Popular Posts!

Friday, January 6, 2012

သားအိမ်အသားလုံး Myoma/Fibroid အကြောင်း

သားအိမ်အသားလုံး Myoma/Fibroid အကြောင်း



လောကကြီးက ခေတ်မှီလာတာနဲ့အမျှ ရောဂါတွေက လည်းဆန်းသထက်ဆန်းလာပါတယ် ။ ကင်ဆာတွေ အလုံးအကျိတ်တွေကလည်းများမှများ ။ ဒီတစ်ခါတင်ဆက်ပေးချင်တဲ့အကြောင်းကတော့ Myoma လို့ခေါ်တဲ့ သားအိမ်အသားလုံး ၊ သားအိမ်မှာ အလုံးတည်ခြင်းအကြောင်းဖြစ်ပါတယ် ။ ကင်ဆာမဟုတ်တဲ့ ဒီသားအိမ်အလုံးဟာ အမျိုးသမီးထုတွေမှာ အဖြစ်များလေ့ရှိပါတယ် ။ အိမ်ထောင်ပြုသားမွေးမပြုလုပ်ကြတဲ့အပျိုကြီးတွေမှာ အဖြစ်များပါတယ် ။ အပျိုကြီးတွေမှာသာမကပဲ အိမ်ထောင်ကျပြီးတချို့ က သားသမီးမယူကြဘူး နောက်ပြီးသားသမီးဦးရေ နည်းတဲ့သူတွေပေါ့ အဲဒီလိုလူတွေမှာလည်းဖြစ်လေ့ရှိကြပါတယ် ။ အသက် ၄၀ ၀န်းကျင်လောက်ရှိတဲ့အမျိုးသမီးတွေ အယောက် ၂၀၀ လောက်ကိုသာ Ultrasound ရိုက်ကြည့်မယ်ဆိုရင် ၂၀ ရာခိုင်းနှုန်းလောက်အမျိုးသမီးတွေမှာ အရွယ်အစားအမျိုးမျိုးနဲ့အသားလုံးတွေကို တွေ့ရမှာဖြစ်ပါတယ် ။ တချို့တွေကတော့ခွဲစိတ်ကုသဖို့ မလိုအပ်ပါဘူး ။ ဘယ်လိုလူမျိုးတွေလည်းဆိုတော့ ဘာရောဂါလက္ခဏာမှလည်းမပြ ၊ နောက်ဆက်တွဲ စီစစ်ကြည့်တဲ့အခါမှာလည်း အရွယ်အစားဟာ ဆက်လက်မကြီးထွားလာတဲ့သူတွေဖြစ်ပါတယ် ။


ဘယ်လိုနေရာတွေမှာဖြစ်တတ်သလဲ ?



ဒီလိုအသားလုံးတွေဟာ သားအိမ်တစ်ခုလုံး နေရာအနှံ့ဖြစ်ပွားနိုင်ပါတယ် ။ အမျိုးအစားနေ နဲ့ကြည့်မယ် ဆိုရင်တော့ သားအိမ်နံရံအတွင်းဖြစ်ပွားခြင်း ၊ သားအိမ်နံရံအပြင်တွင်ဖြစ်ပွားခြင်း နဲ့သားအိမ် လှိုဏ်ခေါင်း အတွင်းဖြစ်ပွားခြင်းဆိုပြီး သုံးမျိုးခွဲခြားနိုင်ပါတယ် ။ သားအိမ်နံရံအပြင်ဖက်နဲ့ သားအိမ်လှိုဏ်ခေါင်းအတွင်း ဖြစ်တဲ့ အမျိုးအစားတွေဟာ ညှာတံရှည်နဲ့အလုံးတွေဖြစ်နိုင်ပါတယ် ။

ဘယ်လိုလက္ခဏာတွေဖြစ်တတ်သလဲ ?

အလုံးအရွယ်အစား ကြီးတဲ့အခါ ၀မ်းဗိုက်အောက်ပိုင်းမှာ စမ်းမိပါတယ် ။ လက္ခဏာတွေကတော့ ဓမ္မတာ သွေးပေါ် မှု မူမမှန်ခြင်း ၊ ရက်ရှည်ကြာစွာ သွေးဆင်းခြင်း ၊ သွေးဆင်းချိန်တွေမှာ ကိုက်ခဲခြင်း စတာတွေ ဖြစ်နိုင် ပါတယ် ။ သားဥပြွန်တွေရှိတဲ့ သားအိမ်ထိပ်ပိုင်းနေရာတွေမှာ ဖြစ်တဲ့အခါ သားဥပြွန်တွေ ကျဉ်းသွား တတ်ပါ တယ် ။ ပြီးတော့ ပိတ်ဆို့မှုတွေဖြစ်တဲ့အခါ သားသမီးမရနိုင်တဲ့ ပြဿနာတွေပါ ကြုံတွေ့ရနိုင်ပါတယ် ။ သားအိမ် လှိုဏ်ခေါင်းအတွင်းမှာ အလုံးတည်တဲ့အခါမှာလည်း အကယ်၍ ကိုယ်ဝန်ရလာခဲ့အခါ သန္ဓေသား တွယ်ကပ် မှုကို အနှောက်အယှက်ဖြစ်စေတဲ့အတွက် ကိုယ်ဝန်ပျက်ကျခြင်းတွေကြုံရနိုင်ပါတယ် ။

အကယ်၍ ကိုယ်ဝန်မပျက်ကျခဲ့ရင်လည်း အဲဒီအလုံးတွေကြောင့် သန္ဓေသား အနေအထားမမှန်ခြင်း ၊ လမစေ့ ခင်မွေး ဖွားခြင်း (Preterm labour) ၊ သားအိမ်ဝတွင် တစ်ဆို့နေခြင်းကြောင့် ဗိုက်ခွဲမွေးရခြင်းတွေ လုပ်ရလေ့ ရှိပါတယ် ။ မွေးပြီးတဲ့အခါမှာလည်း သားအိမ်ကျုံ့အား (Uterine contraction force) အားနည်းတဲ့အတွက် အချင်း ကပ်ခြင်း ( retain placenta) ၊ မွေးဖွားပြီးသွေးသွန်ခြင်း ( Post Partum Haemorrhage) စသည်တို့ ကြုံတွေ့ ရနိုင်ပါတယ် ။ အသားလုံးကြီးသော်လည်း ကိုယ်ဝန်ဆောင်စဉ်မှာ သန္ဓေသားကို အနှောက်အယှက် မပေးပဲ သီး သန့် ရှိနေတဲ့အခါဆိုရင်တော့ လစေ့မှ ခွဲမွေးပေးလေ့ရှိပါတယ် ။ တခါတလေဆိုရင် အသား လုံးဟာ နှစ်ရှည်ကြာမြင့်စွာ ဖြစ်ပေါ်နေပြီး ၀မ်းဗိုက်တစ်ခုလုံးပြည့်တဲ့အထိ ၊ ကိုယ်ဝန်လစေ့ အရွယ်အ ထိကြီးမားနိုင်ပါတယ် ။ သားအိမ်ရဲ့ အရှေ့ဖက်မှာ အလုံးကြီးပါက ဆီးအိမ်ကို ဖိနေတဲ့အတွက် ဆီးခဏခဏ သွားလိုခြင်း ၊ ဆီးသွားလို့ မ၀ပဲ ဆီးကျန်ခြင်းနဲ့ ဆီးမသွားနိုင်တဲ့အထိ ဖြစ်တတ် ပါတယ် ။ သားအိမ်ရဲ့အနောက်မှာ အလုံးကြီးတဲ့အခါမှာလည်း ၀မ်းသွားရ ခက်ခဲခြင်း ၊ ၀မ်းကျန်ခြင်းတွေ ခံစားရနိုင်ပါတယ် ။ တချို့သော လူနာတွေမှာဆိုရင် အသားလုံးများစွာရှိပြီး သားအိမ်ရဲ့ နေရာအနှံ့အပြည့်ရှိနိုင်ပါတယ် ။ ဆီးသီးအစေ့ အရွယ်ကနေ ပြီးတော့ ရှောက်သီး ၊ ကျွဲကောသီးအရွယ်ထိ အလုံးပေါင်းရာကျော်တဲ့အထိရှိတတ်ပါတယ် ။

ဘယ်လိုကုသ သလဲ?

အလုံးသိပ်မကြီးရင်တော့ ဗိုက်ခွဲစရာမလိုပဲ မှန်ပြောင်း ( Hysteroscopy) နဲ့ အောက်ဖက်နေထုတ်နိုင်ပါတယ် ။ အလုံးကြီး လို့ဖြစ်စေ ရောဂါလက္ခဏာ ရှိလို့ဖြစ်စေ ၊ လူနာက အသက်၄၀ ကျော်ပြီးတဲ့အခါတွေမှာတော့ သားအိမ် ထုတ်လေ့ ရှိပါတယ် ။ လူနာက အသက်ငယ်သေးပြီးတော့ သားသမီးရယူလိုသူတွေအတွက်ကတော့ အလုံးကို သီးသန့်ထုတ်တဲ့ ( Myomectomy) ကို ပြုလုပ်လေ့ရှိပါတယ် ။ အသားလုံးတွေရဲ့ သဘာဝ ဟာ သွေး ဆုံးပြီးတဲ့အခါ ဆက်လက်မကြီးထွားနိုင်ခြင်း ၊ သေးငယ်သွားခြင်းတွေဖြစ်နိုင်ပါတယ် ။ ဒါဟာ အမျိုးသမီးတွေ ရဲ့ ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်ပါတယ် ။ သိပ်မကြာသေးခင်က ပေါ်လာတဲ့ Luproid Depot လိုပခေါ်တဲ့ ထိုးဆေးကတော့ ဒီအသားလုံးတွေကို ကျုံ့စေနိုင်ပြီးတော့ ဆက်လက်ကြီးထွား မှုကို ဟန့်တားစေ ပါတယ် ။ မီးယပ်ပေါ်နေစဉ်ကိုက်ခဲခြင်းများကိုလည်း သက်သာစေပါတယ် ။ သားအိမ်ကို သွားတဲ့ သွေး လွှတ်ကြောကိုပိတ်ဆို့ ကုသတဲ့ Embolization နည်းနဲ့လည်းကုသကြပါတယ် ။ တချို့အသက် ကလည်း ၄၀ ကျော် အောက်ပိုင်းအလုံးကလည်းသေးပြီး ဘာလက္ခဏာမှလည်းမခံစားရဘူး Ultrasound ရိုက်ကြည့်လို့ အလုံးရှိမှန်း သိရပြီး စိတ်သောက ရောက်နေရတဲ့ သူတွေရှိပါတယ် ။ ရှင်းပြဖို့လိုအပ်ပါတယ် ။ သားအိမ် ထုတ်ဖို့မ လိုအပ်သလို ၆ လ သို့မဟုတ် တစ်နှစ်တစ်ကြိမ်လောက် Ultrasound နဲ့ စစ်ဆေးပေးဖို့သာ လိုအပ်ပါတယ် ။

သားအိမ်အသားလုံးနဲ့ပတ်သတ်ပြီးဘာတွေသိထားလို့လိုအပ်သလဲ ?

၁ ။ ကိုယ်ဝန်ယူမယ်ဆိုပြီး သားအိမ်ချန် ၊ အသားလုံးချည်းသီးသန့်ထုတ်မယ်လို့ ရည်ရွယ်ထားသော်လည်း အလုံး အရွယ် အစားက ကြီးမားတယ် နောက်ပြီး အရေအတွက်လည်းများတယ် ခွဲစိတ်တဲ့အခါ အလုံးကြီးပဲသီးသန့် ထုတ်လို့ ခက်ခဲတဲ့အခါ ၊ ခွဲစိတ်နေစဉ်မှာ သွေးထွက်များ ( Massive bleeding) ရှိ၍ လူနာရဲ့အသက်ကို ကယ်တင်နိုင် ဖို့အတွက် သားအိမ်ကို ထုတ်လိုက်ရတာမျိုးလည်းကြုံတွေ့ရနိုင်ပါတယ် ။

၂ ။ ဒါကြောင့် အဲဒီအခြေအနေတွေကို ကာကွယ်ဖို့ ခွဲစိတ်မှု မပြုမီမှာ လိုအပ်ရင် သားအိမ်ပါ ထုတ်ပစ်ဖို့ သဘော တူတဲ့အကြောင်း သဘောတူညီမှု လက်မှတ် ၊ သွေးသွင်းဖို့ အနည်းဆုံး သွေး ၄ လုံး အဆင်သင့်ထားရှိဖို့လည်း လိုအပ်ပါတယ် ။

၃ ။ အလုံးတွေဟာ သားဥပြွန်တွေကို ပိတ်ဆို့နေခြင်းရှိမရှိ သားအိမ်လှိုဏ်ခေါင်းအတွင်းဘယ်လောက် ထိုးဝင်နေ သလဲ ဆိုတာကိုသိဖို့အတွက် ဆေးဓါတ်မှန်လို့ခေါ်တဲ့ Hystosalpingogram ရိုက်ပေးခြင်း ၊ သားအိမ်အတွင်း မှန်ပြောင်းကြည့်ခြင်း Hystoscopy တို့လို မျိုးကို ပြုလုပ်ဖို့လိုအပ်ပါတယ် ။

၎ ။ ခွဲစိတ်မှု မပြုခင်မှာလဲ ခင်ပွန်း သို့မဟုတ် ခင်ပွန်းလောင်းရဲ့ သုတ်ပိုး စစ်ဆေးခြင်း မှုမှန်ခြင်းရှိမ ရှိကိုလည်း စစ်ဆေးထားဖို့လိုပါတယ် ။

၅ ။ ခွဲစိတ်မှု အောင်မြင်ပြီးတဲ့အခါမှာလည်း အနည်းဆုံး ၆ လကြာမှသာလျှင် ကိုယ်ဝန်ယူဖို့ ခွင့်ပြုပါတယ် ။ သိထားဖို့ ကတော့ သားအိမ်ရဲ့အဓိကတာဝန်ဟာ ဓမ္မတာ သွေးပေါ်ဖို့နဲ့ သားသမီးမွေးဖွားဖို့ပဲဖြစ်ပါတယ် ။ လိင်မှု ကိစ္စ ၊ အမျိုးသမီးတွေရဲ့အရည်အသွေးပြောင်းလဲခြင်းအရည်အသွေးယုတ်လျော့မှု အဲဒါတွေနဲ့ ဘယ်လိုမှ မပတ်သတ် ပါဘူး ။

၆ ။ အကယ်၍ အလုံးတွေသာထုတ်ပြီး သားအိမ်ချန်ထားခဲ့ရင်တော့ နောင် ငါးနှစ်မှ ဆယ်နှစ်အတွင်း ထပ်မံမဖြစ် ပွားတော့ပါဘူးလို့ အာမခံချက် မရှိပါဘူး ။

နောက်ဆုံးပြောချင်တာကတော့ Ultrasound အကြောင်းဖြစ်ပါတယ် ။ အယူအဆ လွဲမှားနေ တာလေးတွေ ကိုပြော လိုခြင်းဖြစ်ပါတယ် ။ အမျိုးသမီးမျိုးပွားဆိုင်ရာရောဂါတွေနဲ့ ကိုယ်ဝန်ဆောင်စောင့်ရှောက်ခြင်းတွေမှာ အာထ ရာဆောင်း ဟာ မရှိမဖြစ်လိုမျိုး အလွန်ကို အသုံးဝင်တဲ့ အရာဖြစ်ပါတယ် ။ အာထရာဆောင်းဟာ ဓါတ်ရောင် ခြည်မဟုတ်ပဲ အဏုမြူဓါတ်နဲ့လည်းဆက်စပ်မှုမရှိပဲ အသံလှိုင်းလေးတွေကြောင့် ပဲ့တင် အရိပ်ထင် လာတဲ့ ပုံရိပ်သာဖြစ်ပါတယ် ။ ဒါကြောင့် လူနာနဲ့ သန္ဓေသားကို ဆိုးကျိုးမရှိပါဘူး ။ ကိုယ်ဝန်ရှိစ သုံးလေးပတ် ကနေစပြီး ကိုးလအချိန်ထိ သိရှိ ရှာဖွေလိုတဲ့ရောဂါတွေကို တိကျစွာ ရှာဖွေနိုင်ပါတယ် ။ အမျိုးသမီး အဂါင်္တွေဖြစ် တဲ့ သားအိမ် ၊ သားဥပြွန် ၊ မမျိုးဥ စတဲ့ အတွင်းအဂါင်္တွေမှာဖြစ်တဲ့ရောဂါတွေကိုလည်း ရှာဖွေနိုင်ပါတယ် ။ သားအိမ်နဲ့ ကပ်လျှက်ရှိတဲ့ ဆီးအိမ် ၊ အူမကြီး ၊ သားငံရေ အကျိတ်တွေနဲ့ တခြား အလုံးအဖုများ ကိုပါ တွေ့မြင်နိုင်ပါတယ် ။ ဒါကြောင့်အာထရာဆောင်းရိုက်ရင်ကလေးကိုအန္တရာယ်ဖြစ်စေတယ် ကင်ဆာတွေ ဘာတွေ နဲ့ဥာဏ်ရည်မမှီတော့ဘူးစတဲ့ အယူအဆအလွဲအမှားများကို ရှောင်ရှားသင့်ရပါမယ် ။ အမှန်ကို လည်း မသိသေးတဲ့လူတွေကို လက်ဆင့်ကမ်းပေးရင်း ကျန်းမာရေး ဗဟုသုတများဖြန့်ဝေနိုင်ကြပါစေ ။

Ref : Health Education for Reproductive Health by Prof. Myint Mg Mg
Internet

သက်တန့်ချို-
Ref:thettantcho

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!