Popular Posts!

Friday, January 6, 2012

ကြွပ်တွေပေါက်၍ ယားယံလျှင်

ခန္ဓာကိုယ်သန့်ရှင်းမှု ကင်းမဲ့သည့် အမျိုးသားအချို့၌ မမြင်ကွယ်ရာ နေရာများဝယ် “ကြွပ်”ဆိုသော အရေပြားရောဂါ စွဲကပ်တတ်ပါသည်။ ကြွပ်များကြောင့် လူကြားသူကြားထဲ ကုတ်ရဖဲ့ရသည်မှာ ရှက်ဖွယ်လိလိပင်။ သည်သို့များ မိတ်ဆွေ၌ ကြွပ်တွေ ပေါက်နေပါက မည်ကဲ့သို့ပြုလုပ်ရပါမည်နည်း။

ဘာခက်မှာတဲ့နည်း....
မန်ကျည်းသီးမှည့် တစ်ကျပ်သားခန့်၊ သကြား ဇွန်းကြီးနှစ်ဇွန်း၊ ဆား မန်ကျည်းစေ့ တစ်စေ့ခန့်တို့အား ရေအေးဖြင့် ရောစိမ်ထားပါ။ ထို့နောက် ပျော်ဝင်အောင် မွှေ၍ပေးပါ။ ဆေးသုံးမျိုးစလုံး ပျော်ဝင်သွားပါက မန်ကျည်းသီးဖတ်များကို ဖယ်ထုတ်လျက် မွန်းလွဲ(၁)နာရီခန့်အကြာတွင် သောက်ပေးပါ။

အဆိုပါအစွမ်းထက်သော ဆေးအာနိသင်ကြောင့် မမြင်ကွယ်ရာ၌ တွယ်ကပ်နေသည့် ကြွပ်များမှာ ပျော့ပျောင်းလာပြီး အလိပ်လိုက် အဖတ်လိုက် ကွာကျသွားပါလိမ့်မည်။ ကိုင်း.... မမြင်ကွယ်ရာ၌ ကြွပ်များပေါက်ကြကုန်သော ကြွပ်ဝေဒနာရှင်များ လက်တွေ့ကုသကြပါကုန်လော့။
{ဇောင်း}

မှတ်ချက်။ ။ သုတေသီဆရာငြိမ်း လေ့လာပြုစုထားသည့် လက်တွေ့အသုံးချ (ရွက်-ခေါက် မြစ်-သီး) မြန်မာ့ဆေးမြီးတိုများ မှ ဖော်ပြပါသည်။


နောက်တနည်း
Cbox တွင် ကိုလပြည့်၏ ညွန်ကြားချက်အား ထပ်မံဖြည့်လိုက်ပါသည်။

လပြည့်
ကြွပ်နှင့်ပွေး ပေါက်ရင် ငုဝါရွက်ကို အရည်ထွက်အောင်လုပ်၍လိမ်းပေးပါ။ မပူမစပ်ပါ။
ကြွပ်နှင့်ပွေး ပျောက်သွားရင် အတွင်းခံဘောင်းဘီကို လျှော်ပြီး နေပူလှန်းရန် မမေ့ပါနှင့်...

Ref:han152

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!