မုံရွာ၊ မတ် ၈- မုံရွာခရိုင် ပုလဲမြို့နယ် တစ်ဝိုက်ရှိ တောနယ်များတွင်
ကုန်းလိပ် ကျင်ငယ်ရည်ဖြင့် လေဖြတ်ဝေဒနာရှင်များ ကို လိမ်းကျံပေးခြင်းအားဖြင့် ဝေဒနာ
ပျောက်ကင်းနေကြ၍ အသုံးတွင်ကျယ်နေ ကြောင်း သိရသည်။ အဆိုပါ လိပ်ကျင်ငယ် ရည်ထုတ်ရာတွင်
ကုန်းလိပ်တစ်မျိုးတည်း သာ ဆေးဖက်ဝင်ကြောင်း သိရသည်။
''ကုန်းလိပ်ကို
မိုးကာသန့်သန့် ပေါ်မှာထားပြီး အပေါ်က တောင်းအုပ် ထားရပါတယ်။ နေသာတဲ့နေ့မှ လုပ်ရတာ
ပါ။ လိပ်က နည်းနည်းတော့ ပူတာပေါ့။ ဒါမှ အပူကျင်ငယ်ရည်ရပြီး ဆေးစွမ်းတာ။ လိပ်က
ကျင်ငယ်ရည်ကို နည်းနည်းပဲစွန့် တယ်။ အဲဒါကို ပုလင်းနဲ့ ခပ်ယူပြီး တစ်
နေ့သုံးကြိမ်ခန့် လေဖြတ်တဲ့လူနာကို လိမ်း ပေးရတယ်။ ပါးစပ်ကလဲ ဘုရားဆေး၊ သကြား ဆေးဟု
ရွတ်ရတယ်။ ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ်ပေါ့။ လူနာနဲ့ဆေးကံစပ်ရင် မြန်မြန် ပျောက်တယ်။
အနှေးနဲ့အမြန် ဒါပဲကွာ တယ်။ လက်တွေ့ပျောက်သူ တော်တော် များတယ်။ တောကတော့
ယုံကြည်ကြတော့ မြန်မြန်ပျောက်ကြတယ်''ဟု ကိုယ်တိုင်လေ ဖြတ်ဝေဒနာရှင်ကို ပြုစုပေးနေသူ
ပုလဲမြို့ နယ်၊ မင်းတိုင်ပင်ရွာမှ ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါကုန်းလိပ်တွင် ရင်ဘတ် ပိုင်းမှ အက္ခရာစုံလျှင် ဆေးစွမ်းပိုထက်ကြောင်း၊
အက္ခရာဆိုသည်မှာ ကုန်းလိပ်သည် အသက် ကြီးလျှင် ရင်ဘတ်မှာ ဗျည်းအက္ခရာပုံစံ က၊
ခများအကွက်နှင့် ပုံပေါ်ကြောင်း၊ ကုန်း လိပ်ခွံသည် အင်မတန်မာကျော၍ နွား
လှည်းနင်းလျှင်တောင် မသေကြောင်း သိရ သည်။
Ref:YangonMedia Group
Popular Posts!
-
ဂျပန်၏ ဓာတ်ရောင်ခြည်သင့် အစားအစာများနှင့် ပတ်သက်သည့် စိုးရိမ်မှုများ အမေရိကန်နှင့် ဥရောပသို့ ပျံ့နှံ့ဂျပန်၏ ဓာတ်ရောင်ခြည်သင့် အစားအစာများ အပေါ် စိုးရိမ်မှုများမှာ မတ်လ ၂၃ ရက်နေ့က ကမ္ဘာတစ်ဝန်းသို့ ဂယက်ရိုက်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုသည် ဂျပန်နို...
-
Google translate..... ဒါဟာ yore ကာလအတွင်နက်ရှိုင်းသောတရားထိုင်လုပ်နေတာရသေ့နှင့် Sage ရဲ့အာရုံစူးစိုက်မှုက ဤအမျိုးသမီး၏အသွင်သဏ္ဌာန်ပန်းမ...
-
စင်ကာပူမှာ WP ကို ဘယ်လို ခွင့်ပြုသလဲ? အခုရက်ပိုင်းထဲမှာ စင်ကာပူက စက်ရုံမှာ မြန်မာတွေ ခန့်မယ်ဆိုတဲ့ အလုပ်ကြော်ငြာတစ်ခု ဖေ့စ်ဘွတ်ခ်မှာ ဖ...
-
Credit @ Ko Nge ကျွှန်တော်လဲ အခုစာဖတ်ပြီးမှ ဒီသွေးလွန်တုန်ကွေးအကြောင်း အသေအချာသိရတာပါ၊ အရမ်းကို ပေါ့သိပေါဆနိုင်ပါတယ်၊ ပုံမှန်ဖျားတာဘဲသ...
-
ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် တတိယ (၁)နှစ်တာပြောင်းလဲမှုနှင့် ရည်မှန်းချက်ပန်းတိုင်များသို့ အရောက်လှမ်းနိုင်ခ...
-
သန်းခေါင်စာရင်း ကောက်ယူအပြီး သိလိုက်ရသည်မှာ ရန်ကုန်တိုင်း ဒေသကြီးတွင် လူဦးရေ ရှစ်သန်းရှိပြီး တစ်နိုင်ငံလုံး လူဦးရေ၏ ၁၈ ရာခိုင်နှုန်း နေထု...
-
ကြည့်လိုက်ပါအုံးဘာတွေလဲဆိုတာကို................ ဖုန်းနှစ်လုံးနဲ့ ဥတစ်လုံး ( အရေးကြီးပါတယ် ) အခုပြောမယ့်အကြောင်းအရာလေးကို ပေါ့ပေါ့ဆဆမတွေးပ...
-
[Zawgyi] လှိုင်သာယာက ဂရန်အမည်ပေါက်ရမယ့် မြေကွက်တွေ သိန်း ၂ဝဝ ရန်ကုန်၊ ဖေဖော်ဝါရီ ၆ - ကျပ်သိန်း ၂ဝဝ နဲ့ ဂရန်အမည်ပေါက်ရမယ့် လှ...
Subscribe to:
Post Comments (Atom)
No comments:
Post a Comment