Popular Posts!
-
ယနေ့ ၁၂/၀၅/၂၀၁၉ ရက်နေ့ ၀၇၁၅နာရီတွင်မြန်မာအမျိုးသားလေကြောင်းလိုင်း ၏ခရီးစဉ်အမှတ် UB103 ရန်ကုန်- မန္တလေး- ရန်ကုန် ခရီးစဉ်ကို လေယာဉ်အမှတ် XY...
-
April 2019 မှာ IMF ကထုတ်ပြန် တဲ့မြန်မာ့ စီးပွားရေး သုံးသပ်ချက် အပြည့်အစုံမှအချို့စာမျက်နှာများကို တင်ပြပေးလိုက်ပါတယ်။ နှစ်လတ်နဲ့နှစ်ရှည်မှာ ...
-
MAC OS Keyboard shortcuts လေးတွေမသိရင်တော်တောကို ဒုက္ခပေးပါတယ်... အခုလဲသုံးနေရင်းနှင့် အဆင်မပြေတာနှင့် Shortcut Keysတွေကို ရှာလိုက်တ...
-
ခိန့်ဟုတ်ဗုဒ္ဓဘာသာဘုရားကျောင်းသမိုင်း ၁၈၆၁ (ချင်အင်ပါယာခေတ်) တွင် ယခုရန်ကုန်မြို့ ကမ်းနားလမ်း ၁၈လမ်းနှင့်စဥ့်အိုးတန်းလမ်းအကြားတွင် ဖူကျန့်လူမ...
-
၂၀၁၅ အတွက် Singapore မှာ IT Jobs မှာ IT Professtionalတွေ ၈သောင်းလိုအပ်နေပြီး ၅သောင်း၅ထောင်ကို ဆက်သွယ်ရေးနှင့်ဆိုင်သော inforcomm အတွက်လိုအပ...
-
ဂျပန်က မြန်မာနိုင်ငံသားတွေကို အကြိမ်ကြိမ်ဝင်ထွက်ခွင့်ဗီဇာပေးပြီ မြန်မာနိုင်ငံသားတွေရဲ့ တချိန်တုန်းကတည်းက အိပ်မက်ကြီး မက်ခဲ့တဲ့ ဂျပန်နို...
-
ရာသီဥတုပူပြင်းတဲ့အချိန်မှာ သတိထားသင့်တဲ့ မျက်စိနာရောဂါ (သို့) မျက်မြှေးရောင်ရောဂါ အချိန်အခါမရွေး ဖြစ်ပွားနိုင်ပေမယ့် ရာသီဥတုအပြောင်းအလဲဖြ...
-
အလွှာ ၃ ပါး -------------- ထိုင်ဝမ်မှာ သတင်းသုံးတော်မူတဲ့ ရှင်းရင်ဆရာတော်က လူ့အလွှာသုံးပါးအကြောင်းကို အောက်ပါအတိုင်းဟောတော်မူပါတယ် လူမှာ အမျို...
Thursday, January 26, 2012
စင်ကာပူနှင့် အင်ဒိုနီးရှားဘက်မှ ဖိုင်ဘာဆက်ကြောင်းများ ပြတ်တောက်မှုလနှင့်ချီနေသည့်အတွက် အင်တာနက်မြန်နှုန်း ယခုချိန်ထိ နှေးကွေးဆဲ
အာရှ-ဥရောပ ရေအောက်ကေဘယ်လ် ဆက်သွယ်ရေးစနစ် SEME3 ဖိုင်ဘာဆက်ကြောင်း စင်ကာပူနှင့် အင်ဒိုနီးရှားနိုင်ငံဘက်မှ ပြတ်တောက်မှုသည် လနှင့်ချီနေသည့်အတွက် အင်တာနက်မြန်နှုန်းများ ယခုအချိန်ထိ နှေးကွေးနေဆဲဖြစ်ကြောင်း သတင်းနှင့် နည်းပညာဌာနမှ အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးက ၉-၁-၂ဝ၁၂ ရက် ပြောကြားသည်။ ''အခုလို အင်တာနက်မြန်နှုန်း နှေးကွေးနေရတာက ကျွန်တော်တို့ မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းက အိန္ဒိယကိုသွားတဲ့ Link တွေကကောင်းနေပြီ။ စင်ကာပူနဲ့ အင်ဒိုနီးရှားဘက်က Linkတွေက အခုချိန်ထိ မကောင်းသေးလို့ပါ။ ကျွန်တော်တို့က ကိုယ့်ရေပိုင်နက်ထဲက ဆိုရင်တော့ အလွယ်တကူ ဆင်းပြင်လို့ရတယ်။
အခုက သူများပိုင်တဲ့ ရေပိုင်နက်ဖြစ်နေတော့ ရေပိုင်နက်ဝင်ခွင့်တွေ တောင်းရမှာတွေ ရှိနေတော့ဒီကပဲ စာသွားစာလာနဲ့ပဲ လုပ်နေရတယ်။ ကိုယ်ကလည်း သွားစစ်လို့မှမရတာ။ ဒီလိုဖြစ်နေတာ လနဲ့ချီနေပါပြီ။ အဓိကကတော့ International bandwidth တွေကမကြာခဏ ပြတ်တောက်တာကလည်း ပြဿနာတစ်ခုဖြစ်နေတယ်''ဟု ယင်းက ပြောကြားသည်။ ယခုအချိန်တွင် SE-ME-WE 5 ချိတ်ဆက်ရေးအတွက် သက်ဆိုင်ရာနိုင်ငံ အဖွဲ့အစည်းများနှင့် ပြောဆိုဆွေးနွေးရာတွင် China Unicom နှင့် တရုတ်ဆက်သွယ်ရေး ဝန်ကြီးကိုယ်တိုင်က အကူအညီပေးမည်ဖြစ်ပြီး MICကလည်း ခွင့်ပြုသည့်အတွက် မကြာခင် အင်တာနက်မြန်နှုန်းများ ပြန်လည်ကောင်းမွန်လာမည် ဖြစ်ကြောင်းသိရသည်။ SE-ME-WE 3 ကေဘယလိုင်းသည် ၂၄၃၈ မိုင်ကျော်ရှိပြီး ကုန်ကျငွေအမေရိကန်ဒေါ်လာ သန်းပေါင်း ၁၄၃၄သန်းတွင် မြန်မာနိုင်ငံက ဒေါ်လာသန်း၃ဝခန့် ပါဝင်ထားကြောင်း သိရသည်။ ကမ္ဘောဒီးယား နိုင်ငံကလည်း ရန်ကုန်-ပြည်-မကွေး- နေပြည်တော် ဖိုင်ဘာဆက်ကြောင်း ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် ကမ်းလှမ်းထားကြောင်း သိရသည်။
Reff:sweonemedia.org
Subscribe to:
Post Comments (Atom)

No comments:
Post a Comment