Popular Posts!

Tuesday, March 8, 2011

အခေါက်ရွှေဈေးနှုန်းသည် ယခုအခါ ၁၃ နှစ်တာ ကာလအတွင်း ဈေးနှုန်း ၁၄ ဆကျော် မြင့်တက်


၁၉၉၇ ခုနှစ်က တစ်ကျပ်သားလျှင် ကျပ် ၄၇၃၆၇ သာရှိခဲ့သည့် အခေါက်ရွှေဈေးနှုန်း ယခုအခါ ကျပ် ၆၇၀၀၀၀ ရောက်ရှိနေ

Saturday, 05 March 2011 19:00


ပြည်တွင်းဈေးကွက်အတွင်း ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလခန့်မှစ၍ ယခုအချိန်အထိ ရွှေဝယ်ယူမှု ယခင်ထက်ပိုမို များပြားလာပြီး ရွှေဈေးနှုန်းမှာလည်း ၁၉၉၇ ခုနှစ်က တစ်ကျပ်သားလျှင် ၄၇၃၆၇ ကျပ်သာ ရှိခဲ့သည့် အခေါက်ရွှေဈေးနှုန်းသည် ယခုအခါ ကျပ် ၆၇၀၀၀၀ ကျော် ရောက်ရှိနေမှုကြောင့် ၁၃ နှစ်တာ ကာလအတွင်း ဈေးနှုန်း ၁၄ ဆကျော် မြင့်တက်နေကြောင်း သိရသည်။

မြန်မာ့ရွှေဈေးနှုန်း = ကမ္ဘာ့ရွှေဈေး x ၀.၅၂၅ x အမေရိကန်တစ်ဒေါ်လာဈေး (ပြည်တွင်းကျပ်)


ပြည်တွင်းဈေးကွက်တွင် ရွှေအရောင်းအဝယ်မှာ ပြီးခဲ့သည့် ၁၀ စုနှစ် ဝန်းကျင်ဖြစ်သည့် ၂၀၀၀ ပြည့်နှစ်ကျော်ကတည်းက အရောင်းအဝယ်အေးခဲ့သည်ဟု ရွှေအရောင်းဆိုင်များက ပြောပါသည်။
ရွှေဝယ်ယူစုဆောင်းမှုသည် ရှေးဘိုးဘေးဘီဘင်လက်ထက်ကတည်းက ရှိခဲ့သော်လည်း အခြားသော စီးပွားရေးအခွင့်အလမ်းများ ပေါ်ထွန်းလာမှုကြောင့် ၂၀၀၀ ပြည့်နှစ်ကျော် ခန့်မှ စတင်ကာ ရွှေဝယ်ယူစုဆောင်းကြသည့် အလေ့အထမှာလျော့ပါးခဲ့သည်ဟု ရွှေလုပ်ငန်း၌ မိရိုးဖလာလုပ်ကိုင်နေသူအချို့က ၎င်းတို့၏ အတွေ့အကြုံနှင့် အမြင်ကို ပြောကြားပါသည်။

သို့သော် ယခု ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလခန့်မှ စတင်ကာ ငွေလက်ဝယ်ကိုင်ဆောင် ထားကြသူအများစုမှာ ကားနှင့် ဆက်သွယ်ရေးဖုန်းများတွင် ရင်းနှီးမြှုပ်နှံမှုများထက် အိမ်ခြံမြေလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံလာကြပြီး ရွှေဝယ်ယူ စုဆောင်းမှုမှာလည်း လူလတ်တန်းစားဝန်းကျင်တွင် ရင်းနှီးမြှုပ်နှံမှုတစ်ခုအဖြစ် ဖြစ်ပေါ်ခဲ့သည်။
 
ရွှေဈေးနှုန်းမှာ လက်ရှိပြည်တွင်း ဈေးကွက်၌ နှုန်းရှင်ဖြင့်သွားနေ၍ ဈေးနှုန်းအတက် အကျမှာလည်း မြန်ဆန်နေခြင်းကြောင့် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၆၈၀၀၀၀ ဖြစ်ခဲ့မှုသည် ၁၈ ရက်နေ့မှ စတင်ကာ ကျပ် ၆၆၀၀၀၀ ကျော်သို့ ဈေးနှုန်းပြန်လည် ကျဆင်းခဲ့ရာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် အကယ်ဒမီ မီးလင်းအခေါက်ရွှေမှာ တစ်ကျပ်သားလျှင် ကျပ် ၆၆၉၀၀၀ နှင့် ဘသန်းအခေါက်ရွှေမှာ တစ်ကျပ်သားလျှင် ကျပ် ၆၆၈၀၀၀ ရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင် များအသင်းမှ သိရှိရသည်။

“အခုရက်ပိုင်းအတွင်း ရွှေဈေးနှုန်းက အတက်အကျအရမ်းမြန်ဆန်နေတဲ့အတွက် ဒီနေ့နဲ့ နောက်နေ့တောင် မဟုတ်ဘူး။ ဒီတစ်နေ့တည်းမှာတောင် ရွှေဈေးနှုန်းက အချိန်နဲ့အမျှ ပြောင်းလဲနေတယ်။ ပြီးခဲ့တဲ့ ၁၆ ရက်နေ့က ရွှေဈေးနှုန်းက ကျပ် ၆၈၀၀၀ ကျော်ဖြစ် ခဲ့တာကြောင့် အဲဒီနေ့မှာ ရွှေပြန်လာထုတ်ရောင်းတဲ့သူတွေ အရမ်းများခဲ့တယ်။

ဘာလို့လည်းဆိုတော့ အခေါက်ရွှေဈေးနှုန်းက အဲဒီရက်မတိုင်ခင် ၁၀ ရက်လောက်က တစ်ကျပ်သားကို ကျပ် ၆၃၀၀၀၀ျေကျာ်ပဲ ရှိခဲ့တာကိုး။ ဒါပေမယ့် အတက်အကျ မြန်ဆန်နေတဲ့ အချိန်ဖြစ်နေတာကြောင့် ၁၈ ရက်နေ့က စပြီး ကျပ် ၆၆၀၀၀၀ ကျော်ပြန် ဖြစ်ခဲ့တယ်။ ရွှေအရောင်းအဝယ်လောကမှာ ၂၀၁၀ ပြည့်နှစ် အောက်တိုဘာ လကုန်ပိုင်း အထိက အရောင်းအဝယ်အေးခဲ့ပြီး အဲဒီနောက်ပိုင်းကစပြီး အရောင်းအဝယ် ပြန်ကောင်း လာတယ်လို့ ပြောလို့ရတဲ့အခြေအနေတစ်ရပ် ဖြစ်ခဲ့တယ်။

တချို့ကျတော့လည်း လက်ထဲမှာ ငွေသားချည်းသက်သက် မကိုင်ထားချင်တဲ့အတွက် အမြတ်မရရင်တောင် မရှုံးနိုင်ဘူးဆိုပြီး လာလုပ်ကြတာတွေလည်း ရှိကြတယ်”ဟု ရွှေလုပ်ငန်းရှင်တစ်ဦးက ဆိုပါသည်။

ယခုရက်ပိုင်းအတွင်း ရွှေပြုလုပ်ကြသူအများစုမှာ ခေတ်ပေါ်ဒီဇိုင်းအထည်  ပစ္စည်းများထက်   ပြန်ရောင်းရာ
တွင် အရှုံးမရှိနိုင်သည့် ပစ္စည်းများကိုသာ ပြုလုပ်မှုများကြပြီး နိုင်ငံတကာ ဈေးကွက်တွင်လည်း ရွှေဈေးနှုန်းမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၃၈၉.၁၀ ဖြစ်ပေါ်နေကြောင်း သိရသည်။

Ref : Bi Weekly Eleven
ဖြည့်စွက်ချက်-
၁၉၉၇ ခုနှစ်က ပျမ်းမျှကားတစီးလျှင် ၇-၁၂သိန်းကျပ်သာ ရှိခဲ့ပြီး ယခုအခါ ပျမ်းမျှကျပ် ၂၀၀-၄၀၀သိန်းကျော် ရောက်ရှိနေမှုကြောင့် မြန်မာ့ကားဈေးနှုန်းက ၁၃ နှစ်တာ ကာလအတွင်း ပျမ်းမျှဈေးနှုန်းအဆပေါင်း ၂၅-၃၅ ဆကျော် မြင့်တက်ခဲ့ပြီး(တစ်နှစ်ကို ၂-၂.၅ဆ)လောက်တက်တာတွေ့ရပြီးဖြစ်ကြောင်း နှိုင်းယှဉ်လို့ရအောင်ရေးသားဖြည့်စွက်လိုက်တာပါ၊

1 comment:

Ko Nge said...

်တကယ် ??? စက်မှုလုပ်ငန်းတွင်နိုင်ငံခြားရင်းနှီးမြှမ့်နှံမူရှိလာရင်!!! စက်မှုထုက်ကုန်တွေ ဈေးကျလာနိုင်ပါတယ်လို့ထင်ပါတယ်နော်....အခုတောင်ကားဈေးကျနေပြီလေ!!!

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!