
စင်ကာပူနိုင်ငံရှိ အသက်(၉)နှစ်မှ
(၂၆)နှစ်အကြားရှိ အမျိုးသားများအနေဖြင့်
Human Papilloma Virus(HPV) ကာ
ကွယ်ဆေးထိုး၍ လိင်အင်္ဂါစပ်
အဖုကို ကာကွယ်နိုင်မည်ဖြစ်
ကြောင်း သိရသည်။ ထိုအဖု
များသည် လိင်အင်္ဂါနှင့် စအို
ကင်ဆာဘေးဥပဒ်ကို ဖြစ်ပွားစေနိုင်ပြီး မတူ
ကွဲပြားသော HPVမျိုးဗီဇ၁၀မျိုးကျော်မှ ပေါ်ပေါက်လာသောအဖုများလည်းဖြစ်သည်။
HPVသည် အမျိုးသမီးများ၌ သားအိမ်ခေါင်းကင်ဆာဖြစ်ပွားစေသော ဗိုင်းရပ်စ်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် သိထားကြသည့် ဗိုင်းရပ်စ်လည်းဖြစ်သည်။ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးမှာ ၂၀၀၆ခုနှစ်ကတည်းကပင် စတင်အသုံးပြုနိုင်ကြောင်း သိရသည်။
စင်ကာပူနိုင်ငံ၏ ဆေးဝါးဆိုင်ရာစည်းမျဉ်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဖြစ်သည့် ကျန်းမာရေးသိပ္ပံ အာဏာပိုင်အဖွဲ့(HSA)က ဒီဇင်ဘာလက Gardasil ဆိုသော ကာကွယ်ဆေးအား အမျိုးသားများအတွက် အသုံးပြုနိုင်ကြောင်း မီးစိမ်းပြခဲ့သည်။ Gardasil ကာကွယ်ဆေးသည် Merck Sharpe & Dohme ဆေးဝါး ထုတ်လုပ်သည့်ကုမ္ပဏီမှတင်ပြလာသည့် ဆေးကုသမှုဆိုင်ရာ လေ့လာဆန်းစစ်မှုအပေါ်အခြေခံကာ ထုတ်လုပ် ထားခြင်းဖြစ်သည်။ Gardasil သည် အမျိုးသမီးအား သားအိမ်ခေါင်းကင်ဆာမှ အကာအကွယ်ပေးသည့် HPV ကာကွယ်ဆေးနှစ်မျိုးအနက်မှ တစ်မျိုးဖြစ်ကြောင်း သိရသည်။ ယခုအခါ Gardasil အား အမျိုးသားများ အတွက် အသုံးပြုနိုင်ရန် ပြောင်းလဲဆောင်ရွက်လာခြင်းဖြစ်သည်။
လိင်အင်္ဂါဆိုင်ရာ အသားမာဖုများသည် လိင်ဆက်ဆံမှုအားဖြင့် တစ်ဆင့်ပေးပို့ကူးစက်မှုများထဲမှ တစ်ခုဖြစ်သည်။ ၂၀၀၉ခုနှစ်တွင် စင်ကာပူနိုင်ငံ၌ လိင်အင်္ဂါဆိုင်ရာအသားမာဖုဖြစ်ပွားသောအမျိုးသား ၁၀၀၀ ကျော်ခန့်ရှိပြီး အမျိုးသားလူနာ ၁၀ဦးတွင် ကိုးဦးဖြစ်ပွားကြောင်း တွေ့ရှိခဲ့ရသည်။ အသားမာဖုလေးများသည် တဖြည်းဖြည်းချင်း ကြီးထွားလာခဲ့ပြီး အမျိုးသားတို့၏လိင်အင်္ဂါပေါ်တွင် ပွားများလာကာ ပန်းဂေါ်ဖီသဏ္ဌာန် အ>ပတ်အခဲများအဖြစ် ပေါ်ပေါက်လာတတ်သည်ဟုဆိုသည်။ လိင်အင်္ဂါဆိုင်ရာ အသားမာဖုများသည် HPVမှ နေ၍ ရာခိုင်နှုန်း ၉၀ ဖြစ်ပွားတတ်သည်ဟုဆိုသည်။
HPVအမျိုးအစား ၁၀၀ကျော်ခန့်ရှိပြီး အမျိုးအစား ၁၆နှင့် ၁၈ကဲ့သို့သော ဗိုင်းရပ်စ်များက သားအိမ် ခေါင်းကင်ဆာဖြစ်ပွားစေ၍ အမျိုးအစား ၆နှင့် ၁၁သည် လိင်အင်္ဂါဆိုင်ရာအသားမာဖုများကို ဖြစ်ပေါ်စေ ကြောင်း သိရသည်။
From theyangontim-news
No comments:
Post a Comment