နှစ်စဉ် စားသုံးဆီ တင်သွင်းမှု မြင့်တက်နေဆဲဖြစ်သည့် မြန်မာနိုင်ငံတွင် လူတစ်ဦး တစ်လလျှင်ပျမ်းမျှ ဆီစားသုံးနှုန်းမှာ ကမ္ဘာ့စံသတ်မှတ် ချက်များထက် ကျော်လွန်မြင့် တက်ဆဲပင် ဖြစ်ကြောင်း အောက်တိုဘာလ ဒုတိယပတ်က ပြုလုပ်ခဲ့သော သည်းခြေကျောက်တည်ရောဂါနှင့် သဘာဝ ဆေးပညာအကြောင်း ဟောပြောပွဲတွင် ပါမောက္ခ ဒေါက်တာ ခင်မောင်လွင်က ပြောကြားခဲ့သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHOက လူတစ်ဦးလျှင် တစ်လဆီငါးဆယ်သားခန့်သာ စားသုံးရန် စံနှုန်းသတ်မှတ်ထား သော်လည်း မြန်မာနိုင်ငံတွင် လူတစ်ဦးဆီစားသုံးနှုန်းမှာ တစ်လလျှင် ငါးဆယ်သား အထက်တွင် ရှိနေကြောင်း ၄င်းက ရှင်းလင်းပြောကြားသည်။ ၄င်း၏ ဆေးခန်းသို့ လာရောက်ပြသကြသူများကို မေးမြန်းချက်အရ တစ်လလျှင် လူတစ်ဦး ဆီစားသုံးနှုန်းမှာ ၆ဝ သား (1liters နီးပါး) ဝန်းကျင်တွင် ရှိနေကြောင်း သိရသည်ဟု ပါမောက္ခဒေါက်တာ ခင်မောင်လွင်က ထပ်လောင်းပြောကြားသည်။ ဆေးခန်းသို့ တစ်ရက် လျှင် လူနာရာဂဏန်းဝန်းကျင် လာရောက်လေ့ရှိကြောင်း၊ ထို့ကြောင့် ၄င်းလူနာများကို အခြေပြု၍ လေ့လာမှုပြုလုပ်နိုင်ကြောင်း ၄င်းကဆိုသည်။
ဆီစားသုံးနှုန်း မြင့်မားပါက အဝလွန်ရောဂါ၊ အသည်းအဆီဖုံးရောဂါ၊ သည်းခြေကျောက်တည်ရောဂါနှင့် ကိုယ်တွင်းကလီစာ ကင်ဆာရောဂါများ ဖြစ်ပွားနိုင်ကြောင်း အသည်းအထူးကု ဆရာဝန်ကြီးတစ်ဦးက သတိပေးပြောကြားသည်။ မည်သည့်စားသုံးဆီမဆို မီးအပူချိန်မထိပါက အန္တာရယ်မကြီးသော်လည်း မီးအပူချိန်ထိထားပါက အန္တရာယ်ကြီးကြောင်း၊ ထိုဆီကိုအစဉ်စားသုံးမိပါက ကင်ဆာရောဂါဖြစ်ပွား နိုင်ကြောင်း ၄င်းကထပ်လောင်း ပြောကြားသည်။ ဆီကြော်မုန့်များအပြင် ဝက်သားစားသုံးမှု များပါကလည်း သည်းခြေကျောက်တည်ရောဂါ ဖြစ်ပွားနိုင်ခြေ မြင့်မားနိုင်ကြောင်း ၄င်းကဆိုသည်။
မြန်မာနိုင်ငံတွင် တစ်လပျမ်းမျှ ဆီတင်သွင်းနေရမှုမှာ တန်ချိန် ရာနှင့်ချီရှိနေပြီး အချို့သော ဆီ အုန်းဖြင့် ထုတ်လုပ်ထားသည့် စားသုံးဆီများမှာ ဓာတုပစ္စည်းများ ပါဝင်နေ သဖြင့် စားသုံးရန်မသင့်ကြောင်း ပြည်သူ့ကျန်းမာရေး တက္ကသိုလ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ လတ်တလောကာလ မြန်မာနိုင်ငံတွင် ဖြစ်ပွားမှုမြင့်မားနေ သော မကူးစက်တတ်သည့် နာတာရှည်ရောဂါများ ဖြစ်ပွားရသည့် အဓိကအကြောင်းအရာများတွင် ဆီစားသုံးသူမြင့်မားနေခြင်းကြောင့် ဖြစ်ကြောင်း ၄င်းကထပ်လောင်း ပြောကြားခဲ့သည်။
နိုင်လင်း-popularmyanmar
Popular Posts!
-
မိမိရဲ့ဝတ်လ်ဆိုဒ် ဘလော့တန်ဖိုး ဘယ်လောက်တန်နေပြီလဲ ဆိုတာကိုတော့ဝတ်လ်ဒီဇိုင်းနာ၊ ဘလော့ဂါသမားတွေတိုင်း သိချင်ကျမှာပါနော်! ဒါတွေကို တွက်ချက်တဲ့...
-
1. The lady of Burma By: Gigi Antonelle 2. Burma (Now Myanmar) 3. History Colonized by the British 1940s- General Aung San led its figh...
-
Rare Earth Elements ဆိုသည်မှာ Rare Earth Elements ဆိုတာကတော့ Periodic Table မှာ အနီရောင်နဲ့ ၀ိုင်းပြထားတဲ့ ဒြပ်စင်တွေ ကို ခေါ်တာပါဘဲ ၊ စ...
-
မြန်မာသံရုံးသတင်း(၅) Credit@ Ko Ng မိမိရဲ့ပတ်ပို့ပျောက်ရင် ဘာတွေလုပ်ရမလဲ? ပထမဦဆုံး နီးစပ်ရာ ရဲစခန်းထောက်ခံစာ အရင်ယူရပါတယ်...
-
Credit@ KoNge ဒီနှိုင်းယှဉ်ချက်ကိုကြည့်ပြီး စကာင်္ပူမှာဆက်နေသင့်လား မနေသင့်ဘူးလား! ပြည်တော်ပြန်သင့်ပြီလား? အမှန်တကယ် ရန်ကုန်မှာ ...
-
ကြက်ဥ ကို ကျနော်တို့ ကြောက်လန့် ခဲ့ကြဘူးသည် ။ စားဘို့ ထိတ်လန့် ခဲ့ကြဘူးသည် ။ အဘယ်ကြောင့်ပါနည်း ။ ကိုလက်စထရော ကြောင့် ဖြစ်...
-
ကိုယ့်ရဲ့ မြန်မာသက္ကရာဇ်ကို (၇) နဲ့ စားပြီး ကြွင်းသော ဂဏန်းသည် (၄) ဖြစ်ပါက (၄)ကြွင်းဖွားများဟု သတ်မှတ်ပါသည်။ မြန်မာသက္ကရာဇ်မသိပါက ကိုယ်မွေ...
-
နွားကျောင်းသား (Friend Ever) ဧပြီ ၁၈၊ ၂၀၁၂ (ယခုရေးသားလျက်ရှိသော မလေးရှားရှိအိမ်ဖော်၊ အိမ်အကူတို့၏ဘ၀ စာများ၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံသားမ...
Subscribe to:
Post Comments (Atom)
No comments:
Post a Comment