Popular Posts!

Saturday, January 7, 2012

ပေါ်ထွန်းလာတော့မည့် မြန်မာ-အိန္ဒိယ ကုန်သွယ်လမ်းကြောင်းသစ်

        ရခိုင်ပြည်နယ်၏ စီးပွားကုန် သွယ်မှု၊ ကုန်သွယ်စီးပွားလမ်းကြောင်းကို ပြောရလျှင် အရှေ့၊ အနောက်၊ တောင်ဘက်တံခါး ပေါက်များမှ ကုန်သွယ်မှုကိုသာ ပြော လေ့ရှိကြသည်။ သို့ရာတွင် မြောက်ဘက် တံခါးပေါက် အကြောင်းကို ပြောသူ နည်းသေးသည်။ တချို့မှာ သတိပင်မထားမိကြ။ သတင်းသမားများက တစ်ခါတစ်လေ မြောက်ဘက် တံခါးပေါက် ကုန်သွယ်မှုအကြောင်း ကို သတင်းအတိုအစ များဖြင့် မီးမောင်းထိုးပြခဲ့ဖူးသည်။ တကယ်တော့ ရခိုင်ပြည်နယ်၏ မြောက်ဘက် တံခါးမှာ ပွင့်နေသော တံခါးတစ် ချပ်ဖြစ်သည်။ တစ်ပိုင်တစ်နိုင် ကုန်သွယ်သူတို့၏ ကုန်သွယ်လှုပ်ရှား နေရာ၊ လမ်းကြောင်းတစ်ခုလည်း ဖြစ်သည်။ မြောက်ဘက်မှ ပွင့်နေသော တံခါးမှ မကြာမြင့်မီကာလအတွင်း ပွင့်လင်းမြင်သာသော စီးပွားကုန်သွယ်မှု လမ်းကြောင်းတစ်ခု ဖြစ်ပေါ်လာတော့မည်မှာ သေချာသည်။ မကြာမြင့်မီဆိုသည်မှာ သိပ်မဝေးတော့။ ၂ဝ၁၃ ခုကာလနောက်ပိုင်း တွင်ဖြစ်သည်။ တွက်ကြည့်လျှင် နှစ်နှစ်မျှသာ ကျန်တော့သည်။                           ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ ၏ အနောက်ဘက်တွင်တည်ရှိသည့် ပြည်နယ်တစ်ခုဖြစ်သည်။ ရခိုင်ပြည်နယ်၏ တောင်ဘက်သို့ လှမ်းမျှော် ကြည့်လျှင် ဘင်္ဂလားပင်လယ်ပြင် ကျယ်ကြီးကို တွေ့မြင်ရမှာဖြစ်သည်။ ထို့အတူ အနောက်ဘက်သို့ လှမ်းမျှော် ကြည့်ပြန်လျှင်လည်း အိမ်နီးချင်း ဘင်္ဂ လားဒေ့ရှ် နိုင်ငံကို တွေ့ကြရမည်ဖြစ် သည်။ မြောက်ဘက်သို့ ကြည့်ပြန် လျှင် (ချင်းပြည်နယ် ပလက်ဝမြို့ ကိုဖြတ်၍) အိန္ဒိယနိုင်ငံကို တွေ့ကြရ မည်။ အရှေ့ဘက်တွင်တော့ရိုးမအရှေ့ ဒေသကြီးက ထီးထီးမားမား ရှိနေ သည်။ ရခိုင်ပြည်နယ်၏ အနောက် ဘက်မောင်တောမြို့နယ် ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသသည် ရခိုင်ပြည်နယ်၏ အနောက်ဘက်တံခါးပေါက်ဖြစ်သလို ဘင်္ဂလားပင်လယ်အော် သည်လည်း ရခိုင်ပြည်နယ်၏ တောင်ဘက် တံ ခါးပေါက်ဖြစ်သည်။ ရခိုင်ပြည်နယ်၏ အရှေ့ဘက်မှာတော့ပြည်ထောင်စု တိုင်းရင်းသားတို့နေထိုင်ရာ ရှမ်းရိုးမ အရှေ့ဒေသကြီးရှိနေသည်။ မြောက် ဘက်ပိုင်းကို လှမ်းမျှော်ကြည့်လျှင်ရ ခိုင်ပြည်နယ်နှင့် ဆက်သွယ် ကူးလူး နိုင်သည့် မြောက်ဘက်တံခါးတစ် ပေါက်ကို တွေ့မြင်ရသည်။ ထိုနေရာ ကား အိန္ဒိယနိုင်ငံနှင့် ဆက်သွယ်ရာ ထွက်ပေါက်တစ်ခုဖြစ်သည်။ မကြာမြင့်မီဖြစ်ပေါ်လာမည့် မြောက်ဘက်တံခါးပေါက်အား စာ ရေးသူ လှမ်းမျှော်ကြည့်မိသည်။ ရခိုင် ပြည်နယ်၏ မြောက်ဘက်တွင် ရှိနေ သည့် အိန္ဒိယနိုင်ငံသည် ရခိုင်ပြည် နယ်၏ အဓိကစီးပွားကုန်သွယ်ဖက် နိုင်ငံ တစ်နိုင်ငံဖြစ်လာပေတော့မည်။
             မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ သဘောတူ ညီချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကုလားတန် မြစ်ကြောင်း ဘက်စုံသုံး စီမံကိန်းနှင့် အတူ စစ်တွေပင်လယ်ကူး ဆိပ်ကမ်း ကြီးသည် အကောင်အထည်ပေါ်လာ ပေတော့မည်။ တန်ချိန် ၇ဝဝဝ အထိ ရှိသော ကုန်တင်သင်္ဘောများ ဆိုက် ကပ်ရန် ကုန်တင်ကုန်ချပြုလုပ်နိုင် မည့် စစ်တွေ ပင်လယ်ကူးဆိပ်ကမ်း ဆိပ်ခံတံတားတည်ဆောက်ခြင်းနှင့် ကုလားတန်မြစ်ဝင်ဝကို ရေစူးအနက် ၇.၉ မီတာရှိအောင် တူးဖော်ခြင်းဖြင့် စစ်တွေဆိပ်ကမ်းသို့ ကွန်တိန်နာ တင်သင်္ဘောများ အချိန်မရွေး ဆိုက် ကပ် ဝင်ထွက်သွားလာနိုင်တော့မည် ဖြစ်သည်။ ဤဆိပ်ကမ်းမှတစ်ဆင့်၊ ရခိုင်ပြည်နယ်၏ တောင်ဘက်တံခါး ပေါက်ကြီးမှ တစ်ဆင့် အိန္ဒိယနိုင်ငံ အပါအဝင် အရှေ့တောင်အာရှနိုင်ငံ များ၊ တောင်အာရှနိုင်ငံများနှင့် ကူးလူး ဆက်သွယ်နိုင်တော့မည်ဖြစ်သည်။ ထို့ အတူ ကုလားတန်မြစ်ကြောင်းမှ တစ်ဆင့် ရခိုင်ပြည်နယ်၏ မြောက် ဘက် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် သို့ သွားရောက်နိုင်သည့်မြောက်ဘက် တံခါးပေါက်ကြီးသည် ပွင့်လင်းလာ တော့မည်ဖြစ်သည်။ ကုလားတန်မြစ်ကြောင်းအား စစ်တွေဆိပ်ကမ်းမှတစ်ဆင့် ချင်းပြည် နယ် ပလက်ဝမြို့အထိ အရှည် ၁၅၈ ကီလိုမီတာ ရှိ ရေလမ်းကြောင်းအား သောင်တူးဖော်ခြင်း၊ ပလက်ဝမြို့မှ နယ်စပ်မြိတ်ဝကျေးရွာအထိ ၁၂၉ ကီလိုမီတာရှိ အဝေးပြေးလမ်းကြီးကို တည် ဆောက်သွားမည်ဖြစ်သည်။ စစ်တွေ - ပလက်ဝ ရေကြောင်းဖြင့် တန်ချိန် ၆ဝဝ ဆံ့ သင်္ဘော များဖြင့် စစ်တွေဆိပ်ကမ်းမှ ပစ္စည်းများကို သယ်ယူကာ ပလက်ဝမြို့မှ တစ်ဆင့် ကားလမ်းဖြင့် အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ်သို့ သွားရောက်နိုင်ကြတော့ မည်ဖြစ်သည်။
            ဤလမ်းမကြီးသည် အိန္ဒိယနိုင်ငံရှိ အမှတ် ၅၄ လမ်းမ ကြီးနှင့် ဆက်သွယ်သွားမည်ဖြစ် ကြောင်းဖြင့်ဆိုသည်။ ကုလားတန် မြစ်ကြောင်း ဖွံ့ဖြိုးရေး စီမံကိန်း၊ စစ်တွေ ပင်လယ်ကူးဆိပ်ကမ်း တည် ဆောက်ခြင်းလုပ်ငန်းများနှင့်အတူ ပုဏ္ဏားကျွန်းမြို့နယ်တွင် အထူးစက်မှု ဇုန်တစ်ခုကို အကောင်အထည်ဖော် သွားမည်ဖြစ်ကြောင်းလည်း သိရ သည်။ ရခိုင်ပြည်နယ်သည် အနောက်ဘက်တံခါးပေါက်မှတစ်ဆင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် ကုန်သွယ်လုပ်ကိုင်လျက် ရှိသည်။ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး စီမံကိန်းပြီးစီးပါက ပြည်နယ်၏ မြောက်ဘက် တံခါးပေါက်မှတစ် ဆင့် အိန္ဒိယနှင့် ကုန်သွယ်မှုလုပ်ငန်း များကို ဆောင်ရွက်လာနိုင်တော့မည် ဖြစ်သည်။ မကြာမီ ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး အခင်းအကျင်းများကို ကြည့်၍ လေ့လာ၍ ရခိုင်စီးပွားရေး လုပ်ငန်းရှင်တို့ ကြိုတင်ပြင်ဆင်သင့် သည်များကို ပြင်ဆင်ထားသင့်ကြပြီ။ ပြင်ဆင်ရန်လိုအပ်နေကြပြီ။ အိန္ဒိယနိုင်ငံသည် ၄င်း၏ အရှေ့ မြောက်ဘက်တွင်ရှိနေသည့် ကုန်း တွင်းပိတ် ပြည်နယ်တစ်ခုဖြစ်သည့် မီဇိုရမ်ပြည်နယ်၏ထွက်ပေါက်အဖြစ် စစ်တွေဆိပ်ကမ်းကို အသုံးပြုရန် လိုလားလျက်ရှိသည်။ မီဇိုရမ်ပြည် နယ် ဖွံ့ဖြိုးတိုးတက်ဖို့ဆိုလျှင် ပင် လယ်ကြောင်း ထွက်ပေါက်တစ်ခု မလွဲမသွေ လိုအပ်လျက်ရှိရာ စစ် တွေဆိပ်ကမ်းသည် အသင့်တော်ဆုံး နေရာလည်းဖြစ်သည်။ အိန္ဒိယနိုင်ငံ အနေဖြင့် ၄င်း၏ ပြည်မကြီး ဒေသရှိ ကိုးလ်ကတ္တားမှ အနောက်ဘင်္ဂလား ပြည်နယ်များ၊ မြောက်ပိုင်းပြည်နယ် များမှ အရှေ့မြောက်ပိုင်းရှိ မီဇိုရမ် ပြည်နယ်သို့ ကားလမ်းဖြင့် ဆက် သွယ်၍ ပစ္စည်းများတင်ပို့ရာတွင် မိုး တွင်းကာလ၌ ရေကြီးခြင်း၊ တောင် ပြိုခြင်း၊ လမ်းများပိတ်ဆို့ခြင်းတို့ ကြောင့် နှောင့်နှေးကြန့်ကြာမှုများ ရှိ တတ်သည်။ ယင်းအပြင် ကိုးလ် ကတ္တားမှ အရှေ့မြောက်ပိုင်း မီဇိုရမ် ပြည်နယ်အထိ ကားလမ်းဖြင့် ၁၉၆၇ ကီလိုမီတာရှိရာ စစ်တွေ ဆိပ်ကမ်း ကိုအသုံးပြု၍ ကုလားတန်မြစ် ကြောင်းအတိုင်း ဆက်သွယ်သွား လာမည်ဆိုပါက ၁၂၉၄ မီတာသာ သွားရမည်ဖြစ်သည်။ ဤလမ်း ကြောင်းမှာ လမ်းဟောင်းထက် ၆၇၃ ကီလိုမီတာ (၄၁၈ မိုင်) ပိုမို၍တို တောင်းသွားမည်ဖြစ်၍ အိန္ဒိယနိုင်ငံ အဖို့ ကျေးဇူးရှိသော စီမံကိန်းဖြစ် သည်။
             အိန္ဒိယနိုင်ငံသည်မြန်မာနိုင်ငံမှ ပဲမျိုးစုံတို့ကိုလည်း ဝယ်ယူလျက်ရှိ သည်။ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြင့် ပဲတင်ပို့မှုကို သိသာမြင်သာစွာ မတွေ့ ရသေး။ သို့ရာတွင် ပုံမှန်ကုန်သွယ် ရေးလမ်းကြောင်းမှမူ အများအပြား တင်ပို့လျက်ရှိနေကြောင်းသိရသည်။ လက်ရှိ မီဇိုရမ်ပြည်နယ်အတွက် လိုအပ်သော ပစ္စည်းများကို မြန်မာ နိုင်ငံ အနောက်မြောက်နယ်စပ်ရှိ စစ် ကိုင်းတိုင်း၊ တမူးနှင့် ချင်းပြည်နယ် ရိဒ်နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ဝယ်ယူလျက်ရှိသည်။ အဆိုပါ စခန်း များမှ အများဆုံးတင်ပို့ နေရသည့် ပစ္စည်းများမှာ ကွမ်းသီး၊ အုန်းသီး၊ ငါးစုံကလေးခြောက်များဖြစ်ကြ သည်။ ဝက်အရှင်များကိုလည်း တင်ပို့လျက်ရှိကြသည်။ ထို့အတူ မုံ ရွာစက်မှုဇုန်မှ ရက်လုပ်သည့် မွေးပွ စောင်များကိုလည်း တင်ပို့နေရကြောင်း နယ်စပ်ကုန်သွယ်ရေးဇယားများအရသိ ရသည်။ ရခိုင်ပြည်နယ်မှ အိန္ဒိယနိုင်ငံ နှင့် တရားဝင် နယ်စပ်ကုန်သွယ်ရေး မရှိသေးပေ။ သို့ရာတွင် ကျောက် တော်မြို့ကို အခြေပြု၍ ကုလားတန် မြစ်ကြောင်းအတိုင်း လယ်ယာထွက် ကုန်ပစ္စည်းများကို တင်ပို့ရောင်းချ နေ ကြရသည်။ တစ်ပိုင်တစ်နိုင် ကုန် သွယ်ရေး အဆင့်ဆိုသော်လည်း ပမာ ဏမှာ သေးလှသည်တော့မဟုတ်။ ရခိုင်ပြည်နယ်မှ ငရုတ်သီးခြောက်၊ ဆား၊ ငပိ၊ ငါးခြောက်၊ ကွမ်းသီး များကို တင်ပို့ရောင်းချနေကြရသည်။ ဒေသခံများ၏ ပြောစကားအရ ဝက် အရှင်များကိုလည်း တင်ပို့နေကြရ ကြောင်း သိရသည်။ ကွမ်းသီးခြောက် ဆိုလျှင် မြောက်ဦး၊ မင်းပြားမြို့နယ်ရှိ ဇီးဇာကျွန်းမှ ထွက်ရှိသည့် ကွမ်းသီး ၏ ၆ဝ ရာခိုင်နှုန်းခန့်ကို အိန္ဒိယနယ် စပ်သို့ တင်ပို့ရန် ကျောက်တော်မြို့ နယ်မှ ကုန်သည်များ ဝယ်ယူသို လှောင်ထားတတ်ကြသည်။
                     ရေ ကြောင်းသာသည့် ဆောင်းရာသီ၊ နွေ ရာသီဆိုလျှင် ပလက်ဝသို့ ဆန်တက် သည့် မော်တော်ငယ်များတွင် ငရုတ် သီးခြောက် အိတ်တွေ၊ ငါးစုံကလေး ခြောက် အိတ်တွေကို အပြည့်တွေ့ရ တတ်သည်။ အကယ်၍ လမ်း ကြောင်းပွင့်လာခဲ့လျှင် ပို၍ တင်ပို့ နိုင်ကြတော့မည်။ အလားအလာ ကောင်းတွေ ဖြစ်ပါ၏။ မကြာမြင့်မီ ကာလတစ်ခုတွင် ရခိုင်ပြည်နယ်၏ မြောက်ဘက် တံ ခါးပေါက်ကြီးမှာ ပွင့်လင်းမြင်သာစွာ ဖြစ်ပေါ်လာတော့မည်ဖြစ်သည်။ ရခိုင် ပြည်နယ်၊ ကျောက်တော်မြို့နယ်နှင့် နယ်စပ်ချင်းထိစပ်နေသည့် ပလက်ဝ မြို့တွင်လည်း နယ်စပ်ကုန်သွယ်ရေး စခန်းတစ်ခုကို ဖွင့်လှစ်၍ တရားဝင် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း တစ်ခုကို ဖော်ဆောင်ရန်ရှိနေကြောင်း သတင်းများတွင် ဖော်ပြချက်များအရ သိရသည်။ အိန္ဒိယနိုင်ငံ တောင်ပေါ် ဒေသသားတို့အတွက် ရခိုင်ပြည်နယ် ထွက်ပို့ကုန်များတွင် ကွမ်းသီးတင်ပို့ ရောင်းချနိုင်မှု၊ ငရုတ်သီးခြောက် တင်ပို့ ရောင်းချနိုင်မှု၊ ငါးစုံကလေး ခြောက်တင်ပို့ရောင်းချနိုင်မှု၊ ငါးပိ တင်ပို့ရောင်းချနိုင်မှု၊ အုန်းသီး ထုတ် လုပ်မှုတို့မှာ ရှိနှင့်ပြီးသား ဖြစ်သည်။ မကြာမီ ဖြစ်ထွန်းပေါ်ပေါက်လာမည့် ရခိုင်ပြည်နယ်၏ မြောက်ဘက်တံခါး ပေါက်မှတစ်ဆင့် အမြောက်အမြား ကုန်သွယ်တင်ပို့နိုင်ရန်၊ ပစ္စည်းများကို ထုတ်လုပ်နိုင်ရန် ကြိုးစားကြရတော့ မည်။                      ပဲစိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်း များ၊ ရက်ကန်းလုပ်ငန်းများ၊ စောင် ရက်လုပ်မှု လုပ်ငန်းများ စသည့် စသည် များသည် ရခိုင်လုပ်ငန်းရှင် များ အလေးထားကြရမည့် လုပ်ငန်း များဖြစ်သည်။ ထို့အတူ စစ်တွေမြို့ အနီးတွင် ပေါ်ထွက်လာမည့် အထူး စက်မှုဇုန်အတွင်း ဘာတွေ ရင်းနှီး လုပ်ကိုင်ကြမလဲ။ဘင်္ဂလား ပင်လယ် အော်ကို အမှီပြုထားသည့် ရခိုင် ပြည် နယ်၏ တောင်ဘက်တံခါးပေါက်မှ တင်ပို့နိုင်မည့် ထုတ်ကုန်များကို လည်း စဉ်းစားသင့်ကြပြီ။ ရေငန် ပုစွန် မွေးမြူရေး လုပ်ငန်းများ၊ အအေးခန်း စက်ရုံတည်ဆောက်ရေး လုပ်ငန်းများ၊ ဆားထုတ်လုပ်မှုလုပ်ငန်းများ စသည် တို့ကို ဖော်ဆောင်လုပ်ကိုင်သွားနိုင်ကြ ဖို့ လိုအပ်နေပြီဖြစ်သည်။ ကျွန်းသားငမန်း
ကျွန်းသားငမန်း- Myanamrmarket

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!