တရုတ်ပြည် စီးပွားရေး တိုးတက်လာတာနဲ့ ပတ်သက်ပြီး လူအများ ရည်ညွှန်းပြောဆိုတတ်ကြတဲ့ သြဝါဒ ဆောင်ပုဒ်လေး တစ်ခုရှိပါ တယ်။ ဒါကတော့ တရုတ်ပြည်ရဲ့ မဟာခေါင်းဆောင်ကြီး တစ်ဦးဖြစ်တဲ့ Deng Xiaoping က မြွက်ကြားခဲ့တာပါ။ ကြောင်တစ်ကောင်ဟာ ကြွက်တွေဖမ်းနိုင်ဖို့ပဲ အရေးကြီးတယ်။ ကြောင်ဟာ မည်းသလား၊ ဖြူသလားဆိုတာက အရေးမပါဘူးတဲ့။
တိန့်ရှောက်ဖိန်ရဲ့ ဆိုလိုရင်း အချက်ကတော့ တိုင်းပြည်စီးပွား တိုးတက်ဖို့ပဲ အရေးကြီးတယ်။ ဆိုရှယ် လစ်လမ်းစဉ်လား၊ ဈေးကွက်စီးပွား ရေးစနစ်လား ဆန်းစစ်ဝေဖန် သတ္တုချ မနေနဲ့တော့တဲ့။ အခုတော့ မဟာ ခေါင်းဆောင်ကြီးရဲ့ သြဝါဒအတိုင်း လုပ်ဆောင်လိုက်တာ တရုတ်ပြည် ကြီး နှစ် ၃ဝ အတွင်းမှာ တကယ် ပဲ ချမ်းသြာ<ွကယ်ဝသွားတယ်။
တရုတ်ပြည်က ဈေးကွက်စီး ပွားရေးစနစ်ကျင့်သုံးပြီး တံခါးဖွင့် ပေးလိုက်တော့ အစောပိုင်းကာလမှာ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပ နိုင်ငံများအပြင် အခြားနိုင်ငံတွေကပါ တရုတ်ပြည်လာရောက်ပြီး စက်ရုံ၊ အလုပ်ရုံတွေ ဖွင့်လှစ်ထူထောင်ကာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်လိုက်ကြတာ တရုတ်ပြည်လဲ တိုးတက်ရေးလမ်း ကြောင်းပေါ်ရောက်သွားတော့တယ်။ နိုင်ငံခြားက လာရောက်ပြီး တရုတ်ပြည်မှာ ရင်းနှီးမြှုပ်နှံမှုလုပ်ကြ တဲ့ အဓိကအချက် နှစ်ချက် ရှိတယ်။ တစ်ချက်က တရုတ်ပြည်မှာ လုပ်ခ ဈေးနှုန်းသက်သာတယ်။ အခြား အချက်တစ်ချက်ကတော့ တရုတ် ပြည်ရဲ့ ဈေးကွက်က ကြီးမားတယ်။ ဒီတော့ ရင်းနှီးမြှုပ်နှံသူတွေအတွက် တွက်ခြေကိုက်နိုင်တယ်လို့ ခန့်မှန်း ခဲ့ကြတယ်။ ဒါပေမယ့် တရုတ်ဟာ ပြည်တွင်းဈေးကွက်ကို သိပ်ပြီး ဖွင့် မပေးဘဲ ထွက်သမျှ ကုန်ပစ္စည်းတွေ ကို နိုင်ငံခြား တင်ပို့ ရောင်းချခဲ့ တယ်။
လက်တွေ့မှာ တရုတ်ပြည် လာရောက် ရင်းနှီးမြှုပ်နှံကြသူတွေ အတွက် တရုတ်ပြည်က ပိုပြီး အကျိုး အမြတ်ဖြစ်ထွန်းခဲ့တယ်။ စီးပွားရေးတိုးတက်လာတဲ့ တရုတ်တွေအနေနဲ့ ရေရှည် စဉ်ဆက် မပြတ် တိုးတက်ရေးအတွက် ရေနံ၊ သဘာဝဓာတ်ငွေ့၊ သတ္တုအမျိုးမျိုး အစရှိတဲ့ အဓိက အရေးကြီးတဲ့ ကုန် ကြမ်းတွေ ရရှိရေးအတွက် ကြိုးပမ်း လာတယ်။ ကနဦးအနေနဲ့ ကုန်ကြမ်း တွေကို ဈေးကွက်တွေက ဝယ်ယူ တယ်။ ဒါမှမဟုတ် ကုန်ကြမ်းရှိတဲ့ နိုင်ငံတွေကို ချဉ်းကပ်ပြီး ဝယ်ယူ တယ်။ ဒါပေမယ့် ရေရှည် ကုန် ကြမ်းရရှိရေးအတွက် ဈေးကွက် တွေဟာ စိတ်မချရဖြစ်လာတဲ့ အတွက် ကုန်ကြမ်းရှိတဲ့ ပြည်ပ နိုင်ငံ တွေမှာ တရုတ်ပြည်က ရင်းနှီးမြှုပ် နှံမှုလုပ်ပြီး ကိုယ်တိုင်ကိုယ်ကျ ထုတ်လုပ်ရေးအထိ တိုးတက်လုပ် ဆောင်လာတယ်။
ကုန်ကြမ်းရရှိရေးအတွက် တရုတ်နိုင်ငံဟာ ပြည်ပနိုင်ငံတွေမှာ သတ္တုတူးဖော်ရေးလုပ်ငန်းတွေ၊ ရေ နံနဲ့ သဘာဝဓာတ်ငွေ့လုပ်ကွက်တွေ ဝယ်ယူတယ်။ ဒါမှမဟုတ် ငှားရမ်း လုပ်ကိုင်တယ်။ ဒါမှမဟုတ် အစိုးရ နဲ့ ဖက်စပ်လုပ်တယ်။ ဒီလိုလုပ်ကိုင် တဲ့နေရာမှာ လိုအပ်ရင် တရုတ်တို့ က ဆိပ်ကမ်းတည်ဆောက်တယ်။ ပိုက်လိုင်းသွယ်တန်းတယ်။ ဒါမှမ ဟုတ် လိုအပ်တဲ့အခြေခံ အဆောက် အအုံတွေတည်ဆောက်ပေးတယ်။ တရုတ်တို့အနေနဲ့ ဒီလို အရှည် သဖြင့် ကုန်ကြမ်းရရှိရေးအတွက် ကြိုး ပမ်းဆောင်ရွက်တဲ့နေရာမှာ အိမ်နီး ချင်းနိုင်ငံတွေနဲ့သာမက အာရှတိုက်၊ အာဖရိကတိုက်၊ လက်တင်အမေရိ က၊ အမေရိကားနဲ့ ဥရောပနိုင်ငံများ အထိပါ တိုးချဲ့လုပ်ဆောင်တယ်။
ဒါကြောင့် ၂ဝဝ၇ ခုနှစ်မှ ၂ဝ၁ဝ ပြည့်နှစ်အထိ တရုတ်ရဲ့ ပြည်ပ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဟာ အဆ ပေါင်းများစွာ တိုးတက်သွားတယ်။ ဒီကာလအတွင်း တရုတ်ရဲ့ ပြည်ပ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဟာ အာဖရိ ကတိုက်မှာ ၃၄ ရာခိုင်နှုန်းတိုးတက် သွားတယ်။ တောင်အမေရိကတိုက် မှာဆိုရင် ၁၁၅ ရာခိုင်နှုန်း တိုးတက် သွားပြီး မြောက်အမေရိကတိုက် မှာ ၁၃၃ ရာခိုင်နှုန်း တိုးမြင့်သွားတယ်။ အာရှတိုက်မှာဆိုရင် ၁၇၁ ရာခိုင်နှုန်း မြင့်တက်သွားပြီး ဥရောပနိုင်ငံတွေမှာ တရုတ်ရဲ့ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ဟာ ၃၃၉ ရာခိုင်နှုန်းအထိ မြင့်တက် သွားတယ်။ ကနဦးအနေနဲ့ တရုတ်နိုင်ငံဟာ ဖွံ့ဖြိုးဆဲနိုင်ငံ အထူးသဖြင့် သူတို့လို ချင်တဲ့ ကုန်ကြမ်းရှိတဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံ တွေမှာ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေ လုပ်တယ်။
ဒါကြောင့် အာဖရိက တိုက်ဟာ သူတို့အတွက် စားကျက် နယ်ပယ်ဖြစ်လာခဲ့တယ်။ ဒါပေမယ့် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အခြေခံ အဆောက်အအုံတွေ မရှိသလောက် နည်းပါးတာကြောင့် တရုတ်တို့ အတွက် သိပ်ပြီးလက်ဝင်တယ်။ အခြေခံအဆောက်အအုံကိုပါ တည် ဆောက်ပေးနေရတဲ့အတွက် ဖြစ် တယ်။ ဒါကြောင့်အစောပိုင်းမှာ အမေ ရိကန်နိုင်ငံနဲ့ နီးကပ်လွန်းတဲ့အတွက် လက်ရှောင်ထားခဲ့တဲ့ လက်တင် အမေရိကနိုင်ငံတွေမှာ သွားရောက် ရင်းနှီးမြှုပ်နှံခဲ့တယ်။ ဒီနိုင်ငံတွေဟာ အာဖရိကနိုင်ငံတွေလောက်တော့ မဆိုးရွားဘူး။ နောက်ပိုင်းမှာ တရုတ် နိုင်ငံဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့စာရင် ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ရင်းနှီးမြှုပ်နှံတာ က ပိုပြီးအကွက်အကွင်း ကောင်း နိုင်တယ်လို့ ယူဆပြီး ဖွံ့ဖြိုးပြီး နိုင်ငံ တွေမှာပါ တရုတ်က တိုက်ရိုက် ရင်း နှီးမြှုပ်နှံမှုတွေ လုပ်လာခဲ့တယ်။
ဒီလိုဆိုလို့ မဖွံ့ဖြိုးသေးတဲ့ နိုင်ငံ တွေကို ဘေးဖယ်ထားတာတော့ မဟုတ်ပါဘူး။ မဖွံ့ဖြိုးတဲ့ နိုင်ငံတွေ မှာ အဓိကအားဖြင့် သူတို့လိုချင်တဲ့ ကုန်ကြမ်းတွေ ရှိတယ်။ ဖွံ့ဖြိုးပြီး နိုင်ငံတွေကျတော့ နည်းပညာတွေ ရှိ တယ်။ တရုတ်နိုင်ငံအတွက် ကံ ကောင်းတဲ့အချက်က ၂ဝဝ၉ ခုနှစ် မဟာစီးပွားရေး ကျဆင်းမှု Great Recession ကြောင့် အနောက်နိုင်ငံ တော်တော်များများမှာ စီးပွားရေး နိမ့် ကျသွားတယ်။ ဒီတော့ ငွေကြေးအင် အား တောင့်တင်းတဲ့ တရုတ်ရဲ့ အကူ အညီတွေကို လိုလာတယ်။ အထူး သဖြင့် ဥရာပသမဂ္ဂ - European Union - EU က တရုတ်ကို ဥရောပ နိုင်ငံတွေမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ ဆော်သြဖိတ်ခေါ်ခဲ့တယ်။ ပွပေါက်တိုးတဲ့ တရုတ် တကယ်တော့ ဥရောပ သမဂ္ဂ အနေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေလုပ်လို့ တရုတ်ကို ဖိတ်မန္တက ပြုရတဲ့ ကိစ္စ ဟာ ငွေကြေးအခက်အခဲတွေ့နေကြ တဲ့ အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ဂရိ၊ အီတလီ၊ စပိန်နဲ့ ပေါ်တူဂီနိုင်ငံတွေ ကထုတ်ဝေရောင်းချနေတဲ့ အစိုးရ ချေးငွေ စာချုပ်တွေ-Bonds တွေကို ဝယ်ယူအားပေးဖို့၊ တစ်နည်းပြောရ ရင် ဘွန်းတွေ ဝယ်ယူရင်းနှီးမြှုပ်နှံ ဖို့ တရုတ်ကို နှိုးဆော်တိုက်တွန်း ခြင်းသာဖြစ်ပါတယ်။
တရုတ်ဝန်ကြီးချုပ် ဝမ်ကြား ပေါင်-Wen Jiabao ဥရောပတစ်ခွင် ကို လာရောက်လည်ပတ်ခဲ့စဉ်က ဥရောပ ကြွေးမြီတွေကို ဝယ်ယူ အားပေးဖို့ အာမဘန္တေခံသွားခဲ့သေး တယ်။ မနှစ်က တရုတ်အစိုးရဟာ စပိန်ကြွေးမြီ အမေရိကန်ဒေါ်လာ သန်း ၅ဝဝ ဖိုး ဝယ်ယူခဲ့ပြီး အီတ လီနဲ့ ဂရိကြွေးမြီတွေကိုလဲ နောက် ထပ်ဝယ်ယူအားပေးဦးမယ်လို့ ဆိုခဲ့ တယ်။ ဒါကြောင့် အီတလီနဲ့ ဂရိ နိုင်ငံတွေကလဲ တရုတ်ကြီးကို မျှော် လင့် စောင့်စားနေတဲ့ကြတယ်။ တရုတ်အနေနဲ့ ယူရိုကြွေးမြီ တွေကို ဝယ်ယူအားပေးရတဲ့ အခြား အကြောင်းရင်းတစ်ရပ်ရှိတယ်။ တရုတ်လက်ထဲမှာ အရန်နိုင်ငံခြားငွေ - Foreign Exchange Reserves အမေရိကန်ဒေါ်လာ သုံးထရီလီယံ လောက်ရှိတယ်။
အဲဒီ အရန်နိုင်ငံခြား ငွေထဲမှာ ၆ဝ ရာခိုင်နှုန်းလောက်က အမေရိကန်ဒေါ်လာ ဖြစ်တယ်။ တရုတ်အနေနဲ့ တန်ဖိုးကျနေတဲ့ အမေရိကန်ဒေါ်လာ များများစားစား လက်ထဲ ကိုင်မထားချင်ဘူး။ ဒါ ကြောင့် ယူရိုငွေကြေးမှာ ရင်းနှီးမြှုပ် နှံပြီး အမေရိကန်ဒေါ်လာ အချို့ အဝက် အရန်ငွေထဲမှ လျှော့ချပစ်ချင် တယ်။ ဒီတော့ တရုတ်အနေနဲ့ ယူရိုြေ<ွကးမြီတွေကို ဝယ်ယူအားပေးချင် တယ်။ ဒါပေမယ့် အဲဒီနောက်ပိုင်းမှာ ယူရိုကိုယ်နှိုက်က လှုပ်လှုပ်ရွရွဖြစ် လာခဲ့တော့ တရုတ်တို့က ယူရိုဘွန်း တွေ ဆက်လက်မဝယ်ဝံ့တော့ဘဲ နောက်ပြန်ဆုတ်သွားခဲ့တယ်။ အခု တော့တရုတ်အနေနဲ့ ဥရောပကို အကူအညီပေးချင်ရင် အပြည်ပြည်ဆိုင် ရာ ငွေကြေးရန်ပုံငွေအဖွဲ့-International Monetary Fund - IMF က တစ်ဆင့်ပဲပေးတော့တယ်။
ဒါပေမယ့် တရုတ်နိုင်ငံဟာ အခု လို ဥရောပနိုင်ငံအများအပြား ကြွေးပိ ပြီး မျက်ဖြူဆိုက်နေတဲ့ အချိန်မှာ ဥရောပရဲ့ အက်ဆက်တွေ-Assets ကို လျှော့ဈေးနဲ့ ဝယ်ယူသိမ်းပိုက် ဖို့ စိတ်ဝင်စားလာတယ်။ ယူရိုဇုန် ပြဿနာဟာ တရုတ်တို့အတွက် အခွင့်အလမ်းတစ်ရပ် ဖြစ်လာတယ်။
ဒါပေမယ့် တရုတ်နိုင်ငံဟာ အခု လို ဥရောပနိုင်ငံအများအပြား ကြွေးပိ ပြီး မျက်ဖြူဆိုက်နေတဲ့ အချိန်မှာ ဥရောပရဲ့ အက်ဆက်တွေ-Assets ကို လျှော့ဈေးနဲ့ ဝယ်ယူသိမ်းပိုက် ဖို့ စိတ်ဝင်စားလာတယ်။ ယူရိုဇုန် ပြဿနာဟာ တရုတ်တို့အတွက် အခွင့်အလမ်းတစ်ရပ် ဖြစ်လာတယ်။
ဒီလိုအချိန်မှာ တရုတ်အနေနဲ့ အက် ဆက်တွေကို ဝယ်ယူနိုင်တဲ့အပြင် နိုင်ငံရေးအရလဲ အမြတ်ထုတ်နိုင် တယ်။ ဥရောပနိုင်ငံတွေအနေနဲ့ အဆင့်မြင့်လက်နက်တွေကို တရုတ် မရောင်းဘဲ ပိတ်ပင်ထားခဲ့တာကြာပြီ။ ဒါကို လျှော့ပေါ့ပေးဖို့ တရုတ်တို့က အခွင့် အရေးတစ်ခုအနေနဲ့ တောင်းဆို နိုင်တယ်။ ဥရောပနိုင်ငံတွေကလဲ ငွေ လိုတာကြောင့် သိပ်ပြီး ဈေးကိုင်နိုင် တဲ့အနေအထားမရှိဘူး။ ဒီကနေ့မှာ ကျိကျိတက် ချမ်း သာတဲ့ အာရှတိုက်သားတွေ မနှစ် ကထက် ၁ဝ ရာခိုင်နှုန်းလောက် တိုး တက်လာခဲ့ပြီး လူဦးရေအားဖြင့် ၃.၃ သန်းရှိတယ်လို့ ဆိုကြတယ်။
ဒီအထဲ မှာ ပြည်မက တရုတ်နိုင်ငံသားတွေ အများအပြား ပါဝင်တယ်။ ဥရောပ တစ်လွှားမှာ အဲသလိုချမ်းသာတဲ့ လူဦး ရေက ၃.၁ သန်းပဲရှိတယ်။ ဒါကြောင့်အ ခုအခါ ဥရောပ ကို လာရောက်လည်ပတ်ပြီး သုံးဖြုန်း ကြတဲ့ တရုတ်တွေ အတော်များ လာတယ်။ တရုတ်ကုမ္ပဏီတစ်ခုက ရှယ်ယာအများဆုံး ပိုင်ဆိုင်ထားတဲ့ Club Med လို ဇိမ်ခံအပန်းဖြေစခန်း မှာ အပန်းဖြေကြပြီး တရုတ်ပိုင် စပျစ်ခြံတွေ က ထုတ်လုပ်တဲ့ ကောင်း ပေ့ဆိုတဲ့ အရက်တွေသောက်ကာ ပါရီမြို့နဲ့ လန်ဒန်မြို့တွေက ငွေရှင် ကြေးရှင်တွေမှ ချဉ်းကပ်နိုင်တဲ့ ကုန် တိုက်ကြီးတွေမှာ ဈေးဝယ်ကြပါသ တဲ့။ အခြားတစ်ဘက်မှာလဲ ဥရောပ တစ်နံတစ်လျားမှာ တရုတ်ပြည်ရဲ့ ပြည်ပ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ဟာ ၂ဝဝ၉ ခုနှစ်ကထက် ၂ဝ၁ဝ ပြည့်နှစ် မှာ နှစ်ဆတိုးသွားခဲ့တယ်။
ဒီနှစ်မှာ ဆိုရင် မနှစ်ကထက်တောင် များနိုင် တယ်လို့ ထောက်ပြနေကြပါပြီ။ ဒါပေမယ့် ကိန်းဂဏန်းအရ ပြောရင်တော့ သိပ်ပြီးများတယ်လို့ မဆိုနိုင်သေးပါဘူး။ လွန်ခဲ့တဲ့ ငါးနှစ် လောက်က တရုတ်ရဲ့ ပြည်ပ တိုက် ရိုက်ရင်းနှီးမြှုပ်နှံမှုဟာ ဥရောပမှာ အမေရိကန် ဒေါ်လာ ၁.၃ ဘီလီယံ ရှိခဲ့တယ်။ ဒါပေမယ့် ၂ဝ၁၁ ခုနှစ် နှစ်ဝက်လောက်မှာတောင် တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုသုံးခုက ဒီကိန်းဂဏန်း ကို ကျော်လွန်နေပါပြီ။ ဥရောပ တစ်လွှားမှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံ မှုတွေဟာ သုံးမျိုးသုံးစားရှိတယ်။ တစ်မျိုးက အစိုးရ ကိုယ်တိုင်က ရင်း နှီးမြှုပ်နှံမှု၊ နောက်တစ်မျိုးက တရုတ် Sovereign Wealth Funds တွေရဲ့ ရင်းနှီးမြှုပ်နှံမှု၊ ကျန်တစ်မျိုးကတော့ ချမ်းသြာ<ွကယ်ဝတဲ့ တရုတ် ပုဂ္ဂလိ က ရင်းနှီးမြှုပ်နှံသူတွေရဲ့ ရင်းနှီးမြှုပ် နှံမှုဖြစ်တယ်။
တရုတ်အစိုးရအနေနဲ့ကတော့ ဥရောပနိုင်ငံများက ထုတ်လုပ်ရောင်း ချတဲ့ အစိုးရ ငွေချေးစာချုပ်တွေ- Bonds ဝယ်ယူပြီး ရင်းနှီးမြှုပ်နှံ တယ်။ ဒါပေမယ့် တရုတ်အစိုးရရဲ့ ဒီလို ဝယ်ယူရင်းနှီးမြှုပ်နှံမှုဟာ ပြည် တွင်းမှာ ဝေဖန်မှုခံရတယ်။ တရုတ် နိုင်ငံရဲ့ စုဆောင်းငွေတွေကို တရုတ် ပြည်ထက် ချမ်းသာတဲ့ ဥရောပနိုင်ငံ တွေရဲ့ ဘွန်းတွေ ဘာကြောင့် ဝယ် ယူရသလဲလို့ စောဒက တက်ကြ တယ်။ တရုတ်ပြည်မှာ ငွေကြေးအင် အား တောင့်တင်းတဲ့အဖွဲ့တွေက တော့ Sovereign Wealth Funds SWF တွေဖြစ်တယ်။ မကြာသေးမီ က အမေရိကန်ဒေါ်လာ ဘီလီယံ ၄ဝဝ လောက် ငွေကြေးအင်အား တောင့်တင်းတဲ့ SWF တစ်ခုက ဗြိ တိန်နိုင်ငံရဲ့ အခြေခံ အဆောက်အအုံ တည်ဆောက်ရေး စီမံကိန်းတစ်ခုမှာ ပါတနာ- Partner အဖြစ်ပါဝင်လို ကြောင်း ကမ်းလှမ်းခဲ့တယ်။ ဗြိတိန် ရဲ့ စီမံကိန်းက အမေရိကန် ဒေါ်လာ ဘီလီယံ ၄ဝ လောက်ကုန်ကျမယ့် စီမံကိန်းကြီးဖြစ်တယ်။
တရုတ် ကုမ္ပဏီကြီးတွေက မျက်စိကျနေတဲ့ ဥရောပ ကုမ္ပဏီ တွေထဲမှာ ကားထုတ်လုပ်တဲ့ ကုမ္ပဏီ တွေက ထိပ်ဆုံးအဆင့်မှာ ပါဝင် တယ်။ တရုတ်ကားထုတ်လုပ်သူ တွေက ဥရောပကို ကားတွေ တင်ပို့ ရောင်းချချင်တယ်။ ဒါပေမယ့် တရုတ် ကားတွေက ခနော်နီခနော်နဲ့တွေ။ ပေ မမီကြဘူး။ အဆင့်အတန်း မရှိကြ ဘူး။ ဒါကြောင့် ဥရောပကားကုမ္ပဏီ အချို့ကို သိမ်းပိုက်ချင်ကြတယ်။ အောက်တိုဘာလအတွင်းက တရုတ်ကားကုမ္ပဏီများ ဖြစ်ကြတဲ့ Pang Da နဲ့ Youngman တို့ ပြဿနာတက်နေတဲ့ ဆွီဒင်နိုင်ငံက ကားကုမ္ပဏီ Saab ကို အမေရိကန် ဒေါ်လာ သန်း ၁၄ဝ နဲ့ ဝယ်ယူဖို့ သဘောတူညီခဲ့ကြတယ်။ မနှစ်က တရုတ်ကားကုမ္ပဏီ တစ်ခုဖြစ်တဲ့ Geely Automotive က Ford Motor ရဲ့ Volvo ကားထုတ်လုပ်ရေး ယူနစ်ကို အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံနဲ့ ဝယ်ယူသိမ်းပိုက်ခဲ့သေး တယ်။
တရုတ်အနေနဲ့ နောက်ထပ် သိမ်းပိုက်ချင်ကြတဲ့ ကုမ္ပဏီတွေက တော့ ဓာတုလုပ်ငန်းနဲ့ High -tech နယ်ပယ်က ကုမ္ပဏီကြီးတွေဖြစ် တယ်။ Wanhua Industrial Group ဟာ ဟန်ဂေရီ နိုင်ငံမှ Borsodchem ဓာတုစက်မှုကုမ္ပဏီကြီးမှာ အမေရိ ကန်ဒေါ်လာ ၁.၆ ဘီလီယံ အစုရှယ် ယာ ထည့်ဝင်ထားတယ်။ Blue Star က နော်ဝေနိုင်ငံမှာ စီလီကွန် ကုမ္ပဏီ ကြီးကို အမေရိကန် ဒေါ်လာ နှစ်ဘီ လီယံနဲ့ ဝယ်ယူခဲ့တယ်။ တရုတ်ရဲ့ SWF တစ်ခုဖြစ်တဲ့ China Investment Corp က အီတ လီနိုင်ငံမှ အမျိုးသားရေနံကုမ္ပဏီကြီး ENI နဲ့ လျှပ်စစ်ဓာတ်အား ကုမ္ပဏီ ကြီး Enel တို့ကို အမေရိကန်ဒေါ်လာ ဘီလီယံ ၄ဝ နဲ့ ဝယ်ယူနိုင်ဖို့ ကြိုး ပမ်းလျက်ရှိတယ်။ ငွေကြေး အကျပ် ရိုက်နေတဲ့ အီတလီအနေနဲ့ အခွင့် အလမ်းတစ်ရပ်လို့ သဘောထားပြီး ကုမ္ပဏီကြီးတွေကိုရောင်းချနိုင်တယ်။ ငွေအလျှံပယ်ဖြစ်နေတဲ့ တရုတ်ဟာ တစ်လောက ပြင်သစ်နိုင်ငံရဲ့ ဝိုင်လုပ် ငန်းတစ်ခုဖြစ်တဲ့ Chateau de Viaud ကိုတောင် အမေရိကန်ဒေါ်လာ ၁၅ သန်းနဲ့ဝယ်ယူခဲ့သေးတယ်။
ပြီးတော့ ဂျာမနီနိုင်ငံမှ ကွန်ပျူတာလုပ်ငန်းကြီး တစ်ခုဖြစ်တဲ့ Medion မှာ အစုရှယ် ယာအမေရိကန်ဒေါ်လာ ၆၇ဝ သန်း ထည့်ဝင်ခဲ့တယ်။ ဥရောပနိုင်ငံတွေအနေနဲ့ ငွေ ကြေးအကျပ်အတည်း ကြုံနေခိုက် သူတို့ရဲ့ ကုမ္ပဏီတွေကို ချရောင်းရ လို့ အကောင်းဘက်မှ ရှုမြင်နိုင်ပေ မယ့် အခြားတစ်ဘက်မှာလဲ ဥရောပ အတွက် အန္တရာယ်ရှိနိုင်တယ်။ အန္တရာယ်နယ်ပယ် ဥရောပနိုင်ငံတွေဟာ တရုတ်ရဲ့ ဘဏ္ဍာရေးအကူအညီတွေကို လက်ခံ ခဲ့ရတဲ့အတွက် တရုတ်ပြည်ရဲ့ လူ့ အခွင့်အရေး-Human Right နဲ့ပတ် သက်ပြီး သိပ်ပြီးပြောလို့ဆိုလို့ ဖြစ်မှာ မဟုတ်တော့ဘူး။ ဥရောပကို Dalai Lama အလည်အပတ်လာမယ်ဆိုရင် အစိုးရတွေအနေနဲ့ လက်ခံကြိုဆိုရေး ကို အကြိမ်ကြိမ်အခါခါ စဉ်းစားရနိုင် တယ်။ တရုတ်ဟာ သူတို့နဲ့ ငွေရေး ကြေးရေးအရ ဒါမှမဟုတ် ကုန်သွယ် ရေးအရ ဆက်သွယ်ဆောင်ရွက်လျက် ရှိတဲ့နိုင်ငံတွေအပေါ် သူတို့အလိုကျ ဖိအားပေးတတ်တယ်။ အကောင်း ဆုံးသာဓကတစ်ခုကတော့ မနှစ်က နိုဘယ်ငြိမ်းချမ်းရေးဆုချီးမြှင့်ခံရတဲ့ တရုတ်နိုင်ငံမှ လူ့အခွင့်အရေးလှုပ်ရှား သူ Liu Xiaobo အတွက် ဆုချီးမြှင့်ပွဲ ကို တရုတ်နဲ့ဆက်စပ်လုပ်ကိုင်နေကြ တဲ့ နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေ မတက်ရောက်ကြဖို့ ဖိအားပေးတိုက် တွန်းခဲ့တယ်။
အချို့နိုင်ငံတွေက တရုတ်ရဲ့ ဖိအားပေးမှုကို မနာခံဘဲ ဆုနှင်းသဘင်ကို တက်ရောက်ခဲ့ကြ ပေမယ့် တရုတ်ကို မလှန်ရဲလို့ မတက်ရောက်ဘဲနေခဲ့ကြတဲ့ နိုင်ငံ ပေါင်း ၁၇ နိုင်ငံရှိခဲ့တယ်။ ဥရောပသမဂ္ဂရဲ့ မေတ္တာရပ်ခံ ချက်အတိုင်း တရုတ်နိုင်ငံအနေနဲ့ ယူရိုဇုန်ကြွေးမြီတွေကို ဝယ်ယူမယ် ဆိုရင် ၁၉၈၉ ခုနှစ်မှစပြီး တရုတ် နိုင်ငံကို လက်နက်မရောင်းချရဆိုတဲ့ ပိတ်ပင်တားမြစ်ထားမှုကို ဥရောပက ပြန်လည်ရုပ်သိမ်းပေးရမယ်လို့ အလဲ အလှယ်လုပ်တောင်းဆိုခဲ့တယ်။
တရုတ်နိုင်ငံရဲ့ စီးပွားရေးလုပ်ဆောင် ချက်တိုင်းမှာ နိုင်ငံရေးအရ ဦးတည် ချက်ရှိတယ်။ အိုက်စ်လန်နိုင်ငံ- Iceland ရဲ့ အရှေ့မြောက်ဘက်စွန်းက Grimsstadir ဒေသမှာ ဟိုတယ်နဲ့ ဂေါက် ကွင်းတွေပါဝင်မယ့် အပန်းဖြေစခန်း တစ်ခု အမေရိကန်ဒေါ်လာ သန်း ၂ဝဝ အကုန်အကျခံပြီး ဆောက်လုပ် ချင်တယ်လို့ တရုတ် Zhongkun Investment Group ရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဘီလီယံကြွယ်သူဋ္ဌေးကြီး Huang Nubo က အိုက်စ်လန်အစိုးရကို ကမ်းလှမ်းခဲ့တယ်။ အာတိတ်ဒေသ မြောက်ဝင်ရိုး စွန်းနဲ့ သိပ်ပြီးမဝေးလှတဲ့ အိုက်စ်လန် ကျွန်းရဲ့ အစွန်အဖျားတစ်နေရာမှာ တရုတ်သူဋ္ဌေးကြီးက ဘာကြောင့် ရင်းနှီးမြှုပ်နှံချင်ရတာလဲဆိုပြီး အိုက်စ် လန်အစိုးရက သံသယဝင်ပြီး စုံစမ်း ခဲ့တယ်။
နောက်ပိုင်းမှာ Nubo ဟာ တရုတ်ကွန်မြူနစ်ပါတီ အရာရှိကြီး ဟောင်းတစ်ဦးဖြစ်နေတာတွေ့ခဲ့ကြ တယ်။ တရုတ်နိုင်ငံ ဗဟိုဝါဒဖြန့်ချိ ရေးဌာနနဲ့ ဆောက်လုပ်ရေးဌာနတို့ မှာ ဝန်ကြီးဖြစ်ခဲ့ဖူးတယ်။ ဒါနဲ့ အိုက်စ်လန်အစိုးရက Nubo ရဲ့ကမ်း လှမ်းချက်ကို နိုဝင်ဘာလက ပယ်ချ ခဲ့တယ်။ တရုတ်နိုင်ငံမှာက အစစ အရာရာကို ကွန်မြူနစ်ပါတီက ကြိုး ကိုင်ထားတယ်။ ကုမ္ပဏီကြီးတွေရော လူပုဂ္ဂိုလ်တွေပါ ကွန်မြူနစ်ပါတီရဲ့ သြဇာခံတွေသာဖြစ်တယ်။
တရုတ်တို့က ဥရောပအပေါ် နောက်ထပ်တောင်းဆိုမှုတစ်ခု ရှိသေး တယ်။ တရုတ်ကို လွတ်လပ်သော ဈေးကွက်စီးပွားရေးအဆင့်- Free-market Economy Status သတ်မှတ် ပေးရန် တရုတ်တို့က တောင်းဆို ထားခြင်းဖြစ်တယ်။ ဒီဝေါဟာရဟာ ကမ္ဘာ့ကုန်သွယ်ရေးနယ်ပယ်မှာ အသုံး ပြုတဲ့ အသုံးအနှုန်းဖြစ်တယ်။ ဥရောပ က တရုတ်ကို လွတ်လပ်သော ဈေး ကွက်စီးပွားရေးအဆင့် သတ်မှတ်ပေး မယ်ဆိုရင် ဥရောပအနေနဲ့ လျှော့ဈေး ဖြင့်ပုံအောရောင်းချမှုကိစ္စများအတွက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့- World Trade Organisation - WTO မှာ တရုတ်တို့ကို တရားစွဲလို့မရတော့ ဘူး။
နောက်ပြီး တရုတ်နိုင်ငံက ဖိနပ် လို သားရေထည်ပစ္စည်းတွေ စက်ဘီး တွေကို ဥရောပသို့ တင်ပို့ရောင်းချ နိုင်မှာဖြစ်တယ်။ ဒါကြောင့် အရင်တုန်းကဆိုရင် ပြင်သစ်နဲ့ အီတလီနိုင်ငံတို့က တရုတ် အပေါ် လွတ်လပ်သော ဈေးကွက် စီးပွားရေးအဆင့် သတ်မှတ်ပေးရေး ကို အကျောက်အကန် ကန့်ကွက်ခဲ့ ကြတယ်။ အခုတော့ ဒီနိုင်ငံတွေ လေသံပျော့သွားခဲ့ပါပြီ။ လွန်ခဲ့တဲ့လ အတွင်းကဆိုရင် ဥရောပနိုင်ငံတွေရဲ့ ခံယူချက်ပြောင်းလဲသွားခဲ့ပြီဖြစ်တယ်။ တစ်နည်းပြောရင် ဒီဖြစ်ရပ်တွေက တရုတ်အနေနဲ့ ယူရိုဇုန်ကို ကယ် တင်တာကနည်းနည်း အခွင့်အရေး ယူတာက များများဖြစ်နေတယ်လို့ တချို့က ထောက်ပြကြတယ်။
တရုတ်နိုင်ငံက ဥရောပကယ် တင်ရေးကို ဥရောပနိုင်ငံအစိုးရများနဲ့ တိုက်ရိုက်ဆက်သွယ်ဆောင်ရွက်ခြင်း မပြုလုပ်ဘဲ IMF ကတစ်ဆင့် လုပ် ဆောင်တယ်။ IMF မှာလဲ တရုတ်တို့ က အခွင့်အရေးတောင်းဆိုပြန်တယ်။ IMF က Special Drawing Right -SDR သတ်မှတ်ရာမှာ တရုတ်ငွေ ကြေး ယွန် Yuan ကိုလဲ ထည့်သွင်း တွက်ချက်ဖို့ တောင်းဆိုလျက်ရှိ တယ်။ ပြီးတော့ IMF မှာ တရုတ်ကို ပိုပြီးပြောရေးဆိုခွင့်ပေးဖို့လဲ တောင်း ဆိုထားတယ်။ ဥရောပအစိုးရတွေက အခုတော့ အင်းမလှုပ် အဲ မလှုပ်လုပ် နေကြတုန်းပါပဲ။ တရုတ်ရဲ့ ပြည်ပတိုက်ရိုက်ရင်း နှီးမြှုပ်နှံမှု ကမ္ဘာကို လွှမ်းပတ်လာ တာနဲ့ပတ်သက်ပြီး ကြိုဆိုလက်ခံလို ကြပေမယ့် တရုတ်ရဲ့ အခွင့်အရေး တောင်းဆိုမှုတွေကိုကြည့်ပြီး ခပ်လန့် လန့်တော့ ဖြစ်နေကြတယ် ထင်ပါရဲ့။
မင်းရွှေမောင် Ref: Vivienne Walt: "Feasting on Europe" Time,Dec-19-2011.
2.Jonathan Mirsky: "Richer but Represed" Newsweek Special Issue 2012.
Ref:myanmarmarket
No comments:
Post a Comment