| Sunday, 25 December 2011 12:58 | |||||
ယခင် ၁၉၉၇ ခုနှစ်ဝန်းကျင်ခန့်က ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့ နယ်အတွင်းရှိ ၁၅၆၊ ၁၅၇၊ ၁၃၃၊ ၁၂၅၊ ၁၂၆၊ ၁၂၉ စသည့် ရပ်ကွက်များတွင် ရန်ကုန်ဘူတာကြီးစီမံကိန်း ဆောက်လုပ်မည်ဆိုသည့် သတင်းကြောင့် ဈေးနှုန်းများ မြင့်တက်ခဲ့ဖူးကြောင်း သိရသည်။ “အခုတလော ကျွန်တော်တို့နေတဲ့ ၁၂၅ ရပ်ကွက်က မြေကွက်ဈေးတွေ အရမ်းတက်နေတယ်။ ပွဲစားတွေကလည်း နေ့တိုင်းလိုလို ရောင်းမလား ၀ယ်မယ့်သူရှိတယ်ဆိုပြီး လာဝယ်နေကြတယ်။ ကျွန်တော်တို့ အခု လက်ရှိနေတဲ့အိမ်ကို ၂၀၁၀ နှစ်ဆန်းပိုင်း လောက်က ၀ယ်တုန်းက ပေ၄၀ _ပေ၆၀ ကို ၂၅ သိန်းနဲ့ ၀ယ်ခဲ့တာ အခု သိန်း ၂၅၀ ပေးဝယ်နေကြတယ်။ အခုတလောမှ ဘာကြောင့် ဈေးတွေ တက်လာသလဲဆိုတာ ကျွန် တော်သေချာမသိပါဘူး။ လူနေအိမ် သိပ်မရှိတဲ့ ၁၁၈၊ ၁၃၀ လိုနေရာတွေ တောင်မြေဈေးက သိန်း ၅၀ ကနေ သိန်း ၁၀၀ ၀န်းကျင်ထိ ပေါက်တာမျိုးတွေတောင် ကြားနေရပါတယ်” ဟု ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ ၁၂၅ ရပ်ကွက်နေ ဦးသောင်းဇော်က ပြောပြခဲ့သည်။ ယခင်က ဒဂုံမြို့သစ်(အရှေ့ ပိုင်း)မြို့နယ်အတွင်းရှိ ဒဂုံတက္ကသိုလ် နှင့် ကပ်လျက်မြေကွက်များ ဖြစ်သည့် ၁၁၈၊ ၁၃၀၊ ၁၃၁၊ ၁၃၂၊ ၁၃၄၊ ၁၃၅ စသည့် မြေကွက်များသည် အစိုးရ ၀န်ထမ်းလုပ်သက် ၂၀ နှစ်နှင့်အထက် ရှိသူများကို ချထားပေးသည့် မြေကွက်များဖြစ်ကြောင်းနှင့် လက်ရှိ အဆိုပါနေရာရှိ ပေ၄၀_ပေ၆၀ မြေ ကွက်တစ်ကွက်လျှင် ကျပ်သိန်း ၇၀ မှ ၁၀၀ ၀န်းကျင်အထိ ပေါက်ဈေးရှိ ကြောင်း သိရသည်။ “အရင်တုန်းက ၀န်ထမ်းတွေ ကို ချပေးတဲ့မြေကွက်တွေဆိုရင် ဈေးရှိလှ ဆယ်သိန်းအောက် ၀န်းကျင်ပဲ ရှိခဲ့တာ။ အခု ပေ၂၀_ပေ၆၀ကို သိန်း ၅၀၊ ၆၀ လောက်ထိရှိတယ်။ အခုတလောမှဈေးတွေရှိလာတာပါ။ အဲလိုနေရာတွေဆိုရင် လူနေအိမ် သိပ်မရှိဘူး။ အခုလူနေအိမ်များတဲ့ ၁၃၃၊ ၁၂၅၊ ၁၅၆ လိုနေရာတွေဆို ရင် သိန်းရာကျော်နေပြီ။ သူများတွေ ပြောတာကတော့ ဘူတာကြီး ဆောက်တော့မယ်၊ စက်မှုဇုန်တွေ တိုးချဲ့မယ်၊ ခုံးကျော်တံတားတွေ ဆောက်တော့မယ်၊ လမ်းသစ်တွေဖောက်မယ်ဆိုပြီး အသံတွေ ထွက်နေတာပဲ”ဟု ဒဂုံမြို့သစ် (အရှေ့ပိုင်း)၊ ၁၃၃ ရပ်ကွက်နေ ဒေါ်လှသန်းက ပြောပြခဲ့ပါသည်။ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်များရှိ မြေကွက်အများစုသည် မြေ ချပါမစ်များသာရှိပြီး လက်ရှိယင်း မြေကွက်များကို ရောင်းချရာတွင် မြေချပါမစ် မပြောင်းခင်ရရှိသည့် စလစ်ပြ၍ မြေပုံကြည့်ကာ ရောင်း ၀ယ်ခြင်းများရှိကြောင်း အဆိုပါ မြို့နယ်အတွင်း အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရှိရသည်။ “အခုဆိုရင် မြေကွက်ပါမစ်တောင်မဟုတ်တော့ဘူး၊ စလစ်ပြပြီး ရောင်းဝယ်နေကြတာ။ တချို့ဆို တစ်ပတ်အတွင်း ဆယ်ဂဏန်း ၀န်းကျင်လောက် မြတ်တော့ တခြားအလုပ် မလုပ်ကြတော့ဘူး။ လူတိုင်းလိုလို မြေပွဲစားတွေ ဖြစ်ကုန်ကြပြီ”ဟု ဒေါ်လှသန်းက ဆက်လက်ပြောပြခဲ့သည်။ ထို့အပြင် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အတွင်းရှိ မြေကွက်များသည်လည်း ကျပ်သိန်းထောင် ဂဏန်းနီးပါးအထိ ဈေးရှိပြီး နေရာအလိုက် ဈေးကောင်းရရှိကာ ယခင်ဈေးနှုန်းများထက် ဆယ်ဆကျော် မြင့်တက်လျက်ရှိကြောင်းနှင့် အလားတူ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဒဂုံဆိပ်ကမ်း၊ သံလျင် စသည့်မြို့နယ်များ တွင်လည်း အိမ်ခြံမြေဈေးနှုန်းများ မြင့်တက်လျက်ရှိကြောင်း သိရသည်။
Ref:weeklyelevennews နောက်ဆက်တွဲသတင်း(၃)- myanmartimeမှ ဒဂုံမြို့သစ်ရှိ မြို့နယ်များအတွင်း အိမ်ရာနှင့် မြေကွက်ဈေးများ ကောင်းနေသလို အရောင်းအ၀ယ် လည်း သွက်လျက်ရှိ http://www.myanmar.mmtimes.com/2011/property/550/buss06.html |
Popular Posts!
-
ယနေ့ ၁၂/၀၅/၂၀၁၉ ရက်နေ့ ၀၇၁၅နာရီတွင်မြန်မာအမျိုးသားလေကြောင်းလိုင်း ၏ခရီးစဉ်အမှတ် UB103 ရန်ကုန်- မန္တလေး- ရန်ကုန် ခရီးစဉ်ကို လေယာဉ်အမှတ် XY...
-
April 2019 မှာ IMF ကထုတ်ပြန် တဲ့မြန်မာ့ စီးပွားရေး သုံးသပ်ချက် အပြည့်အစုံမှအချို့စာမျက်နှာများကို တင်ပြပေးလိုက်ပါတယ်။ နှစ်လတ်နဲ့နှစ်ရှည်မှာ ...
-
MAC OS Keyboard shortcuts လေးတွေမသိရင်တော်တောကို ဒုက္ခပေးပါတယ်... အခုလဲသုံးနေရင်းနှင့် အဆင်မပြေတာနှင့် Shortcut Keysတွေကို ရှာလိုက်တ...
-
ခိန့်ဟုတ်ဗုဒ္ဓဘာသာဘုရားကျောင်းသမိုင်း ၁၈၆၁ (ချင်အင်ပါယာခေတ်) တွင် ယခုရန်ကုန်မြို့ ကမ်းနားလမ်း ၁၈လမ်းနှင့်စဥ့်အိုးတန်းလမ်းအကြားတွင် ဖူကျန့်လူမ...
-
၂၀၁၅ အတွက် Singapore မှာ IT Jobs မှာ IT Professtionalတွေ ၈သောင်းလိုအပ်နေပြီး ၅သောင်း၅ထောင်ကို ဆက်သွယ်ရေးနှင့်ဆိုင်သော inforcomm အတွက်လိုအပ...
-
ဂျပန်က မြန်မာနိုင်ငံသားတွေကို အကြိမ်ကြိမ်ဝင်ထွက်ခွင့်ဗီဇာပေးပြီ မြန်မာနိုင်ငံသားတွေရဲ့ တချိန်တုန်းကတည်းက အိပ်မက်ကြီး မက်ခဲ့တဲ့ ဂျပန်နို...
-
ရာသီဥတုပူပြင်းတဲ့အချိန်မှာ သတိထားသင့်တဲ့ မျက်စိနာရောဂါ (သို့) မျက်မြှေးရောင်ရောဂါ အချိန်အခါမရွေး ဖြစ်ပွားနိုင်ပေမယ့် ရာသီဥတုအပြောင်းအလဲဖြ...
-
အလွှာ ၃ ပါး -------------- ထိုင်ဝမ်မှာ သတင်းသုံးတော်မူတဲ့ ရှင်းရင်ဆရာတော်က လူ့အလွှာသုံးပါးအကြောင်းကို အောက်ပါအတိုင်းဟောတော်မူပါတယ် လူမှာ အမျို...
Monday, January 2, 2012
ယခင် ရန်ကုန်ဘူတာကြီး စီမံကိန်းလုပ်ရန် လျာထားသည့် ဒဂုံ မြို့သစ်(အရှေ့ပိုင်း) မြို့နယ်အတွင်းရှိ မြေကွက်အချို့ ဈေးနှုန်းများ ၁၀ ဆနီးပါး မြင့်တက်
Subscribe to:
Post Comments (Atom)



No comments:
Post a Comment