
စင်ကာပူရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကိုတွေ့ရစဉ်နိုင်ငံခြားသား အလုပ်သမားများအတွက် စင်ကာပူအလုပ်ရှင်များ မှ အစိုးရသို့ ပေးဆောင်ရသည့် Levy ကြေးတိုးမြှင့်လိုက်မှုများအရ လက်ရှိ S Pass နှင့် Work Permit ဖြင့် လုပ်ကိုင်နေကြသော မြန်မာအလုပ်သမားများ အပေါ် အတိုင်းအတာ တစ်ခုထိ သက်ရောက်မှုရှိလာနိုင်မည် ဖြစ်ကြောင်း စင်ကာပူအလုပ်သမားရေးရာ ကျွမ်းကျင်သူအချို့က မှတ်ချက်ပြုကြသည်။
၂၀၁၀ ပြည့်နှစ် ဇူလိုင်လမှ စတင်ကာ လစဉ်နိုင်ငံခြားသား အလုပ်သမားများအတွက် ပေးဆောင်ရသည့် Levy ကြေးများကို တဖြည်းဖြည်းချင်း တိုးမြှင့်သွားမည်ဟု စင်ကာပူရှိ Ministry of Manpower-MOM ထုတ်ပြန်ထားရှိခဲ့ရာ ယင်းသို့ လုပ်ဆောင်ရခြင်းသည် စင်ကာပူရှိ ကျွမ်းကျင်အလုပ်သမားများ ပိုမိုထွက်ပေါ်လာစေရန် မဟာဗျူဟာမြောက် အစီအစဉ်တစ်ရပ်အနေဖြင့် စီစဉ်ရခြင်းဖြစ်သည်ဟု MOM ၏ သတင်းထုတ်ပြန်ထားချက်အရ သိရသည်။
ယင်း ထုတ်ပြန်ချက်များအရ စင်ကာပူရှိအလုပ်ရှင်များ လက်ရှိပေးဆောင်နေရသော Levy ကြေးတွင် Work Permit နှုန်းထားသည် S Pass ထက် ပိုမိုမြင့်မားနေခဲ့ရာ ကျွမ်းကျင်မှုနည်းသည့် အလုပ်သမားများထက် ကျွမ်းကျင်မှုမြင့်မားသော အလုပ်သမားများအား ပိုမိုခန့်ထားလာစေရန် အဓိကရည်ရွယ်ခြင်းဖြစ်သည်ဟု စင်ကာပူပညာရေး ကျွမ်းကျင်သူ ဦးအောင်ကျော်ဆန်းက ရှင်းပြခဲ့သည်။
Work Permit ကိုင်ဆောင်ထားသည့် နိုင်ငံခြားသား အလုပ်သမားများ အများဆုံးအား ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် တွေ့ရကြောင်းနှင့် Work Permit နှင့် S Pass ကိုင်ဆောင်ထားသော နိုင်ငံခြားသား အလုပ်သမားများအနေဖြင့် တစ်လလျှင် စင်ကာပူဒေါ်လာ ၈၀၀ နှင့် ၁၈၀၀ ကြားရရှိကြရာ ၂၀၁၀ ပြည့်နှစ်တွင် ၀န်ဆောင်မှုလုပ်ငန်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းများတွင် အလုပ်သမားအများဆုံး တွေ့ခဲ့ရကြောင်း သိရသည်။
၂၀၁၃ခုနှစ် ဇူလိုင်လမတိုင်မီ အလုပ်ရှင်များမှ ပေးဆောင်ရမည့် Levy ကြေးတိုးမြှင့်မှုစာရင်း (စင်ကာပူဒေါ်လာ)
ကဏ္ဍနှင့် Pass အမျိုးအစား- လက်ရှိနှုန်းထား- July 2011-Jan 2012-July 2012- Jan 2013-July2013
All sectors (S Pass) 110-150 120-180 160-250 200-320 250-390 300-450
Manufacturing(WP) 170-450 180-450 190-450 210-470 230-500 250-550
Services(WP) 170-450 180-450 210-470 240-500 270-550 300-600
Construction(WP) 160-310 180-380 200-450 250-500 280-550 300-600
Process(WP) 160-310 180-380 180-380 210-470 230-500 250-550
Marine(WP) 170-300 180-380 190-300 210-310 230-330 250-350
Copy by elevennews
No comments:
Post a Comment