Monday, 28 March 2011 19:00
ရန်ကုန်၊ မတ် - ၁၈ မြန်မာနိုင်ငံမှ ဂျပန် နိုင်ငံတွင် ဆွေမျိုးရှိသူများအား ငလျင်ဒဏ် ကြောင့် ဘေးအန္တရာယ်ကင်းမှု ရှိ၊ မရှိအား အခမဲ့ ဆက်သွယ်ပေး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံရှိ မိသားစုဝင်များထဲမှ ဂျပန် နိုင်ငံတွင် ဆွေမျိုးရှိသူများအနေဖြင့် မိမိတို့၏ ဆွေမျိုးများ ဘေးကင်းမှု ရှိ၊မရှိ သိလိုပါက မြန်မာနိုင်ငံ ကြက်ခြေနီအသင်း မိသားစု ပြန်လည်ဆက်သွယ်ပေးရေး ယူနစ်သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသည် အကူအညီတောင်းသူများ၏ မိသားစုဝင်များ ဘေးကင်းမှု ရှိ၊ မရှိ သိစေရန် ဘေးကင်းရန်ကွာရှိနေသူများ၏ စာရင်းတွင် ရှာဖွေပေးခြင်း၊ မိသားစုနှင့် အဆက်အသွယ် ပြတ်နေသူများအား မှတ်ပုံတင်ခြင်း၊ မိသားစုသတင်း ရရှိပါက သက်ဆိုင်သူများသို့ အကြောင်းကြားပေးခြင်း စသည်တို့ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ဂျပန်ငလျင်ကြောင့် ဂျပန်နိုင်ငံရှိ ဆွေမျိုးများနှင့် အဆက်အသွယ် ပြတ်နေ သူများ၊ အကူအညီတောင်းလိုပါက မြန်မာနိုင်ငံ ကြက်ခြေနီအသင်း မိသားစု ပြန်လည် ဆက်သွယ်ရေး ယူနစ် ဖုန်း ၃၈၃၆၈၄၊ ၀၉၅၄၁၁၈၆၈ နှင့် ၀၉၈၆၂၇၇၉၆ သို့ရုံးချိန်အတွင်း ဆက်သွယ် အကူအညီတောင်းနိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမိသားစု ပြန်လည်ဆက်သွယ်ပေးရေးယူနစ်သည် နာဂစ် ဆိုင်ကလုံးမုန်တိုင်းတွင် လူဦးရေ ၄၄၇ အား မိသားစုနှင့် ပြန်လည်ဆက်သွယ်ပေးခဲ့ပြီး ကလေးသူငယ် ၁၂ ဦးအား မိသားစုနှင့် ပြန်လည်ဆက်သွယ်ပေးခဲ့သည်။ ထို့အပြင် ဂီရိဆိုင်ကလုန်းမုန်တိုင်းတွင် လူဦးရေ ၂၃ ဦးအား မိသားစုနှင့် ပြန်လည်အဆက်အသွယ် ရရှိစေရန် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Ref: 7 Day News
Popular Posts!
-
Do you dare smash your phone with a hammer? If you have this screen protector on, you'd probably won't either but this person did...
-
တရုတ်နှင့်မြန်မာလူကြီးတွေက အနောက်နိုင်ငံကြီးတွေကို နိုင်ငံရေးကစားကွက်လေး တအားလှ ပါတယ်ဗျ..... ဘယ်သူတွေ ဘာဖြစ်ကျန်ခဲ့မလဲတော့ မသိသေးပါဘူး...
-
မိမိရဲ့ဝတ်လ်ဆိုဒ် ဘလော့တန်ဖိုး ဘယ်လောက်တန်နေပြီလဲ ဆိုတာကိုတော့ဝတ်လ်ဒီဇိုင်းနာ၊ ဘလော့ဂါသမားတွေတိုင်း သိချင်ကျမှာပါနော်! ဒါတွေကို တွက်ချက်တဲ့...
-
ဒါက f lash drive s တွေနှင့် Window နှင့် MAC OSတွေကို တွဲသုံးချင်သူတွေတွက်ပါ... Format မတူတာကိုပြထားတာပါ.... NTFS vs FAT vs exFAT ...
-
တိဗက်၏ ကျင့်စဉ်တခုဖြစ်သည့် " တူနှစ်ကိုယ် ကျင့်စဉ် " နှင့်ပက်သက်ပြီး " ဒလိုင် လားမား " အပေါ် ဆန့်ကျင် ကန့်ကွက်မှုမ...
-
ဤစာမျက်နှာတွင် ရေးသားထားသော ဆေးဝါးများအကြောင်းသည်သူနာပြု၊ ဆေးမှူး၊ ဆေးခန်းလက်ထောက်၊ လူထု-ကျန်းမာရေး-လုပ်သားများ အတွက်နှင့် ဆရာဝန်မှဆေးညွှန်းလ...
-
WHY... ....????? မိန်းမတွေ ဘာကြောင့် ဖောက်ပြန်ကြသလဲ? လောကကြီးမှာ အမျိုးသားတွေချည်းပဲ ဖောက်ပြန်တတ...
-
A lover knows only humility, he has no choice. He steals into your alley at night, he has no choice. He longs to kiss every lock of your hai...
Subscribe to:
Post Comments (Atom)

No comments:
Post a Comment