ယခုဝင်ရောက်ပျံ့နှံ့နေသော worm ဟာ iPhone နှင့် iPod Touch အတွင်းမှာသာဖြစ်ပြီး ဟက်ကာများမှပို့လွှတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။ ထို worm အား script နှစ်မျိုးခွဲခြားရေးသားထားပြီး တစ်မျိုးဟာ ထို worm ရှင်သန်နေထိုင်ရန်ဖြစ်ပြီး နောက်တစ်မျိုးကတော့ Lithuanian ဆာဗာနှင့်ချိတ်ဆက်ပြီး data များခိုးယူခြင်းပဲဖြစ်ပါတယ်။
ယခုဝင်ရောက်တိုက်ခိုက်သော worm ဟာ နယ်သာလန်ရှိ UPC ကုမ္ပဏီသြစတြေးလျရှိ Otus ကုမ္ပဏီ T-Mobile နှင့်အခြား ISP များအတွင်းပျံ့နှံ့ကြောင်း ထို worm ဟာ Wi-Fi ကွန်ရက်အတွင်း မြန် ဆန်စွာပျံ့နှံ့နိုင်ကြောင်း သိရှိရပါတယ်။ ထို worm ၀င်ရောက်လာပါက ဖုန်းအတွင်း Firmware များကို update ပြုလုပ်သင့်ပြီး ကာကွယ်သင့်ကြောင်း လုံခြုံရေးဆိုင်ရာသုတေသီတစ်ဦးမှ ပြောကြားခဲ့ပါတယ်။
source:mminternetjournal
No comments:
Post a Comment