Popular Posts!

Tuesday, January 3, 2012

အမေရိကန်စစ်သားများ အနာဂတ်တွင် ဝတ်ဆင်သုံးစွဲမည့် အရိုးငြမ်းစက်ရုပ်

Posted by in နိုင်ငံရေးရာ သတင်း

အနာဂတ်အတွက် သင့်တော်သည့် အရိုးငြမ်းအဖြစ် စက်ရုပ်နည်း ပညာသုံးကာ ဖန်တီးထားသောစက်ကို အမေရိကန်စစ်သားများ လက်တွေ့အသုံးပြုစမ်းသပ်နေသည် မှာ နောက်ဆုံးအဆင့် ရောက်နေပြီဟုသိရသည်။ ကာကွယ်ရေးအပိုင်းသည် အမေရိကန်စစ်တပ်မှ ပေးသော ကန်ဒေါ်လာ ၁ ဒသမ ၁ သန်းကို အသုံးပြုပြီး အနာဂတ်အတွက် HULC အရိုးငြမ်းစက်ရုပ်ကို တီထွင်စမ်းသပ်ခဲ့ခြင်းဖြစ်သည်။ ယင်းစက်သည် ၄င်းကိုတပ်ဆင်ထားသော စစ်သားများ၏ ကိုယ်ခန္ဓာ တွင် အရိုးငြမ်းသဖွယ်ရှိနေမည်ဖြစ်ပြီး လှုပ်ရှားမှုတိုင်းကို အာရုံခံနိုင်ကာ ဘက်ထရီအားကိုသုံးပြီး ထိုစစ်သားကို သယ်ဆောင်သွားပေးနိုင်သည်ဟုဆိုသည်။ ထိုအရိုးငြမ်းစက်ရုပ်သည် ပေါင်၂ဝဝ ထိ သယ်ဆောင် နိုင်ပြီး ခရီးဝေးများကို တစ်နာရီလျှင် ၇ မိုင်နှုန်းဖြင့် သွားနိုင်သည်။ လိုအပ် ပါက တစ်နာရီလျှင် ၁ဝ မိုင်နှုန်း အထိပင်သွားနိုင်အောင်စစ်သားကို သယ်သွားပေးမည်ဖြစ်ပြီး ထိုစစ်သားသည် ၄င်းကိုယ်ခန္ဓာတွင် သယ်ဆောင်ထားသည့် လေးလံသည့်အရာများကိုပင် သယ်ထားသည် မထင်ရလောက်အောင် ကူညီပေးသည်။ အမျိုးမျိုးအသုံးဝင်အောင် ဖန်တီးထားသော ထိုအရိုးငြမ်းစက်ရုပ်သည် ၇၂ နာရီကြာမည့် စစ်ဆင်ရေးများအထိပင် သုံးစွဲနိုင်မည် ဖြစ်သည်။နောက်ဆုံးဖန်တီးထားသော HULC အရိုးငြမ်းစက်ရုပ်သည် အဆင့်ပိုမြင့်သော ဆော့ဖ်ဝဲကို အသုံးပြုထားသည့်အပြင် ဘက်ထရီ သက်တမ်းပိုကြာရှည်ခံအောင် နှင့် မည်သည့်လူသားနှင့်မဆို အံဝင် ခွင်ကျ မြန်မြန်ဆန်ဆန်တပ်ဆင် အသုံးပြုနိုင်အောင် ဖန်တီးထားသည်။ ယင်းစက်တွင်သံချပ်ကာပြားများ၊ အပူပေးစနစ်၊ အအေးပေးစနစ်များနှင့် အာရုံခံကိရိယာများပါ တပ်ဆင်ထားသည်။ ထိုအရိုးငြမ်း စက်ရုပ်သည် စစ်သားများကို လေးလံသည့်ဝန်ထုပ်ဝန်ပိုးများ သယ်ဆောင်ရသဖြင့် စိတ်ဖိစီးမှုများ ဖြစ်ပေါ်ခြင်းကို လျော့ကျစေနိုင်ကြောင်း၊ လေးလံသောဝန်ထုပ်ဝန်ပိုးများသည် စိတ်ကိုသာမက ခန္ဓာကိုယ်တွင် ဒဏ်ရာများပါရစေနိုင်ကြောင်း၊ HULC ၏ နည်းပညာသည်အလေးချိန်ကို အရိုးငြမ်းစက်ရုပ်၏ ခြေထောက်မှတစ်ဆင့် မြေကြီးပေါ်သို့လွှဲပြောင်းပေးလိုက်ခြင်း ဖြစ်ကြောင်း ဆိုသည်။ ထိုစက်သည် အော်ပရေတာ စေခိုင်းသည့်အတိုင်းလည်း လှုပ်ရှားနိုင်သည်။ ထိုမျှသာမက ဆေးပညာပိုင်း လုပ်ငန်းအပိုင်း တို့ကိုပါ အထောက်အကူပေးနိုင်အောင် စဉ်းစားဖန်တီးထားကာ အလေးချိန်အမျိုးမျိုးကို သယ်မနိုင် ပြီး အရှိန်အမျိုးမျိုးဖြင့် ရွေ့လျားနိုင်မည်ဖြစ်သည်။
ZMO, Ref : Dailymail

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!