Popular Posts!

Monday, January 9, 2012

ကားသွင်းခွင်ပါမစ်နောက်ဆင်တွဲသတင်းများ(၅)

ပြည်ပတွင် အလုပ်လုပ်ကိုင်နေသော အလုပ်သမားများ မော်တော်ယာဉ် တင်သွင်း ခွင့်ပြုမည်

ပြည်ပတွင် အလုပ်လုပ်ကိုင်နေ သော အလုပ်သမားများအား မော် တော်ယာဉ် တင်သွင်းခွင့် ခွင့်ပြုပေး သွားမည် ဖြစ်ကြောင်း အလုပ်သမား ၀န်ကြီးဌာန၊ အစိုးရ ပြည်ပ အလုပ်အ ကိုင် အေဂျင်စီ၊ အလုပ်သမား ညွှန် ကြားရေး ဦးစီးဌာနမှ ဒုတိယညွှန် ကြား ရေးမှူးချုပ်ဦးမျိုးအောင် ကပြော ကြားသည်။
ပြည်ပရောက် အလုပ်သမားအ နေဖြင့် နိုင်ငံတော်သို့ ၀င်ငွေခွန် ပေးဆောင်ပြီး မိမိ၏ ဘဏ်စာရင်း၌ အမေရိကန် ဒေါ်လာ ၁၀,၀၀၀ နှင့် အထက်ရှိသည့် သူများအား လူစီး ကားတစ်စီး တင်သွင်းခွင့်ပြုပေးသွား မည်ဟု အထက်ပါ ပုဂ္ဂိုလ်ကပြော သည်။ တင်သွင်းခွင့်ပြုပေးမည့် ကား များသည် ၂၀၀၉ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း ထုတ်လုပ် သည့်ကား များကိုသာ တင်သွင်း ခွင့်ပြုပေးမည် ဖြစ်ကြောင်း အဆိုပါဌာန၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
မော်တော်ယာဉ် တင်သွင်းရာ တွင်လိုအပ်သည့် စာရွက် စာတမ်းအ ပြည့်အစုံ ပါရှိရမည်ဖြစ်ပြီး လျှောက် ထားရာ၌ မပြည့်စုံပါက မော်တော် ယာဉ် တင်သွင်းခွင့်မပြုကြောင်း သိ ရသည်။ လျှောက်ထားရာ တွင် ပြည် ပ၌ အလုပ်လုပ်ကိုင် နေသောအလုပ် သမား ကိုယ်တိုင် လက်မှတ် ရေးထိုး လျှောက်ထား ရသည့် သတ်မှတ် ပုံစံ လျှောက်လွှာ ပါရှိခြင်း၊ လျှောက်ထား သူ ကိုယ်တိုင် လက်မှတ် ရေးထိုး လျှောက်ထား ရမည်ဖြစ်ပြီး လျှောက် ထားသူ သည် ပြည်ပတွင် ရှိနေပါက ကာယကံရှင်၏ လက်မှတ်နှင့်အတူ လက်ဗွေ ပါရှိရမည်ဖြစ်ပြီး ပြည်ပတွင် တရားဝင် အလုပ်လုပ်ကိုင်သူဟုတ် မဟုတ် အထောက်အထား၊ မြန်မာ နိုင်ငံ ဘဏ်နိုင်ငံခြားငွေ စာရင်းစာအုပ် မူရင်းနှင့်မိတ္တူ၊ မြန်မာနိုင်ငံ ဘဏ် နိုင်ငံခြားငွေ စာရင်းရှိ ငွေပမာဏအ တွက် အခွန်ဆောင် ထားသောအ ခွန်ကျေကြောင်း သက်ဆိုင်ရာမြန်မာ သံရုံးများ၏ထောက်ခံချက် မူရင်း များနှင့် မိတ္တူများ၊ အလုပ်သမားမှတ် ပုံတင်ခြင်း အတွက် နိုင်ငံတော်သို့ FEC 100 ပေးသွင်းပြီးသည့် ချလံ မူရင်းနှင့် မိတ္တူပါရှိ ရမည်ဖြစ်ကြောင်း သိရသည်။
            “အလုပ်သမား တွေအ တွက်ကားခွဲတမ်းက ၃,၀၀၀ လောက် ရမယ်လို့ကြားသိ ထားတယ်” ဟု ဒုတိ ယညွှန်ကြားရေးမှူးချုပ်ဦးမျိုးအောင် က ပြောသည်။
မော်တော်ယာဉ် တင်သွင်းခွင့် လျှောက်လွှာ ပိတ်ရက်များအား ကန့် သတ် မထားကြောင်း၊ တင်သွင်းခွင့် လျှောက်လွှာများ အား စတင်လက်ခံ နေပြီ ဖြစ်ကြောင်းနှင့် အလုပ်သမား ၀န်ကြီးဌာန၊ အစိုးရပြည်ပ အလုပ် အကိုင် အေဂျင်စီ၊ အလုပ်သမားညွှန် ကြားရေး ဦးစီးဌာန၊ မရမ်းကုန်းမြို့ နယ်သို့ လျှောက်ထား ရမည်ဖြစ် ကြောင်း သိရသည်။
ကား တင်သွင်းခြင်းနှင့် ပတ်သက် ၍ “ကျွန်တော်က တစ်လ ကိုရင်းဂစ် ၁,၄၀၀ လောက်ရတယ်။ အိမ်ကိုပြန် ပို့တာ သုံးလမှ တစ်ခါ ပို့တယ်။ တစ် ခါပို့ရင် လည်း ငါးသိန်းလောက် ပဲပို့ နိုင်တယ်။ ကားဝယ်ဖို့ လောက်တော့ ကျွန်တော့် အနေနဲ့ဆိုရင် အလှမ်းဝေး နေပါသေးတယ်” ဟု မလေးရှားနိုင်ငံ၊ အရှေ့မလေးရှိ အလူမီနီယမ် စက်ရုံ တွင်လုပ် ကိုင်နေသည့် အလုပ် သမား တစ်ဦးက မြန်မာပို့စ်ဂျာနယ် သို့ပြော သည်။
“အန်ကယ့်သားက စင်ကာပူ မှာ အလုပ်လုပ်နေတာ။ စင်ကာပူ ဒေါ်လာ ၈၀၀ လောက် ရတယ်။ ကားတင်သွင်းခွင့်ပြု တယ်ဆိုပေမယ့် မ၀ယ်နိုင် သေးပါဘူး” ဟု စင်ကာပူ တွင် အလုပ်လုပ် ကိုင်နေသည့် မိသား စုဝင်တစ်ဦးက မြန်မာပို့စ် ဂျာနယ်သို့ ပြောသည်။
ထွန်းလင်း၊ ယဉ်ယဉ်လှ-themyanmarpost

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!