ဂျပန်၏ ဓာတ်ရောင်ခြည်သင့် အစားအစာများ အပေါ် စိုးရိမ်မှုများမှာ မတ်လ ၂၃ ရက်နေ့က ကမ္ဘာတစ်ဝန်းသို့ ဂယက်ရိုက်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုသည် ဂျပန်နိုင်ငံ နျူကလီးယား ဓာတ်ပေါင်းဖို ပါက်ကွဲခဲ့သည့် ဒသတစ်ဝိုက်မှာ နို့နှင့်အခြား စားသောက်ကုန် ပစ္စည်းများ တင်သွင်းမှုကို ပိတ်ပင်ခဲ့သည်။
ရာစုနှစ်တစ်ခုနီးပါးအတွင်း ဂျပန်၏ အဆိုးရွားဆုံး သဘာဝဘေးအန္တရာယ် ငလျင်နှင့် ဆူနာမီ တို့ကြောင့် မတ်လ ၁၁ ရက်နေ့က ဂျပန်နိုင်ငံ ဖူကူးရှီးမား ဒိုင်အိချီ အမှတ် (၁) နျူကလီးယားဓာတ်ပေါင်းဖို ပေါက်ကွဲခဲ့ရာမှ ဓာတ်ရောင် ခြည်သင့်မှုများ ဖြစ်ပေါ်လာခဲ့သည်။ ယခုအခါ ဓာတ်ပေါင်းဖို ပျော်မကျစေရန် ကာကွယ်ရေးအတွက် ဆောင်ရွက်နေသည်။ ပေါက်ကွဲခဲ့သည့် စက်ရုံအနီးတစ်ဝိုက် မွေးမြူရေးနှင့် လယ်ယာကုန်ထွက် ပစ္စည်းကို စားသုံးခြင်း၊ သယ်ယူပို့ဆောင်ခြင်း မပြုလုပ်ရန် အမိန့်ထုတ်ပြန်ခဲ့သည်။
ဂျပန်နိုင်ငံ၏ စီရင်စုနယ် အများအပြားမှ နို့ထွက်ကုမ္ပဏီများ၊ ဟင်းသီးဟင်းရွက်များကို အမေရိကန်ပြည်ထောင်စုက ကန့်သတ်ခဲ့သည်။ အမေရိကန်ကဲ့သို့ ဆောင်ရွက်ရန် ပြင်သစ်က အီးယူကို တောင်းဆိုခဲ့သည်။ ဂျပန်သည် ဓာတ်ရောင်ခြည်သင့်မှုနှင့် ပတ်သက်၍ ပင်လယ်နေ သတ္တ၀ါများအပေါ် ရိုက်ခတ်မှု ရှိ၊ မရှိ ပင်လယ်ရေကို စစ်ဆေးလျက်ရှိသည်။ တိုကျိုမြို့၏ အရှေ့မြောက်ဘက် ကီလိုမီတာ ၂၅၀ အကွာရှိ ပေါက်ကွဲခဲ့သည့် အနီးတစ်ဝိုက်မှ ပြုပြင်ထားခြင်း မရှိသော နို့နှင့်ဟင်းသီးဟင်းရွက်များ တင်ပို့မှုကို ရပ်တန့်ရန် ၀န်ကြီးချုပ် နာအိုတိုကန်က အမိန့်ပေးခဲ့သည်။ ဖူကူရှီးမား စီရင်စုနယ်မှ ဟင်းသီးဟင်းရွက် ၁၁ မျိုးတွင် ရေဒီယိုသတ္တိကြွနှုန်းမှာ တရားဝင် ကန့်သတ်မှုထက် အဆများစွာ ကျော်လွန်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။ ဟင်းသီးဟင်းရွက် တစ်မျိုးတွင် ရေဒီယိုသတ္တိကြွ ဆီးဇီးယန်းသည် တရားဝင် ကန့်သတ်ချက်ထက် ၁၆၄ ဆ ပိုများနေပြီး ၈၂၀၀၀ ဘက်ကရယ်(ရေဒီယိုသတ္တိကြွမှုကို တိုင်းတာသော ယူနစ်)ရှိနေပြီး ရေဒီယိုသတ္တိကြွ အိုင်အိုဒင်းတွင် ကန့်သတ်ချက်ထက် ၇ ဆပိုများပြီး ၁၅၀၀၀ ဘက်ကရယ် ရှိနေသည်။ အမေရိကန် ပြည်ထောင်စု အစားအစာနှင့် ဆေးဝါး အုပ်ချုပ်ရေးအဖွဲ့သည် ဂျပန်နိုင်ငံ ဓာတ်ရောင်ခြည်သင့် ဒေသတစ်ဝိုက်မှ စားသောက်ကုန်များ တင်ပို့မှုကို စစ်ဆေးသွားမည်ဟု ဆိုသည်။
From elevennews
Popular Posts!
-
Do you dare smash your phone with a hammer? If you have this screen protector on, you'd probably won't either but this person did...
-
တရုတ်နှင့်မြန်မာလူကြီးတွေက အနောက်နိုင်ငံကြီးတွေကို နိုင်ငံရေးကစားကွက်လေး တအားလှ ပါတယ်ဗျ..... ဘယ်သူတွေ ဘာဖြစ်ကျန်ခဲ့မလဲတော့ မသိသေးပါဘူး...
-
မိမိရဲ့ဝတ်လ်ဆိုဒ် ဘလော့တန်ဖိုး ဘယ်လောက်တန်နေပြီလဲ ဆိုတာကိုတော့ဝတ်လ်ဒီဇိုင်းနာ၊ ဘလော့ဂါသမားတွေတိုင်း သိချင်ကျမှာပါနော်! ဒါတွေကို တွက်ချက်တဲ့...
-
ဒါက f lash drive s တွေနှင့် Window နှင့် MAC OSတွေကို တွဲသုံးချင်သူတွေတွက်ပါ... Format မတူတာကိုပြထားတာပါ.... NTFS vs FAT vs exFAT ...
-
တိဗက်၏ ကျင့်စဉ်တခုဖြစ်သည့် " တူနှစ်ကိုယ် ကျင့်စဉ် " နှင့်ပက်သက်ပြီး " ဒလိုင် လားမား " အပေါ် ဆန့်ကျင် ကန့်ကွက်မှုမ...
-
ဤစာမျက်နှာတွင် ရေးသားထားသော ဆေးဝါးများအကြောင်းသည်သူနာပြု၊ ဆေးမှူး၊ ဆေးခန်းလက်ထောက်၊ လူထု-ကျန်းမာရေး-လုပ်သားများ အတွက်နှင့် ဆရာဝန်မှဆေးညွှန်းလ...
-
WHY... ....????? မိန်းမတွေ ဘာကြောင့် ဖောက်ပြန်ကြသလဲ? လောကကြီးမှာ အမျိုးသားတွေချည်းပဲ ဖောက်ပြန်တတ...
-
A lover knows only humility, he has no choice. He steals into your alley at night, he has no choice. He longs to kiss every lock of your hai...
Subscribe to:
Post Comments (Atom)

No comments:
Post a Comment