Popular Posts!

Monday, March 14, 2011

အမျိုးသမီးများ တွင်သာမက အမျိုးသားများတွင်လည်း ရင်သားကင်ဆာဖြစ်ပေါ်နိုင်

 အမျိုးသားများသတိထားရန်လိုအပ်



အမျိုးသမီးများ တွင်သာမက အမျိုးသားများတွင်လည်း ရင်သားကင်ဆာရောဂါ ဖြစ်ပေါ်နိုင်သည်ဟု သိရပြီးအမျိုးသားများတွင် ဖြစ်ပေါ်သော ရင်သားကင်ဆာသည် အမျိုးသမီးများထက် မျိုးရိုးပိုလိုက်တတ်ကြောင်း ကင်ဆာရောဂါ အထူးကု ပါမောက္ခ ဆရာဝန်ကြီးများ၏ ပြောကြားချက်အရ သိရသည်။

ရင်သားကင်ဆာရောဂါသည် အမျိုးသားများတွင်လည်း ဖြစ်ပေါ်နိုင်သည်ဟုသိရပြီး မျိုးရိုးဗီဇ ပိုလိုက်တတ်သောကြောင့် ရောဂါဖြစ်ပွားခဲ့သော အမျိုးသား၏ ဆွေမျိုးသားချင်းနှင့် မျိုးရိုးစဉ်ဆက်တို့တွင် ရင်သားကင်ဆာရောဂါ မဖြစ်ပွားစေရန် အတွက် ကြိုတင်စမ်းသပ်ခြင်း၊ စစ်ဆေးခြင်း၊ ရင်သားဓာတ်မှန်ရိုက်ခြင်း တို့ဖြင့် ကျန်းမာရေးအသိရှိစွာ ကြိုတင်ဆောင်ရွက်ထားရန် လိုအပ်သည် ဟု ပါမောက္ခဒေါက်တာစိုးအောင် က ၂၀၁၁ ခုနှစ် မတ်လ ၁ ရက်နေ့ တွင် ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သော ရင်သားကင်ဆာအကြောင်း ဟောပြောပွဲတွင် မေးမြန်းချက်များအပေါ် ပြန်လည် ဖြေကြားသွားခဲ့သည်။

"ရင်သားကင်ဆာဟာ အမျိုးသားတွေမှာလည်း ဖြစ်ပေါ်နိုင်ပါတယ်။ အမျိုးသားတွေမှာဖြစ်ရင် မျိုးရိုးဗီဇ ပိုလိုက်တတ်တဲ့အတွက် သူ့ရဲ့အစ်မ၊ ညီမသားချင်းတွေမှာ ဖြစ်လာနိုင်ပါတယ်။ ကုထုံးကတော့ အမျိုးသမီး တွေနဲ့ အတူတူပါပဲ။ စောစောသိရင် ၉၀ ရာခိုင်နှုန်းလောက်က ကုသလို့ရနိုင်တာမို့ ကြိုတင်စမ်းသပ်ဖို့လိုပါတယ်။ ရင်သားမှာအကြိတ်အဖုတွေ့တိုင်း ကင်ဆာတော့ မဟုတ်ပါဘူး။ ဒီအတွက်ရင်သားကို ဓာတ်မှန်ရိုက် ကြည့်ဖို့လိုပါတယ်။ အဲဒါက ၈၅ ရာခိုင်နှုန်းလောက် ရင်သားကင်ဆာ ဆိုတာကို သိနိုင်ပြီး ၁၅ ရာခိုင်နှုန်း လောက်ကတော့ လွဲနိုင်ပါတယ်။ ၄၅ ရာခိုင်နှုန်းလောက်က မပေါ်ခင်၊ စမ်း လို့ မရခင်မှာ တွေ့နိုင်ပါတယ်။

အကောင်းဆုံးကတော့ မိမိကိုယ်ကို စမ်းသပ်ကြည့်ဖို့လိုပါတယ်။ သံသယ ရှိရင်တော့ ဓာတ်မှန်ရိုက်ကြည့်ပြီး ကျွမ်းကျင်သူတွေနဲ့ ပြသကြည့်ရမှာပါ။ ကြောက်ပြီးဖုံးထားတာ၊ ရှက်လို့ မပြတာတွေ မလုပ်သင့်ပါဘူး။ ရင်သားကင်ဆာဟာ အမျိုးသမီးတွေမှာ ဖြစ်ပေါ်တတ်တဲ့ ကင်ဆာတွေထဲမှာ ဒုတိယအဖြစ်အများဆုံး ကင်ဆာပါ ပဲ။ အမျိုးသမီးတွေမှာလည်း မျိုးရိုး လိုက်တတ်ပေမယ့် အမေဖြစ်တိုင်း သမီးမှာ ဖြစ်ချင်မှ ဖြစ်တာပါ။ မျိုးရိုး တစ်ခုမှာတော့ ပေါ်တတ်ပါတယ်" ဟု ပါမောက္ခဆရာဝန်ကြီးက ဆိုသည်။

အမျိုးသမီးများတွင်မူ ရင်သားကင်ဆာသည် ဒုတိယအဖြစ်အများဆုံး ကင်ဆာတစ်ခုဖြစ်သည်ဟု သိရသည်၊၊ ကင်ဆာမဟုတ်သော အဆီကြိတ်များ၊ ရင်သားအကြိတ်များသည် ခွဲစိတ်၍ထုတ်ပြီးလျှင် အခြားသို့ ပြန့်နှံ့ခြင်းမရှိသော်လည်း ကင်ဆာကြိတ်သည် နီးစပ်ရာခန္ဓာကိုယ် အစိတ်အပိုင်းသို့ ပြန့်နှံ့နိုင်ပြီး သွေးကြော၊ သားငံရည်ကြောများမှတစ်ဆင့် အခြား ခန္ဓာကိုယ် အစိတ်အပိုင်းများသို့ရောက်ရှိသွားကာ အသက်အန္တရာယ်ရှိနိုင်သည်ဟု သိရသည်။ ယင်းကြောင့် စောစီးစွာသိရှိပါက ကုသ၍ပျောက်ကင်း နိုင်သောကြောင့် ကြိုတင်စမ်းသပ်သင့်သည်ဟု သိရသည်၊၊ အထူးသဖြင့် အသက် ၄၀ ကျော် အမျိုး သမီးများ ရင်သားဓာတ်မှန်ရိုက်စစ် ဆေးသင့်ပြီးကျွမ်းကျင်သူဖြင့်ပြသ ကာစမ်းသပ်ခြင်း၊ ရင်သားတီဗီရိုက် ခြင်း၊ ရင်သားရှိအကြိတ်ကို အပ် ဖြင့်စုတ်ကြည့်ခြင်း၊ အသားစယူ၍ စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ပြီး ကင်ဆာဖြစ်ပေါ်မှု အမျိုးအစား၊ အရွယ်ပမာဏပြန့်နှံ့မှုအပေါ်မူတည် ၍ ကုသမှုကွဲပြားနိုင်သည်ဟု သိရ သည်။

ရင်သားကင်ဆာကို ကုသမှု အဆင့်ဆင့်အနေဖြင့် ခွဲစိတ်ကုသခြင်း၊ ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း၊ ဆေးထိုးဆေးစား၍ ကုသခြင်း၊ ဟော်မုန်းဖြင့် ကုသခြင်းတို့ ဖြစ်ပြီး အမျိုးသားများတွင် ဖြစ်ပေါ်သော ရင်သားကင်ဆာသည် လည်း ကုထုံးအတူတူပင် ဖြစ်သည် ဟု သိရသည်။

Copy by eleven-news



No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!