| ယခုတစ်ပတ်ကုန်စည်ဈေးကွက် အတွင်း စားအုန်းဆီဈေးနှုန်းများ ပိုမိုမြင့် တက်လာကြောင်း သိရသည်။ ကြက်သွန် ဖြူအသစ်များဈေးကွက်အတွင်း ၀င်ရောက် လာခဲ့ရာ အဟောင်းဈေးမှာ စံချိန်သစ်တင် မြင့်တက်လျက်ရှိကြောင်း သိရသည်။ ပဲ ဈေးမှာ အကျဘက်သို့သာ ဆက်လက်ဦး တည်နေကြောင်း သိရသည်။ ပဲမျိုးစုံ ပြီးခဲ့သည့်အပတ်က ပိတ်ရက် များရှိခဲ့သဖြင့် အရောင်းအ၀ယ်မဖြစ်ခဲ့ သောမတ်ပဲဈေးကွက်အတွင်း ယခုတစ် ပတ်တွင် မတ်ပဲအာရ်စီကွန်တိန်နာပုံးရေ ၆၀ နီးပါးအရောင်းအ၀ယ်ဖြစ်ခဲ့ကြောင်း သိ ရသည်။ မတ်ပဲဈေးမှာ ကျဈေးနှင့်ပင် အရောင်းအ၀ယ်ဖြစ်နေပြီး ပဲစင်းငုံနီနှင့် ကုလားပဲခြမ်းသည်လည်း ဈေးထပ်မံကျ ဆင်းလာသည်ကို တွေ့ရသည်။ မတ်ပဲ အာရ်စီမှာ ဖေဖော်ဝါရီ ၁၅ရက်တွင် တစ် တန်လျှင် ကျပ် ၆၉၈၀၀၀နှင့် အက်စ်ကြူ အာရ်စီမှာ ကျပ် ၇၉၀၀၀၀ရှိခဲ့သည်။ ပဲစင်း ငုံနီအာရ်စီမှာ ကျပ် ၇၀၅၀၀၀ဈေးရှိခဲ့ပြီး ကုလားပဲခြမ်းတစ်ပိဿာလျှင် ကျပ် ၁၅၅၀ ရှိခဲ့ကြောင်း သိရသည်။ ကြက်သွန်နီ နွေကြက်သွန်အသစ်များ မတ်လ ကုန်ပိုင်းတွင် ထပ်မံဝင်ရောက်လာမည် ဖြစ်ရာ ကြက်သွန်နီဈေး ပိုမိုကျဆင်းဖွယ်ရှိ မည်ဟု ခန့်မှန်းထားကြောင်း ကြက်သွန်နီ အ၀ယ်တော်များထံမှ သိရသည်။ ယခုတစ် ပတ်တွင် ကြက်သွန်နီ ကားစီးရေ ၄၀ကြား မှ ၆၀ကြား အ၀င်ရှိနေကြောင်း သိရသည်။ဖေဖော်ဝါရီ ၁၅ရက်တွင် ဆိပ်ဖြူတစ်ပိဿာ လျှင် ၄၇၅-၆၂၅-၆၇၅-၇၂၅ကျပ်၊ တောင် သာမှာ ၂၅၀-၅၅၀-၆၇၅-၇၂၅ ကျပ်၊ တောင်တွင်းမှာ ၅၅၀-၆၅၀-၇၂၅-၇၅၀ ကျပ်၊ မြင်းခြံမှာ ၃၅၀-၅၂၅-၆၅၀ ကျပ်၊ မြစ်သားမှာ ၇၇၅-၈၅၀-၈၇၅ ကျပ်စီရှိခဲ့ ကြောင်း သိရသည်။ ကြက်သွန်ဖြူ ဇန်န၀ါရီ ၁၂ရက်တွင် ရှမ်း ကြက်သွန်ဖြူထူး (၄)အဆင့်သည် တစ် ပိဿာလျှင် ကျပ် ၄၆၀၀ထိဈေးမြင့်ခဲ့သော် လည်း ၀ယ်လိုအားမရှိခြင်း၊ အသစ်ပေါ် လာသဖြင့် ရောင်းချသူများလာပြီး ကျပ် ၄၃၀၀ သို့ ပြန်လည်ကျဆင်းလာကြောင်း သိရသည်။ သို့သော် ယခုလဆန်းတွင် ဈေး နှုန်းတဖြည်းဖြည်းတက်လာရာ ၉ရက်တွင် တစ်ပိဿာ ကျပ် ၄၉၀၀အထိ ပြန်လည် မြင့်တက်လာကြောင်းသိရသည်။ ရှမ်းကြက် သွန်ဖြူအသစ်များ ယခုလ ၁၅ ရက်တွင် ဈေးကွက်အတွင်း အချိန်စောဝင်ရောက် လာသည့်အတွက် ကြက်သွန်ဖြူများမှာ မခြောက် ဘဲစိုထိုင်းထိုင်းဖြစ်နေကြောင်း သိရသည်။ ရှမ်းကြက်သွန်ဖြူအသစ်မှာ တစ် ပိဿာလျှင် ကျပ် ၃၂၀၀-၃၃၀၀ ရှိပြီး အဟောင်းမှာ ကျပ် ၄၅၀၀-၄၇၀၀-၄၉၀၀ နှင့် ကြူကုတ်မှာ ကျပ် ၃၃၀၀-၃၇၀၀ ရှိကြောင်း သိရသည်။ ငရုတ် ငရုတ်ရှည်အသစ်များ ၀င် ရောက်လာသော်လည်း ဈေးကျမလာဘဲ ဈေးထပ်မံမြင့်တက်လာသည်ကို တွေ့ရ သည်။ ငရုတ်ရှည်များ ဈေးဆက်လက် ကောင်းနေဆဲဖြစ်ပြီး ငရုတ်ပုဈေးနှုန်းများ သည်လည်း တက်ဈေးမှာပင်ရှိနေကြောင်း သိရသည်။ ယခုတစ်ပတ် ဖေဖော်ဝါရီ ၁၅ ရက်တွင် ကျောက်ဆည် မိုးထောင်တစ်ပိ ဿာလျှင် ကျပ် ၂၀၀၀-၂၄၀၀၊ ၀ါးခယ်မ ငရုတ်ရှည်မှာ ကျပ် ၂၄၀၀-၂၈၀၀ရှိခဲ့သည်။ စကငရုတ်ပုမှာ ကျပ် ၃၀၀၀-၃၂၀၀ ဈေးရှိ ခဲ့သည်။ ဆန် ပြည်ပတင်ပို့မှု အခြေအနေကောင်း များရှိနေသောကြောင့် ဆန်ဈေးကွက်အ တွင်း ဈေးနှုန်းများတက်ခြင်း၊ ကျခြင်းရှိ မနေဘဲ ဈေးဆက်လက်ငြိမ်သက်လျက်ရှိ ကြောင်း သိရသည်။ ဧရာဝတီတိုင်းဒေသ ကြီးမှ ဆန်တင်ပို့မှုအားကောင်းလာနေ သော်လည်း အညာဒေသထွက်ဆန်များမှာ ကုန်းလမ်းခရီးစရိတ်စကများကြောင့် တင် ပို့မှုအားနည်းလာကြောင်း ကုန်စည်ဆန် ဈေးကွက်အသိုင်းအ၀ိုင်းမှ သိရသည်။ ယခုတစ်ပတ်တွင် ဘုရင့်နောင်ကုန် စည်ဒိုင်သို့ဆန်အိတ်ရေတစ်သောင်းနီးပါး နေ့စဉ်ဝင်ရောက်လျက်ရှိပြီး ရွှေဘိုပေါ် ဆန်းမွှေးတစ်အိတ်(အဟောင်း) ကျပ် ၃၂၀၀၀- ၃၃၀၀၀၊ ဖျာပုံပေါ်ဆန်း(အဟောင်း)တစ်အိတ် ကျပ် ၂၈၀၀၀-၃၀၀၀၀၊ ဖျာပုံ(အသစ်)မှာ ကျပ်၂၃၀၀၀-၂၅၀၀၀၊ ဧည့်မထ(အဟောင်း) မှာ ကျပ် ၂၂၀၀၀၊ ပေါ်ကျွဲမှာ ကျပ် ၂၂၀၀၀-၂၃၀၀၀နှင့် ငစိန်ဆန်ကြမ်းမှာ ကျပ် ၁၈၀၀၀ ရှိကြောင်း သိရသည်။ Copy By theyangontime |
Popular Posts!
-
Rare Earth Elements ဆိုသည်မှာ Rare Earth Elements ဆိုတာကတော့ Periodic Table မှာ အနီရောင်နဲ့ ၀ိုင်းပြထားတဲ့ ဒြပ်စင်တွေ ကို ခေါ်တာပါဘဲ ၊ စ...
-
Credit@ KoNge ဒီနှိုင်းယှဉ်ချက်ကိုကြည့်ပြီး စကာင်္ပူမှာဆက်နေသင့်လား မနေသင့်ဘူးလား! ပြည်တော်ပြန်သင့်ပြီလား? အမှန်တကယ် ရန်ကုန်မှာ ...
-
မိမိရဲ့ဝတ်လ်ဆိုဒ် ဘလော့တန်ဖိုး ဘယ်လောက်တန်နေပြီလဲ ဆိုတာကိုတော့ဝတ်လ်ဒီဇိုင်းနာ၊ ဘလော့ဂါသမားတွေတိုင်း သိချင်ကျမှာပါနော်! ဒါတွေကို တွက်ချက်တဲ့...
-
1. The lady of Burma By: Gigi Antonelle 2. Burma (Now Myanmar) 3. History Colonized by the British 1940s- General Aung San led its figh...
-
ကြက်ဥ ကို ကျနော်တို့ ကြောက်လန့် ခဲ့ကြဘူးသည် ။ စားဘို့ ထိတ်လန့် ခဲ့ကြဘူးသည် ။ အဘယ်ကြောင့်ပါနည်း ။ ကိုလက်စထရော ကြောင့် ဖြစ်...
-
နွားကျောင်းသား (Friend Ever) ဧပြီ ၁၈၊ ၂၀၁၂ (ယခုရေးသားလျက်ရှိသော မလေးရှားရှိအိမ်ဖော်၊ အိမ်အကူတို့၏ဘ၀ စာများ၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံသားမ...
-
မြန်မာသံရုံးသတင်း(၅) Credit@ Ko Ng မိမိရဲ့ပတ်ပို့ပျောက်ရင် ဘာတွေလုပ်ရမလဲ? ပထမဦဆုံး နီးစပ်ရာ ရဲစခန်းထောက်ခံစာ အရင်ယူရပါတယ်...
-
ကမ္ဘာနိုင်ငံကြီးတွေမှာ သဘာဝထုန်ကုန်တွေ ဈေးကြီးပေးဝယ်နေချိန်မှာ.... အမိနိုင်ငံကလဲ တပိုင်တနိုင်မိမိဒေသ သဘာဝထုန်ကုန်တွေ ရိုးရာ ခေတ်မှီနည်...
Sunday, March 6, 2011
အခြေခံစားကုန် ဈေးကွက်
Subscribe to:
Post Comments (Atom)

No comments:
Post a Comment