ပါရာစီတမောလ်ဆေး ၅ဝဝ မီလီဂရမ်ဆေးပြားအား လိုအပ်သည်ထက် ပိုမိုသောက်သုံးမိပါက အဆိပ်သင့်သေဆုံးနိုင်ကြောင်း အထွေထွေရောဂါကု ဆရာဝန်ဦးစန်းထွေး က ပြောကြားသည်။
”အခြားဆေးတွေထက် ပါရာစီတမောလ်ဆေးကို လူတွေက အလွယ်တကူ ဝယ်သောက်လေ့ရှိကြတယ်။ ဒီဆေးရဲ့ အဓိကဘေးထွက်ဆိုးကျိုးက အသည်းရဲ့လုပ်ဆောင်မှု ကို တိုက်ခိုက်တာပဲ။ အရွယ်ရောက်ပြီးတဲ့ လူတစ်ယောက်ဟာ ဆေးတစ်ခါသောက်ရင် ပါရာစီတမောလ် ၅ဝဝ မီလီဂရမ် ၂ ပြားထက် ပိုမသောက်သင့်ပါဘူး”ဟု ၄င်းက ထပ်မံပြောကြားသည်။
"ပါရာစီတမောလ် လွန်ကဲသည့်လက္ခဏာများမှာ ဗိုက်အောင့်ခြင်း၊ အော့အန်ခြင်း၊ မူးဝေခြင်း၊ မစားချင် မသောက်ချင်ဖြစ်ခြင်း၊ ချွေးထွက်လွန်ခြင်း၊ စိတ်ရှုပ်ထွေးခြင်းများ ဖြစ်ပေါ်တတ်ပြီး အဆိုးဆုံးလက္ခဏာများအဖြစ် မျက်လုံးဝါခြင်း၊ ဆီးမည်းမည်းသွားခြင်း၊ အစာအိမ်အပေါ်ပိုင်း၌ နာကျင်ခြင်းစသည့် ဝေဒနာများ ဖြစ်ပွားတတ်ပြီး နောက် ဆုံးအခြေအနေအဖြစ် အသက်ဆုံးရှုံးသည်အထိပင် ဖြစ်နိုင်ကြောင်းသိရသည်။"
မြန်မာနိုင်ငံတွင် ရောင်းချနေသည့် ပါရာစီတမောလ်ဆေးများမှာ နိုင်ငံစုံမှဝင်ရောက်ပြီး ဈေးနှုန်းအမျိုးမျိုးဖြင့် ရောင်းချနေကာ ဆေးတောင့်၊ ဆေးပြား၊ ဆေးရည်၊ စအိုတွင်းထည့်ဆေး တောင့် စသည်ဖြင့် ဆေးဝါးပုံစံအမျိုးမျိုးရှိကြောင်း သိရသည်။
”ဒီဆေးကို ပုံမှန်သောက်မယ်၊ စနစ်တကျသာသောက်မယ်ဆိုရင် ခေါင်းကိုက်တာ၊ ကြွက်သားနာကျင်ကိုက်ခဲတာ၊ အဆစ်အမြစ်ရောင်၊ ခါးနာ၊ သွားကိုက်၊ အအေးမိဖျား နာတာတွေ ပျောက်ကင်းစေနိုင်ပေမယ့် ဆေးလွန်ရင်တော့ သေနိုင်ပါတယ်။ နောက်တစ်ခုက ဒီဆေးနဲ့မတည့်ဘဲ ခန္ဓာကိုယ်မှာ အနီကွက်တွေ ပေါ်လာတာ၊ အသက်ရှူရ တာခက်တာ၊ မျက်နှာ၊ လျှာနဲ့လည် ချောင်းစတဲ့ အစိတ်အပိုင်းတွေ ရောင်ရမ်းတတ်တာမျိုးလည်း တချို့ လာပြတဲ့လူနာတွေမှာ တွေ့ရတယ်”ဟု အထက်ပါဆရာဝန်က ပြောကြားသည်။
မြန်မာနိုင်ငံအတွင်းရှိ အသက်အရွယ်ကြီးသည့် လူတချို့သည် ခန္ဓာကိုယ် နာကျင်ကိုက်ခဲ၍ ပါရာစီတမောလ်ဆေးစားရင်း ဆေးစွဲသွားကာ ပဲလှော်စားသကဲ့သို့ စားနေကြ ခြင်းများကို ရှောင်ရှားသင့်ပြီး အထက်ဖော်ပြပါလက္ခဏာများ ပေါ်လာပါက မိမိသဘောနှင့် မိမိဘာသာ ဆေးသုံးစွဲနေမှုကိုရပ်ပြီး ဆရာဝန်နှင့်အမြန်ဆုံးပြသကာ ကုသမှု ခံယူသင့်ကြောင်း အထက်ပါပုဂ္ဂိုလ်က အကြံပြုပြောကြားသည်။
ချစ်ဆုဆွေ
Ref:popularmyanmar
Popular Posts!
-
ယနေ့ ၁၂/၀၅/၂၀၁၉ ရက်နေ့ ၀၇၁၅နာရီတွင်မြန်မာအမျိုးသားလေကြောင်းလိုင်း ၏ခရီးစဉ်အမှတ် UB103 ရန်ကုန်- မန္တလေး- ရန်ကုန် ခရီးစဉ်ကို လေယာဉ်အမှတ် XY...
-
April 2019 မှာ IMF ကထုတ်ပြန် တဲ့မြန်မာ့ စီးပွားရေး သုံးသပ်ချက် အပြည့်အစုံမှအချို့စာမျက်နှာများကို တင်ပြပေးလိုက်ပါတယ်။ နှစ်လတ်နဲ့နှစ်ရှည်မှာ ...
-
MAC OS Keyboard shortcuts လေးတွေမသိရင်တော်တောကို ဒုက္ခပေးပါတယ်... အခုလဲသုံးနေရင်းနှင့် အဆင်မပြေတာနှင့် Shortcut Keysတွေကို ရှာလိုက်တ...
-
ခိန့်ဟုတ်ဗုဒ္ဓဘာသာဘုရားကျောင်းသမိုင်း ၁၈၆၁ (ချင်အင်ပါယာခေတ်) တွင် ယခုရန်ကုန်မြို့ ကမ်းနားလမ်း ၁၈လမ်းနှင့်စဥ့်အိုးတန်းလမ်းအကြားတွင် ဖူကျန့်လူမ...
-
၂၀၁၅ အတွက် Singapore မှာ IT Jobs မှာ IT Professtionalတွေ ၈သောင်းလိုအပ်နေပြီး ၅သောင်း၅ထောင်ကို ဆက်သွယ်ရေးနှင့်ဆိုင်သော inforcomm အတွက်လိုအပ...
-
ဂျပန်က မြန်မာနိုင်ငံသားတွေကို အကြိမ်ကြိမ်ဝင်ထွက်ခွင့်ဗီဇာပေးပြီ မြန်မာနိုင်ငံသားတွေရဲ့ တချိန်တုန်းကတည်းက အိပ်မက်ကြီး မက်ခဲ့တဲ့ ဂျပန်နို...
-
ရာသီဥတုပူပြင်းတဲ့အချိန်မှာ သတိထားသင့်တဲ့ မျက်စိနာရောဂါ (သို့) မျက်မြှေးရောင်ရောဂါ အချိန်အခါမရွေး ဖြစ်ပွားနိုင်ပေမယ့် ရာသီဥတုအပြောင်းအလဲဖြ...
-
အလွှာ ၃ ပါး -------------- ထိုင်ဝမ်မှာ သတင်းသုံးတော်မူတဲ့ ရှင်းရင်ဆရာတော်က လူ့အလွှာသုံးပါးအကြောင်းကို အောက်ပါအတိုင်းဟောတော်မူပါတယ် လူမှာ အမျို...
Subscribe to:
Post Comments (Atom)
No comments:
Post a Comment