ်းနိုင်ပါသည်။ 
https://m.facebook.com/story.php?story_fbid=2343941995834935&id=100006574719954
***  နိုင်ငံတကာငွေကြေးဖလှယ်ခြင်း ဈေးကွက်အကြောင်း သိကောင်းစရာ အဖြာဖြာ The Forex Market Overview ***
- ဈေးကွက်သမိုင်းကြောင်း 
     1944 ခုနှစ် ဇူလိုင်လတွင် ဒုတိယကမ္ဘာစစ်အပြီး ဖရိုဖရဲဖြစ်နေသောစီးပွားရေးအကြပ်အတည်းများကို ပြန်လည်စုစည်းပြီး နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ ခိုင်မာသော ငွေကြေးလဲလှယ်မှု စနစ်ဖြစ်စေရန် ရွှေ နှင့် အမေရိကန်ဒေါ်လာ လဲလှယ် အသုံးပြု နိုင်သည့် စနစ်ဖြစ်သော ရွှေစံချိန်စနစ်ကျင့်သုံးခဲ့သည်။ ၄င်းစနစ်ကို အမေရိကန်နိုင်ငံ နယူးဟမ်ရှိုင်းယားပြည်နယ် ဘရက်တန်ဝုဒ် အရပ်တွင် အစည်းဝေးကျင်းပပြီး သဘောတူလက်မှတ်ရေးထိုးခဲ့သောကြောင့် ဘရက်တန်ဝုဒ် စနစ် (Bretton Wood Accord)ဟု အမည်တွင်ခဲ့သည်။ ထိုစနစ်ကို စောင့်ကြည့်ရန် 1945 ခုနှစ် ဒီဇင်ဘာလတွင် အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကို တည်ထောင်ခဲ့ပြန်သည်။ ၄င်းစနစ်တွင် ရွှေတစ်အောင်စကို 35 ဒေါ်လာဖြင့် စတင်ချိတ်ဆက်အသုံးပြုခဲ့သည်။ လဲလှယ်မှုတန်ဖိုးကို နုန်းသေ ချိတ်ဆက်ထားပြီး သက်ဆိုင်ရာ ဗဟိုဘဏ်တို့ကို ကြားဝင်ခွင့်ပြု ထားကာ ငွေလဲလှယ်မှု တန်ဖိုး အတက်အကျကို စီမံထိန်းချုပ်မှု များ လုပ်ဆောင်ခဲ့ကြသည်။ 1971 ခုနှစ်မှာတော့ ဘရက်တန်ဝုဒ်စနစ်ကြီး ပျက်သုဉ်းသွားခဲ့ရသည်။ 1972 ခုနှစ်နောက်ပိုင်းတွင်တော့ အမေရိကန်ဒေါ်လာနှင့် အခြားငွေကြေးတို့ကို နုန်းရှင်မျော စနစ်ဖြစ်လာအောင်ကြိုးစားလာခဲ့ကြပြီး 1973 ခုနှစ်ဝန်းကျင်မှာ Forex market ကြီးကို တည်ထောင်ခဲ့ကြသည်။ 1978 မှ စ၍ IMF က နုန်းရှင်ငွေဖလှယ်ခြင်းစနစ်ကို တာဝန်ယူ စောင့်ကြည့်ခဲ့ပါသည်။ 
- Forex ဆိုသည်မှာ 
     Foreign Exchange Market နိုင်ငံတကာ ငွေကြေးဖလှယ်ခြင်းဈေးကွက်ကို Forex (သို့) Fx market ဟု အတိုကောက်ခေါ်ကြသည်။ ကမ္ဘာတစ်ဝန်းငွေကြေးများ လဲလှယ်အရောင်းဝယ်လုပ်ကြသောဈေးကွက်ကြီးဖြစ်ပြီး နေ့စဉ် ဈေးကွက်တွင်းလှည့်လည်စီးဆင်းဝင်ထွက်နေသော ငွေပမာဏ (Daily turnover) အမေရိကန်ဒေါ်လာ 5.3 ထရီလီယံ ဝန်းကျင်ရှိနေသော ကမ္ဘာ့အကြီးဆုံးဈေးကွက်ကြီး ဖြစ်ပါသည်။ 
- 24 နာရီဈေးကွက်
- ဗဟိုထိန်းချုပ်မှု ကင်းလွတ်ခြင်း
     စတော့ ဈေးကွက်လို စတော့အိတ်ချိန်းက သတ်မှတ်ပေးသော ဈေးနုန်း နှင့် အိတ်ချိန်းဌာနတို့၏ ဝင်ရောက်ထိန်းချုပ်မှုများ မလိုအပ်ပါပေ။ စတော့အိတ်ချိန်းပြင်ပ ဈေးကွက် OTC (Over the counter) သို့မဟုတ် Interbank ဈေးကွက် ဖြစ်သောကြောင့် ဘဏ်ကွန်ယက်တစ်ခုနှင့် တစ်ခုကြား ချိတ်ဆက်သွားပြီး အီလက်ထရွန်နစ် စနစ်နှင့် အလုပ်လုပ်ခြင်းဖြစ်သည်။ ထို့ကြောင့်လည်း 24 နာရီ ပတ်လုံးရှိခြင်းပင်။ ဗဟိုထိန်းချုပ်မှု လွတ်ကင်းသောကြောင့် ငွေကြေးဖလှယ်နုန်းများ၏ တန်ဖိုးသည် သတ်မှတ်ဈေးနုန်း မဟုတ်ဘဲ ဈေးကွက်တွင်းပါဝင် အရောင်းဝယ်လုပ်နေသူတို့ ၏ အရောင်းအဝယ်လုပ်သည့်အခြေအနေပေါ် မူတည်ပြီး အချိန်နှင့် အမျှပြောင်းလဲ မှု ရှိနေသည်။ ဘဏ်ကြီးများ ပေါင်းစုထားခြင်းကို Interbank ဟုခေါ်ကြပြီး Interbank တွေက နေ့စဉ် အရောင်းအဝယ်လုပ်သူတွေ၏ Transaction ပမာဏများကို စာရင်းပြုစု ပေးကြသည်။
- မည်သူမဆို ပါဝင်ရောင်းဝယ်နိုင်ခြင်း
     Forex  trading ၏ မူလအစ ရည်ရွယ်ချက်ကတော့ Bankers အဖွဲ့အစည်းကြီးတွေ အချင်းချင်းသာ ငွေကြေးဖလှယ်ဖို့ ဖြစ်ပြီး သာမန်လူတွေ ဝင်ရောက်မလုပ်ကိုင်နိုင်ခဲ့ပါချေ။ 1990 ဝန်းကျင်ကာလအထိ လူချမ်းသာတွေ လောက်သာ ပါဝင်ခွင့်ရပြီး ကနဦးသွင်းငွေ (Deposit) အနည်းဆုံး ဒေါ်လာ 10 မီလျံ ကနေ 50 မီလျံ လောက်ထည့်ဖို့ လိုအပ်သည်။ နောက်ပိုင်း ကွန်ပြူ တာ ခေတ်စားလာပြီး အင်တာနက်စမ်းထချိန်တွင် ဘဏ်စနစ်မှသည် ကွန်ပြူ တာနှင့် ချိတ်ဆက်သုံးနိုင်သော Trading Platform များတီထွင်နိုင်ခဲ့သည်။ မျက်မှောက်ခေတ်တွင် ဖုန်း ထဲ၌ Meta Trader 4 app ထားရှိပြီး အင်တာနက်လိုင်းမိသည့် ကမ္ဘာကြီး၏ မည်သည့်နေရာပင်ရောက်ရောက် အရောင်းဝယ်ပြု လုပ်နိုင်သည်။ ထို Trading Platform မှ လက်ရှိပြင်ပဈေးကွက်တွင်ပေါက်နေသော ဈေးနုန်းများကို အချိန်နှင့်တစ်ပြေးညီ Live quotes မြင်တွေ့ခွင့်ရပြီး တချိန်တည်းမှာပင် အရောင်းရော အဝယ်ပါ (Buy / Sell)လုပ်နိုင်သည်။
- အရင်းနည်းနည်း အမြတ်များများ
      အထက်တွင်ဖော်ပြခဲ့သလိုပင် မူလက ဈေးကွက်တွင်ပါဝင်ဖို့ရန် ငွေအရင်းအနှီးများစွာ လိုအပ်ခဲ့သော်လည်း ယခုအခါ အကျိုးဆောင်ကုမ္ပဏီများ (Brokers)အများအပြားပေါ်ပေါက်လာပြီး အပြိုင်အဆိုင် ဈေးကွက်ထိုးဖောက်လာကြသည်။ ကနဦးသွင်းငွေကို နည်းသည်ထက်နည်းအောင် လျှော့ပေးလာကြပြီး ဒေါ်လာ 100 ရှိရုံမျှ ဖြင့် ကမ္ဘာ့အကြီးဆုံးဈေးကွက်တွင် ပါဝင်အရောင်းဝယ်လုပ်ခွင့်ရလာသည်။ ဤသို့ဆိုလျှင် ဒေါ်လာ 100 နှင့် ဘယ်လိုကြောင့် အမြတ်များမည်နည်း ? မိတ်ဆွေတို့ အနေနှင့် အံ့သြကောင်း အံ့သြလိမ့်မည်။ (Leverage) ဆပွားစနစ်ရှိနေသည်။ သင်အရောင်းအဝယ်လုပ်မည့် အကျိုးဆောင်ကုမ္ပဏီများပေါ် မူတည်ပြီး ဆပွားရပုံခြင်းကွာခြားနိုင်သည်။ ဥပမာ - သင့်အရောင်းအဝယ် စာရင်း (Trading account) ထဲတွင် ဒေါ်လာ 5000 ရှိသည်ဆိုပါက ဒေါ်လာ 1သိန်း တန်သည့် ပမာဏကို အရောင်းအဝယ်လုပ်ချင်သည်လား ပြဿ     နာ မရှိပေ။ သင့် brokers မှ ချေးငှားစိုက်ထုတ်ပေးပြီး အရောင်းအဝယ်လုပ်ခွင့်ပေးမည်ပင်ဖြစ်သည်။ ထိုသို့ ချေးငှားစိုက်ထုတ်ပေးသော ပမာဏကို Margin ဟုခေါ်သည်။ ထိုကြောင့် သင်၏ ရင်းနှီးငွေ နည်းနည်း နှင့် broker မှ စိုက်ထုတ်ပေးနိုင်မည့် Margin ရာခိုင်နုန်းပေါ် မူတည်ပြီး Leverage ရမည်ဖြစ်ပြီး အရင်းငွေနည်းနည်းနှင့် ဆပွားပေးထားသလောက်ပမာဏ အမြတ်/ အရှူံး ခံစားခွင့်ရမည်ဖြစ်သည်။
- ငွေကြေးအမျိုးအစားများ
       တိုးတက်ပြီးနိုင်ငံများနှင့် ဖွံ့ဖြိုးစနိုင်ငံများ၏ ငွေကြေးများအားလုံးအရောင်းအဝယ်လုပ်နိုင်သည်။ USD (US dollar) , EUR (Euro) ,JPY (Japan Yen) စသည့်ငွေကြေးသင်္ကေတများဖြင့်ဖော်ပြသည်။ လဲလှယ်နုန်း တန်ဖိုးအတက်အကျကို ကြည့်သည့်အတွက် အလွယ်တကူသိရှိစေရန် ငွေကြေးများကိုယှဉ်တွဲဖော်ပြထားပေးသည်။ EUR/USD - 1.2200 ဆိုလျှင် တစ် ယူရိုမှာ 1.2200 ဒေါ်လာပေါက်ဈေးရှိကြောင်းပြခြင်းဖြစ်သည်။ EUR/USD ကို Buy ယူသည်ဆိုလျှင် သင်သည် တစ်ချိန်ထဲမှာ ယူရိုကို ဝယ်ပြီး ဒေါ်လာကို ရောင်းလိုက်ခြင်းဖြစ်သည်။ ငွေကြေးများအပြင် ကုန်စည် (Commodity) စာရင်းဝင် ရွှေ , ငွေ ,ရေနံ တို့လည်းအရောင်းဝယ်လုပ်လို့ရသေးသည်။ အချို့ broker ဆိုလျှင် ယခုနောက်ပိုင်း Cryptocurrency တို့ကိုပါ အရောင်းအဝယ်ပြုခွင့်ရလာသည်။
- Brokers တို့ ၏ အခန်းကဏ္ဍ
     Forex trading စလုပ်တော့မည်ဆိုပါက အရေးကြီးဆုံးမှာ broker ရွေးချယ်ခြင်းပင်။ အထက်တွင်ဖော်ပြခဲ့သလို 1990 ကာလဝန်းကျင်တွင် လက်လီသမား (Retail trader) များ ဝင်ရောက်ဖို့ခက်ခဲခြင်းမှာ အရောင်းအဝယ်ကုန်ကျစရိတ် (Transaction cost) များ အလွန်များသောကြောင့်ဖြစ်သည်။ ထိုအချိန် အစိုးရများက အိတ်ချိန်းများမှ တဆင့် ဈေးကွက်တွင်း Transaction အသွားအလာများကို ထိန်းသိမ်းစောင့်ကြည့်ဖို့ရန် Commodity Future Trading Commission (CFTC) ဟူသော အဖွဲ့အစည်းတစ်ရပ်တည်ထောင်ခဲ့သည်။ အွန်လိုင်းပေါ် မှ အရောင်းအဝယ်လုပ်နိုင်ရန် Broker အချို့ကို စတင်ခွင့်ပြု ခဲ့ပြီး CFTC မှ စည်းမျဉ်းထိန်းကျောင်းမှု များပြု လုပ်ခဲ့သည်။ Broker အမျိုးအစားများ အကြမ်းဖျင်းဖော်ပြမည်။
ECN (Electronic Communication Network) စနစ်သုံးသော broker များကတော့ Clients များအရောင်းအဝယ်လုပ်လိုက်သော စာရင်းကို Interbank ဈေးကွက်အတွင်းသို့အရောက်ပို့ ပေးပြီး ဈေးကွက်တွင်းဝင်ရောက်နေသော အခြား Traders များ၏ အရောင်းအဝယ်စာရင်းများနှင့် တေ့ဆိုင်ပေးသည်။ ဆိုလိုသည်မှာ ရောင်းသူနှင့် ဝယ်သူတို့အား တိုက်ရိုက် တွေ့ဆုံပေးခြင်းဖြစ်ပြီး ပေါက်ဈေးများကိုလည်း အမှန်တကယ်ဈေးကွက်တွင်းပေါက်ဈေးများကိုသာ ဖော်ပြပေးသည်။ ရောင်းဈေး နှင့် ဝယ်ဈေးတို့ ၏ ကွာဟချက် (Bid - Ask = Spread ) တို့ကိုလည်း ဈေးကွက်၏အခြေနေတိုင်း အရှင်မျောထားသည်။ ကော်မရှင်မယူ (သို့) ကော်မရှင်အနည်းအများ ကတော့ broker တစ်ခုနှင့်တစ်ခုမတူနိုင်ပေ။ များသောအားဖြင့် ကော်မရှင်နည်းလေ့ရှိသည်။
STP (Straight Through Processing) စနစ်သုံးသည့် broker များကတော့ Clientsများ၏ အော်ဒါ များကို Interbank ဈေးကွက်တွင်း တိုက်ရိုက်ရောက်ရှိသွားစေသော်လည်း များသောအားဖြင့် ကြားခံ Provider များထားရှိကြသည်။ Spread ကို နုန်းသေ ထားပြီး Interbank ဈေးကွက်တွင်းပေါက်သော Spread နုန်းက ၄င်းprovider တို့ ထက်နည်းလျှင် အမြတ်ရကြသည်။ အချို့ STP ကတော့ Spread ကို သင့်တော်သလို ထားပေးသည်လည်းရှိသည်။ များသောအားဖြင့် ကော်မရှင်ယူတာလဲနည်းလေ့ရှိသည်။
Market maker ဟုခေါ်သော broker အမျိုးအစားကတော့ trader များ၏ အရောင်းအဝယ်များကို Interbank အတွင်း မရောက်ရှိစေဘဲ ကုမ္ပဏီကနေ အလျော်အစား လုပ်ပေးပြီး ဝယ်ဈေး ရောင်းဈေးတို့ အကြား အဟဈေး Spread ကို လည်း စိတ်ကြိုက်ထားသည်။ တစ်ခါတစ်ရံ လက်ရှိ ပြင်ပပေါက်ဈေးအတိုင်း မဖော်ပြဘဲ စိတ်ကြိုက်ခြယ်လှယ်ထားနိုင်သည်။ အဆုံးစွန်ဆုံး Cilent တစ်ဦးချင်းစီ၏ အော်ဒါများကို ပင်ခြယ်လှယ်နိုင်ပြီး Client မြတ်လျှင် broker မှ စိုက်ရှင်းပေးပြီး ရှုံးလျှင် broker မှ စားမည်ဖြစ်သည်။ ကော်မရှင်ကလည်း များသေးသည်။ (Evil broker) ညစ်စုတ်သော broker များဖြစ်သည်။ အနှီ broker မျိုး စာရေးသူ ကိုယ်တိုင် ကြုံဖူးခဲ့သည်။ 
- Trading သည် Gambling မဟုတ်
       Forex market သည် ကမ္ဘာ့အကြီးဆုံးဈေးကွက်ဖြစ်သောကြောင့် ငွေဖြစ်လွယ်စွမ်းမြင့်မားသည်။ ကမ္ဘာနှင့် အဝန်း အရောင်းအဝယ်လုပ်သူပမာဏများသောကြောင့် ဝယ်လိုအားနှင့် ရောင်းလိုအားတို့ အချိန်နှင့်အမျှ လွန်ဆွဲနေပြီး ဈေးအတက်အကျ မြန်ဆန်သည်။ ထို့အပြင် ဆပွားစနစ်ဖြင့် အရောင်းအဝယ်လုပ်နေကြသည်ဖြစ်ရာ ဆုံးဖြတ်ချက် မှန်လျှင် တစ်ညထဲ အိတ်နှင့် သိမ်းနိုင်လောက်သည်အထိ အမြတ်ရနိုင်စွမ်းမြင့်မားသလို ဆုံးဖြတ်ချက် တစ်ခါမှားလိုက်သည်နှင့် ဆုံးရှုံးနိုင်ချေ လည်း မြင့်မားပါသည်။ အရောင်းအဝယ်လုပ်ရာမှာလည်း Meta trader 4 app ထဲတွင် Buy / Sell လက်ဖြင့် တစ်ချက်တို့ ရုံရနေသောကြောင့် ဦးတည်ရာမဲ့ ရမ်းနှိပ်နေလျှင် လောင်းကစားဆန်ပေမည်။ 
      အရောင်းအဝယ်လုပ်နေသော ဈေးကွက်ဖြစ်သည့်အတွက် ဈေးကွက်ကို အရင်ဦးစွာချဉ်းကပ်ပြီး နားလည်သဘောပေါက်ပြီဆိုမှသာလျှင် အရောင်းဝယ်လုပ်သင့်ပါသည်။ ယေဘုယျအားဖြင့် ဈေးကွက်ကို ချဉ်းကပ်နည်း 2 နည်းရှိပါသည်။ ဈေးကွက်နှင့်သက်ဆိုင်သော နိုင်ငံတကာစီးပွားရေး , နိုင်ငံရေး အကြောင်းအရာများကို နားစွင့်ပြီး ဈေးအတက်အကျကို သုံးသပ်နိုင်သော Fundamental Analysis နှင့် ချက်ဇယားပေါ်မှ ဈေး နုန်းအသွားအလာများကို သုံးသပ်ပြီး ဖြစ်နိုင်ချေ ဈေးတန်းကို ခန့်မှန်းသည့် Technical Analysis တို့ကို တော့ အခြေခံ မသိမဖြစ်သိထားရမည်ဖြစ်သည်။ ဤ နည်းတို့ဖြင့် ဈေးကွက်တွင် စနစ် တကျ အရောင်းဝယ်လုပ်နိုင်ပါက Trading သည် စီးပွားရေးတစ်ခု , အရင်းနည်းနည်းနှင့် လူအင်အားမလိုပဲ မည်သူမဆို လုပ်ကိုင်နိုင်သော စီးပွားရေးပင်ဖြစ်သည်။ ပြင်ပ စီးပွားရေးလုပ်ငန်း တစ်ခုလုပ်ကိုင်မည်ဆိုပါကလည်း တစ်ရက်တစ်မနက်ထဲနှင့် မရပါ။ လုပ်ငန်းအတွက် လေ့လာမှုရှိရသည်။ အချိန်ပေးရသည်။ Forex Trading သည်လည်း စီးပွားရေးလုပ်ငန်းဖြစ်ပေရာ အချိန်ပေး လေ့လာရမည်။ ကံကောင်းထောက်မစွာဖြင့် Demo account နှင့်လေ့ကျင့် ခွင့်ရှိသည်။ နားလည် သဘောပေါက်ပြီးဆိုမှ သာလျှင် Real နှင့် ငွေ အရင်းနှီးထည့်ပြီး လုပ်သင့်ပါသည်။
      ကမ္ဘာ့ငွေကြေးဖလှယ်ခြင်းဈေးကွက်သည် ကမ္ဘာ့အကြီးဆုံးဈေးကွက်ဖြစ်ပြီး နိုင်ငံတကာမှ ဘဏ်ကြီးများ , Institution investor များ , ကမ္ဘာ့ရန်ပုံငွေ အဖွဲ့ အစည်းကြီးများ ,ရင်းနှီးမြုပ်နှံသူများ , ဈေးကစားသူများ နှင့် လူနပ် retail trader များအားလုံးပါဝင်နေသည်။ ဤ မျှပင် ငွေဖြစ်လွယ်စွမ်းရှိပြီး တတ်နိုင်သလောက်အရင်းအနှီးနှင့် အချိန်မရွေး နေရာမရွေး အရောင်းအဝယ်လုပ်နိုင်သောဈေးကွက်ကြီးဖြစ်သည်။ 
     Evil broker များနှင့် ၄င်းတို့၏ ဝန်းထမ်းအချို့ကြောင့် forex trading လောကကို တလွဲထင်သူများရှိသည်။ ငွေလိမ်ယာဂူဇာဂိုဏ်းလိုလို အချို့ မှန်ကန်သော broker များမှ မားကတ်တင်းဆင်းသော ဝန်ထမ်းများကိုလည်း လူလိမ်တွေလိုလို ထင်ကြသည်လည်း များစွာရှိနေသည်။ ထို့ကြောင့် broker ရွေးချယ်ရာတွင် မိတ်ဆွေတို့ ကိုယ်တိုင် ကိုယ်ကျ သေချာစိစစ် ရွေးချယ်တတ်ဖို့လိုပါသည်။
Forex market အကြောင်းအသေးစိတ်ရသော် စာအုပ်တစ်အုပ်ဖြစ်သွားနိုင်၍ ဤမျှ ဖြင့် နိဂုံးချု ပ် မျှဝေလိုက်ရပါသည်။ 
ကျွန်မသည် မည်သည့်broker ကမှ မဟုတ်ပါ Freelancer တစ်ယောက်သာ။
No comments:
*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***
ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!