Popular Posts!

Tuesday, January 31, 2012

ပုံစံ၁၉အတွက်အာမခံကြေးသွင်းရန်မလိုတော့

မေ၀င်းမွန်ရန်ကုန်
၊ဇန်န၀ါရီ၅အတွဲ၁၀၊အမှတ်၄၃

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ပြည်တွင်းအခွန်များဦးစီးဌာနပြည်ပသို့ထွက်ခွာမည့်သူများစိစစ်ရေးအဖွဲ့ရုံးတွင်ဝင်ငွေခွန်နှင့်စပ်လျဉ်းသည့်သက်သေခံလက်မှတ်ပုံစံ၁၉(ပုံစံ ဂ)ပြုလုပ်ရာ၌ယခုလရက်မှစ၍ မြန်မာ့စီးပွားရေးဘဏ်တွင်ငွေသွင်းရန်မလိုဘဲ
ဆောင်ရွက်ရမည်ကြောင်းသိရသည်။

 (ပုံစံဂ)အတွက်နိုင်ငံအလိုက်ဘဏ်ငွေသွင်းရသည့်ပမာဏကိုယခင်ကထိုင်း၊မလေးရှား၊အင်ဒိုနီးရှား၊အိန္ဒိယ၊တရုတ်၊နီပေါ၊သီရိလင်္ကာ၊ပါကစ္စတန်၊ပါလက်စတိုင်း၊လာအိုနိုင်ငံဆိုပါက၄၅၀၀ကျပ်၊ကိုရီးယားနိုင်ငံဆိုပါက၅၂၀၀ကျပ်၊ဘရူနိုင်း၆၉၀၀ကျပ်၊ထိုင်ဝမ်၉၃၀၀ကျပ်၊ဩစတြေးလျ၁၀၀၀၀ကျပ်၊စင်ကာပူ၁၁၀၀၀ကျပ်၊ဟောင်ကောင်၁၁၃၀၀ကျပ်၊ကူဝိတ်၊ကာတာ၊ယူအေအီး၊အစ္စရေး၁၁၆၀၀ကျပ်၊အမေရိက၁၉၃၀၀ကျပ်၊ပြင်သစ်၂၀၀၀၀ကျပ်၊အင်္ဂလန်၊ဂျပန်၂၂၄၀၀ကျပ်သတ်မှတ်ပေးဆောင်စေရာမှဝင်ငွေခွန်ကင်းလွတ်သည့်ကြေညာချက်ထုတ်ပြန်ပြီးနောက်ပေးဆောင်ရန်မလိုအပ်တော့ခြင်းဖြစ်သည်။
    (ပုံစံဂ)ပြုလုပ်မည်ဆိုပါကသန်းခေါင်းစာရင်းမူရင်း၊မိတ္တူ၊နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်း၊မိတ္တူ၊နိုင်ငံကူးလက်မှတ်ထုတ်ရန်စလစ်မူရင်း၊မိတ္တူ၊ချိတ်ပိတ်ထားသည့်ပုံစံ၁၇၊ခြောက်လအတွင်းရိုက်ကူးထားသည့်ဓာတ်ပုံနှင့်နိုင်ငံကူးလက်မှတ်ရှိပါကမိတ္တူယူဆောင်လာရမည်ဖြစ်ပြီးဘဏ်ငွေသွင်းရန်မလိုအပ်တော့သဖြင့်မြန်ဆန်စွာလုပ်ဆောင်နိုင်ပြီဖြစ်သည်ဟုဆိုသည်။

Ref:7day journal

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!