Popular Posts!

Thursday, March 17, 2011

ဂျပန်မှာ ငလျင်နောက်ဆက်တွဲသတင်းများ(၁)

More people evacuating to avoid radiation
http://www3.nhk.or.jp/daily/english/17_01.html

An additional 28,000 people have been forced to evacuate from their homes to other areas to avoid possible radiation from a nuclear power in Fukushima Prefecture, northeastern Japan. Friday's earthquake and tsunami crippled the nuclear plant.

NHK has learned that as of Wednesday, 31municipalities in Fukushima Prefecture accepted at least 28,152 evacuees, in addition to those who had already taken shelter in those municipalities.

But many temporary shelters set up in the prefecture were already too crowded to accept the newcomers.

At a shelter about 100 kilometers from the Fukushima Daiichi nuclear power plant, 295 evacuees joined the 38 people who had already been staying there since the earthquake.

Some of them say they were forced to move there because the first shelter they went to was overcrowded. They also say some of them have not yet received any radioactive screening tests.
The number of Fukushima people trying to evacuate to other prefectures is increasing.

Neighboring Niigata Prefecture says it has booked another 17 hotels in Niigata City and elsewhere for evacuees from Fukushima to stay since it expects the number to rise. About 2,700 people from Fukushima have already taken shelter in Niigata.

Yamagata Prefecture has started providing screening tests and health counseling services at 4 health centers for the Fukushima evacuees. At least 1,600 Fukushima residents have already moved to that prefecture.

By Wednesday evening, Tochigi Prefecture had also received 320 people. They were divided among 3 shelters after getting a health check and radioactive screening test.

Thursday, March 17, 2011 01:59 +0900 (JST)



ဗုဒ္ဓဟူး, 16 မတ် 2011-By ဦးသားညွန့်ဦး - VOA NEWS


(၁) ဂျပန်မှာ ရေဒီယို ဓာတ်သတ္တိကြွရောင်ခြည် အန္တရာယ် ပိုကြီးမားလာနိုင်

ဂျပန်နိုင်ငံမှာ လောင်ကျွမ်းနေတဲ့ နျူကလီးယားစက်ရုံက ထွက်လာမယ့် ရေဒီယို ဓာတ်သတ္တိကြွမှု အဆင့်တွေက အလွန်ပြင်းထန်လိမ့်မယ်လို့ အမေရိကန် နျူကလီးယားရေး ကျွမ်းကျင်သူတွေက ပြောနေကြပါတယ်။


ဂျပန်နိုင်ငံမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေ လောင်ကျွမ်းနေတဲ့ နျူကလီးယား စက်ရုံကနေ အနည်းဆုံး ကီလိုမီတာ ၈၀၊ မိုင်နဲ့ဆိုရင် မိုင် ၅၀ လောက် အကွာအဝေးမှာ နေကြဖို့၊ ဘေးကင်းရာကို ပြောင်းရွှေ့ထားကြဖို့ တိုကျိုမြို့တော်မှာရှိတဲ့ အမေရိကန်သံရုံးက သတိပေးနေပါတယ်။

ဂျပန်အစိုးရကတော့ သူ့နိုင်ငံသားတွေကို မီးလောင်နေတဲ့ ဖူကူရှီးမား ဒိုင်းအိချိ နျူကလီးယား စက်ရုံကနေ ကီလိုမီတာ ၃၀ အထိ ဝေးအောင်နေကြဖို့ သတိပေးနေတာပါ။

ဝါရှင်တန်ဒီစီက အမေရိကန် နျူကလီးယား စည်းကမ်းထိန်းသိမ်းရေး ကော်မရှင် အကြီးအကဲ ဂရက်ဂိုရီ ဂျက်ကိုက နျူကလီးယားစက်ရုံ တ၀ိုက်မှာ ရိုက်ခတ်လာမယ့် ရေဒီယို ဓာတ်သတ္တိကြွမှုတွေက အလွန်ပြင်းထန်လာနိုင်တယ်၊ နျူကလီးယား စက်ရုံတခုမှာ လောင်ကျွမ်းနေတဲ့ နျူကလီးယား လောင်စာချောင်းတွေကို အေးအောင် ငြှိမ်းသတ်ဖို့ ရေပြတ်သွားတဲ့သဘော ရှိနေပြီ၊ တခုခုဖြစ်လာရင် ပြုပြင်ဖို့အတွက် အခြေအနေက သိပ်ကို ခက်ခဲသွားပြီလို့ ဆိုပါတယ်။

သုံးပြီးသား နျူကလီးယား လောင်စာချောင်းတွေတောင်မှ သီတင်းပတ်တွေ၊ လတွေနဲ့ချီပြီး အပူရှိန် ပြင်းထန်နေတာလို့ အမေရိကန် နျူကလီးယား ကော်မရှင် အကြီးအကဲက အမေရိကန် အောက်လွှတ်တော် အမတ်တွေကို မနေ့ကပဲ ပြောခဲ့တာပါ။

အခြေအနေတွေက သိပ်ပြီး ဆိုးလာနေတယ် ဆိုပေမဲ့လည်း နျူကလီးယား စက်ရုံထဲမှာ အရေးပေါ် ဂျပန်အလုပ်သမား ၅၀ လောက်ကတော့ တတ်စွမ်းသမျှ အခြေအနေတွေကို ထိန်းချုပ်နိုင်ဖို့ အခုချိန်ထိ ကြိုးစားနေကြတုန်းပါ။

ဂျပန်နိုင်ငံမှာ အစားအသောက်၊ လောင်စာနဲ့ ရေတွေ ပြတ်တောက်လာနေပါတယ်။ အရေးပေါ်စခန်းတွေမှာ အိမ်ယာမဲ့သွားတဲ့ လူတွေနဲ့ ပြည့်နေတာပါ။ တချို့နေရာမှာ လူတွေ မဆန့်အောင် ဖြစ်နေပါတယ်။

နောက်ဆက်တွဲ ငလျင်တွေကလည်း ဆက်ပြီး လှုပ်နေပါတယ်။ မနေ့တုန်းကလည်း နှင်းတွေ အကြီးအကျယ် ကျလာလို့ အဲဒီဒေသမှာ အနွေးဓာတ် ရဖို့ကလည်း အခက်အခဲ ကြုံနေရပါတယ်။

ဂျပန် ကြက်ခြေနီအသင်းက လုပ်အားပေး ၂,၀၀၀,၀၀၀ ကျော်က ဒုက္ခသည်တွေကို အကူအညီ ပေးနေကြတယ်လို့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့က ပြောပါတယ်။ နိုင်ငံတကာကိုလည်း ၀ိုင်းပြီး အကူအညီ ပေးကြဖို့ ကမ်းလှမ်းထားပါတယ်။


(၂) တိုကျိုရှိ နိုင်ငံခြားသားများ ဘေးလွတ်ရာ စတင်တိမ်းရှောင်


ဂျပန်နိုင်ငံမှာ နျူကလီးယား အကျပ်အတည်း ဆိုးဝါးလာပေမဲ့ နျူကလီးယား အန္တရာယ် ရှိတယ်လို့ သတ်မှတ်ထားတဲ့ ဇုန်အပြင်ဘက် ကင်းလွတ်ဇုန်တွေထဲမှာ ရှိနေသူတွေ အတွက်တော့ ရေဒီယို သတ္တိကြွမှု အန္တရာယ် မရှိပါဘူးလို့ ဂျပန်အစိုးရကတော့ အာမခံနေပါတယ်။ ဒါပေမဲ့ ယုံယုံကြည်ကြည် လက်ခံသူ မရှိသလောက်ပါပဲ။ မြို့တော် တိုကျိုကနေ နျူကလီးယား စိုးရိမ်ချက်ကြောင့် နိုင်ငံခြားသားတွေရော ဂျပန်တချို့ပါ ဘေးလွတ်ရာကို ရွှေ့ပြောင်းနေကြပါတယ်။ မြန်မာနိုင်ငံသား အချို့လည်း ဒီအထဲမှာ အပါအ၀င် ဖြစ်ပါတယ်။ တိုကျိုမှာ ကျန်နေသူတွေ အဖို့တော့ နျူကလီးယား စိုးရိမ်ချက်အပြင် စားရေးသောက်ရေး ပြဿနာတွေကိုပါ ရင်ဆိုင်နေရပါတယ်။ အပြည့်အစုံကို စုံစမ်းမေးမြန်းပြီး ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။


မနေ့ ဗုဒ္ဓဟူးနေ့ မနက်ပိုင်း အိပ်ရာထချိန်မှာ ဂျပန်လူမျိုးတွေဟာ ပိုပြီးဆိုးဝါးတဲ့ သတင်းတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ငလျင်နဲ့ ဆူနာမီကြောင့် ထိခိုက်ခဲ့တဲ့ နျူကလီးယားစက်ရုံမှာ ရေဒီယို ဓာတ်သတ္တိကြွမှု တိုးမြင့်လာနေသလို ဓာတ်ပေါင်းဖို အဆောက်အဦး တခုကနေ အဖြူရောင် မီးခိုးမှုန်တွေ အုံမှိုင်းထွက်နေတာကို မြင်ခဲ့ကြရတယ်လို့ တိုကျိုကနေ ဗွီအိုအေ သတင်းထောက် မာတင် ၀ီလီယမ်စ် (Martyn Williams) က သတင်းပေးပို့ခဲ့ပါတယ်။


ဒီအတွက် လူအချို့ကတော့ အတော့်ကို စိုးရိမ်ပူပန်နေကြပါတယ်။ တိုကျို မီးရထားဘူတာမှာတော့ လူအုပ်အချို့ကို တွေ့ရပြီး သူတို့ဟာ မြို့တော် တိုကျိုနဲ့ နျူကလီးယားစက်ရုံရှိရာ ဒေသတွေကနေ ဝေးရာ အနောက်ဘက်ခြမ်းကို ကျည်ဆံအမြန်ရထားတွေနဲ့ ခရီးသွားနေကြပါတယ်။ ဒီအထဲမှာ ဆာတိုရှီ မာကီရှီမာ (Satoshi Makishima) လည်း အပါအ၀င် ဖြစ်ပါတယ်။ သူ့ရဲ့ရည်းစားဖြစ်သူ၊ နောက် သူမရဲ့ ကြောင်လေးနဲ့အတူ သူတို့သုံးဦးဟာ ဂျပန်နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့တော် အိုဆာကာဘက်ကို သွားနေတာပါ။

နျူကလီးယား ပြဿနာတွေကြောင့် အလွန်တရာ စိတ်လှုပ်ရှား ပူပန်နေကြောင်းနဲ့ အစိုးရရော အဲဒီ နျူကလီးယားစက်ရုံရဲ့ စွမ်းအင်ကုမ္ပဏီကပါ ပြောနေတဲ့ အခြေအနေတွေဟာ လက်တွေ့ဖြစ်ရပ်ရဲ့ ၈၀% လောက်ပဲ အမှန်ပြောနေတာလို့ သူက ပြောသွားပါတယ်။

တိုကျိုမှာနေတဲ့ နိုင်ငံခြားသားတွေ အတော်များများလည်း တိုင်းပြည်က ထွက်ခွာနေကြပါပြီ။ ဥရောပ နိုင်ငံသားတွေရော တရုတ်နိုင်ငံသားတွေပါ သက်ဆိုင်ရာနိုင်ငံ သံရုံးအကူအညီတွေနဲ့ ပြန်ကုန်ကြပါပြီ။ တိုကျိုမှာရှိတဲ့ နိုင်ငံခြားသံရုံး အတော်များများကတော့ အခြေအနေတွေကို အနီးကပ် စောင့်ကြည့်နေပါတယ်။ ဂျပန်အာဏာပိုင်တွေရဲ့ အရေးယူ ကိုင်တွယ်မှုတွေ၊ သတိပေးချက်တွေဟာ မှန်ကန်တိကျပါတယ်လို့ ကျွမ်းကျင်သူတွေက ယူဆတယ်လို့ အမေရိကန်နဲ့ ဗြိတိန်သံရုံးတို့ကတော့ ပြောနေပါတယ်။ ဒါပေမဲ့လည်း တိုင်းပြည်တွေမှာ ကျန်ခဲ့တဲ့ မိသားစုတွေကတော့ စိုးရိမ်နေကြပါတယ်။

တိုကျိုမှာရှိတဲ့ အမေရိကန်သံရုံးဆီကို ဂျပန်ရောက် အမေရိကန် နိုင်ငံသားတွေရော အဝေးက သူတို့မိသားစုတွေကပါ ဖုန်းဆက် မေးမြန်းတာတွေကို ကိုင်တွယ်နေရတယ်လို့ အမေရိကန် သံမှူးကြီး ပေါလ် ဖစ်ဇ်ဂျရယ်လ်ဒ် (Paul Fitzgerald) က ပြောပါတယ်။

“လူတွေက သူတို့ စိုးရိမ်ချက်တွေနဲ့ ဖုန်းတွေခေါ်ကြပါတယ်။ ဒီအခြေအနေမှာတော့ စိုးရိမ်စရာရှိတယ် ဆိုတာပဲ ပြောနိုင်ပါတယ်။ ဒီထက်ဆိုးလာတဲ့ အခြေအနေတော့ မတွေ့ရသေးပါဘူး။”

လက်ရှိ အခြေအနေ အပေါ်မှာတော့ နိုင်ငံတွေရဲ့ တွက်ချက်မှုက မတူညီပါဘူး။ ပြင်သစ်နိုင်ငံက သူ့နိုင်ငံသားတွေ ကယ်ထုတ်ဖို့ လေယဉ် လွှတ်လိုက်ပါတယ်။ သြစတြေးလျ နိုင်ငံကတော့ သူ့နိုင်ငံသားတွေကို မလိုအပ်ရင် တိုကျိုဧရိယာကနေ ထွက်ခွာကြဖို့ တိုက်တွန်းထားပါတယ်။ ဒါပေမဲ့လည်း ဒါဟာ နျူကလီးယား စိုးရိမ်ချက်ကြောင့်တော့ မဟုတ်ဘဲ အပျက်အစီးတွေနဲ့ နောက်ထပ် ငလျင် စိုးရိမ်ရတာကြောင့် ဖြစ်တယ်လို့ သြစတြေးလျက ပြောပါတယ်။

တိုကျိုမှာရှိတဲ့ မြန်မာနိုင်ငံသားအချို့ နေရပ်ပြန်ဖို့ စီစဉ်တာတွေ ရှိတယ်လို့ သိရသလို မပြန်လိုသူ အချို့ကတော့ တိုကျိုကနေ အခြား ဂျပန်နိုင်ငံတွင်းနဲ့ အိမ်နီးချင်း နိုင်ငံတွေကို ထွက်ခွာနေကြတယ်လို့

တိုကျိုမှာရှိတဲ့ ကိုဘုန်းမြင့်ထွန်းက ပြောပါတယ်။

“အိုဆာကာဘက်ကို နည်းနည်းရှောင်ကြတယ်။ အိုဆာကာတို့၊ နာဂိုယာတို့ဘက်၊ ငလျင် နည်းနည်းလွတ်တဲ့ နေရာတွေကို။ တချို့မြန်မာတွေဆိုရင် မနေ့က ကျနော်သိရသလောက် စင်ကာပူတို့၊ မကာအိုဘက်တို့ ရှောင်ကြတယ်။ ဘန်ကောက်တို့ ဘာတို့လည်း ထွက်ကြတယ်လို့ ပြောတယ်ဗျ။ ဒီနျူကလီးယား ဓာတ်ပေါင်းဖို မီးလောင်နေတဲ့ဟာကလည်း နံပါတ် ၄ ဓာတ်ပေါင်းဖိုက မီးလောင်တာ မငြှိမ်းနိုင်သေးဘူးဆိုတော့ အဲဒီအတွက်ကြောင့်လည်း လူတွေက တော်တော် စိတ်လှုပ်ရှားနေကြတယ်။ ပြီးတော့ မနေ့ညက ငလျင်တခါလှုပ်တယ်၊ ညသန်းခေါင်က တခါလှုပ်တယ်ဆိုတော့ မနေ့ကညနေ ကျနော် ကိစ္စတခုနဲ့ အပြင်ထွက်ကြည့်တဲ့ အချိန်မှာ လူတွေ တော်တော်နည်းသွားတာ တွေ့ရတယ်။”

အဲဒီတော့ အရေးပေါ် အခြေအနေ တခုခု ဖြစ်လာရင်ရော ကိုဘုန်းမြင့်ထွန်းတို့ရော တခြား မြန်မာတွေရော ဘယ်လို စဉ်းစားမိကြလဲ၊ အခြေအနေက၊ တိုကျိုကနေ ထွက်ဖို့။

“ကျနော်တို့က တိုကျိုကနေထွက်ဖို့ လ၀ကမှာ နိုင်ငံကို ပြန်ဝင်ဖို့ ဗီဇာလျှောက်ရတဲ့ နေရာမှာ တော်တော်လေးကို ခက်ခဲနေတယ်။ ဘာကြောင့်လဲဆိုရင် လ၀ကမှာ ည ၁၁ နာရီလောက် ကတည်းက လူအယောက် ၅၀ လောက် တန်းစီနေတာ တွေ့ရတော့၊ မနက် ၉ နာရီမှဖွင့်မယ့် လ၀ကမှာ ည ၁၁ နာရီကတည်းက လူအယောက် ၅၀ လောက် တန်းစီနေတယ်ဆိုတော့ မနက်ကျရင် ဘယ်လောက်တောင် ဖြစ်မလဲဆိုတာ တွက်ကြည့်ရင် တော်တော်လေးတော့ ခက်ခဲနေတယ်ပေါ့။ ဂျပန်ပြည်က ထွက်ဖို့တောင်မှ။”

ဒါက ပြန်ဝင်ဖို့အတွက် တန်းစီကြတာပေါ့၊ Re-entry ဆိုတာက။ အကယ်၍ ဒီအတိုင်း ထွက်သွားရင်ရော ထွက်လို့ရလား။

“ဒီအတိုင်းထွက်သွားရင်တော့ ထွက်လို့ရတယ်။ ဒါပေမဲ့ ပြန်ဝင်လာဖို့ အတွက်ကိုတော့ တော်တော် ခက်ခဲသွားလိမ့်မယ်၊ ထွက်သွားလို့ရှိရင်။”

အစိုးရကတော့ လူတွေကို အစားအစာတွေ၊ ဓာတ်ဆီတွေ အလုံအလောက် ရှိတဲ့အတွက် အလုအယက် ၀ယ်ယူစုဆောင်းတာမျိုး မလုပ်ဖို့ တိုက်တွန်းနေပါတယ်။ ဒါပေမဲ့လည်း ကုန်တိုက်တွေမှာတော့ စားစရာတွေ ရောက်လာတာနဲ့ ချက်ချင်း ၀ယ်ယူကြတာကြောင့်ရော သယ်ယူပို့ဆောင်ရေး ခက်တာကြောင့်ရော စားစရာတွေ ပြတ်လပ်နေပါတယ်။ ဓာတ်ဆီဆိုင်တွေမှာလည်း ဓာတ်ဆီဝယ်ဖို့ တန်းစီနေရပါတယ်။


အခြေအနေတွေဟာ စိုးရိမ်စရာမရှိဘဲ တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်ကြဖို့ အာဏာပိုင်တွေဘက်က သတိပေးနေပေမဲ့လည်း လူအတော်များများကတော့ အာဏာပိုင်တွေဘက်က သတင်းအပြည့်အစုံ မဖော်ပြဘဲ အမှောင်ချထားတယ်လို့ မြင်တဲ့သူကလည်း မြင်နေကြပါတယ်။ နိုင်ငံရပ်ခြားတွေကလည်း သူတို့နိုင်ငံသားတွေကို အရေးပေါ် ကယ်ထုတ်နိုင်ဖို့ စီမံနေကြပါတယ်။ ဒါကြောင့်လည်း တိုကျိုမှာ စိုးရိမ်မှုတွေက ပိုကြီးကြီးလာတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။


(၃) ဂျပန်ရှိ မြန်မာများ သံရုံး ကူညီမှုမရ


လင်းသန့် Wednesday, 16 March 2011 23:23 .-Irrawaddy news
နျူကလီးယား အန္တရာယ် စိုးရိမ်မှုများကြောင့် ဂျပန်နိုင်ငံမှ ရှောင်တိမ်းရန် ကြိုးစားနေကြသည့် မြန်မာများကို တိုကျိုရှိ မြန်မာ သံရုံးက မည်သို့မျှ အကူအညီ ပေးခြင်းမရှိဘဲ အခွန်ကောက်ခံမှုသာ အဓိက လုပ်ဆောင်နေသည်။


ဆူနာမီ ဒဏ်ကြောင့် ဂျပန်နိုင်ငံ မြောက်ပိုင်း ဖူကူရှီးမား ခရိုင်ရှိ ပျက်စီးသွားသည့် နျူကလီးယား ဓာတ်ပေါင်းဖို အမှတ်(၃)နှင့် (၄)ကို ယမန်နေ့က တွေ့ရစဉ် (ဓာတ်ပုံ - Reuters)

“သံရုံးတော့ ဖွင့်ထားတယ်၊ မြန်မာနိုင်ငံပြန်ဖို့ သံရုံးကိုဆက်သွယ်ပါလို့ ပြောထားတယ်၊ လူတွေလည်း ကြိတ်ကြိတ် တိုး ပဲ၊ အခက်အခဲကို ကူညီဖို့ သူတို့ စိတ်မ၀င်စားဘူး၊ အခွန်ကောက်ဖို့ပဲ စိတ်ဝင်စားတာ၊ အခွန်ရုံးလို့ပဲခေါ်တယ်၊ သံအမတ် လည်း မရှိဘူး ကြားတယ်”ဟု ဂျပန် ရှိမြန်မာ အမျိုးသား တဦးဖြစ်သူ ဦးသာထက်က ဧရာဝတီသို့ ပြောသည်။

မြန်မာသံအမတ်ကြီးနှင့် မိသားစုမှာ ဂျပန်မှတိမ်းရှောင်သွားပြီဖြစ်ကြောင်း ဂျပန်ရှိ မြန်မာ အသိုင်းအ
ဝိုင်းကြား အတည်မပြုနိုင်သော သတင်းများ ထွက်ပေါ်နေသည်။

ယင်း ကိစ္စရပ်များနှင့် ပတ်သက်ပြီး မေးမြန်းရန် ဂျပန်ရှိ မြန်မာသံရုံးသို့ အကြိမ်ကြိမ် ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရပေ။

ထို့အပြင် ငလျင်နှင့် ဆူနာမီ စတင်ဖြစ်ပွားပြီးနောက် မြန်မာသံရုံးခေတ္တပိတ်ထားသည်ဟု သံရုံး၏၀က်ဘ်ဆိုက်တွင် ဖော်ပြ ခဲ့သည်။ ထို့နောက် မတ်လ ၁၅ ရက်နေ့ ဒေသစံတော်ချိန် ၁၃:၀၀ နာရီမှစတင်ကာ ရုံးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း ကြေညာထားသည်။

ဂျပန်ရှိ မြန်မာအများစုမှာ အလုပ်အကိုင်ရှိသူအနေနှင့် တလလျှင်အခွန်ငွေ ယန်း တသောင်း(အမေရိကန်ဒေါ်လ ၁၂၅)မြန် မာသံရုံးသို့ပေးသွင်းမှသာ နိုင်ငံကူးလက်မှတ်တရားဝင်မည်ဖြစ်သော်လည်း တချို့မှာ အခက်အခဲကြုံကြရကြောင်း၊ ငလျင် နှင့် ဆူနာမီ နောက်ဆက်တွဲ နျူကလီးယား စက်ရုံတချို့ပေါက်ကွဲမှုများဖြစ်ပြီးနောက် နျူကလီးယား အန္တရာယ် စိုးရိမ်မှုမြင့် မားလာကာ မြန်မာများ ဂျပန်မှ နေရပ်ပြန်ရေးအတွက် အပူတပြင်း စီစဉ်နေကြကြောင်း သိရသည်။

မြန်မာသံရုံးက မြန်မာအစိုးရ ပညာတော်သင်များကို မြန်မာပြည်ပြန်လျှင် ကူညီမည်ဟု ဖုန်းဆက်အကြောင်းကြားမှုများ ပြုလုပ်လျက်ရှိပြီး အခြားသောမြန်မာအလုပ်သမားများနှင့် ကျောင်းသားများကို ဆက်သွယ်မှုပြုလုပ်ခြင်းမရှိပေ။ မြန်မာနိုင်ငံ သို့ ပြန်မည့်သူများ ရှိကြသကဲ့သို့ မပြန်ဘဲ နေလိုသူများလည်း ရှိနေကြသည်။

“မနက်က သံရုံးက မြန်မာပြည် ပြန်မလားဆိုပြီး ဖုန်းဆက်တယ်။ တော်တော်များများက မပြန်ဘူးလို့ပြောကြတယ်”ဟု တိုကျို မြို့တွင်ပညာသင်နေသော ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ ပညာတော်သင် အရာရှိ တဦးက ပြောသည်။

Tsukuba တက္ကသိုလ်တွင် ပညာသင်ကြားနေသော အစိုးရ အရာရှိတဦး၏ မိသားစုဝင်တဦးကလည်း“မြန်မာနိုင်ငံ ပြန် မယ်ဆိုရင် ပညာရေးကလည်း မပြီးဆုံးဘဲနဲ့ပြန်ရမယ်။ နောက်ပြီးရနေတဲ့ အခွင့်အရေးတွေ နောက်တကြိမ် ထပ်မရနိုင် တော့ ဘူး။ ဒါကြောင့်အားလုံးက မပြန်ကြတာ”ဟု ပြောသည်။

ငလျင်နှင့် ဆူနာမီ ထိခိုက်မှုဒဏ်ကြောင့် နျူကလီးယား ဓာတ်ပေါင်းဖိုများ ပေါက်ကွဲသည့် ဖူကူရှီးမား(Fukushima) ခရိုင် တွင် မြန်မာအစိုးရ၏ အစီအစဉ်ဖြင့် ပညာသင်နေကြသော ကျောင်းသူ၊ ကျောင်းသား များနှင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် အလုပ်ဗီဇာဖြင့်ရောက်ရှိနေကြသူများ ရှိနေကြသော်လည်း ၄င်းတို့ကိုအကူအညီများပေးရန် တိုကျို မြန်မာအဖွဲ့အစည်းများက ဆက်သွယ်ရန်ကြီးစားနေကြရာ တချို့မှာ ဆက်သွယ်ရန် ခက်ခဲနေကြောင်းလည်း သိရသည်။

ထိုဒေသမှ အဆက်အသွယ်ရရှိခဲ့သည့် မြန်မာပြည်ပြန်လိုသော မြန်မာကျောင်းသူ၊ ကျောင်းသားတချို့ကို တိုကျိုရှိ မြန်မာ ယဉ်ကျေးမှုနှင့် လူမှုရေးအသင်းမှအကူအညီပေးရေး လုပ်ဆောင်နေကြသည်ဟု Itabashi မြန်မာဘုန်းတော်ကြီး ကျောင်း မှ ဆရာတော် ဦးသြဘာသ က မိန့်ကြားသည်။

အဏုမြူအန္တရာယ် စိုးရိမ်ပူပန်မှုများ တိုးပွားလာသည့်အတွက် မြန်မာနိုင်ငံသားများပါမက ဂျပန်ရှိမြန်မာနိုင်ငံသားများနှင့် အိမ်ထောင်ကျနေကြသော ဂျပန်များပါ မြန်မာနိုင်ငံသို့ ရှောင်တိမ်းရန် ကြိုးစားနေကြသည်။

“နျူကလီးယား အန္တရာယ်ကြောင့် ဂျပန်အမျိုးသားနဲ့အိမ်ထောင်ကျတဲ့ မြန်မာမိန်းကလေးတယောက်ဆိုရင် သူ့ကလေးနဲ့ သူ့ခင်ပွန်းတို့ပါ ခဏဂျပန်ကနေရှောင်ရှားဖို့အတွက် ကလေးနဲ့ ပတ်သက်ပြီး စာရွက်စာတမ်းရဖို့ တောင်းတော့ အခု သံရုံး ကိုလာရမယ်လို့ပြောတယ်။ သံရုံးကိုသွားဖို့က လမ်းပန်း ဆက်သွယ်ရေး အခုခက်နေတယ်၊ နောက် အရမ်းဝေးတယ်၊ အခု အခြေအနေမှာ အွန်လိုင်းက လက်မခံဘူးဆိုတော့ သူတို့ အခက်အခဲတွေဖြစ်နေတယ်”ဟု ဂျပန်နိုင်ငံ တိုကျိုမြို့ရှင်ဂျုကု တွင် နေထိုင်သည့် မြန်မာ အမျိုးသမီး မခင်စန်းရီ က ပြောသည်။

ဂျပန်ရှိမြန်မာအသိုင်းအ၀ိုင်းတွင် ဂျပန်နိုင်ငံမှ တိမ်းရှောင်ရန် ဆန္ဒရှိသော်လည်း မြန်မာနိုင်ငံ ပြန်လို့မရသူပေါင်းများစွာရှိနေ ကြောင်း ၊ အန္တရယ်ကင်းမည့်နေရာ တခုကိုအချိန်မရွေးသွားရောက် ရှောင်တိမ်းနိုင်ရန် အသင့်ပြင်ထားကြောင်း၊ စိုးရိမ် သော်လည်း အခြေအနေအရ အလုပ်ပြန်ဝင်နေကြသူတချို့လည်း ရှိကြောင်း ဂျပန်ရှိ မြန်မာယဉ်ကျေးမှုနှင့် လူမူရေးအဖွဲ့မှ အဆိုပါ မခင်စန်းရီက ပြောသည်။

မြန်မာယဉ်ကျေးမှုနှင့် လူမူရေးအဖွဲ့ အနေနှင့် ယခုအခါ ဂျပန်ဘာသာဖြင့် ကြေညာနေသော အရေးပေါ်သတင်းများနှင့် သတိပေး နှိုးဆော်ချက်များကို မြန်မာများ အလွယ်တကူ သိစေရန် အင်တာနက်မှ တဆင့် မြန်မာ ဘာသာဖြင့် အီးမေးလ် များ ပို့ကာ ကူညီပေးနေသည်ဟု ၎င်းက ဆိုသည်။

“မြန်မာတွေ ပြန်တဲ့ လူတွေလည်း ပြန်ကုန်ကြပြီ၊ လေယာဉ်လက်မှတ်လည်း ခက်တယ်၊ Haneda လေဆိပ်တခုတည်း ဖွင့် ထား တာ၊ ဒီကနေ့အထိတော့ ထိခိုက်ဒဏ်ရာရတဲ့သူတွေထဲမှာ မြန်မာတွေပါတာ မကြားရသေးပါဘူး”ဟု မခင်စန်းရီက က ဆက်လက်ပြောကြားသည်။

မတ်လ ၁၄ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ရန်ကုန်ရှိ ဂျပန် သံအမတ်ကြီးထံ သို့ ဂျပန်နိုင်ငံရှိ ငလျင်နှင့် ဆူနာမီ ဒဏ်ကြောင့် အသက် အိုးအိမ် ပျက်စီးဆုံးရှုံးသူများအတွက် ၀မ်းနည်းကြောင်း သ၀ဏ် လွှာ ပေးပို့ခဲ့သည်။

စစ်အစိုးရ ၀န်ကြီးချုပ် ဦးသိန်းစိန်က ဂျပန်ဝန်ကြီးချုပ်ထံ စာနာထောက်ထားကြောင်း ပေးပို့သည့် သ၀ဏ်လွှာ ကို ယနေ့ထုတ် အစိုးရ သတင်းစာများ၌ ဖော်ပြထားသည်။

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!