ခင်မြတ် -အတွဲ ၂၆ ၊ အမှတ် ၅၁၀ (၁၈ - ၂၄ ၊ ၃ ၊ ၂၀၁၁)
သွေးတိုးဆီးချို ဦးနှောက်အာရုံကြော များကြောင့်မဟုတ်ဘဲ ချာချာလည်မူး ဝေသည့်ဝေဒနာကို ခံစားရပါက နားရောဂါဖြစ်နိုင်သည် ကို သတိပြုသင့်ကြောင်း နား၊ နှာခေါင်း လည်ချောင်း အထူးကုဆရာဝန်ကြီး ပါမောက္ခ ဦးသိန်းထွန်းက ပြောသည်။
"သွေးတိုး၊ ဆီးချို၊ သွေးအားနည်းရင်လည်း မူးတယ်။ နားကြောင့် မူးတာက ချာချာလည်မူးတာ။ ဒါပေမယ့် မူးတယ် ဆိုပေမယ့် နားကြောင့်ဖြစ်မှန်းမသိဘဲ အထွေထွေဆရာဝန်တွေနဲ့ပြရင်း ဒီ နားရောဂါက ပျောက်သွားလိုက်၊ ပြန်ဖြစ်လိုက်နဲ့ သံသရာလည်နေ တတ်တယ်" ဟု ၎င်းက ပြောသည်။
ခေါင်းမူးသည်ဆိုရာတွင် နားကြောင့် မူးသည်မှာ ၈၀ ရာခိုင်နှုန်းခန့် ဖြစ်နိုင်ပြီး ဦးနှောက်အာရုံကြောကြောင့် မူးသည်မှာ ၂၀ ရာခိုင် နှုန်းခန့်ဖြစ်ကြောင်း ပါမောက္ခဦးသိန်းထွန်းက ပြောသည်။
လူနာအနေဖြင့် နားကြောင့်မူးသည့် ဖြစ်စဉ်၊ သို့မဟုတ် ဦးနှောက်ကြောင့် မူးသည့်ဖြစ်စဉ် ခွဲခြားနိုင်ရန် မူးသည့် ဖြစ်စဉ်ကို မှတ်သား ထားရန်လိုကြောင်း ၎င်းက ပြောသည်။
နားချိန်သီးထဲမှအရည်များ ရွေ့သွား သည့်အတွက်ကြောင့် ခေါင်းချာချာလည် မူးနိုင်ကြောင်း၊ အဆိုပါဖြစ်စဉ် အတွက် စက္ကန့်ပိုင်းမျှ ကြာကြောင်း၊ အဖြစ်များသော ဖြစ်စဉ်ဖြစ်ကြောင်း ဒေါက်တာသိန်းထွန်းက ပြောသည်။
ဒုတိယဖြစ်စဉ်အနေဖြင့် အကြောင်း ကြောင်းကြောင့် နားအရည်အိတ်တွင် အရည်များစုလာသဖြင့် နားတွင် ၀ီဝီ၊ ဝေါဝေါကဲ့သို့ အူလာတတ်ပြီး မိနစ်မှ နာရီအထိ ကြာတတ်ကြောင်း ၎င်းက ပြောသည်။
"ပိုမိုဆိုးဝါးတဲ့ နားလေးရောဂါမဖြစ် ဖို့ ဒီလက္ခဏာတွေပြရင် နား၊ နှာခေါင်း ဆရာဝန်ကို စောစောပြဖို့ လိုအပ်တယ်။ ဒီလိုနားလေးမှုက နားကြပ်တပ်လည်း သိပ်မကြားရတတ်ဘူး"ဟု ပါမောက္ခ ဒေါက်တာသိန်းထွန်းက ပြောသည်။
တတိယဖြစ်စဉ်မှာ နားထဲပိုးဝင်ကာ နားပြည်ယိုပြီးဖြစ်သည့် မူးဝေခြင်းကို တစ်ရက်ကြာ ခံစားရနိုင်ကြောင်း၊ စတုတ္ထဖြစ်စဉ်မှာ နှာစေး၊ ချောင်းဆိုး၊ မူးဝေပြီး နှစ်ရက်သုံးရက်ကြာသည် အထိ မူးဝေသော ဖြစ်စဉ်မျိုးဖြစ်ကြောင်း ပြောသည်။
သို့ဖြစ်၍ အဆိုပါလက္ခဏာများ ခံစားရပါက နား၊ နှာခေါင်းလည်ချောင်း ဆရာဝန်နှင့် ပြခြင်းဖြင့် ပိုမိုဆိုး
ဝါးသော နားရောဂါကို ကာကွယ်နိုင်ကြောင်း ပါမောက္ခ ဦးသိန်းထွန်းက ပြောကြားသည်။
from myanmartimenews
Popular Posts!
-
ယနေ့ ၁၂/၀၅/၂၀၁၉ ရက်နေ့ ၀၇၁၅နာရီတွင်မြန်မာအမျိုးသားလေကြောင်းလိုင်း ၏ခရီးစဉ်အမှတ် UB103 ရန်ကုန်- မန္တလေး- ရန်ကုန် ခရီးစဉ်ကို လေယာဉ်အမှတ် XY...
-
April 2019 မှာ IMF ကထုတ်ပြန် တဲ့မြန်မာ့ စီးပွားရေး သုံးသပ်ချက် အပြည့်အစုံမှအချို့စာမျက်နှာများကို တင်ပြပေးလိုက်ပါတယ်။ နှစ်လတ်နဲ့နှစ်ရှည်မှာ ...
-
၂၀၁၅ အတွက် Singapore မှာ IT Jobs မှာ IT Professtionalတွေ ၈သောင်းလိုအပ်နေပြီး ၅သောင်း၅ထောင်ကို ဆက်သွယ်ရေးနှင့်ဆိုင်သော inforcomm အတွက်လိုအပ...
-
ဂျပန်က မြန်မာနိုင်ငံသားတွေကို အကြိမ်ကြိမ်ဝင်ထွက်ခွင့်ဗီဇာပေးပြီ မြန်မာနိုင်ငံသားတွေရဲ့ တချိန်တုန်းကတည်းက အိပ်မက်ကြီး မက်ခဲ့တဲ့ ဂျပန်နို...
-
ခိန့်ဟုတ်ဗုဒ္ဓဘာသာဘုရားကျောင်းသမိုင်း ၁၈၆၁ (ချင်အင်ပါယာခေတ်) တွင် ယခုရန်ကုန်မြို့ ကမ်းနားလမ်း ၁၈လမ်းနှင့်စဥ့်အိုးတန်းလမ်းအကြားတွင် ဖူကျန့်လူမ...
-
ရာသီဥတုပူပြင်းတဲ့အချိန်မှာ သတိထားသင့်တဲ့ မျက်စိနာရောဂါ (သို့) မျက်မြှေးရောင်ရောဂါ အချိန်အခါမရွေး ဖြစ်ပွားနိုင်ပေမယ့် ရာသီဥတုအပြောင်းအလဲဖြ...
-
We make tools Your make do! သူငယ်ချင်းတယောက်က သူဖုန်းလိုင်းသက်တန်းတိုး အသစ်ပြန်စာချုပ်ချုပ်ရတော့မှာမို့..... မူရင်းlock ပိတ်ထားတဲ့iphon...
-
MAC OS Keyboard shortcuts လေးတွေမသိရင်တော်တောကို ဒုက္ခပေးပါတယ်... အခုလဲသုံးနေရင်းနှင့် အဆင်မပြေတာနှင့် Shortcut Keysတွေကို ရှာလိုက်တ...
Subscribe to:
Post Comments (Atom)

No comments:
Post a Comment