ရေဒီယိုသတ္တိကြွရောင်ခြည်ပျံ့လွင့်
ဖူကူရှီးမားခရိုင် အဏုမြူစွမ်းအင်
လျှပ်စစ်ဓါတ်အားပေးစက်ရုံ ၁ရဲ့ အဏုမြူဓါတ်အားသိုလှောင်ရာတာဝါတိုင် ၁နှင့် ၃တို့ရဲ့ အအေးပေးကန်များပေါက်ကွဲပြီးနောက်ပိုင်း ထိုဒေသကနေ တဖြည်းဖြည်း ရေဒီယိုသတ္တိကြွရောင်ခြည်ပျံ့လွင့်တာတွေကို တိုင်းတာတွေ့ရှိလာရပါတယ်။
၁၅ရက်နေ့ မနက်ပိုင်းမှာ တိုင်းတာရရှိချက်တွေကတော့ ဖူကူရှီးမားခရိုင်ဘေးက အီဘာ့ရာ့ကီခရိုင်မှာ ပုံမှန်ထက်၁၀၀ဆမြင့်တက်ခဲ့ပြီး၊ စိုင်းတာမာ့မြို့မှာ ၄၀ဆ၊ အူဆုနိုမီယာ့မြို့မှာ ၃၀ဆ၊ ခါနာ့ဂါဝါခရိုင်မှာ ၆မှ၉ဆ၊ ချီဘာ့ခရိုင် အီချိဟာရာ့ရှိမှာ ၂မှ၎ဆအထိရှိခဲ့တယ်လို့ကြေငြာပါတယ်။
ဒီလိုမြင့်တက်ပေမယ့်လည်း ချက်ချင်းကြီးတော့ ကျမ်းမာရေးထိခိုက်နိုင်တဲ့ အန္တရာယ်မရှိနိုင်ဘူးဆိုပါတယ်။
သာမန်လူတစ်ယောက်အတွက် နေ့စဉ်လှုပ်ရှားသွားလာမှုနဲ့ ကျမ်းမာရေးအတွက်ကြောင့် မဖြစ်မနေကိုယ်ခန္ဒာသို့ရောက်ရှိတဲ့ ရေဒီယိုသတ္တိကြွရောင်ခြည် ပမာဏဟာ တစ်နှစ်မှာ ၁မီလီဆီးလ်ဘက်လ်တ် milisievert ဖြစ်ပါတယ်။ ဒါ့ထက်ပိုများပြီး တစ်နှစ်ကို ၁၀၀၀ မီလီဆီးလ်ဘက်လ်တ် ပမာဏ လောက် ခန္ဒာကိုယ်ကိုသက်ရောက်ခဲ့ရင်တော့ အန္တရယ်ရှိပါတယ်။
1ဆီးလ်ဘက်လ်တ်(Sv)=1000မီလီ ဆီးလ်ဘက်လ်တ်(mSv)=1000,000 မိုက်ကရို ဆီးလ်ဘက်လ်တ်(μSv)
လူရဲ့ကိုယ်ခန္ဒာကို ရေဒီယိုသတ္တိကြွဓါတ်ရောင်ခြည် များစွာသက်ရောက်ပြီး ရေဒီယိုသတ္တိကြွဓါတ်ရောင်ခြည်သင့် မှု ပမာဏကို တိုင်းတာတဲ့ ယူနစ်အဖြစ် “မိုက်ခရို ဆီးလ်ဘက်လ်တ်”ကို သုံးပါတယ်။ ပုံမှန်အနေအထားနဲ့ ဂျပန်နိုင်ငံတ၀ှမ်းလုံးရဲ့ ပျမ်းမျှအတိုင်းအတာဟာ တစ်နာရီ ၀.၀၂၅ မိုက်ခရိုဆီးလ်ဘက်လ်တ် မှ ၀.၁၅မိုက်ခရိုဆီးလ်ဘက်လ်တ် အထိရှိပါတယ်။ ဒေသအလိုက်အနည်းနဲ့ အများကွာဟချက်ရှိပါတယ်။ ဂျပန်နိုင်ငံရဲ့ ပျမ်းမျှနာရီလိုက် ရေဒီယိုသတ္တိကြွဓါတ်ရောင်ခြည်ပျံ့နှံ့မှုနှုန်း ကတော့ ၀.၀၅ မိုက်ခရိုဆီးလ်ဘက်လ်တ် ပါ။ ကမ္ဘာပေါ်မှာ အဲဒီကိန်းဂဏန်းထက် ၁၀ဆများတဲ့ သဘာဝရှိတဲ့ အရပ်ဒေသတွေလည်းရှိတယ်လို့သိရပါတယ်။ ယနေ့ အီဘာ့ရာ့ကီခရိုင်မှာမှာ ရှိခဲ့တဲ့ တစ်နာရီ အတွင်း ၅.၅၇၅ မိုက်ခရိုဆီးလ်ဘက်လ်တ် ရှိတဲ့ ပမာဏဟာ ဘရာဇီး၊ အိန္ဒိယ၊ တရုတ်နိုင်ငံတို့ရဲ့ သာမန်နှုန်းလောက်ပဲရှိနေသေးတယ်လို့တောင်ပြောသွားပါတယ်။
သို့သော်လည်းဒီရေဒီယိုသတ္တိကြွဓါတ်ရောင်ခြည်များစွာသင့်ခဲ့မယ်ဆိုရင်တော့ လူ့ခန္ဒာကိုယ်တွင်းက သေးငယ်လှတဲ့ ဆဲလ်နဲ့ တစ်ရှူးများပုံမှန်အတိုင်းဆက်မနေနိုင်တော့တဲ့ အတွက် လူတစ်ယောက်ရဲ့ DNA အထိထိခိုက်မှုရှိနိုင်ပြီး၊ ဆဲလ်နဲ့ တစ်ရှူးများပုံမဟုတ်တော့ပဲ ကင်ဆာရောဂါ၊ သွေးဖြူဥများရောဂါများ ခံစားရစေနိုင်ပါတယ်။
လောလောဆယ်မှာတော့ ဖူကူရှီးမားခရိုင် အဏုမြူစွမ်းအင်လျှပ်စစ်ဓါတ်အားပေးစက်ရုံ ၁ရဲ့ အဏုမြူဓါတ်အားသိုလှောင်ရာတာဝါတိုင် ၂နဲ့ ၄ဟာလည်း စိုးရိမ်စရာဖြစ်နေပါတယ်။ ဂျပန်လူမျိုးအချို့တွေကတော့ အစိုးရကို အတိအကျသတင်းမပေးနိုင်ဘူး၊ ဘာကြောင့်ဘယ်လို ဆိုတာ သေချာရှင်းမပြနိုင်ဘူးဆိုပြီး ဒေါသထွက်အပြစ်ဆိုကြပါတယ်။
တိုကျိုလျှပ်စစ်ဓါတ်အား ကုမဏီ
အခုဖြစ်ပွါးတဲ့ ဖူကူရှီးမားခရိုင် အဏုမြူစွမ်းအင်လျှပ်စစ်ဓါတ်အားပေးစက်ရုံ က အစိုးရပိုင်မဟုတ်ပါဘူး။ တိုကျို လျှပ်စစ်ဓါတ်အား လို့ခေါ်တဲ့ ကုမဏီက ပုဂ္ဂလိကပိုင်ဆိုင်တာပါ။ တိုကျို လျှပ်စစ်ဓါတ်အားကုမဏီ ဆီက သတင်းနဲ့ ပညာရှင်များမှန်းဆချက်ကို အခြေခံပြီး အစိုးရကသတင်းထုတ်ပြန်ပါတယ်။ လူအချို့ကအစိုးရကို အပြစ်တင်သလို ၀န်ကြီးချုပ်ကလည်း တိုကျို လျှပ်စစ်ဓါတ်အားကုမဏီ ကို ဒေါသထွက်ပါတယ်။ မနက်ကတော့ ၀န်ကြီးချုပ်ဟာ တိုကျို လျှပ်စစ်ဓါတ်အားကုမဏီ အထိအရောက်သွားခဲ့ပြီး ကုမဏီအစည်းအဝေးကိုတက်ရောက်ခဲ့ပါတယ်။
“ အခုဒီ အဏုမြူစွမ်းအင်လျှပ်စစ်ဓါတ်အားပေးစက်ရုံကိစ္စကို ဆောင်ရွက်ဖြေရှင်းရမှာ မင်းတို့ပဲမဟုတ်လား၊ ဒီကိစ္စကနေ ရှောင်ထွက်နောက်ဆုတ်တာမျိုး လုံးဝမဖြစ်သင့်ဘူး၊မင်းတို့ နောက်ဆုတ်နေရင်တော့ မင်းတို့ကုမဏီ ရာနှုန်းပြည့် ပျက်စီးနိုင်တာ သေချာ မှတ်ထားပါ” လို့ ဒေါသဖြစ်နေတဲ့ ၀န်ကြီးချုပ်အသံကို အစည်းဝေးခန်းအပြင်ကတောင် ကြားရပါတယ်တဲ့။
ဖူကူရှီးမားခရိုင် အဏုမြူစွမ်းအင်လျှပ်စစ်ဓါတ်အားပေးစက်ရုံ ၁ရဲ့ အဏုမြူဓါတ်အားသိုလှောင်ရာ တာဝါတိုင် ၁နှင့် ၃တို့ရဲ့ အအေးပေးကန်များပေါက်ကွဲပြီးတဲ့ဖြစ်ရပ် ကို ကမ္ဘာ့နိုင်ငံအသီးသီးက ခေါင်းဆောင်တွေက သင်္ခန်းစာယူပြီး မိမိတို့ရဲ့ ကောက်နှုတ်ချက်များကို ကြေငြာကြပါတယ်။
နိုင်ငံများစွာတို့က ဖြစ်ပွါးခဲ့တဲ့ ငလျင်၊ ဆူနာမီရေလှိုင်း၊ ပေါက်ကွဲမှုတို့နဲ့ပတ်သက်ပြီး ဂျပန်နိုင်ငံတွင်းမှာ ကြေငြာနေတဲ့သတင်းတွေနဲ့ တစ်ချိန်တည်း သတင်းများကို ပြည့်စုံစွာပြန်လည်ထုတ်လွှင့်ပေးတဲ့ အပြင် ၊ သက်ဆိုင်ရာ အတတ်ပညာအသိပညာရှင်များရဲ့ ရှုထောင့်များကိုလည်း နိုင်ငံသားတွေကို ရှင်းလင်းတင်ပြပေးကြပါတယ်။ ဒီအဖြစ်အပျက်ကနေ ကိုယ့်နိုင်ငံကို ဘယ်လိုပြင်ဆင်မလဲဆိုတာကို အသေးစိတ်သင်္ခန်းစာယူကြတာကို တွေ့ကြပါတယ်။ ကမ္ဘာရွာလို့ ဖြစ်နေတဲ့ ခေတ်ကာလမှာ စက္ကန့်မလပ် ပြောင်းလဲမှုများကြားက သင်ခန်းစာယူပြီး သတင်းများဖြန့်ဝေပေးတာဟာ သေချာစွာစဉ်းစားကြည့်မယ်ဆိုရင် မိမိတစ်ယောက်တည်း မိမိမိသားစုတစ်ခုတည်းနဲ့ မိမိနေပြည်တော်လေးတစ်ခုကိုတည်ဆောက်လို့မရပါဘူးဆိုတာကို လူတိုင်းနားလည်ထားကြလို့ပါပဲ။
ဂျပန်လူမျိုးတွေဆီက မကြာခဏကြားရတဲ့ စကားတွေထဲက သတိရမိတာလေး ပြန်ပြောပါရစေ။ သီချင်းတွေထဲမှာ လည်းပါတတ်ပါတယ်။
“သင့် ရဲ့ လက်တစ်စုံနဲ့ လူများစွာကို ဆက်သွယ်နိုင်တယ် ဆိုတာကို မမေ့ပါနဲ့ ”
“ဒီလက်တွေနဲ့ သင်ဘာများ လုပ်ပေးနိုင်သလဲ ” တဲ့။
စာကြွင်း။ ရေမရသေးပါ။ ငလျင် လှုပ်ဆဲ။ အ၀တ်ဟောင်းတွေကို ကွိုင်လောင်ဒရီမှာသွားလျှော်ပါတယ်။ မနက်ဖန် သားမူကြိုကပိတ်ထားလို့ ဟိုဘက်ဘူတာက မူကြိုကိုသွားပို့ရပါမယ်။ ဆန်နဲ့ စားစရာအချို့ ဆွေမျိုးနဲ့မိတ်ဆွေများက ပို့ပေးလို့ ဖူဖူလုံလုံရှိပါတယ်။
အညွှန်း
http://eq.sakura.ne.jp/110315houshasen.pdf
နေ့စဉ်ဘ၀ နှင့် ရေဒီယိုသတ္တိကြွရောင်ခြည် ဆက်စပ်မှု ပုံပြရှင်းလင်းချက်
http://nip0.wordpress.com/english/
ငလျင်နှင့်ပတ်သက်သည့် ဆောင်ရန်ရှောင်ရန် သိထားရန်များ
From kawnmon.blpgspot.com
Popular Posts!
-
Rare Earth Elements ဆိုသည်မှာ Rare Earth Elements ဆိုတာကတော့ Periodic Table မှာ အနီရောင်နဲ့ ၀ိုင်းပြထားတဲ့ ဒြပ်စင်တွေ ကို ခေါ်တာပါဘဲ ၊ စ...
-
Credit@ KoNge ဒီနှိုင်းယှဉ်ချက်ကိုကြည့်ပြီး စကာင်္ပူမှာဆက်နေသင့်လား မနေသင့်ဘူးလား! ပြည်တော်ပြန်သင့်ပြီလား? အမှန်တကယ် ရန်ကုန်မှာ ...
-
ကမ္ဘာနိုင်ငံကြီးတွေမှာ သဘာဝထုန်ကုန်တွေ ဈေးကြီးပေးဝယ်နေချိန်မှာ.... အမိနိုင်ငံကလဲ တပိုင်တနိုင်မိမိဒေသ သဘာဝထုန်ကုန်တွေ ရိုးရာ ခေတ်မှီနည်...
-
မိမိရဲ့ဝတ်လ်ဆိုဒ် ဘလော့တန်ဖိုး ဘယ်လောက်တန်နေပြီလဲ ဆိုတာကိုတော့ဝတ်လ်ဒီဇိုင်းနာ၊ ဘလော့ဂါသမားတွေတိုင်း သိချင်ကျမှာပါနော်! ဒါတွေကို တွက်ချက်တဲ့...
-
ကိုယ့်ရဲ့ မြန်မာသက္ကရာဇ်ကို (၇) နဲ့ စားပြီး ကြွင်းသော ဂဏန်းသည် (၄) ဖြစ်ပါက (၄)ကြွင်းဖွားများဟု သတ်မှတ်ပါသည်။ မြန်မာသက္ကရာဇ်မသိပါက ကိုယ်မွေ...
-
Sunday, March 25, 2012 Shampoo and Conditioner Alone Won't Give You Healthy Hair ဘယ်လောက် ကောင်းပါတယ်ဆိုတဲ့ ခေါင်းလျှော်ရည်န...
-
နွားကျောင်းသား (Friend Ever) ဧပြီ ၁၈၊ ၂၀၁၂ (ယခုရေးသားလျက်ရှိသော မလေးရှားရှိအိမ်ဖော်၊ အိမ်အကူတို့၏ဘ၀ စာများ၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံသားမ...
-
ယနေ့ Park Royal ဟိုတယ်မှာ ပြသခွင့်မရခဲ့တဲ့ ကျောက်စိမ်းနဲ့ စစ်ဗိုလ်ချုပ်များမှတ်တမ်း ( Jade and the Generals) ရဲ့ Trailer Video Files ...
Wednesday, March 23, 2011
Subscribe to:
Post Comments (Atom)



No comments:
Post a Comment