Popular Posts!
-
မိမိရဲ့ဝတ်လ်ဆိုဒ် ဘလော့တန်ဖိုး ဘယ်လောက်တန်နေပြီလဲ ဆိုတာကိုတော့ဝတ်လ်ဒီဇိုင်းနာ၊ ဘလော့ဂါသမားတွေတိုင်း သိချင်ကျမှာပါနော်! ဒါတွေကို တွက်ချက်တဲ့...
-
1. The lady of Burma By: Gigi Antonelle 2. Burma (Now Myanmar) 3. History Colonized by the British 1940s- General Aung San led its figh...
-
Rare Earth Elements ဆိုသည်မှာ Rare Earth Elements ဆိုတာကတော့ Periodic Table မှာ အနီရောင်နဲ့ ၀ိုင်းပြထားတဲ့ ဒြပ်စင်တွေ ကို ခေါ်တာပါဘဲ ၊ စ...
-
မြန်မာသံရုံးသတင်း(၅) Credit@ Ko Ng မိမိရဲ့ပတ်ပို့ပျောက်ရင် ဘာတွေလုပ်ရမလဲ? ပထမဦဆုံး နီးစပ်ရာ ရဲစခန်းထောက်ခံစာ အရင်ယူရပါတယ်...
-
Credit@ KoNge ဒီနှိုင်းယှဉ်ချက်ကိုကြည့်ပြီး စကာင်္ပူမှာဆက်နေသင့်လား မနေသင့်ဘူးလား! ပြည်တော်ပြန်သင့်ပြီလား? အမှန်တကယ် ရန်ကုန်မှာ ...
-
ကြက်ဥ ကို ကျနော်တို့ ကြောက်လန့် ခဲ့ကြဘူးသည် ။ စားဘို့ ထိတ်လန့် ခဲ့ကြဘူးသည် ။ အဘယ်ကြောင့်ပါနည်း ။ ကိုလက်စထရော ကြောင့် ဖြစ်...
-
ကိုယ့်ရဲ့ မြန်မာသက္ကရာဇ်ကို (၇) နဲ့ စားပြီး ကြွင်းသော ဂဏန်းသည် (၄) ဖြစ်ပါက (၄)ကြွင်းဖွားများဟု သတ်မှတ်ပါသည်။ မြန်မာသက္ကရာဇ်မသိပါက ကိုယ်မွေ...
-
နွားကျောင်းသား (Friend Ever) ဧပြီ ၁၈၊ ၂၀၁၂ (ယခုရေးသားလျက်ရှိသော မလေးရှားရှိအိမ်ဖော်၊ အိမ်အကူတို့၏ဘ၀ စာများ၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံသားမ...
Tuesday, March 22, 2011
အစာအိမ်ရောဂါသတိထားပါ ကင်ဆာဖြစ်နိုင်သည့်အဆင့်အမှတ်(၁)အဖြစ် WHO က သတ်မှတ်ထား
ရန်ကုန်၊ မတ် ၁၆- အစာအိမ်ရောဂါပိုးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့(ျွှံဥ) က အသည်း ရောင်အသားဝါဘီပိုး၊ စီပိုး၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးတို့ကဲ့သို့ ကင်ဆာဖြစ်နိုင် သည့်အဆင့်အမှတ်(၁)အဖြစ် သတ်မှတ်ထား ကြောင်း သိရသည်။
အစာအိမ်ရောဂါပိုးသည် လူ၏ အစာအိမ်ထဲတွင်သာ အဓိကနေထိုင်နိုင်ပြီး သိုး၊ ဆိတ်၊ ခွေး၊ ကြောင်နှင့် ယင်ကောင် များတွင်လည်း တွေ့ရှိနိုင်ကြောင်း သိရ သည်။ လက်ဖြင့်နယ်ထားသော အစား အစာများ၊ ယင်နားစာများ၊ မသန့်ရှင်းသော အစားအစာများ၊ လမ်းဘေးအစားအစာ များ၊ ချဉ်ဖတ်များတွင် အစာအိမ်ပိုးကို ပိုမို တွေ့ရှိနိုင်ကြောင်း သိရသည်။ အဆိုပါ ရောဂါပိုးသည်မသန့်ရှင်းသော ရေ၊ မသန့် ရှင်းသောအစားအစာ၊ တံတွေး၊ လူ၏မစင် တို့မှတစ်ဆင့် ကူးစက်နိုင်သည်။
ကမ္ဘာ့နိုင်ငံအသီးသီးရှိ အသက် အရွယ်အမျိုးမျိုး၊ ဘာသာအမျိုးမျိုး၊ ကျား-မ၊ ကလေး-လူကြီးမရွေး အစာအိမ်ရောဂါ ပိုးကို တွေ့ရှိနိုင်ပြီး ချမ်းသာကြယ်ဝသော နိုင်ငံများ၏ လူဦးရေ ၅၀ရာခိုင်နှုန်းကျော် နှင့်ဖွံ့ဖြိုးဆဲနိုင်ငံများ၏ လူဦးရေ ၇၀ရာခိုင် နှုန်းမှ ၉၀ရာခိုင်နှုန်းခန့်တွင် အစာအိမ် ရောဂါပိုးတွေ့ရှိနိုင်ကြောင်း သိရသည်။အစာအိမ်ရောဂါပိုး ကူးစက်ခံရခြင်းဖြင့် ရုတ်ခြည်းအစာအိမ်ရောင်ရမ်းနာ၊ နာတာ ရှည်အစာအိမ် ရောင်ရမ်းနာများဖြစ်ပွား ခြင်းမှ အစာအိမ်အမြှေးလွှာဆဲလ်များ ကင်ဆာအဖြစ်သို့ ကူးပြောင်းခြင်း၊ အစာအိမ် ကင်ဆာ ကနဦးအဆင့်၊ ရောဂါကျွမ်းသည့် အဆင့်စသည်ဖြင့် ရောဂါများ ဆင့်ပွားဖြစ် ပေါ်လာနိုင်ကြောင်း သိရသည်။
''အစာအိမ်ကင်ဆာက ဖြစ်တဲ့ နေရာပေါ်မူတည်ပြီး အသက်ရှင်နိုင်တဲ့ ရာခိုင်နှုန်းလဲ ကွာတယ်။ အစာအိမ်တစ်ခု လုံးကင်ဆာဖြစ်ရင် မကောင်းဘူး။ ကင်ဆာ ဆဲလ်အမျိုးအစားပေါ်လဲ မူတည်တယ်။အစာအိမ်ကင်ဆာဖြစ်တဲ့သူက ငယ်လွန်း ရင်လဲ မကောင်းဘူး။ ကိုယ်ဝန်ရှိနေတဲ့သူ ဖြစ်ရင်လဲ မကောင်းဘူး။ အစာအိမ်ကင် ဆာဖြစ်ရင် ခွဲရင်ခွဲ၊ ကင်ဆာဆေးသွင်းရင် သွင်း၊ လိုအပ်ရင် ရောင်ခြည်ပြပြီး ကုရမယ်'' ဟုအစာအိမ်အူလမ်းကြောင်းအထူးကုဆရာ ၀န်ကြီးပါမောက္ခ-ဌာနမှူး၊ ပါမောက္ခ ဒေါက် တာ သိန်းမြင့်က ဆိုသည်။
အစာအိမ်ရောဂါပိုးပြန့်ပွားခြင်း ကို (Greentea)၀ိုင်အနီ(Red Wine)၊ လတ်ဆတ်သော ဒိန်ချဉ်တို့သည် တားဆီး နိုင်သည်ဟု သိရသည်။ အစာအိမ်ရောဂါပိုး ကြောင့် အူသိမ်အူပိုင်းအနာ၊ အစာအိမ် အမြှေးပါးရောင်ခြင်း ၊အစာအိမ်အနာ၊ အစာ မကြေရောဂါ၊ သံဓာတ်ချို့တဲ့ သွေးအား နည်းရောဂါ၊ အစာအိမ်ကင်ဆာ၊ အစာ အိမ်သားနံရည်ကျိတ်ကင်ဆာ၊ သွေးမွှားဥ အားနည်းသည့် ရောဂါ(သွေးမတိတ်ရောဂါ) များ ဖြစ်ပွားတတ်ကြောင်း သိရသည်။
ယင်းပြင် အစာအိမ်ရောဂါပိုး ကြောင့် သွေးအားနည်းရောဂါ၊ အင်ပျဉ် ထခြင်း၊ အရေပြားယားယံခြင်း၊ အရေပြား အကြေးခွံထခြင်း၊ သွေးကြောမာခြင်း၊ နှလုံး သွေးကြောကျဉ်းရောဂါ၊ လေဖြတ်ရောဂါ၊ အဆစ်ရောင်ရောဂါ၊ ၀က်ခြံ၊ အသည်း ရောဂါ၊ သည်းခြေအိတ်ရောဂါအမျိုးမျိုး၊ ခြေထိပ်၊ လက်ထိပ်သွေးမရောက်ရောဂါ နှင့် အခြားရောဂါများ ဖြစ်ပွားနိုင်ကြောင်း သိရသည်။
အစာအိမ်ကင်ဆာဖြစ်ပွားခြင်း မှကာကွယ်နိုင်ရန်အတွက် မိမိ၏အစာအိမ် တွင် အစာအိမ်ရောဂါပိုးရှိ၊မရှိ ကြိုတင်စစ် ဆေးမှုများပြုလုပ်သင့်ကြောင်း သိရသည်။
ကမ္ဘာပေါ်တွင် ကင်ဆာကြောင့် အသက်ဆုံးရှုံးရာ၌ အစာအိမ်ကင်ဆာ ကြောင့် အသက်ဆုံးရှုံးခြင်းသည် နံပါတ်(၂) ဖြစ်ပြီး မြန်မာနိုင်ငံတွင် ကင်ဆာကြောင့် အသက်ဆုံးရှုံးရာ၌ အစာအိမ်ကင်ဆာကြောင့် အသက်ဆုံးရှုံးခြင်းသည် နံပါတ်(၅)အဆင့် တွင်ရှိကြောင်း သိရသည်။
''မိမိမှာ အစာအိမ်ရောဂါပိုးရှိ၊ မရှိ သိဖို့လိုတယ်။ အဲဒီအတွက် ပိုးရှိ၊ မရှိကို စစ်မှပဲရမယ်။ ဒါပေမဲ့ ဆေးခန်းကိုလာတဲ့ သူတွေက ပိုးသိချင်လို့လာတာရှားတယ်။ဗိုက်နာလို့ လာစစ်တာများတယ်။ လူတွေ က ကျန်းမာရေးဗဟုသုတအတော်နည်းသေး တယ်။ အစာအိမ်ကင်ဆာစိတ်ပူလို့ လာ စစ်တဲ့သူတွေ၊ ဗိုက်နာပြီး ဆေးသောက်တာ မသက်သာလို့ လာစစ်တဲ့သူတွေများတယ်'' ဟု အစာအိမ်အူလမ်းကြောင်း အထူးကု ဆရာဝန်ကြီး၊ ပါမောက္ခ-ဌာနမှူး၊ ပါမောက္ခ ဒေါက်တာသိန်းမြင့်က ဆိုသည်။
ထို့ပြင် အစာအိမ်ရောဂါပိုးရှိ၊ မရှိ စစ်ဆေးသင့်သူများမှာ အစာမကြေ ရောဂါရှိသူများ၊ အစာအိမ်နှင့်အူသိမ်အနာ ရှိသူများ၊ အစာအိမ်ကင်ဆာဟု သံသယရှိသူ များ၊ အစာအိမ်ကင်ဆာလူနာ၏ မိသားစု နှင့်ဆွေမျိုးများ၊ သွေးအားနည်းရောဂါရှိသူ များ၊ သွေးမွှားဥနည်းသည့် လူနာများ (သွေး မတိတ်ရောဂါ)ရှိသည့်လူများဖြစ်သည်။ မြန်မာနိုင်ငံတွင် အစာအိမ်ရောဂါပိုး ရှိ၊မရှိ ကို အစာအိမ်မှန်ပြောင်းကြည့်၍ ပိုးမွေးခြင်း၊ အသားစစစ်ဆေးခြင်းတို့ဖြင့် ပြုလုပ်နိုင် ကြောင်း၊ Urea Breath Test ? Fecal Antigen Test? Urine Antigen Test? Saliva Antigen Test စသည့်နည်းလမ်း များဖြင့်လည်း အစာအိမ်ရောဂါပိုးရှိ၊မရှိ စစ်ဆေးနိုင်ပြီး အဆိုပါနည်းလမ်းများ မြန်မာ နိုင်ငံတွင် မရှိသေးကြောင်း သိရသည်။
အစာမစားမီ သို့မဟုတ် စားပြီး ဗိုက်အောက်ခြင်း၊ အစာမကြေရင်ပြည့်၊ ရင် ကယ်ခြင်း၊ ရင်ပူခြင်း၊ လေချဉ်တက်ခြင်း၊ ပျို့ ခြင်း၊ အန်ခြင်း၊ အစာနင်ခြင်း၊ အစာမျိုချရာ တွင် နာခြင်း၊ အစားအသောက်ပျက်ခြင်း နှင့် ကိုယ်အလေးချိန်ကျခြင်း၊ ၀မ်းပျက်ခြင်း၊ ၀မ်းချုပ်ခြင်း၊ ၀မ်းအရောင်ကတ္တရာစေးကဲ့ သို့ မည်းနက်သွားခြင်း၊ နီညိုရောင် သို့မ ဟုတ် ရွှံ့စေးရောင် ပြောင်းသွားခြင်း၊ သွေး ၀မ်းသွားခြင်း၊ ချွဲများပါခြင်း၊ ၀မ်းသွားရာ တွင် နာကျင်ခြင်း၊ ၀မ်းသွားပြီးနောက် ၀မ်း ကျန်သကဲ့သို့ခံစားရခြင်း၊ အသားဝါခြင်း၊ မျက်လုံးဝါခြင်း၊ ချမ်းတုန်ဖျားခြင်း အစရှိ သော လက္ခဏာများ ရုတ်ခြည်း သို့မဟုတ် ရေရှည်ခံစားရခြင်းတို့ဖြစ်ပါက သက်ဆိုင် ရာ ဆရာဝန်များနှင့် ပြသတိုင်ပင်၍ သေချာ စွာစစ်ဆေးကုသမှုခံယူရန် လိုအပ်ကြောင်း သိရသည်။
Subscribe to:
Post Comments (Atom)

No comments:
Post a Comment