Popular Posts!

Tuesday, January 3, 2012

စင်ကာပူ အရည်အချင်းစစ်စာမေးပွဲ QTဖျက်သိမ်း၊ စာမေးပွဲအသစ် ၂ဝ၁၂ တွင် ကျင်းပမည်

အခြေခံပညာအဆင့် နိုင်ငံ တကာကျောင်းသားများ ဝင်ခွင့်နောက်ဆက်တွဲ စာမေးပွဲအသစ်ကို ၂ဝ၁၂ မှ စတင်၍ ကျင်းပပေးမည်ဖြစ်ပြီး မူလစစ်ဆေးသည့် အရည် အချင်းစစ်စာမေးပွဲ (QT)ကို ဖျက်သိမ်းကြောင်း စင်ကာပူပညာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ကြေညာသည်။
နှစ်စဉ် ၂ဝ၁၂ မှစ၍ ဖေဖော် ဝါရီနှင့် မတ်လများတွင် ကျင်းပပေး မည့် အဆိုပါ အစားထိုးစာမေးပွဲ ဖြစ်သည့် (S-AEIS)သည် စက် တင်ဘာနှင့် အောက်တိုဘာလတွင် ကျင်းပသော စင်ကာပူအစိုးရမူလတန်းနှင့် အလယ်တန်းကျောင်းဝင်ခွင့် စာမေးပွဲ (AEIS)ကို ဖြေဆိုနိုင်ခဲ့ခြင်းမရှိသူများအတွက် စင်ကာပူအစိုးရမှ ထပ်မံကျင်းပပေးသည့် စာမေးပွဲတစ်ခုဖြစ်ကြောင်းသိရပြီး ယခင်က (S-AEIS) အစား (QT) ကို ဖြေဆိုခဲ့ကြရကြောင်းသိရသည်။
အုပ်ထိန်းသူ လိုက်ပါစောင့်ရှောက်ခွင့်ရသည့်အပြင် မိဘများလိုက်လံကာ အလုပ်လုပ်ခွင့်ရှိသည့် အခွင့်အရေးကြောင့် မြန်မာတို့ စိတ်ဝင်စားခဲ့ကြောင်း ပညာရေးအသိုင်း အဝိုင်းမှ သိရသည်။
”နိုင်ငံတကာမှ ကလေးတွေ တက်လို့ရတယ်။ မိဘလည်း လိုက် ပါစောင့်ရှောက်လို့ရတယ်ဆိုကတည်း က မြန်မာမိဘအသိုင်းအဝိုင်းက ကိုယ့်ကလေးကို ပျိုးထောင်ပြီး အတင်းလွှတ်တော့တာပဲ။ စောင့် ရှောက်တဲ့သူပါ အလုပ်လုပ်လို့ရ တာကြောင့်လည်းပါတယ်။ နှစ်တိုင်း မနည်းဘဲ တိုးတိုးလာတယ်။ ဒါပေ မဲ့ ပထမဦးဆုံးစစ်တဲ့ AEIS ကို မ အောင်လည်းဘဲ နောက်တစ်ခါ ထပ်ဖြေလို့လည်းရတော့ ပိုဖြေလာကြတယ်”ဟု စင်ကာပူပညာရေး အတိုင်ပင်ခံတစ်ဦးက ၂ဝဝ၈ မှ စတင်ခဲ့သည့် အဆိုပါ စနစ်နှင့်ပတ်သက်၍ ပြောသည်။
AEIS စနစ်မှာ အင်္ဂလိပ်စာနှင့် သင်္ချာစာမေးပွဲနှစ်ခုကို ဖြေဆိုရကာ အောင်မြင်သည့်သူများကို အစိုးရမှ ကျောင်းတစ်ခုချင်းစီအလိုက် လက်ခံနိုင်သည့် ဦးရေနှင့် ထူးချွန်မှုအလိုက် မူတည်၍ကျောင်းပါတစ်ပါတည်း ရွေးချယ်ပေးပြီး ဖျက်သိမ်းတော့မည့ှ် QTမှာမူ စာမေးပွဲဖြေဆိုပြီး ကိုယ်တိုင်ကျောင်းလျှောက်ကြရသည့် စနစ်ဖြစ်ကြောင်း စင်ကာပူပညာရေး အတိုင်ပင်ခံအချို့ထံမှ သိရသည်။
”AEIS တစ်ခါဖြေတယ်။ မအောင်တော့ QTထပ်ဖြေရတယ်။ အဲဒီအခါ မိဘက ကိုယ့်ကလေး အခွင့်အရေးပိုရအောင်ဆိုပြီး ကျောင်းတွေအများကြီး လိုက်လျှောက်တယ်။ ဒီတော့ ကျောင်းတွေက ဝန်ပိလာကြတယ်။ ဒီအတွက်(S-AEIS)ကို မူလစစ်တဲ့ စာမေးပွဲအတိုင်းပဲ တစ်ခါတည်း နေရာလစ်လပ်တဲ့ ကျောင်းအပေါ်မူတည်ပြီး ရွေးပေးကြတော့မယ်” ဟု စင်ကာပူနိုင်ငံမှ အသစ် ထုတ်ပြန်သည့် ကြေညာချက်ကို ပညာရေးအတိုင်ပင်ခံဦးအောင်ကျော် ဆန်းက ပြောသည်။
စင်ကာပူပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကြေညာချက်အသစ်သည် ကျောင်းသားမိဘများအနေဖြင့် စင်ကာပူနိုင်ငံသားများ အပါအဝင် အမြဲနေထိုင်ခွင့်ရသူများ၊ IEO ကိုင်ထားသူများ၊ မှီခိုသူများ နှင့် မသက်ဆိုင်ကြောင်း သိရသည်။
မင်းသုအောင်
Ref:popularmyanmar

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!