နေ့စဉ်ကြုံတွေ့ရင်ဆိုင်နေရသော ခေတ်သစ်လူနေမှုစနစ်ဖိစီးမှု၊ စားသောက်မှုပုံစံမကျမှုတို့ကြောင့် သွေးတိုးရောဂါခံစားရမှု များလာကြောင်း ပါမောက္ခဦးနေဝင်း(ဆေး ပညာ)က ပြောသည်။
”သွေးတိုးဟာအင်မတန် ကြောက်စရာကောင်းတဲ့ အသံတိတ်လူသတ်သမားပဲ ဖြစ်တယ်။ လူနေမှုပုံစံ၊ နေထိုင်စားသောက်မှုတွေကို အခြေခံပြီးပေါ်လာတဲ့ ရောဂါအုပ်စု ဖြစ်တယ်။ နေ့စဉ်နဲ့အမျှ သွေးတိုးလူနာ အများအပြားကို ကုနေရပါတယ်။ ဒီအထဲမှာ ဖွံ့ဖြိုးပြီးနိုင်ငံတွေထက် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ပိုအဖြစ်များတာကိုတွေ့ ရတယ်”ဟု ၄င်းမှ ပြောသည်။
သွေးတိုးခြင်းကို ထိန်းသိမ်း၍ မရနိုင်ခြင်းမှာ ဝေဒနာခံစားရသူ ၅ဝ ရာခိုင်နှုန်းခန့်သည် ဆရာဝန်ညွှန်ကြားသောဆေးကို မှီဝဲသောက်သုံးရန် ငြင်းဆန်ခြင်းနှင့် ကျန်းမာ ရေးနှင့် မညီညွတ်သော ဘဝနေမှုပုံစံကို ပြုပြင်ပြောင်းလဲမှု မပြုခြင်းတို့ပင် ဖြစ်သည်ဟု ဦးနေဝင်းက ဆိုသည်။
သွေးတိုးရောဂါ အမျိုးအစားနှင့် ပတ်သက်၍ ၄င်းက ”သွေးတိုးမှာ ဘာရောဂါလက္ခဏာမှ မပြပါဘူး။ သွေးတိုးမှာ အဓိကအုပ်စုနှစ်မျိုးရှိတယ်။ တစ်ခုက အကြောင်းရင်း တိတိပပ ပေါ်ပေါ်ထင်ထင်မရှိတဲ့ သွေးတိုး။ နောက်တစ်ခုက တစ်ဆင့်ခံသွေးတိုး မိမိမှာရောဂါတစ်ခုရှိလို့ နောက်ဆက်တွဲ သွေးတိုးဖြစ်တာပေါ့။ ဒါက ရှားတယ်။ ဒါပေမဲ့ ဝုန်းဒိုင်းကြဲပြီး လူကိုဒုက္ခပေးတတ်တယ်။ ဆေးကုရတာ အင်မတန်ခက်တယ်” ဟု ဆက်လက်ပြောသည်။
”ခြုံပြောရရင် သွေးချိုနဲ့ ယှဉ် ရင်တောင် သွေးတိုးရောဂါက အင် မတန်ကြောက်စရာကောင်းတယ်။ သွေးတိုးကို ထိထိရောက်ရောက် ကုသမယ်ဆိုရင်တော့ နောက် ဆက်တွဲ ရောဂါတွေထဲက နှလုံးသွေးကြောကျဉ်းတာကို ၂ဝ ရာခိုင်နှုန်း၊ လေဖြတ်တာကို ၃၅ ရာခိုင်နှုန်း ကာကွယ် နိုင်မှာဖြစ်ပြီး သွေးတိုးလူနာ ၅ဝ ရာခိုင်နှုန်းကလည်း သွေးချိုရှိနေတတ်သလို သွေးချိုလူနာ ၅ဝ ရာ ခိုင်နှုန်းကလည်း သွေးတိုးရှိတတ်ပါတယ်။ နှစ်ခုတွဲမိပြီဆိုရင်တော့ တစ်ခုစီထက် ပိုဂရုစိုက်ဖို့ လိုပါတယ်” ဟု အထက်ပါပုဂ္ဂိုလ်က ထပ်မံပြောကြားသည်။
သွေးတိုးရောဂါဖြစ်ပွားမှုကို အချိန်မနှောင်းမီ သိရှိနိုင်ရန် ရောဂါကြိုတင် စမ်းသပ်ရှာဖွေခြင်း၊ သွေးတိုးရောဂါ၏ နောက်ဆက်တွဲအကျိုးဆက်များကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းခြင်း စသည်တို့ကို လူထုလှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်သင့်ကြောင်း ဦးနေဝင်းက အကြံပြုသည်။
အပြည်ပြည်ဆိုင်ရာ ကျွမ်းကျင်သူများ ပါဝင်သောအဖွဲ့၏အဆိုအရ အရွယ်ရောက်ပြီးသူ လေးဦးအနက်တစ်ဦးသည် သွေးတိုးရောဂါ ခံစားနေရပြီး ထိန်းသိမ်းကာကွယ် နိုင်ခြင်း မပြုပါက နောင်နှစ် ၂ဝ အတွင်း ၆ဝ ရာခိုင်နှုန်းထိ သွေးတိုးရောဂါ ခံစားရသူ များလာနိုင်ကြောင်း၊ ကမ္ဘာတစ်ဝန်းတွင် သွေးတိုးရောဂါကြောင့် နှစ်စဉ်လူ ၇ ဒသမ ၁ သန်းခန့် အသက်ဆုံးရှုံးလျက်ရှိကြောင်း သိရသည်။
ချစ်ဆုဆွေ
Ref:popularmyanmar
Popular Posts!
-
ယနေ့ ၁၂/၀၅/၂၀၁၉ ရက်နေ့ ၀၇၁၅နာရီတွင်မြန်မာအမျိုးသားလေကြောင်းလိုင်း ၏ခရီးစဉ်အမှတ် UB103 ရန်ကုန်- မန္တလေး- ရန်ကုန် ခရီးစဉ်ကို လေယာဉ်အမှတ် XY...
-
April 2019 မှာ IMF ကထုတ်ပြန် တဲ့မြန်မာ့ စီးပွားရေး သုံးသပ်ချက် အပြည့်အစုံမှအချို့စာမျက်နှာများကို တင်ပြပေးလိုက်ပါတယ်။ နှစ်လတ်နဲ့နှစ်ရှည်မှာ ...
-
MAC OS Keyboard shortcuts လေးတွေမသိရင်တော်တောကို ဒုက္ခပေးပါတယ်... အခုလဲသုံးနေရင်းနှင့် အဆင်မပြေတာနှင့် Shortcut Keysတွေကို ရှာလိုက်တ...
-
ခိန့်ဟုတ်ဗုဒ္ဓဘာသာဘုရားကျောင်းသမိုင်း ၁၈၆၁ (ချင်အင်ပါယာခေတ်) တွင် ယခုရန်ကုန်မြို့ ကမ်းနားလမ်း ၁၈လမ်းနှင့်စဥ့်အိုးတန်းလမ်းအကြားတွင် ဖူကျန့်လူမ...
-
၂၀၁၅ အတွက် Singapore မှာ IT Jobs မှာ IT Professtionalတွေ ၈သောင်းလိုအပ်နေပြီး ၅သောင်း၅ထောင်ကို ဆက်သွယ်ရေးနှင့်ဆိုင်သော inforcomm အတွက်လိုအပ...
-
ဂျပန်က မြန်မာနိုင်ငံသားတွေကို အကြိမ်ကြိမ်ဝင်ထွက်ခွင့်ဗီဇာပေးပြီ မြန်မာနိုင်ငံသားတွေရဲ့ တချိန်တုန်းကတည်းက အိပ်မက်ကြီး မက်ခဲ့တဲ့ ဂျပန်နို...
-
ရာသီဥတုပူပြင်းတဲ့အချိန်မှာ သတိထားသင့်တဲ့ မျက်စိနာရောဂါ (သို့) မျက်မြှေးရောင်ရောဂါ အချိန်အခါမရွေး ဖြစ်ပွားနိုင်ပေမယ့် ရာသီဥတုအပြောင်းအလဲဖြ...
-
အလွှာ ၃ ပါး -------------- ထိုင်ဝမ်မှာ သတင်းသုံးတော်မူတဲ့ ရှင်းရင်ဆရာတော်က လူ့အလွှာသုံးပါးအကြောင်းကို အောက်ပါအတိုင်းဟောတော်မူပါတယ် လူမှာ အမျို...
Subscribe to:
Post Comments (Atom)
No comments:
Post a Comment