(အေအက်ဖ်ပီ)ဇော်ဝင်း ဘာသာပြန်သည်။ အတွဲ ၂၆ ၊ အမှတ် ၅၁၀ (၁၈ - ၂၄ ၊ ၃ ၊ ၂၀၁၁)
စင်ကာပူနိုင်ငံ၌ ဖွင့်လှစ်လိုက်သော ကမ္ဘာ့အကြီးဆုံး ဒီဇယ် စက်ရုံကြီးကို တွေ့ရစဉ်။
ဓာတ်ပုံ - အေအက်ဖ်ပီစင်ကာပူ - ကမ္ဘာ့အကြီးဆုံး ဒီဇယ်စက်ရုံ ကြီးကို ဖင်လန်ကုမ္ပဏီ Neste Oil က စင်ကာပူနိုင်ငံတွင် လွန်ခဲ့သော သီတင်းပတ်၌ ဖွင့်လှစ်လိုက် သည်။
စားအုန်းဆီနှင့် တိရစ္ဆာန်ဆီများကဲ့သို့သော ကုန်ကြမ်းများအား အသုံးပြု ကာ ထုတ်လုပ်မည့် ယူရိုငွေ ၅၅၀ သန်း (အမေရိကန်ဒေါ်လာ ၇၆၉ သန်း) တန် စက်ရုံကြီးသည် စားအုန်းဆီထုတ်လုပ်မှု အားကောင်းသည့် မလေးရှားနှင့် အင်ဒို နီးရှားနိုင်ငံများမှ ကုန်ကြမ်းယူကာ ဥရောပ၊ ကနေ ဒါနှင့် အမေရိကန်ပြည် ထောင်စုသို့ ဈေးကွက်တင်ရောင်းချ သွားမည် ဖြစ်သည်။
ယင်းနိုင်ငံကြီးများတွင် ဇီဝလောင်စာတင်သွင်းခွင့်ရှိပြီးလည်း ဖြစ်သည်။
"အာရှဈေးကွက်ဟာ နောက်ငါးနှစ် အတွင်းမှာကို ကျွန်တော်တို့အတွက် ဈေးကွက်ကြီးကြီးမားမား ဖြစ်မလာသေးပါဘူး"ဟု Neste Oil Corp ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ မက်တီလီဗိုနင်က စက်ရုံ ဖွင့်ပွဲတွင် ပြောသည်။
နှစ်စဉ်ထုတ်လုပ်မှု မက်ထရစ်တန်ချိန် ရှစ်သိန်းရှိသော စင်ကာပူနိုင်ငံရှိ စက်ရုံ သစ်ကြီးသည် ပြန်လည်အသုံးပြုနိုင်သော ကုန်ကြမ်းမှ ထုတ် လုပ်သည့် ကမ္ဘာ့ အကြီးမားဆုံး ဒီဇယ်စက်ရုံတစ်ခု ဖြစ်သည်ဟု Neste Oil က ဆိုသည်။
NExBTL ဟု အမည်ရသည့် Neste Oil ၏ စက်ရုံသစ်မှ ထွက်ရှိ ဒီဇယ်သည် သမားရိုးကျဒီဇယ်များထက် ဈေးနှုန်းကြီးမြင့်သော်လည်း ကမ္ဘာပေါ်တွင် အသန့်စင်ဆုံး ဒီဇယ်ဖြစ်သည်ဟု ၎င်း ကုမ္ပဏီက ပြောသည်။
NExBTL ဒီဇယ်အား ဒီဇယ်အင်ဂျင် အားလုံးတွင် အသုံးပြုနိုင်ကာ အခြားသာမန်ဒီဇယ်များနှင့်စာလျှင် သိသိသာသာပင် မီးခိုးထွက်ရှိမှု နည်းပါးသည် ဟု ကုမ္ပဏီက ပြောသည်။
စက်ရုံအတွက် ကုန်ကြမ်း ၄၅ ရာခိုင် နှုန်းခန့်အား လတ်တလောတွင် အိမ်နီးချင်း မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများမှ စားအုန်းဆီ များအား ရယူလျက်ရှိကာ အခြားကုန်ကြမ်းများကို ဩစတြေးလျနှင့် နယူးဇီလန်နိုင်ငံများမှ စွန့်ပစ် တိရစ္ဆာန်အဆီများနှင့် စားအုန်းဆီ ဘေးထွက်ပစ္စည်းများအား ရယူသုံးစွဲ လျက်ရှိသည်။
မလေးရှားနှင့် အင်ဒိုနီးရှား နှစ်နိုင်ငံလုံးရှိ စားအုန်းဆီလုပ်ငန်းများသည် သဘာဝပတ်ဝန်းကျင်ရေးရာ လှုပ်ရှားသူများ၏ ဖိအားပေးမှု များအား ခံရလျက်ရှိသည်။
စားအုန်းဆီလုပ်ငန်းများကြောင့် သစ်တောပြုန်းတီးခြင်း၊ ကြံ့နှင့် အိုရန် အူတန်လူဝံ တိရစ္ဆာန်မျိုးစိတ်များအား ခြိမ်းခြောက်ခြင်းများ ရှိသည်ဟု သဘာဝ ပတ်ဝန်းကျင်ရေးရာသမားများက ဝေဖန်ပြောကြားသည်။
Neste Oil က ၎င်းတို့၏ စင်ကာပူ စက်ရုံသည် ဂျာမနီမှချီးမြှင့်သည့် နိုင်ငံတကာ ကာဗွန်ထိန်းသိမ်းမှု လက်မှတ် ရရှိပြီးဖြစ်ကာ နိုင်ငံတကာ သဘာဝပတ် ၀န်းကျင် စံချိန်စံညွှန်းများနှင့်လည်း ကိုက်ညီမှုရှိသည်ဟု ဆိုသည်။
၎င်းတို့၏ကုမ္ပဏီသည် ရေညှိနှင့် ပိုး မွှားများတို့ကဲ့သော အခြားကုန်ကြမ်းများမှ သန့်စင်သော ဒီဇယ်ထုတ်လုပ်နိုင်ရေးအတွက်လည်း ကုမ္ပဏီ၏ ၈၀ ရာခိုင်နှုန်းကို သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် လျာထားသည်ဟု လီဗိုနင်က ပြောသည်။
သို့ရာတွင် ရေညှိသည် ရေချိုနှင့် မြေပြင်ပေါ်တွင် ပေါက်ရောက်မှုမရှိပဲ ပင်လယ်ရေတွင်သာ ပေါက်ရောက်နိုင်သည်ဟု ကုမ္ပဏီက ပြောကာ ရေညှိ လေ့လာမှုသည် ကနဦးအဆင့်တွင်သာ ရှိသေးသည်ဟု ၎င်းက ပြောသည်။
From myanmartimenews
Popular Posts!
-
Do you dare smash your phone with a hammer? If you have this screen protector on, you'd probably won't either but this person did...
-
တရုတ်နှင့်မြန်မာလူကြီးတွေက အနောက်နိုင်ငံကြီးတွေကို နိုင်ငံရေးကစားကွက်လေး တအားလှ ပါတယ်ဗျ..... ဘယ်သူတွေ ဘာဖြစ်ကျန်ခဲ့မလဲတော့ မသိသေးပါဘူး...
-
မိမိရဲ့ဝတ်လ်ဆိုဒ် ဘလော့တန်ဖိုး ဘယ်လောက်တန်နေပြီလဲ ဆိုတာကိုတော့ဝတ်လ်ဒီဇိုင်းနာ၊ ဘလော့ဂါသမားတွေတိုင်း သိချင်ကျမှာပါနော်! ဒါတွေကို တွက်ချက်တဲ့...
-
ဒါက f lash drive s တွေနှင့် Window နှင့် MAC OSတွေကို တွဲသုံးချင်သူတွေတွက်ပါ... Format မတူတာကိုပြထားတာပါ.... NTFS vs FAT vs exFAT ...
-
တိဗက်၏ ကျင့်စဉ်တခုဖြစ်သည့် " တူနှစ်ကိုယ် ကျင့်စဉ် " နှင့်ပက်သက်ပြီး " ဒလိုင် လားမား " အပေါ် ဆန့်ကျင် ကန့်ကွက်မှုမ...
-
ဤစာမျက်နှာတွင် ရေးသားထားသော ဆေးဝါးများအကြောင်းသည်သူနာပြု၊ ဆေးမှူး၊ ဆေးခန်းလက်ထောက်၊ လူထု-ကျန်းမာရေး-လုပ်သားများ အတွက်နှင့် ဆရာဝန်မှဆေးညွှန်းလ...
-
WHY... ....????? မိန်းမတွေ ဘာကြောင့် ဖောက်ပြန်ကြသလဲ? လောကကြီးမှာ အမျိုးသားတွေချည်းပဲ ဖောက်ပြန်တတ...
-
A lover knows only humility, he has no choice. He steals into your alley at night, he has no choice. He longs to kiss every lock of your hai...
Subscribe to:
Post Comments (Atom)

No comments:
Post a Comment