Popular Posts!

Saturday, January 28, 2012

အစာထဲကအဆိပ်

Photoစိုက်ပျိုးရေးနည်းပညာများ ထွန်းကားလာသော ယနေ့အချိန်တွင် ဟင်းသီးဟင်းရွက်များကို သတိမမူဘဲ စားသုံးပါက အဆင်မသင့်လျှင် ဥပါဒ်ဖြစ်မည့်အခြေအနေ ပိုများလာသည်။ဟင်းသီးဟင်းရွက်၊ အသီးအနှံများသည် ကျန်းမာရေးရှုထောင့်အရ သင့်တော်သော အစားအစာများဖြစ်သော်လည်း  
   ယခုနောက်ပိုင်းတွင် ပိုမိုတွင်ကျယ်စွာ
အသုံးပြုလာကြသည့် ပိုးသတ်ဆေးများ၊ အပင်ကြီးထွားစေသော ဓာတုဆေးများ၊ အရသာကောင်းမွန်စေရန်သုံးသည့် ဓာတ်မြေသြဇာစသည့်
ဓာတုပစ္စည်းများကြောင့် စားသုံးသူများတွင် အန္တရာယ်ဖြစ်ပေါ်ခြင်း သည်များရှိလာသည်။
ဈေးများအတွင်း ရောင်းချ နေသည့် အသီးအရွက်အချို့အား သုတေသနစစ်ဆေးမှုများအရ ပိုးသတ်ဆေးပါဝင်မှုနှုန်းသည် စားသုံးသူအား အန္တရာယ်ဖြစ်စေသည်အထိ ပမာဏများပါဝင်နေ သည်ကိုတွေ့ရှိခဲ့ရသည်ဟု သတင်းရရှိသည်။ ယခင် သီရိမင်္ဂလာဈေး ဟောင်းအတွင်း ရောင်းချသည့် မုန်ညင်းများတွင်လည်း တွေ့ရှိခဲ့ ကြောင်းသိရသည်။“ဈေးထဲက မုန်ညင်းဖြူနဲ့ ကိုက်လန်ကိုသုတေသနလုပ်ခဲ့ဖူးတယ်။ အဲဒီမှာသူတို့ သုံးတဲ့ ပိုးသတ်ဆေးနှစ်မျိုးက ခုနစ်ရက်ကြာတဲ့အထိကိုရှိနေတယ်။ ခုနစ် ရက်နောက်ပိုင်းမှ လူစားလို့ရနိုင်တဲ့အနေအထားကို တဖြည်းဖြည်း နဲ့ကျသွားတယ်”ဟု အဆိုပါသီးနှံများအား သုတေသနပြုလုပ်ခဲ့သည့် ပညာရှင်တစ်ဦးက ပြောသည်။
သီးနှံစိုက်ပျိုးသည့် လူတိုင်းလိုလို တစ်မျိုးမျိုးသော ဓာတုပစ္စည်းများအား အသုံးပြုနေကြပြီး စည်းကမ်းလိုက်နာမှုများ မရှိပါကစားသုံးသူများပါ သေစေသည်အ ထိ အန္တရာယ်များ ကျရောက်စေနိုင်ကြောင်း အဆိပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များကလည်း ပြောကြားထားသည်။အော်ဂဲနိုဖော့စဖရပ်ကွန် ပေါင်းဖြစ်သည့် ပိုးသတ်ဆေးပမာ ဏ အနည်းငယ်သည် လူတို့၏ အသက်ရှူလမ်းကြောင်းမှတစ် ဆင့်လည်းကောင်း၊ အရေပြားမှ တစ်ဆင့်လည်းကောင်း၊ အစားအစာစားသုံးခြင်းမှ တစ်ဆင့်လည်းကောင်း ခန္ဓာကိုယ်အတွင်းသို့ ရောက်ရှိသွားလျှင် ပမာဏအနည်းငယ်ကပင် အာရုံကြောအား ထိခိုက်စေနိုင်ကြောင်း ဆေးသုတေသနညီလာခံတွင်ပြုလုပ်သွားသည့် စာတမ်းဖတ်ပွဲ၌ ဆရာ ၀န်များက ဖတ်ကြားခဲ့သည်။
ထိုကဲ့သို့ စားသုံးသူများအပြင် ပိုးသတ်ဆေးအသုံးပြုသူများတွင်လည်း အန္တရာယ်ကင်းသော ကာကွယ်မှုများ မရှိပါက အသက်သေဆုံးသည်အထိ ဖြစ်ပွားနိုင်ခြင်းနှင့် ပတ်သက်၍ “မနေ့က ရောက်လာတဲ့တစ်ယောက်ဆို ဆေးဖျန်းနေရင်း ညနေကျတော့မူးလဲသွားတယ်။ မေးကြည့်လိုက်တော့ ဆေးဖျန်းနေတာ နှာခေါင်းစည်းလည်း မတပ်ထားဘူး။ ဆေးဖျော်တာလည်း ကိုယ့်ဘာသာကိုယ်ဖျော်တယ်လို့ပြောတယ်။ အကာအကွယ်မရှိတဲ့အတွက် အငွေ့တွေကခန္ဓာကိုယ်ထဲ ရောက်ပြီး နောက်
ဆုံးတဖြည်းဖြည်းနဲ့ အသက်ရှူကျပ်လာတဲ့အထိ ဖြစ်လာမယ်။ ပြီးတော့မျက်လုံးသူငယ်အိမ် အရမ်းကျဉ်းသွားပြီး အဲဒီ့အချိန် ဖြေဆေးမရဘူးဆိုရင် အသက်
ဆုံးရှုံးသွားနိုင်တယ်”ဟု ရန်ကုန် အထွေထွေရောဂါကုဆေးရုံသစ်ကြီး ဆီးချိုနှင့် အထွေထွေရောဂါ အထူးကုသမားတော်ကြီး အဆိပ်သင့်ကုသဌာန ဒေါက်တာ ဦးရဲမြင့်ကပြောသည်။
ဓာတုပစ္စည်းဖြစ်သည့် အဆို ပါပစ္စည်းများအား ရောင်းချခြင်းမပြုမီ အန္တရာယ်ကင်းသည့်ရက် အပိုင်းအခြားအလိုက် ကြိုတင်၍ အသုံးပြုရမည်ဟု သတ်မှတ်ချက် များလည်းရှိပြီး ထိုအချက်အား စိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် လိုက်နာမှသာ စားသုံးသူများတွင် အန္တရာယ်ဖြစ်ပွားစေမှုနည်းပါးမည် ဖြစ်သည်။“လွန်ခဲ့တဲ့ သုံးနှစ်လောက် တုန်းက ဆိုရင်တော့ စိုက်ပျိုးတဲ့သူ တွေက ပိုးသတ်ဆေးသုံးပြီး ခုနစ်ရက်၊ဆယ်ရက်လောက်နေမှ ရောင်းချဖို့လုပ်ကြတယ်။ အခု နောက်ပိုင်းတော့ ဈေးနှုန်းအတက်အကျက
လည်း နေ့စဉ်ဖြစ်နေတာဆိုတော့လူတွေက ကြာကြာစောင့်လို့မရဘူး။ မစောင့်နိုင်တော့ဘူး။ အဲဒါနဲ့တချို့ဆိုရင် ဆေးဖျန်းပြီး နှစ်ရက်လောက်နေတာနဲ့ ရောင်းကြတယ်”
ဟု အင်းလေးကန်ဒေသတွင် ခရမ်းချဉ်သီး စိုက်ပျိုးရေးလုပ်ကိုင်နေ သည့် တောင်သူတစ်ဦးက ပြောသည်။
အသီးအနှံများတွင် ပိုးသတ် ဆေးသုံးသည့်အခါ ဈေးကွက်အ တွင်းမပို့မီ ရက်ခြားပြီး သုံးစွဲရမည့်ဗဟုသုတများနှင့် ပိုးသတ်ဆေး၏ အန္တရာယ်အား ကျေးရွာအထိ စိုက်ပျိုးရေးပစ္စည်းများ ရောင်းချ သော ကုမ္ပဏီများမှ တာဝန်ရှိသူ များက တောင်သူများကို အသိပညာပေးမှုများရှိသည်ဟုဆို သည်။ ထို့အပြင် ယခုနောက်ပိုင်း
ဈေးကွက်အတွင်းရှိသည့် ပိုးသတ်ဆေးများသည် ယခင်ထက် ပြင်းအား ပိုမိုများပြားပြီး ဈေးကွက်အတွင်းမပို့မီ ၁၄ရက်ခန့် ကြိုတင်သုံးစွဲသင့်ကြောင်း သတိပေး ပြောဆိုမှုများလည်းရှိကြောင်း တောင်သူ အချို့ကပြောသည်။ထိုကဲ့သို့ စနစ်တကျမရှိသည့် ပိုးသတ်ဆေးပါဝင်မှုနှုန်းများပြားနေသည့်အစားအစာများကြောင့်
အန္တရာယ်ဖြစ်ပွားမှုမရှိစေရန် စားသုံးသူများအနေဖြင့် မဖြစ်မနေလိုက်နာသင့်သည့် အချက်တစ်ချက်မှာ အသီးအနှံများအား ထပ်ခါထပ်ခါ ဆေးကြောပြီးမှ စားသုံး သင့်ခြင်းဖြစ်ကြောင်း ဒေါက်တာ ရဲမြင့်ကပြောကြားသည်။

“တချို့တွေရဲ့လွဲမှားတဲ့ အယူအဆဖြစ်တဲ့ ပန်းသီးဆိုရင် အခွံပါစားရတယ်ဆိုတဲ့ အတွေးတွေက ပန်းသီးအခွံမှာဆိုရင် ပိုးသတ်ဆေးတွေ၊ ဖယောင်းတွေပါဝင်နေတယ်။ အခွံပါ စားရင် အဲဒါတွေပါ ခန္ဓာကိုယ်ထဲ ရောက်သွားတယ်။ အဲဒါကြောင့် အခွံခွာပြီး သေချာဆေးစားတာ အကောင်းဆုံးပဲ”ဟု အဆိုပါဆရာဝန်ကပြောသည်။ထိုကဲ့သို့ ဈေးကွက်အတွင်း ရောင်းချသည့် အစားအစာများ အန္တရာယ်ရှိ၊ မရှိအားသက်ဆိုင် ရာဌာနများမှ စစ်ဆေးခြင်းများရှိသော်လည်း ထိရောက်သော စစ်ဆေး အရေးယူမှုအားနည်းခြင်းနှင့် နိုင်ငံအတွင်းတွင် အစားအသောက်လုံခြုံမှုစနစ်များအားနည်းခြင်းများကြောင့် ဈေးကွက်အတွင်းတွင် အန္တရာယ်ရှိသော အစားအစာ များကို ပြည်သူများ စားသုံးနေရ ကြောင်း သုတေသနပညာရှင် တစ်ဦးကလည်း သုံးသပ် ပြောကြားသည်။ ပိုးသတ်ဆေး ပါဝင်သည့်အစားအစာများ စားသုံးခြင်း ကြောင့်စားသုံးသူများတွင် ရေရှည် တွင် အာရုံကြောအား ထိခိုက် ခြင်း၊ အဆုတ်တွင် နမိုးနီးယားကဲ့သို့ ရောဂါဖြစ်ပေါ်ခြင်း၊ အရေပြားရောဂါများဖြစ်ပွားခြင်း၊ အတက်
ရောဂါများ ဖြစ်ပွားခြင်းအပြင် ကင်ဆာရောဂါများအထိလည်း ဖြစ်ပွားနိုင်ကြောင်း သုတေသနပညာရှင်တစ်ဦးက ပြောကြားသည်။
“အများစု တွေ့ရတာကတော့ စိတ်ညစ်ပြီး အသက်သေချင်တဲ့အတွက် ပိုးသတ်ဆေးသောက်တာကနေ ချက်ချင်းပဲ အာနိသင်ပြပြီး အသက်သေဆုံးသည်အထိ ဖြစ်တဲ့သူတွေများတယ်”ဟု ဒေါက်တာဦးရဲမြင့်က ဖြည့်စွက်ပြောကြားသည်။
Ref:&Dayjournal

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!