Popular Posts!

Thursday, March 31, 2011

အခွန်နှစ်ထပ် စည်းကြပ်ကောက်ခံမှု ရှောင်ရှားရေး သဘောတူစာချုပ်အား လက်မှတ်ရေးထိုးထားသည့် နိုင်ငံများတွင် စင်ကာပူနိုင်ငံ ပါဝင်သော်လည်း ယင်းနိုင်ငံရှိ ကုမ္ပဏီမှာ မြန်မာလူမျိုး တည်ထောင်ထားလျှင်၊ ဒါရိုက်တာ အဖွဲ့ဝင်အဖြစ် ပါဝင်နေလျှင် အခွန်ပေးဆောင်ရမည်


ယင်းခြောက်နိုင်ငံနှင့် ပတ်သက်၍ သက်ဆိုင်ရာနိုင်ငံများနှင့် ချုပ်ဆိုထားသာ စာချုပ်ပါ သဘောတူညီမှုများ အတိုင်း လိုက်နာဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရှိရသည်။
ယင်းအခွန်စနစ်သည် အခွန် နှစ်ထပ်ကွမ်း (Double Tax) မဖြစ်စေရေး သဘောတူထားသည့် စင်ကာပူ နိုင်ငံရှိ ကုမ္ပဏီများအား ကောက်ခံရန် မရှိကြောင်း သိရှိရသော်လည်း မြန်မာလူမျိုး တစ်ဦးဦးက တည်ထောင်ထားသည့် ကုမ္ပဏီ(သို့မဟုတ်) ဒါရိုက်တာအဖွဲ့ဝင်အဖြစ် မြန်မာလူမျိုး တစ်ဦးဦးပါဝင်သည့် ကုမ္ပဏီ မဟုတ်မှသာလျှင် အကျုံးဝင်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၌ လက်ရှိအခြေအနေတွင် သွင်းကုန်ပစ္စည်းများ တင်သွင်းမှုနှင့် ပတ်သက်ပါက အကောက်ခွန်၊ ကုန်သွယ်ခွန် (Sale Tax/Commercial Tax) ၊ အမြတ်ခွန်နှင့် ပင်ရင်းမှ နုတ်ယူပေးသွင်းရသည့် အခွန် (Withholding Tax)ဟူ၍ လေးမျိုးရှိပြီးအကောက်ခွန် (Custom Duty)  မှာ သာမန်အားဖြင့် ၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ ကောက်ခံလေ့ရှိပြီး အာဆီယံနိုင်ငံများနှင့် ကုန်သွယ်ပါက လက်ရှိအခြေအနေ တွင် ၀ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်း အထိသာ ကျခံရကြောင်းနှင့် ပစ္စည်း အမျိုးအစား ၈၀ ရာခိုင်နှုန်း အကျုံး ၀င်နေကြောင်း သိရှိရသည်။
သွင်းကုန်နှင့်ပတ်သက်၍ အခွန်စည်းကြပ်ရာတွင် Commercial Tax အပြင် အမြတ်ခွန်(၃၀ ရာခိုင်နှုန်း)နှင့် ပင်ရင်းမှနုတ်ယူ ပေးသွင်းရသောအခွန် (Withholding Tax) မှာ ၃ ဒသမ ၅ ရာခိုင်နှုန်းဖြစ်ကြောင်း သိရှိရသည်။ ယင်းကဲ့သို့ အခွန် ကောက်ခံရာတွင် ပြည်ပမှတင်သွင်းသော ကုန်ပစ္စည်းများ၌ အချို့ကုန် ပစ္စည်းများမှာ ပြည်တွင်းတွင် ပြန်လည်ထုတ်လုပ်ရန် လိုအပ်သော ပစ္စည်းများဖြစ်ပြီး ယင်းကဲ့သို့ ပြန်လည် ထုတ်လုပ်သည့် အခါတွင် အခွန်နှစ်ထပ် သဘောမျိုး ကျသင့်နေကြောင်း သိရှိရသည်။
“အချို့ပစ္စည်းတွေဟာ ပြည်ပက တိုက်ရိုက် တင်သွင်းတာထက်၊ ပြည် တွင်းမှာ ထုတ်လုပ်တဲ့အခါ ကုန်ကျ စရိတ်က ပိုမြင့်သွားတယ်။ အဓိက ကတော့ ပစ္စည်းကို ပြည်ပက တင်သွင်းတဲ့အချိန်မှာ အခွန်ဆောင်ပြီး သားဖြစ်ပေမယ့် တင်သွင်းသူကနေ လက်ကားဒိုင်၊ လက်ကားဒိုင်က ထုတ်လုပ်သူ အဆင့်ဆင့်သွားရတဲ့ အတွက် နောက်ဆုံးမှ Sale Tax နှင့် အမြတ်ခွန်မှာ ထပ်မံပေးဆောင်ရတဲ့အတွက် အခွန်နှစ်ထပ်သဘော မျိုး ဖြစ်နေပါတယ်”ဟု လုပ်ငန်းရှင် တစ်ဦးက ပြောပြခဲ့သည်။
အလားတူ ပင်ရင်းမှနုတ်ယူ ပေးသွင်းရသောအခွန် (Withhold Tax) မှာ ယခင်က ကောက်ခံခြင်း မရှိသော်လည်း ၂၀၁၁ ခုနှစ် ဇန်န ၀ါရီလ ၁ ရက်နေ့မှစ၍ အကျုံးဝင် လာခဲ့ခြင်းဖြစ်ပြီး ယင်းအတွက် ၃ ဒသမ ၅ ရာခိုင်နှုန်း ပေးဆောင် ရမည်ဖြစ်ကာ အမှန်တွင် ယင်းပမာဏအား ပြည်ပမှကုန်ပစ္စည်း ရောင်းချသောကုမ္ပဏီမှ ပေးရမည့်ပမာဏ ဖြစ်ကြောင်း သိရှိရသည်။
“တကယ်တော့ ပင်ရင်းမှနုတ် ယူပေးသွင်းရတဲ့ငွေဆိုတာ ပြည်ပ ကုန်ရောင်းတဲ့သူကပဲ ကျခံပေးရတာ မျိုးပါ။ အရင်တုန်းက အစဉ်အလာ မရှိတော့ ကုန်သည်တွေကလည်း အဲဒီအတွက် တောင်းခံတာမျိုး မရှိခဲ့ဘူး။ အခု ပေးရမယ်ဆိုတဲ့အခါ သူတို့ဘက်က ကုန်ပစ္စည်းတန်ဖိုး အပေါ်မှာထပ်ပြီး အပိုဆောင်းထည့် လိုက်တယ်။ လတ်တလောမှာတော့ စာချုပ်ချုပ်ပြီးသား သွင်းကုန်တွေ အတွက်ပြန်ညှိတာမျိုး လည်းရှိတယ်။ ဥပမာ ကားသွင်းတယ်ဆိုရင်လည်း ဟိုဖက်က ကုမ္ပဏီကို သုံးပုံ တစ်ပုံ ပေးခိုင်းတယ်။ တင်သွင်းတဲ့သူက သုံးပုံ တစ်ပုံကျခံပြီးတော့ ကျန်တဲ့ သုံးပုံ တစ်ပုံကိုတော့ ၀ယ်တဲ့သူက  ကျခံရတယ်လို့ သိရတယ်”ဟု ပြည်ပသွင်းကုန်လုပ်ငန်းရှင်တစ်ဦး က ပြောပြခဲ့သည်။
“ကုန်ပစ္စည်းတစ်ခု တင်သွင်း တဲ့အခါ Custom Duty နဲ့ Sale Tax ကိုပေါင်းပြီး ကောက်ခံလေ့ရှိတဲ့ အတွက် အနည်းဆုံးတော့ ၁၂ ရာခိုင် နှုန်း ဆောင်ရပါတယ်။ ပြည်ပကနေ တင်သွင်းတဲ့သူက အဲဒီအခွန်ကို ဆောင်ခဲ့ပါတယ်။ ပြီးရင် အခွန်နဲ့ အတူ အမြတ်ထပ်ပေါင်းပြီးတော့ လက်ကားဖြန့်ချိရေးသမားကို ရောင်း ပါတယ်။ ကုမ္ပဏီကနံပါတ်(၁)လူ ပါ။ ပြီးရင် လက်ကားဒိုင်က အမြတ်ယူပြီးတော့ ထုတ်လုပ်သူဆီကို ပြန် ရောင်းတဲ့အတွက် လက်ကားဒိုင်က နံပါတ်(၂)ပါ။ နောက်ဆုံး ကုန်ချောထွက်တဲ့အခါမှာ ထုတ်လုပ်သူက Sale Tax နဲ့ အမြတ်ခွန်ဆောင်ရတဲ့အတွက် စားသုံးသူလက်ထဲကို ရောက်တဲ့အခါမှာလည်း ပြည်ပက တိုက်ရိုက်တင်သွင်းတာထက် မြင့်နေတတ်ပါတယ်။ တချို့တိုက်ရိုက် တင်သွင်းတဲ့အခါ သင်္ဘောတင်တဲ့ကိစ္စမှာ အခက်အခဲနဲ့ ကြန့်ကြာမှုလေးတွေ ရှိနေတဲ့အတွက် ပြည်တွင်းမှာပဲ ထုတ်ကြပါတယ်”ဟု ထုတ်ကုန်လုပ်ငန်း ရှင်တစ်ဦးက ပြောပြခဲ့ပါသည်။
ယင်းကဲ့သို့သော အနေအထားများကြောင့် အခွန်နှစ်ထပ်ပေးဆောင်ရမှု အနေအထားများအား လျှော့ပေါ့ စဉ်းစားပေးရန် လုပ်ငန်းရှင်များဘက်မှ မျှော်လင့်လျက်ရှိကြောင်း သိရသည်။ လက်ရှိအခြေအနေတွင် နိုင်ငံခြားငွေနှင့် ရောင်းရသည့်အပေါ်တွင် ကုန်သွယ်လုပ်ငန်းခွန်ကို ၈ ရာခိုင်နှုန်းသာ ပေးဆောင်ရန် အမိန့်ကြော်ငြာစာ ထုတ်ပြန်ထားပြီး ပင်ရင်းမှ နုတ်ယူပေးသွင်းသည့်အခွန် (Withholding Tax)  ကောက်ခံမှုရှိသော်လည်း နောင်တစ်ချိန်တွင် အခွန်တိုးတက်ကောက်ခံမှုအပေါ် စဉ်းစား သုံးသပ်သွားမည်ဖြစ်ကြောင်း မတ်လ ၂၁ ရက်နေ့က နေပြည်တော်တွင် ကျင်းပသော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ၀န်ကြီးဦးလှထွန်း က ပြောကြားခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားချက်များအရ သိရသည်။
“အခုလိုခြောက်နိုင်ငံနဲ့ သဘောတူညီချက်ရှိပေမယ့် မြန်မာနိုင်ငံနဲ့ ကုန်သွယ်တဲ့အခါ ဥပမာ ကိုရီးယား က ပစ္စည်းတင်သွင်းတယ် ဆိုရင်လည်း စင်ကာပူကပဲ တစ်ဆင့်ခံရပါတယ်။ စင်ကာပူမှာ မြန်မာကုမ္ပဏီတွေ ရှိတယ်။ ဒါပေမယ့် ကန့်သတ်ချက်တစ်ခုက စင်ကာပူက တစ်ဆင့်ခံတဲ့ ကုမ္ပဏီဟာ မြန်မာနိုင်ငံသားအမည်နဲ့ မဟုတ်ရဘူး။ ဒါမှမဟုတ်ရင်လည်း ဒါရိုက်တာ အဖွဲ့ဝင်ထဲမှာ မြန်မာလူမျိုးပါဝင်နေလို့ ရှိရင် စောစောကပြောတဲ့ ၃ ဒသမ ၅ ရာခိုင်နှုန်းက ပေးရမှာပါ။ တစ်ခုရှိတာက အခုသဘောတူထားတဲ့ ခြောက်နိုင်ငံမှာ အမေရိကန်ဒေါ်လာ နဲ့ဆိုလို့ရှိရင်တော့ စင်ကာပူကိုမဖြတ်လို့မရဘူး၊ ယူရိုနဲ့ တိုက်ရိုက်ကုန်သွယ်တာ မျိုးဆိုရင်တော့ ပင်ရင်းမှနုတ်ယူ ပေးသွင်းရသည့်အခွန် (Withholding Tax)  ပေးဆောင်စရာမလိုပါဘူး။ ဘာပဲဖြစ်ဖြစ် အမေရိကန်ဒေါ်လာနဲ့ ဆိုရင်တော့ စင်ကာပူ တစ်ဆင့်ခံနေရတဲ့အတွက် သဘောတူညီချက် ရှိနေပမယ့်လည်း ပေးရမှာပါ”ဟု ပြည်ထောင်စု မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောပြ ခဲ့သည်။

Ref:weelyelevennews

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!