ရန်ကုန်၊ ဇန်နဝါရီ ၁၄ လေးဖက်နာရောဂါသည် ကလေးနှင့်လူငယ်ပိုင်းတွင် အဖြစ်များသော ကူးစက်တတ်သည့် ရောဂါဖြစ်ကြောင်း အရိုးရောဂါကုဆရာဝန် ဦးသန့်ဇင်က ပြောသည်။
”ဒီရောဂါက ဗက်တီးရီးယားပိုး တစ်မျိုးကြောင့် ဖြစ်ပွားရတာဖြစ်တယ်။ အများဆုံးကတော့ အသက် ငါးနှစ်ကနေ ၁၅ နှစ်အတွင်း ဖြစ်ပွားတတ်တယ်” ဟု အထက်ပါ ဆရာဝန်က ပြောသည်။
လည်ပင်းနာ၊ အာသီးရောင်ဖြစ်သူ ကလေးများတွင် ၁၅ ရာခိုင်နှုန်း မှ ၃ဝ ရာခိုင်နှုန်းသည် ယင်းရောဂါပိုးကြောင့်ဖြစ်ပြီး ကျန် ရာခိုင်နှုန်းများမှာ ဗိုင်းရပ်စ် ပိုးကြောင့်ဖြစ်ကြောင်း သိရသည်။
ဗက်တီးရီးယားပိုးကြောင့် ဖြစ်သော လည်ပင်းနာ၊ အာသီးရောင်ခြင်းသည် လေးဖက်နာအဖျားနှင့် နှလုံးရောဂါ၏ မူလအစရင်းမြစ်ပင် ဖြစ်ကြောင်း ၄င်းကဆိုသည်။
”ဗက်တီးရီးယားပိုးကြောင့် ဖြစ်တဲ့ လည်ပင်းနာ၊ အာသီးရောင်ခြင်းရဲ့ လက္ခဏာတွေက လည်ပင်းနာခြင်းနဲ့အတူ ရုတ်တရက်ဖျားတာ၊ ခေါင်းကိုက်တာ၊ ပျို့အန်မယ်၊ ဗိုက်နာ မယ်၊ အာသီးတစ်ဝိုက် နီရဲရောင် ရမ်းမယ်၊ လည်ပင်းအကျိတ် ထွက်လာတာတွေ ဖြစ်နိုင်တယ်။ နောက်အဖျားမရှိဘဲနဲ့ မျက်လုံးနာ၊ နှာစေးတာ၊ ချောင်းဆိုး၊ ဝမ်းပျက် တာတွေလည်း ဖြစ်နိုင်သေးတယ်”ဟု ဆရာဝန် ဦးသန့်ဇင်က ဆက်လက် ပြောသည်။
ယင်းကဲ့သို့ ရောဂါလက္ခဏာပြ ပါက ပေါ့ပေါ့တန်တန်မထားဘဲ တတ်ကျွမ်းသော ဆရာဝန်များနှင့် ကုသမှုခံယူမှသာ လေးဖက်နာ အဖျားနှင့် နှလုံးရောဂါ ဖြစ်ပွားမှုမှ ကာကွယ်နိုင်မည် ဖြစ်ကြောင်း သိရသည်။
လေးဖက်နာ နှလုံးရောဂါ ဖြစ်ပွားပြီးပါက နောက်ထပ် အဖန်တလဲလဲ မဖြစ်ပွားအောင် ကာကွယ်ဆေးကို အနည်းဆုံး ငါးနှစ်အထိ ကုသမှုခံယူရမည်ဖြစ်သည်။ Benzathine Penicillin 1.2 million unit ကို တစ်လတစ်ကြိမ် ပုံမှန်ထိုးခြင်းဖြင့်လည်းကောင်း၊ Penicillin-V(250 mg)ဆေးပြားကို တစ်နေ့နှစ်ကြိမ် ပုံမှန်သောက်၍ လည်းကောင်း ကာကွယ်ကုသသွားရန် လိုအပ်ကြောင်း အထက်ပါဆရာဝန်က ပြောကြားသည်။
ချစ်ဆုဆွေ
Ref:popularmyanmar
Popular Posts!
-
Do you dare smash your phone with a hammer? If you have this screen protector on, you'd probably won't either but this person did...
-
တရုတ်နှင့်မြန်မာလူကြီးတွေက အနောက်နိုင်ငံကြီးတွေကို နိုင်ငံရေးကစားကွက်လေး တအားလှ ပါတယ်ဗျ..... ဘယ်သူတွေ ဘာဖြစ်ကျန်ခဲ့မလဲတော့ မသိသေးပါဘူး...
-
မိမိရဲ့ဝတ်လ်ဆိုဒ် ဘလော့တန်ဖိုး ဘယ်လောက်တန်နေပြီလဲ ဆိုတာကိုတော့ဝတ်လ်ဒီဇိုင်းနာ၊ ဘလော့ဂါသမားတွေတိုင်း သိချင်ကျမှာပါနော်! ဒါတွေကို တွက်ချက်တဲ့...
-
ဒါက f lash drive s တွေနှင့် Window နှင့် MAC OSတွေကို တွဲသုံးချင်သူတွေတွက်ပါ... Format မတူတာကိုပြထားတာပါ.... NTFS vs FAT vs exFAT ...
-
တိဗက်၏ ကျင့်စဉ်တခုဖြစ်သည့် " တူနှစ်ကိုယ် ကျင့်စဉ် " နှင့်ပက်သက်ပြီး " ဒလိုင် လားမား " အပေါ် ဆန့်ကျင် ကန့်ကွက်မှုမ...
-
ဤစာမျက်နှာတွင် ရေးသားထားသော ဆေးဝါးများအကြောင်းသည်သူနာပြု၊ ဆေးမှူး၊ ဆေးခန်းလက်ထောက်၊ လူထု-ကျန်းမာရေး-လုပ်သားများ အတွက်နှင့် ဆရာဝန်မှဆေးညွှန်းလ...
-
WHY... ....????? မိန်းမတွေ ဘာကြောင့် ဖောက်ပြန်ကြသလဲ? လောကကြီးမှာ အမျိုးသားတွေချည်းပဲ ဖောက်ပြန်တတ...
-
A lover knows only humility, he has no choice. He steals into your alley at night, he has no choice. He longs to kiss every lock of your hai...
Subscribe to:
Post Comments (Atom)
No comments:
Post a Comment