Popular Posts!

Monday, March 14, 2011

လနှင့် ကမ္ဘာ အနီးဆုံးရောက်သည့် Supermoon ဖြစ်စဉ်ကြောင့် ငလျင်နှင့် ရေကြီးမှုများ ယခုရက်ပိုင်းအတွင်း ဖြစ်နိုင်သည်ဆိုသော အယူအဆကို သိပ္ပံပညာရှင်များ ပယ်ချခဲ့သော်လည်း ဂျပန်နိုင်ငံတွင် အင်အား ၈ ဒသမ ၉ ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး ဆူနာမီဖြစ်ပေါ်


 



လနှင့်ကမ္ဘာအနီးဆုံး ရောက်သည့် Supermoon ဟု ခေါ်ဝေါ်ကြသော ဖြစ်စဉ်ကြောင့် ကမ္ဘာမြေပေါ် တွင် ရေကြီးမှု၊ မီးတောင်ပေါက်ကွဲမှု၊ ငလျင်လှုပ်မှုများ ယခုရက်ပိုင်းအတွင်း ဖြစ်ပေါ်နိုင်သည်ဟု အင်တာနက်တွင် သတင်းများ ပျံ့နှံ့ခဲ့ပြီးနောက် ပညာရှင်များက ယင်းအယူအဆသည် အဓိပ္ပာယ်မရှိကြောင်း ပယ်ချထားခဲ့ကြသည်။

ယင်းသို့မဖြစ်နိုင်ဟု ပယ်ချခဲ့ပြီး ရက်အနည်းငယ်အကြာ မတ်လ ၁၁ ရက်နေ့တွင် ဂျပန်တွင် အင်အား ၈ ဒသမ ၉ ရှိသော ငလျင် လှုပ်ခတ်သွားခဲ့ရာ အံ့အားသင့်စရာများ ဖြစ်ခဲ့ရသည်။














၂၀၀၄ ဆူနာမီလှိုင်းလုံး ထိုင်းနိုင်ငံ သြောင်နမ်ကမ်းခြေသို့ ၀င်ရောက်လာစဉ်

အင်ဒိုနီးရှားဆူနာမီနှင့် Supermoon ဖြစ်စဉ်မှာ နှစ်ပတ်ကွာခဲ့သလို ယခုအခါတွင်လည်း ဆန်ဒိုင်း ငလျင်နှင့် ဆူနာမီဖြစ်စဉ်နှင့်လည်း တစ်ပတ်သာ ကွာခဲ့ကြောင်း သိရသည်။ ယခုနှစ်အတွင်း မတ်လ ၁၉ ရက်နေ့၌ ၁၉၉၂ ခုနှစ်နောက်ပိုင်း လနှင့်ကမ္ဘာအနီးဆုံးအဖြစ်မိုင်ပေါင်း ၂၂၁၅၆၇ အကွာသို့ ရောက်ရှိလာမည်ဖြစ်သည်။ လသည် ကမ္ဘာကိုစက်ဝိုင်းပုံပတ်ခြင်း မဟုတ်ဘဲ ဘဲဥပုံပတ်ခြင်းဖြစ်ရာ အနီးဆုံး အကွာအဝေးအရောက်တွင် လကို ပိုမိုတောက်ပ ကြီးမားစွာ မြင်ရလေ့ရှိသည်။ ယင်းဖြစ်စဉ်သည် ပုံမှန်အားဖြင့် တစ်လတစ်ကြိမ်ဖြစ်လေ့ရှိပြီး လာမည့် အပတ်တွင် ဖြစ်မည့်ဖြစ်စဉ်မှာမူ လပြည့်ညနှင့်ပါ တစ်ထပ်တည်းကျနေခဲ့သည်။ ယင်းသို့ ဖြစ်စဉ်နှစ်ခု တစ်ထပ်တည်းကျမှုမှာ နှစ်နှစ်၊ သုံးနှစ်ကြာလျှင် တစ်ကြိမ်ဖြစ်လေ့ရှိသော်လည်း Supermoon ဖြစ်စဉ်ဟု ခေါ်ဆိုရလောက်အောင် လနှင့်ကမ္ဘာ အနီးဆုံးရောက်မှုမှာမူ အကြိမ်အရေအတွက် နည်းပါးလေ့ရှိသည်။ ယခင် Supermoon ဖြစ်စဉ်များမှာ ၁၉၅၅၊ ၁၉၇၄၊ ၁၉၉၂၊ ၂၀၀၅ ခုနှစ်တို့တွင် ဖြစ်ပွားခဲ့ပြီး ယင်းနှစ်များတွင် ရာသီဥတုနှင့် သဘာဝဘေးအန္တရာယ် ဆိုးရွားမှုများ ထူးထူးခြားခြား ဖြစ်ပေါ်လေ့ရှိသည်ဟု ထောက်ပြမှုများပေါ် ထွက်ခဲ့ခြင်းဖြစ်သည်။




နာတိုရီမြို့ ဆန်ဒိုင်းလေဆိပ် ပတ်ဝန်းကျင်ကို မတ်လ ၁၂ ရက်နေ့က တွေ့ရစဉ်


နာတိုရီမြို့ ဆန်ဒိုင်းလေဆိပ် ပတ်ဝန်းကျင်ကို မတ်လ ၁၂ ရက်နေ့က တွေ့ရစဉ်Supermoon ဖြစ်စဉ်ကြောင့် သဘာဝဘေးအန္တရာယ် ဆိုးဆိုးရွားရွား ဖြစ်နိုင်သည်ဟူသော ခန့်မှန်းချက်ကို AccuWeather မိုးလေ၀သ၀က်ဘ်ဆိုက်၏ ဘလော့ဂ်တွင် နက္ခတ်ဗေဒင်ပညာရှင် ရစ်ချတ်နိုးလ်က စတင် သုံးစွဲခဲ့ရာမှ နက္ခတ္တဗေဒပညာရှင်များအကြားပါ ပျံ့နှံ့သွားခဲ့ပြီး ဆွေးနွေးစရာဖြစ်ခဲ့ရခြင်း ဖြစ်သည်ဟု ယူဆရသည်။ ရစ်ချတ်နိုးလ်သည် နက္ခတ်ဗေဒင် ၀က်ဘ်ဆိုက်တစ်ခုကို ကြီးကြပ်သူလည်းဖြစ်သည်။




မတ် ၁၁ရက်နေ့က ဂျပန်နိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော ၈ ဒသမ ၉ ပြင်းအားရှိငလျင်ကြောင့် ဆူနာမီလှိုင်းလုံးများ သက်ရောက်မှုကို တွက်ချက်ထားသည့် သရုပ်ဖော်ပုံ

၂၀၀၄ ဆူနာမီလှိုင်းလုံး ထိုင်းနိုင်ငံ သြောင်နမ်ကမ်းခြေသို့ ၀င်ရောက်လာစဉ်၂၀၀၅ ခုနှစ် ဇန်န၀ါရီလ အစောပိုင်းတွင် Supermoon ဖြစ်စဉ် မဖြစ်ပေါ်မီ နှစ်ပတ်အလို ၂၀၀၄ ဒီဇင်ဘာ ၂၆ ရက်နေ့တွင် အင်ဒိုနီးရှားတွင် ငလျင်နှင့်အတူ ဆူနာမီ ဖြစ်ပေါ်ခဲ့ သည်။ ၁၉၇၄ ခုနှစ် ခရစ်စမတ်နေ့ တွင်လည်း သြစတြေးလျနိုင်ငံတွင် ဆိုက်ကလုန်းထရေဇီ ၀င်ရောက်ခဲ့ဖူးသည်။ သို့ရာတွင် နက္ခတ္တဗေဒပညာ ရှင်များနှင့် သိပ္ပံပညာရှင်များက လ နှင့် ကမ္ဘာ ကီလိုမီတာအနည်းငယ် ပိုနီးလာခြင်းကြောင့် ရာသီဥတုအပေါ် သက်ရောက်မှု ရှိသည်ဆိုခြင်းမှာ ယုတ္တိမရှိကြောင်း သဘာဝဘေး အန္တရာယ်များနှင့် တိုက်ဆိုင်သွားခြင်းသာ ဖြစ်နိုင်ကြောင်း သုံးသပ်ထားကြသည်။ Supermoon ဖြစ်စဉ်နှင့် မတိုက်ဆိုင်ဘဲ သဘာဝဘေးအန္တရာယ် ကြီးများ ဖြစ်ပေါ်ခဲ့သည့် အကြိမ်ရေ မှာလည်း များစွာရှိကြောင်း သုံးသပ်ထားသည်။

Ref: AFP, WashingtonPost, The Sun, DailyMail


လနှင့် ကမ္ဘာအနီးဆုံး အကွာအဝေးသို့ ရောက်ရှိမည့် Supermoon
ဖြစ်စဉ်တွင် ရှိနေမည့် အကွာအဝေး
Photo:AFP

ဆန်ဒိုင်းငလျင်နှင့် ပတ်သက်ပြီး အမေရိကန် ဘူမိဗေဒနှင့် ငလျင်ဗေဒပညာရှင် ကယ်ရီရှား၏သုံးသပ်ချက်

ဆန်ဒိုင်းငလျင်အင်အားပြင်းထန်မှု
အင်အား ၈ ဒသမ ၉ ရှိသော ဆန်ဒိုင်းငလျင်သည် သမိုင်းတစ်လျှောက်အင်အား အပြင်းဆုံး ငလျင်များထဲမှ တစ်ခုဖြစ်သည်။ ယမန်နှစ်က ချီလီတွင်လှုပ်ခဲ့သည့် ငလျင်ထက် အနည်းငယ်ပိုပြင်းပြီး ၂၀၀၄ ခုနှစ်က ဖြစ်ပွားခဲ့သော အင်ဒိုနီးရှားငလျင်နှင့် ဆူနာမီထက် အားပျော့သည်။

ငလျင်၏ထူးခြားချက်
ဂျပန်သမိုင်းတစ်လျှောက်တွင် ရှားပါးဖြစ်စဉ်အဖြစ် တိုကျိုအနီးတွင်လှုပ်သော အင်အားကြီးငလျင် ဖြစ်သည်။ လွန်ခဲ့သော နှစ် ၃၀၀ ကျော် ၁၇၀၇ ခုနှစ်က တိုကျိုမြို့တောင်ပိုင်းတွင် လှုပ်ခတ်ခဲ့သော ငလျင်နောက်ပိုင်း တိုကျိုနှင့်နီးသည့် အင်အားအလွန်ပြင်းသည့် ငလျင်ဖြစ်သည်။

ငလျင်နောက်ဆက်တွဲဖြစ်နိုင်ခြေ
ဤမျှအင်အားပြင်းပြီးနောက်တွင် ဆူနာမီဖြစ်လေ့ရှိသည်။ နောက်ပိုင်းလှုပ်ခတ်မှုများမှာ လချီ၊ နှစ်ချီ ဆက်ရှိနိုင်သည်။

ငလျင်ကြီးများဆက်ဖြစ်နိုင်ခြေ
ပြီးခဲ့သည့် ခုနစ်နှစ်အတွင်း ပုံမှန်မဟုတ်သော လှုပ်ခတ်မှုများကြုံတွေ့ခဲ့ရပြီး ၂၀၀၄ ဒီဇင်ဘာ အင်ဒိုနီးရှား(အိန္ဒိယသမုဒ္ဒရာငလျင်) အပါအ၀င် အင်အား ၈ နှင့်အထက် ငလျင် ငါးခုထက်မနည်း လှုပ်ခဲ့သည်။ ယခင်ကာလများထက် လှုပ်ခတ်မှု ပိုများခဲ့သည်ဟု ဆိုနိုင်သည်။
သို့ရာတွင် နောက်ထပ်ငလျင်ကြီးများ လှုပ်ခတ်နိုင်ခြေကိုမူ အတိအကျမခန့်မှန်းနိုင်။


မတ် ၁၁ရက်နေ့က ဂျပန်နိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော ၈ ဒသမ ၉ ပြင်းအားရှိ ငလျင်ကြောင့် ဆူနာမီလှိုင်းလုံးများ သက်ရောက်မှုကို တွက်ချက်ထားသည့် သရုပ်ဖော်ပုံ၂၀၀၄

အိန္ဒိယသမုဒ္ဒရာ ငလျင် (အင်ဒိုနီးရှားဆူနာမီ)

အချိန် - ဒီဇင်ဘာလ ၂၆ ရက် ၂၀၀၄

အနက် - ၁၉ မိုင်

ဗဟိုချက် - မြောက်လတ္တီတွဒ် ၃ ဒသမ ၃၁၆ အရှေ့လောင်ဂျီတွဒ် ၉၅ ဒသမ ၈၅၄

အမျိုးအစား - ရေအောက်

နိုင်ငံ - အင်ဒိုနီးရှား(အဓိကအာချေးဒေသ)၊ သီရိလင်္ကာ၊ အိန္ဒိယ(အဓိကတမီနာဒူးလ်)၊ ထိုင်း၊ မော်လ်ဒိုက်၊ပတ်ဝန်းကျင်ရှိ အခြားနိုင်ငံများ အသေးစားထိခိုက်မှုရှိ

ဆူနာမီ - ဖြစ်ပေါ်

သေကျေပျက်စီးမှု -၂၃၀၂၁၀+ (မှတ်တမ်းတင် သမိုင်းတစ်လျှောက် အဋ္ဌမမြောက် အသေအပျောက်အများဆုံးငလျင်)



၂၀၁၁ ဆန်ဒိုင်းငလျင်နှင့်ဆူနာမီ

အချိန် - မွန်းလွဲ ၂ နာရီ ၄၆ မိနစ် ၂၃ စက္ကန့် မတ်လ ၁၁ ရက် ၂၀၁၁ ခုနှစ်

ကြာချိန် - ၅ မိနစ်

အင်အား - ၈ ဒသမ ၉ - ၉ ဒသမ ၁

အနက် - ၁၅ ဒသမ ၂ မိုင်

ဗဟိုချက် - မြောက်လတ္တီတွဒ် ၃၈ ဒသမ ၃၂၂ ၊အရှေ့လောင်ဂျီတွဒ် ၁၄၂ ဒသမ ၃၆၉

နိုင်ငံ - ဂျပန်(အဓိက)ပစိဖိတ်စက်ဝန်း(ဆူနာမီ)

ပျက်စီးမှုပမာဏ - အတိအကျမသိရသေး

ဆူနာမီ - ဖြစ်ပေါ်

မြေပြိုမှု - ဖြစ်ပေါ်

နောက်ဆက်တွဲလှုပ်ခတ်မှု - အနည်းဆုံး ၂၁၅ ကြိမ် (အင်အား ၆ အထက် ၂၅ ကြိမ်)

သေကျေပျက်စီးမှု - ၁၀၀၀ ၀န်းကျင်

Copy by eleven-news

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!