ဗိုင်းရပ်စ်ကူး စက်ခြင်း ခံရပြီးသော ကွန်ပျူတာ ပိုင်ရှင် သည် facebook ကိုအသုံး ပြုပြီ ဆိုသည်နှင့် ယင်းဗိုင်းရပ်စ် သည် facebook မှတစ်ဆင့် ကွန်ပျူတာပိုင်ရှင်၏ friends list မှ သူငယ်ချင်း များအား message အလို အလျောက် ပို့ လေသည်။ ရှေးဦးစွာ "wanna laugh?)))" ဟူသည့် စကား စပြော သည်။
သင်က မည်သို့ပင် ပြန်ပြော စေကာမူ ယင်းက ဝက်ဘ်ဆိုက် လင့်တစ်ခုကိုသာ ပြန်ပို့ပေးလိမ့် မည်။
ယင်းလင့်ခ်မှာ http:// tinyurl. com/100000101922 5927-html ဆို သည့် လင့်ဖြစ်၏။ ထို့နောက် တွင်မူ ဗိုင်းရပ်စ်က "I'll be back" ဟုပြောကာထွက်သွား တော့သည်။ အကယ်၍ ဗိုင်းရပ်စ် ကပေးသော လင့်ခ်ကို ကလစ်လုပ် လိုက်မိပါက you tube နှင့်ဆင်တူ သော အင်တာ နက် စာမျက်နှာ တစ်ခု သို့ရောက် သွားမည်ဖြစ်ပြီး သင့် အမည်ကို ခေါင်းစဉ် တပ်ထားသော ဗီဒီယိုတစ်ခုကို တွေ့ရ လိမ့်မည်။ ယင်းဗီဒီယို၏ အောက်တွင် သင့် friends list ထဲမှ မိတ်ဆွေများက သရော် လှောင်ပြောင် သော comment များ ရေးထား ကြသည်ကို လည်း တွေ့ရ လိမ့်မည်။ သို့ရာတွင် ယင်း comment များသည် အင်္ဂလိပ် ဘာသာဖြင့် ရေးသားထား သော comment များသာဖြစ်နေ ကြလိမ့် မည်။
သို့သော် ဗီဒီယိုကိုမူ သင်ကြည့်မြင်ရလိမ့်မည် မဟုတ် ချေ။ ဗီဒီယိုကြည့်မြင်နိုင်စေရန် Adobe Flash player ကို update လုပ်ပါဟူသည့် စာတန်းနှင့် update လုပ်မည့်လင့်ခ် တစ်ခုကိုပါ ပေးထားသည်။ ယင်းလင့်ခ်ကို ကလစ် လုပ်လိုက်ပါက Flashplayer. exe ဆိုသည့် ဖိုင်တစ်ခုကို ရရှိလိမ့်မည်။ ဖိုင်၏ icon မှာ Adobe Flash player အစစ် အတိုင်းပင်ဖြစ်သော်ငြား ဖိုင်အရွယ် အစားမှာမူ 1.15 M သာ ရှိနေ သည်ကို တွေ့ရလိမ့်မည်။ ယင်း ဖိုင်ကို ကလစ်လုပ်၍ Flash player ကို update လုပ်လိုက် လျှင်မူ သင့်ကွန်ပျူတာသည် လည်း ဗိုင်းရပ်စ်ကပ်ငြိခြင်းကို ခံရ ပေလိမ့်မည်။ ယခု ဗိုင်းရပ်စ်သည် ၂၀ဝ၈ ခုနှစ်က ပေါ်ပေါက်ခဲ့သော koobface ဗိုင်းရပ်စ်နှင့် ဆင်တူ ၏။ ကူး စက်ပုံချင်းလည်း ဆင်တူ သည်။
သို့ရာတွင် koobface လောက် သပ်ရပ်မှုကား မရှိ။ ထို့ကြောင့် အလွယ်တကူပင် ရှာဖွေသတ်ဖြတ်နိုင်သည်။

windows\temp\ ၏ အောက်တွင် 44781871.bat ဟူသည့် ဖိုင် တစ်ခုကို ဖျက်ပစ်ပါ။ ထို့နောက် \windows\ အောက် တွင် services32.exe ဟူသည့် ဖိုင်ကိုလည်း ဖျက်ပစ်ပါ။
ထိုအခါ ဗိုင်းရပ်စ်များ သက်ဝင်လှုပ်ရှား မည့် ဖိုင်များမရှိတော့ပြီဖြစ်သဖြင့် စိတ်ချ ရပြီဖြစ် သည်။ ပိုမိုစိတ်ချ ရစေရန် နားလည်တတ်ကျွမ်းသူ များနှင့်တိုင်ပင်၍ ဗိုင်းရပ်စ်ကို နှိမ်နင်းသန့်စင်သင့်ပါသည်။ ယခု ဗိုင်းရပ်စ်ကို ဘူလ်ဂေးရီးယားမှ ဖန် တီးခြင်းဟု ယူဆရသော အချက် အလက်အချို့ကို တွေ့ရသည်ဟု ကျွမ်းကျင်သူတို့က ဆိုသည်။

No comments:
Post a Comment