နရီလင်းလက် Tuesday, 15 March 2011 18:13 .
မြန်မာ တနိုင်ငံလုံးတွင် လေပြင်းများ တိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းရွာခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း အပါအ၀င် မိုးသက် လေပြင်းများ တိုက်ခတ်မည်ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။
မုတ်သုံရာသီ မကျရောက်မီ ကာလအတွင်း ဖြစ်ပေါ်လာနိုင်သည့် မိုးလေ၀သဖြစ်စဉ်များကို အထူးဂရုပြုသွားရန်နှင့် လေပြင်း တိုက်ခတ်စဉ် မြေပြင်၊ ရေပြင် လေသည် ၁ နာရီ လျှင် ၃၅ မိုင်ခန့် တိုက်ခိုက်နိုင်သည်ဟု ယမန်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။
လာနီညာ ရာသီဥတု ဖြစ်စဉ်တွင် ကျရောက်နေသောကြောင့် မြန်မာနိုင်ငံ အောက်ပိုင်းဒေသများတွင် အချိန်အခါမဟုတ် မိုးထစ်ချုန်းရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်မည်ဟု မိုးလေ၀သနှင့် ဇလဗေဒပညာရှင် ဦးထွန်းလွင်က ဆိုသည်။
အဆိုပါရာသီဥတု ဖြစ်စဉ်များအပြင် မိုးဦးကာလတွင် မြန်မာနိုင်ငံသို့ နှစ်စဉ် ၀င်ရောက်နေသော မုန်တိုင်းအခြေအနေကို အလေးပေး စောင့်ကြည့်ရမည့် အနေအထားတွင် ရှိသည်ဟု သူက ဧရာဝတီကို ပြောသည်။
လာနီညာ၏ အခြေခံသဘောသဘာဝသည် စွတ်စိုထိုင်းမှိုင်းသည့် ရာသီဥတုကို ဖြစ်ပေါ်စေကြောင်း၊ ဖေဖော်ဝါရီလ ၈ ရက်နေ့မှ စတင်ကာ ဆိုက်ဘေးရီးယားဒေသတွင် လေဖိအားများ ရပ်ဝန်းကြီးများ အခြေပျက်၍ ရေငွေ့ပါသည့်လေများ အထက်သို့ တက်လာခဲ့ကြောင်း ဦးထွန်းလွင်က ရှင်းပြသည်။
“မိုးရွာသွန်းတဲ့ အဓိကအကြောင်းရင်းက ရေငွေ့ပါတဲ့ လေတွေ ရှိနေလို့ပါ။ ဒီလေတွေ အထက်ကို တက်လာပြီး မြန်မာနိုင်ငံမှာ ဆိုရင် အစပထမမှာ တနင်္သာရီတိုင်း၊ မတ်လဆန်းလောက်မှာ မွန်ပြည်နယ်၊ မတ်လ ပထမပတ်မှာ မြစ်ဝကျွန်းပေါ် ဒေသအထိ ရောက်လာတယ်။ အခုဆို မြေလတ်ပိုင်း၊ အလယ်ပိုင်းဒေသအထိ တက်လာတယ်။ နောက်ဆက်တွဲအနေနဲ့ ဒီဒေသတွေမှာ မိုးရွာသွန်းတာ၊ လေပြင်းတိုက်တာတွေ ဆက်တိုက်ဖြစ်လာတော့တာပဲ” ဟု သူက ဆိုသည်။
မတ်လ ၁၁ ရက်နေ့က တိုက်ခတ်ခဲ့သော လေပြင်းကြောင့် ရန်ကုန်တိုင်းအတွင်း နေအိမ် အလုံး ၁၁၀၊ တဲ ၃၈ လုံးနှင့် ဧရာဝတီ တိုင်းအတွင်း အိမ်ခြေ ၂၀ ခန့် ပြိုကျပျက်စီးသွားခဲ့သည်ဟု မတ်လ ၁၃ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။
ယင်းကဲ့သို့ မြန်မာနိုင်ငံ အောက်ပိုင်းဒေသများတွင် အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် နွေစပါးနှင့်အတူ ဆောင်းသီးနှံ များဖြစ်သည့် ပဲအမျိုးမျိုး၊ ငရုတ်၊ ပြောင်း၊ ကြက်သွန် စသည့် သီးနှံများ ပျက်စီးသွားရသည်ဟု သိရသည်။
ဧရာဝတီတိုင်း၊ ပုသိမ် ခရိုင်အတွင်းရှိ အင်းမကျေးရွာမှ တောင်သူတဦးက “ပဲတွေက အကုန်ဆွတ်ပြီးချိန် မိုးကရွာချလိုက်တော့ ရေထိပြီး အခု အညှောင့် ထွက်ကုန်ပြီ” ဟု ပြောသည်။
ယခုအချိန်သည် စိုက်ပျိုးသီးနှံများ ရင့်မှည့်ကာ ဆွတ်ယူချိန် ဖြစ်သောကြောင့် အလေအလွင့်၊ အပျက်အစီးနှင့် ရောင်းချရာ တွင် ဈေးကောင်းမရသည့်အပြင် ဆောင်းသီးနှံအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သီးနှံတဧကလျှင် ကျပ် ၁ သောင်းကျ ထုတ်ချေးထားသည့် ငွေများ ပြန်ဆပ်ရန် အခက်အခဲပါ ရှိလာနိုင်သည်ဟု သူကရှင်းပြသည်။
“ငရုတ်ခင်းတွေ တော်တော်ပျက်တယ်။ နွေနေပူမှ ငရုတ်ကလည်းသန်တာ ဆိုတော့ အစောပိုင်းရက်တွေမှာ မိုးက အုံ့နေတော့ ငရုတ်က အခြေအနေ မကောင်းဘူး။ မိုးက ထပ်ရွာလိုက်တော့ ပိုဆိုးသွားတာပေါ့။ အခု အခြေအနေအထိ တဖျောက်ဖျောက် ရွာနေတုန်း” ဟု ဧရာဝတီတိုင်း ပန်းတနော်မြို့နယ် ဒေါင်ကြီး ကျေးရွာမှ ငရုတ်စိုက်ပျိုးသူတဦးက ပြောသည်။
လက်ရှိ မိုးရွာသွန်းမှု ပမာဏမှာ ဒေသအလိုက် ၄၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းခန့် ရှိသည်ဟု မိုးလေ၀သ ပညာရှင် ဦးထွန်းလွင်က ဆိုသည်။
ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် နေရာ ကျဲကျဲ၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်သည်ဟု ယနေ့ထုတ် သတင်းစာတွင် ဖော်ပြထားသည်။
လက်ရှိ ခန့်မှန်းထားချက်များအရ ဖေဖော်ဝါရီလ ၁၈ ရက်နေ့အထိ မိုးထစ်ချုန်း ရွာသွန်းမှုများရှိနေခဲ့ပြီး ယခုတနှစ်လုံး မိုးရွာ သွန်းမှု အခြေအနေမှာ နည်းပါးမည် မဟုတ်ကြောင်း ဦးထွန်းလွင်က ဧရာဝတီကို ပြောသည်။
“မြန်မာနိုင်ငံ တောင်ပိုင်းနဲ့ မြစ်ဝကျွန်းပေါ်တွေမှာ မိုးဆက်လက် ထစ်ချုန်းပြီး ရွာဖို့ သေချာသလောက်ရှိတယ်။ တချို့ ဒေသ တွေမှာ လေပြင်းတိုက်တာတွေ ရှိလာနိုင်တယ်။ အခုမှ အစရှိသေးတော့ စောင့်ကြည့်ရဦးမယ်။ နွေကာလမှာတောင် ဒီလောက် ဖြစ်နေတာ ကျန်တဲ့ ရာသီမှာ ဒီထက်ဆိုးဖို့ရှိတယ်” ဟု သူက ဆိုသည်။
ဂျပန်ဆူနာမီနောက်ဆက်တွဲ နျူကလီးယား ဓာတ်ပေါင်းဖိုများ ပေါက်ကွဲမှုကြောင့် မြန်မာနိုင်ငံ အပါအဝင် အာဆီယံနိုင်ငံများ၌ အက်ဆစ်မိုးများ ရွာသွန်းမည်ဟု ပြောဆိုနေကြခြင်းမှာ ကောလာဟလများသာ ဖြစ်သည်ဟု ဦးထွန်းလွင်က ပြောသည်။
“နျူကလီးယား ဓာတ်ပေါင်းဖိုတွေက ဂျပန်နိုင်ငံရဲ့ အရှေ့မြောက်ဘက်မှာရှိပြီး အဲဒါနဲ့ အနီးဆုံးက ရုရှားနိုင်ငံ အရှေ့ဘက်စွန်း ဒေသပါ။ သူက နျူကလီယား ဗုံးလို ပေါက်ကွဲမှာမဟုတ်ဘူး။ ဓာတ်ငွေ့တွေ ယိုစိမ့်ပြီး လူတွေကို ဓာတ်ရောင်ခြည် သင့်တာမျိုး ဖြစ်မှာပဲ စိုးရိမ်ရတာ။ အခုလောလောဆယ် ဂျပန်မှာတောင် စောင့်ကြည့်နေတဲ့ အဆင့်မှာပဲ ရှိပါသေးတယ်” ဟု သူက ရှင်းပြသည်။
ယခုလက်ရှိ ဂျပန်နိုင်ငံ၌ တိုက်ခတ်နေသည့် လေများသည် အားကောင်းသည့် အနောက်လေစီးကြောင်းများ ဖြစ်သောကြောင့် ရေဒီယို သတ္တိကြွ ဓာတ်များမှာ ဂျပန်၏ အရှေ့ဘက် ပစိဖိတ် သမုဒ္ဒရာထဲသို့ ရွေ့စေမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေနှင့် စိုးရိမ်စရာ မရှိသကဲ့သို့၊ မြန်မာနိုင်ငံအပေါ် အကျိုးသက်ရောက်ရန် အခြေအနေ မရှိသလောက် နည်းပါးကြောင်း ဦးထွန်းလွင်က ပြောဆိုလိုက်သည်။
from bur.irrawddy.org
Popular Posts!
-
Rare Earth Elements ဆိုသည်မှာ Rare Earth Elements ဆိုတာကတော့ Periodic Table မှာ အနီရောင်နဲ့ ၀ိုင်းပြထားတဲ့ ဒြပ်စင်တွေ ကို ခေါ်တာပါဘဲ ၊ စ...
-
Credit@ KoNge ဒီနှိုင်းယှဉ်ချက်ကိုကြည့်ပြီး စကာင်္ပူမှာဆက်နေသင့်လား မနေသင့်ဘူးလား! ပြည်တော်ပြန်သင့်ပြီလား? အမှန်တကယ် ရန်ကုန်မှာ ...
-
ကမ္ဘာနိုင်ငံကြီးတွေမှာ သဘာဝထုန်ကုန်တွေ ဈေးကြီးပေးဝယ်နေချိန်မှာ.... အမိနိုင်ငံကလဲ တပိုင်တနိုင်မိမိဒေသ သဘာဝထုန်ကုန်တွေ ရိုးရာ ခေတ်မှီနည်...
-
မိမိရဲ့ဝတ်လ်ဆိုဒ် ဘလော့တန်ဖိုး ဘယ်လောက်တန်နေပြီလဲ ဆိုတာကိုတော့ဝတ်လ်ဒီဇိုင်းနာ၊ ဘလော့ဂါသမားတွေတိုင်း သိချင်ကျမှာပါနော်! ဒါတွေကို တွက်ချက်တဲ့...
-
ကိုယ့်ရဲ့ မြန်မာသက္ကရာဇ်ကို (၇) နဲ့ စားပြီး ကြွင်းသော ဂဏန်းသည် (၄) ဖြစ်ပါက (၄)ကြွင်းဖွားများဟု သတ်မှတ်ပါသည်။ မြန်မာသက္ကရာဇ်မသိပါက ကိုယ်မွေ...
-
နွားကျောင်းသား (Friend Ever) ဧပြီ ၁၈၊ ၂၀၁၂ (ယခုရေးသားလျက်ရှိသော မလေးရှားရှိအိမ်ဖော်၊ အိမ်အကူတို့၏ဘ၀ စာများ၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံသားမ...
-
Sunday, March 25, 2012 Shampoo and Conditioner Alone Won't Give You Healthy Hair ဘယ်လောက် ကောင်းပါတယ်ဆိုတဲ့ ခေါင်းလျှော်ရည်န...
-
ယနေ့ Park Royal ဟိုတယ်မှာ ပြသခွင့်မရခဲ့တဲ့ ကျောက်စိမ်းနဲ့ စစ်ဗိုလ်ချုပ်များမှတ်တမ်း ( Jade and the Generals) ရဲ့ Trailer Video Files ...
Subscribe to:
Post Comments (Atom)

No comments:
Post a Comment