Saturday, 12 March 2011 03:34
အဝလွန်ရင် လှုပ်ရှားသွားလာရာမှာ လေးလံပြီး ခန္ဓာကိုယ်အလှအပကို ထိခိုက်စေရုံသာမက ကျန်းမာရေးကိုလည်း ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်ပါတယ်။
နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ ကျောက်ကပ်ရောဂါ စတဲ့ ပြင်းထန်ဆိုးရွားတဲ့ ရောဂါကြီးတွေ ဖြစ်လာနိုင်ပါတယ်။ဒါကြောင့် ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် ပိုများပြီး ဝနေရင် အလွန်အကျွံအဝလွန်တဲ့အထိ ဖြစ်မလာခင် အစားလျှော့ပြီး ကိုယ်အလေးချိန်ကို ထိန်းထားသင့်ပါတယ်။
ဘယ်လို အစားလျှော့မလဲ
သကြားပါဝင်မှုများတဲ့ အစာတွေဟာ သင့်ကိုယ်အလေးချိန်ကို တက်စေပါလိမ့်မယ်။ ချိုလွန်းတဲ့ အစာတွေကို ရှောင်ပါ။
အဆီပါဝင်မှုများလွန်းတဲ့ အစာတွေကလည်း ကယ်လိုရီအများကြီးရရှိစေပြီး သင့်ကိုဝစေမှာ ဖြစ်တဲ့အတွက် ရှောင်ပါ။
ကာဗိုဟိုက်ဒရိတ်များလွန်းတဲ့ အစာတွေကိုလည်း လျှော့စားရပါမယ်။
ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အမြန်စာ (Fast Food) တွေကိုလည်း မှန်မှန်စားနေရင် ဝလာပါလိမ့်မယ်။
သင်ဟာ အထက်ပါအစာတွေကို လျှော့စားသင့်ပေမယ့် ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်တဲ့ အစာတွေကိုတော့ လုံလောက်အောင် စားဖို့လိုပါတယ်။ ကောက်နှံတစ်ခုလုံးပါတဲ့ ဆန်လုံးညို၊ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေကိုတော့ များများစားပေးသင့်ပါတယ်။ အသားဓာတ်၊ အမျှင်ဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်၊ ရေဓာတ်တွေကို လုံလောက်အောင် စားသောက်ပေးပါ။
အကျိုးကျေးဇူး
မှန်မှန်ကန်ကန်နဲ့ စနစ်တကျ အစားလျှော့ရင် -
သင့်ခန္ဓာကိုယ်ကို သွယ်လျလှပလာစေပါလိမ့်မယ်။
ကျန်းမာရေးကောင်းစေပြီး စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ချမ်းသာသုခကို ခံစားရပါမယ်။
အဝလွန်ခြင်းနဲ့ ဆက်စပ်နေတဲ့ နှလုံးရောဂါ၊ ဆီးချိုရောဂါ စတဲ့ရောဂါတွေ ဖြစ်နိုင်ခြေ နည်းသွားပါတယ်။
ခန္ဓာကိုယ် ပိုမိုကြံ့ခိုင်သွက်လက်လာပါလိမ့်မယ်။
အနာရောဂါတွေဖြစ်ရင် မြန်မြန်အနာကျက်ပြီး ပြန်ကောင်းနိုင်ပါတယ်။
စွမ်းအင်ပိုရှိလာပါမယ်။
ရောဂါပိုးတွေကို ဆန့်ကျင်တွန်းလှန်နိုင်စွမ်း ပိုကောင်းလာပါတယ်။
ကျန်းမာရေးကောင်းဖို့အတွက် မျှတတဲ့ အစာအာဟာရတွေကို မရှိမဖြစ် လိုအပ်ပါတယ်။ ပိန်ချင်လို့ အစားလျှော့မယ်ဆိုပြီး ဘာမှ မစားမသောက်ပဲ နေရင်တော့ ကျန်းမာရေး ထိခိုက်လာပါလိမ့်မယ်။ ဒါကြောင့် ပိန်ချင်လို့ အစားလျှော့ရင် ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစာတွေကိုသာ လျှော့သင့်ပြီး ဗီတာမင်နဲ့ သတ္တုဓာတ်ကြွယ်ဝတဲ့ အစာအာဟာရ တွေကိုတော့ မျှတအောင် စားပေးသင့်တဲ့အကြောင်း အကြံပြု လိုက်ရပါတယ်။
Ref : Good Health- Myanamarnewszone
Popular Posts!
-
Thursday, December 15, 2011 သွေးတိုး ရောဂါသည် တိတ်တစ်စိတ် လာ၍ လူကို သတ်နိုင်သော ရောဂါကြီး တစ်ခု ဖြစ်သော် လည်း ကမ္ဘာ့ လူသားများ ...
-
We make tools Your make do! အမိမြေကို့ ပြန်မလာတာကြာပြီဖြစ်တဲ့ နိုင်ငံခြားရောက်နေတဲ့ ရွှေဗမာလေးတွေမေးတတ်ကျတယ်.... အမှန်တကယ် ဗမာပြည်ပြောင်း...
-
ဇန်နဝါရီ ၃၊ ၂ဝ၁၃ သမ္မတဦးသိန်းစိန် အစိုးရကာလ ၂ဝ၁၁ ခုနှစ်၊ မတ်လကုန် စစ်အစိုးရ အုပ်ချုပ်ရေးမှ သမ္မတဦးသိန်းစိန် အစိုးရ အုပ်ချုပ်ရေးသို့...
-
Thursday, August 07, 2008 သံလွင်အိပ်မက် အတွဲ (၂) အမှတ် (၂) မှာ ကိုလေး (ဆေး-၁) နံမည်နဲ့ ဖော်ပြခြင်းခံရတဲ့ ဆောင်းပါးလေး တခုကို ကျမစာရေးဖို့ မအ...
-
ခိန့်ဟုတ်ဗုဒ္ဓဘာသာဘုရားကျောင်းသမိုင်း ၁၈၆၁ (ချင်အင်ပါယာခေတ်) တွင် ယခုရန်ကုန်မြို့ ကမ်းနားလမ်း ၁၈လမ်းနှင့်စဥ့်အိုးတန်းလမ်းအကြားတွင် ဖူကျန့်လူမ...
-
အဓိက အမိမြန်မာပြည်မှာ ဒီလို အကျင့်တွေမဖျောက်နိုင် တာကြောင့် နိုင်ငံလူကြီးတွေလဲဒီလိုအကျင့်ပါနေတာဖြစ်မယ်နော်...... အမြဲတန်းလူထုတွေကို...
-
ကျောက်ဖြူ အထူး စီးပွားရေးဇုန် တည်ဆောက်ရေး (ဓာတ်ပုံ – ခင်ဦးသာ / ဧရာဝတီ) မြန်မာနိုင်ငံသည် တိုင်းပြည်၏ ထိပ်တန်းလုပ်ငန်း ရှင် သူဌေးကြီးမျာ...
Subscribe to:
Post Comments (Atom)

No comments:
Post a Comment