”ကောင်းကင်ပေါ်မှာ နဂါးတစ် ကောင်ထဲကနေမယ်ဆိုရင် ကြည့် ရတာပျင်းခြောက်ခြောက်ကြီး။ နဂါး နှစ်ကောင်၊ သုံး ကောင်ဆိုရင် ပိုမြိုင် မှာပေါ့။ ကောင်းကင်မှာ နဂါးတွေ အများကြီး မြူးတူးပျော်ပါးနေမယ် ဆိုရင်တော့ သိပ်ကြည့်လို့လှတာ ပေါ့။ တစ်ကောင်နဲ့တစ်ကောင်အပြိုင် အဆိုင်တွေဖြစ်တော့ပိုကြည့်ကောင်း တယ်လေ” လို့ ၂ဝဝ၅ ခုနှစ်က တရုတ်စီးပွား ရေးပါရဂူတစ်ယောက် က ပြောခဲ့တာ သွားအမှတ်ရမိသေး တယ်။ အဲဒီစကားအတိုင်းပဲ ၂ဝ၂ဝ လောက်ကျရင် ကမ္ဘာမှာ တရုတ် ရယ်၊ အိန္ဒိယရယ်၊ ဂျပန်ရယ်က အာရှဒေသတင်မက ကမ္ဘာကိုပါ လွှမ်းသွားကြမှာသေချာတယ်။ ၂ဝ၁၂ ကျရင်အာရှ စီးပွားရေးရဲ့ ၄၄ ရာခိုင်နှုန်းကို တရုတ်က ချုပ်ကိုင်ထား လိမ့်မယ်။ အိန္ဒိယက ၁၇ ရာခိုင်နှုန်း၊ ဂျပန်က ၁၅ ရာခိုင်နှုန်း ထုတ်လိမ့်မယ်။ သူတို့ သုံးနိုင်ငံပေါင်း တာက အမေရိကန်စီးပွားရေးထက် ၂ဝ ရာခိုင်နှုန်းပိုများမယ်။ ‘အာဆီယံ + ၃’ (ဂျပန်+ တရုတ်+တောင်ကိုရီးယား)က ၁၉၉ဝ ပြည့်နှစ်များနောက်ပိုင်း အာရှစီးပွားရေးအကျပ်အတည်း ကာလမှာ ထိုးထွက်လာတဲ့နိုင်ငံတွေ ပဲ။ တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုကို တုံ့ပြန်ဖို့ ဂျပန်က ‘အရှေ့အာရှ ထိပ်သီး’ကို ဖန်တီးတယ်။ အဲဒီမှာ သြစတြေးလျ၊ နယူးဇီလန်တို့၊ အိန္ဒိယတို့ပါတယ်။ အိန္ဒိယက ‘အာရှဒေသလုံခြုံရေးအဖွဲ့’မှာလည်း အဖွဲ့ဝင်ပဲ။ ဒါတွေက တရုတ်ရဲ့ အာဏာချိန်ခွင်လျှာညှိတဲ့သဘော တွေပဲ။ ဂျီ-၂ဝမှာ သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ တောင်ကိုရီးယားတို့ပါတယ်။ ကမ္ဘာ့ ကုန်သွယ်မှုအဖွဲ့ချုပ် (WTO)၊ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာငွေရေး ကြေးရေးအဖွဲ့ချုပ် တို့လိုပဲ ဂျီ-၂ဝ ဟာ နိုင်ငံတကာ မူဝါဒတွေအပေါ် အခြေခံပြီး ပွင့်လင်းမှုနဲ့ကြီးထွားမှု တွေကို မြှင့်တင်လာဖို့ ရည်ရွယ်ပါ တယ်။ ၂ဝ၁၂ မှာ တရုတ်သမ္မတ ဟူကျင်းတောင်နဲ့ ဝန်ကြီးချုပ် ဝမ်ကျားပေါင် တို့က ပေါ်လစ်ဗျူရိုအမြဲ တမ်းကော်မတီက လူသစ်နှစ်ဦးဖြစ် တဲ့ ‘ကျိဂျိပိန်’ (ရှန်ဟဲ) နဲ့ ‘လိကိ ကျန်း’ (လီယွန်နင်းပြည်နယ်) တို့ကို ရာထူးတွေ လွှဲပေးလိမ့်မယ်။ သူတို့ က ၂ဝ၂ဝ အထိ အုပ်ချုပ်ကြလိမ့် မယ်။ သူတို့နှစ်ယောက်လုံးဟာ ယဉ်ကျေးမှုတော်လှန်ရေးကာလ တုန်းက ကျေးလက်ကို အပို့ခံခဲ့ရသူ တွေပဲ။ ပြုပြင်ရေးကာလမှာ သူတို့ရင့်ကျက်လာကြတယ်။ သူတို့ ရဲ့ ပါတီနောက်ခံ၊ ဒေသနောက်ခံ၊ စီးပွားရေးနောက်ခံတွေက မတူ ကြဘူး။ ကျိဂျိပိန်က အလျင်အမြန် ကြီးပွားနေတဲ့ တရုတ်ပြည်ရဲ့ အနေအထားကို ပိုပြီးထောက် ခံချင်တယ်။ စီးပွားရေးလွတ်လပ်ခွင့် ရအောင် ပိုလုပ်ချင်တယ်။ ပုဂ္ဂလိက အခန်းကဏ္ဍကို အားကိုးတယ်။ လူ တန်းစားညီမျှမှုနဲ့ လူမှုရေး လုံခြုံမှု တွေကိုပါ အာရုံထားသူဖြစ်တယ်။ ‘လိကိကျန်း’ကတော့ ‘ပြန်လည် ဟန်ချက်ညီရေးမဟာဗျူဟာ’ကို ကျင့်သုံးဖို့ အားသန်တဲ့သူပဲ။ ၂ဝ၃ဝ မှာဆိုရင် တရုတ် ပြည်သူတွေက ဝင် ငွေပိုတိုးလာကြလိမ့်မယ်။ ပိုမို ကြီးထွားတဲ့ စီးပွားရေးလုံခြုံမှုတွေ လည်းရလာကြလိမ့်မယ်။ ဒီအခါ သူတို့ ပေးနေရတဲ့အခွန်အခတွေကို အစိုးရ ဘယ်လိုသုံးစွဲသလဲ။ သူတို့ကို အုပ်ချုပ်တဲ့ပုံစံက မှန်ရဲ့လား စတာ တွေကို စောဒကတက်လာကြလိမ့် မယ်။ တောင်ကိုရီးယားနဲ့ တရုတ် (တိုင်ပေ)နိုင်ငံတွေမှာ နိုင်ငံရေး လွတ်လပ်ခွင့်တွေက ပိုရလာကြမယ်။ စင်္ကာပူ မှာကျတော့ ‘တစ်ပါတီ ဒီမိုကရေစီ’ စနစ်နဲ့အုပ်ချုပ်တာ အတွေ့အကြုံအတော် ရနေပြီ။ တရုတ် ပြည်မှာလည်း နိုင်ငံရေး လောကမှာ အငြင်းပွားမှုတွေ ပိုလာမယ်။ ပါတီတွင်းမှာ အငြင်းအခုံတွေလည်း ပိုလာမယ်။ လက်ရှိတရုတ်ခေါင်းဆောင် တွေက ပြည်သူ့သဘောထားတွေ ကို နားထောင်ပါတယ်။ အီလစ်တွေ ကြားထဲမှာတော့ တိုးတိုးတိတ်တိတ် ဆွေးနွေးပြီး အငြင်းပွားမှုတွေကို လျှော့ချနေကြလိမ့်မယ်။ တရုတ် နိုင်ငံရေးမှာ အာဏာရှင်ဆန် တာ နည်းနည်းတော့ ရှိနေဦးမှာပဲ။ ဒါပေ မဲ့ အမြင်ကပိုကျယ်ပြန့်လာပြီး အသံ မျိုးစုံနားထောင်၊ စဉ်းစားသုံးသပ်တာ တွေလုပ်နေကြပြီ။ တရုတ်လူဦးရေ တော်တော် များများက ကျေးလက်ကနေ မြို့ပြ ကို ပြောင်းလာကြတယ်။ လူဦးရေ စုစုပေါင်း ၆ဝ ရာခိုင်နှုန်းကျော်ကျော် ဖြစ်တဲ့ ပြည်သူတစ်ဘီလျံက ကမ်းရိုးတန်းနဲ့ မြို့ငယ်လေး တွေကနေ မြို့ ကြီးတွေကို ရုတ်တရက်ပြောင်းနေ ကြတယ်။ တရုတ်ပြည်မှာ လူ ၁ သန်းလောက်နေတဲ့မြို့ကြီးပေါင်း ၂ဝဝ ကျော်ရှိတယ်။ ၂ဝ၂ဝမှာ လူတစ်ဦးချင်း ဝင်ငွေက တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၁၃,ဝဝဝ လောက်ဖြစ်လာမယ်။ ဒါကြောင့် လူ လတ်တန်းစားတွေတိုးပွားလာမယ်။ ၂ဝ၃ဝ မှာ အိန္ဒိယ ရဲ့ ဝင်ငွေ က ၂ဝ၁ဝက ဝင်ငွေထက် ပိုများ လာမယ်။ ဒါပေမဲ့ တရုတ်ထက် တော့ နည်းနေသေးတယ်။ အိန္ဒိယ မှာ မြို့ပြနေတဲ့ လူဦးရေက ၄ဝ ရာခိုင်နှုန်းရှိ လာတယ်။ ဝင်ငွေတွေ လည်း ပိုကောင်းလာသလို စာမ တတ်မြောက်မှုနှုန်းတွေလည်း နည်း လာတယ်။ ၂ဝ၂ဝ မှာ မိုဘိုင်းဖုန်း သုံးသူ ဦးရေက သန်းတစ်ထောင် ရှိလာမယ်။ တရုတ်နဲ့ အိန္ဒိယဟာ ရှေးအခါ က ရန်ဘက်တွေ ဖြစ်ခဲ့ကြတာတွေ အခုတော့ မေ့ပျောက်ပစ်လိုက်ကြ ပြီ။ ၂ဝ ရာစုတွေမှာ တစ်နိုင်ငံနှင့် တစ်နိုင်ငံ မယုံကြည်ကြဘဲ သံသယ နဲ့ဆက်ဆံခဲ့ ကြတယ်။ ၁၉၆၂မှာ နယ်စပ်တိုက်ပွဲတွေတောင် ဖြစ်ခဲ့ ကြတယ်။ စစ်အေးကာလပြီးဆုံးတဲ့ အခါမှာ နှစ်နိုင်ငံဆက်ဆံရေး ပြန် လည်နွေးထွေး လာတယ်။ ၁၉၉၆ မှာ တရုတ်သမ္မတ ကျန်ဇီမင်းက အိန္ဒိယပြည်ကို ချစ်ကြည်ရေးလာ ရောက်ခဲ့တယ်။ အိန္ဒိယကိုလာတဲ့ ပထမဆုံးတရုတ်ခေါင်းဆောင်ပဲပေါ့။ ၂ဝဝ၃ ကျတော့ အိန္ဒိယ ဝန်ကြီးချုပ် ဗက်ခ်ျပါယီး တရုတ်ပြည်သို့အလည် အပတ်လာခဲ့ပြန်တယ်။ ဝမ်ကျား ပေါင်လည်း နယူးဒေလီကို ချစ်ကြည် ရေးခရီးလာခဲ့တယ်။ တရုတ်၊ ပါကစ္စ တန်ရဲ့ နျူကလီးယားလက်နက် အပေါ်ထောက်ခံမှုကိုတော့ အိန္ဒိယ က စိုးရိမ်မကင်းဖြစ်ခဲ့ပါတယ်။ ဒါက တရုတ်နဲ့ အိန္ဒိယတို့ကြားက ဆက် ဆံရေးအတွက် အဓိက အတား အဆီးပါပဲ။ အိန္ဒိယရဲ့ အိုင်တီအောင်မြင် မှုကို တရုတ်ကအထင်ကြီးတယ်။ အိန္ဒိယနဲ့ လစ်ဘရယ်ကျတဲ့ စီးပွား ရေးပေါ်လစီ လစ်ဘရယ်ကျတဲ့နိုင်ငံ ရေးတွေကို တရုတ်က ဥပမာအနေ နဲ့ လေ့လာအားကျတယ်။ တရုတ် နဲ့အိန္ဒိယက ပူးပေါင်းဆောင်ရွက်မှု (Cooperation) တွေလုပ်တယ်။ ပြိုင်ဆိုင်မှု (Competition) လုပ် တယ်။ ထိပ်တိုက်ရင်ဆိုင်မှု (Confrontation) တော့ မလုပ်ကြတော့ ဘူး။ ဒါဟာ အာရှဒေသရဲ့ ထူးခြား မှုတစ်ခုပဲ။ အိန္ဒိယက တောင်ကိုရီးယား နဲ့ ဂျပန်ကို စီးပွားရေးပူးပေါင်း ဆောင် ရွက်ဖို့ ညှိနှိုင်းနေတယ်။ တရုတ်၊ တောင်ကိုရီးယား၊ ဂျပန်တို့ကလည်း သုံးပွင့်ဆိုင် လွတ်လပ်တဲ့ကုန်သွယ် မှုရဖို့ ဆွေးနွေး နေကြတယ်။ တရုတ် က အခြားအာရှ နိုင်ငံတွေနဲ့ ဆွေး နွေးနေသလို အိန္ဒိယကတော့ အာရှ ကရော၊ အာရှမဟုတ်တဲ့ ချီလီလို နိုင်ငံမျိုးတွေနဲ့ ပူးပေါင်းလုပ်ဖို့ ကြိုး ပမ်းနေလေရဲ့။ တကယ်တော့ အိန္ဒိယ +တရုတ် လွတ်လပ်သောကုန် သွယ်မှု သဘောတူညီချက် အပြည့် အဝက ၂ဝ၃ဝ ကျမှ ရမယ်။ အာရှ နှင့် ဥရောပကမတူဘူး။ ဥရောပမှာ က တူညီတဲ့သမိုင်း ကြောင်းတွေ နိုင်ငံရေးစနစ်တွေ ရှိတယ်။ အာရှ မှာတော့ ဒေသခွဲ ၃ခု ဟာ ယဉ် ကျေးမှုလည်းမတူ၊ စီးပွားရေး၊ နိုင်ငံ ရေးလည်း မတူကြဘူး။ ဂျပန်နဲ့ တရုတ်ဆိုရင် တစ်ယောက်နဲ့တစ် ယောက် သံသယတွေ၊ မယုံကြည် မှုတွေနဲ့ ဆက်ဆံခဲ့ကြတာ ဆယ် စုနှစ်ပေါင်းများစွာ ကြာခဲ့တယ်။ ဒါ ကြောင့် အာရှဟာ ညီညွှတ်သော အာရှနိုင်ငံများ (United States of Asia) ဖြစ်ဖို့ရာ တစ်သံထဲထွက်ဖို့ရာ မလွယ်ခဲ့ဘူး။ ဒါပေမဲ့ ညီညွတ်ဖို့ ကြိုးစားကြတယ်။ ဒေသတွင်း ညီ ညွတ်ဖို့ ကြိုးစားရင်းနဲ့ ပထမဆုံး အကောင်အထည်ပေါ်လာတာက အာဆီယံပါပဲ။ ထင်ရှားတဲ့ အာရှ တိုက်သားတွေက သူတို့ရဲ့ ဒေသ က လမ်းဆုံလမ်းခွရောက်နေပြီလို့ ယုံကြည်နေကြတယ်။ ကမ္ဘာပေါ်မှာ လူဦးရေအများဆုံး နိုင်ငံကြီးနှစ်နိုင်ငံ ဟာ နှောင်အနှစ်နှစ်ဆယ်ကြာရင် ကမ္ဘာ့အကြီးဆုံး စီးပွားရေးနိုင်ငံကြီး တွေ ဖြစ်တော့မှာ သေချာနေပြီလေ။
ဟိန်းလတ်
ဟိန်းလတ်
Ref:popularmyanmar
No comments:
Post a Comment