Popular Posts!

Saturday, January 14, 2012

တားမြစ်အစားသောက် ၇ မျိုးထုတ်ပြန်ကြေငြာချက်။WHO

 
သင့်ရဲ့ကျန်းမာရေးပိုမိုကောင်းမွန်လာစေဖို့ အောက်ပါအစားအသောက်
၇ မျိုးကိုတတ်နိုင်သမျှရှောင်ကြဉ်သင့်ကြောင်း
ကမ္ဘာ့ကျန်းမာရေးပညာရှင်များကကြေငြာချက်ထုတ်ပြန်ထားပါတယ်။

(၁)ခရမ်းချဉ်သီးစည်သွပ်ဘူးများ(ခရမ်းချဉ်သီးဆော့စ်များပါဝင်သည်)
စည်သွပ်ဘူးတွေထုပ်ပိုးရာမှာ Bisphenol-A(ဘစ်ဖီနော-အေ)လို့ခေါ်တဲ့ဓာတုပစ္စည်းကို သံဖြူဘူးတွေရဲ့ နှုတ်ခမ်းသားမှာသုတ်လိမ်းအသုံးပြုကြပါတယ်ဒီဓာတုဒြပ်ပေါင်းဟာမျိုးဆက်ပွားကျန်းမာရေးပြဿနာများ၊
နှလုံးရောဂါ၊ဆီးချိုနဲ့အ၀လွန်ရောဂါတွေကိုဖြစ်စေတယ်လို့ဆေးပညာရှင်တွေအတည်ပြုပြီးသားဖြစ်ပါတယ်။ဒီလိုစည်သွပ်ဘူးတွေထဲမှာမှခရမ်းချဉ်သီးတွေရဲ့ အက်ဆစ်ဓာတ်က ခန္ဓာကိုယ်ထဲကို ဘစ်ဖီနော-အေ
ပိုမိုရောက်ရှိစေတယ်လို့ ဆိုပါတယ်။
ဖြေရှင်းနည်း- သံဖြူစည်သွပ်ဘူးမဟုတ်တဲ့ ဖန်ပုလင်းတွေနဲ့ လာတာတွေကိုရွေးချယ်ဝယ်ယူပါ။

(၂)ပြောင်းဖူးအဆန်ကျွေး၍မွေးမြူထားရာမှ ရရှိသောအမဲသား
နွားဆိုတဲ့သတ္တ၀ါမျိုးတွေဟာအရွက်စားတဲ့သဘာဝပဲရှိပြီးအဆန်တွေစားတဲ့သဘာဝမရှိပါဘူး။
ဒါပေမယ့် ယနေ့ခေတ်နွားမွေးမြူသူတွေက နွားတွေကိုကြီးထွားမှုမြန်ဆန်လာအောင် ပြောင်းဖူး၊ပဲပိစပ်စတဲ့ သီးနှံတွေကျွေးလာကြပါတယ်။အရွက်စားတဲ့နွားတွေရဲ့အသားမှာအနှံစားတဲ့နွားတွေရဲ့အသားထက်
ဘီတာကယ်ရိုတင်း(ဗိုက်တာမင်အေ)၊ဗိုက်တာမင်အီး၊အိုမီဂါသရီးအဆီများ၊ Cလို့ခေါ်တဲ့အကျိုးပြုအဆီများနဲ့ ကယ်လစီယမ်၊မဂ္ဂနီစီယမ်၊ပိုတက်စီယမ်စတဲ့သတ္တုဓာတ်များပေါများစွာပါဝင်တာကိုတွေ့ရပါတယ်။အနှံစားတဲ့နွားတွေမှာတော့ဒါတွေနည်းပါးပြီး နှလုံးရောဂါဖြစ်စေတဲ့ ခန္ဓာကိုယ်အတွက်မကောင်းတဲ့ပြည့်ဝဆီ(Saturated Fats)များသာမန်ထက်ပိုမိုများပြားစွာပါဝင်တယ်လို့ ဆိုပါတယ်။
ဖြေရှင်းနည်း-စူပါမားကတ်တွေမှာရောင်းတဲ့အမဲသားတွေမှာအဆိုပါနွား၂မျိုးရဲ့အသားတွေကို ခွဲခြားတံဆိပ်ကပ်ပြီးရောင်းချကြပါတယ်။ မတွေ့ရင်ဆိုင်တာဝန်ခံများကိုမေးနိုင်ပါတယ်။

(၃)မိုက္ကရိုဝေ့ဖ်နည်းဖြင့်ပြုလုပ်ထားသော ပေါက်ပေါက်
PerfluoroOctanoicAcid(PFOA) လို့ခေါ်တဲ့ ဓာတုဒြပ်ပေါင်းတစ်မျိုးဟာပလတ်စတစ်အိတ်တွေထဲမှာပါဝင်ပါတယ်။မိုက္ကရိုဝေ့ဖ်နဲ့ပြုလုပ်ထားတဲ့ပေါက်ပေါက်တွေကို ပလတ်စတစ်အိတ်တွေထဲထည့်လိုက်ရင်
အခြားစားစရာတွေထက်ပိုပြီးPFOAတွေကိုအငွေ့ပျံစေပြီး စုပ်ယူမှုပိုကောင်းကာခန္ဓာကိုယ်ထဲ ပိုမိုရောက်ရှိစေတယ်လို့ဆိုပါတယ်။ဒီပစ္စည်းရဲ့ဆိုးကျိုးကတော့သားသမီးရရှိရေးကို နှောင့်ယှက်တယ်လို့ စမ်းသပ်တွေ့ရှိထားပါတယ်။
ဖြေရှင်းနည်း-ဖြစ်နိုင်ရင်ပလတ်စတစ်အိတ်ထဲပေါက်ပေါက်တွေကိုကြာကြာထည့်မထားပါနဲ့။ဒါမှမဟုတ်အခြားထည့်စရာတစ်ခုခုပြောင်းထည့်ပြီးစားပါ။

(၄)အော်ဂဲနစ်သီးနှံမဟုတ်သော အာလူး အော်ဂဲနစ်နည်းနဲ့စိုက်ထားတာမဟုတ်တဲ့အာလူးတွေဟာကြီးထွားချိန်မှာ မှိုသတ်ဆေးဖျန်းရလေ့ရှိပြီး အာလူးပေါ်ချိန်နီးရင်လဲပေါင်းသတ်ဆေးဖျန်းရပြန်ပါတယ်။ဒါတွေကို အော်ဂဲနစ်မဟုတ်တဲ့အာလူးတွေက
အခြားသီးနှံတွေထက် စုပ်ယူထားကြလို့ တတ်နိုင်သမျှလျှော့စားသင့်ပါတယ်။
ဖြေရှင်းနည်း-တတ်နိုင်ရင် အော်ဂဲနစ်အာလူးတွေကိုပဲရွေးချယ်ဝယ်ယူစားသုံးပါ(သို့)ရေထဲမှာစိမ်ထားပြီး အနည်းဆုံး၅ခါလောက်အချိန်ကြာကြာဆေးသင့်တယ်လို့ဆိုပါတယ်။

(၅)မွေးမြူရေးဆယ်လမွန်ငါးများဆယ်လမွန်ငါးတွေရဲ့ သဘာဝအရပင်လယ်မှာမကြီးပြင်းရဘဲ
ဒီလိုမွေးမြူရေးအနေနဲ့မွေးထားရင် ကြက်ငှက်တွေရဲ့အညစ်အကြေး၊ကင်ဆာဖြစ်စေတဲ့ဓာတ်သတ္တုတွေ၊ပိုးသတ်ဆေးတွေကိုအလိုအလျောက်စုပ်ယူမိစေတယ်လို့ ဆိုပါတယ်။ပြီးတော့သူတို့ရဲ့
ဗိုက်တာမင်ဒီပါဝင်မှုပမာဏကိုလည်း လျော့နည်းစေတယ်လို့သိရပါတယ်။
ဖြေရှင်းနည်း-Alaska Salmon လို့တံဆိပ်ကပ်ထားတဲ့ငါးတွေကတော့အကောင်းဆုံးသဘာဝငါးတွေဖြစ်ပါတယ်။ဒါပေမယ့် fresh Atlanticလို့ကပ်ထားရင်တော့လုံးဝမ၀ယ်ပါနဲ့
ဒါဟာမွေးမြူရေးငါး သာဖြစ်ပါတယ်။အတ္တလန္တိတ်ရေပြင်မှာဘယ်သူ့ကိုမှ ဆယ်လမွန်ငါးဖမ်းခွင့်မပေးထားလို့ပါ။

(၆)ဟော်မုန်းများထိုး၍ထုတ်လုပ်ထားသော နို့နှင့်နို့ထွက်ပစ္စည်းများ
နို့ထုတ်လုပ်သူများဟာမျိုးရိုးဗီဇနည်းနဲ့ပြုလုပ်ထားသောနွားကြီးထွားရေးဟော်မုန်း(recombinant
Bovine Growth Hormone, rBGH)ကိုသုံးပြီးသူတို့ရဲ့နို့စားနွားတွေကိုနို့ပိုထွက်အောင်လုပ်ပါတယ်။ဒီဟော်မုန်းရဲ့ဘေးထွက်ဆိုးကျိုးအနေနဲ့နွားဆီကရောဂါပိုးများနဲ့ပြည်များ နွားနို့ထဲမှာပါလာနိုင်တယ်လို့
ဆိုပါတယ်။ဒါ့အပြင်ရေရှည်သောက်သုံးသွားရင် ဆီးကျိတ်၊ရင်သား နဲ့ အူမကြီးကင်ဆာများပြါ
ဖစ်နိုင်ကြောင်းသိရပါတယ်။
ဖြေရှင်းနည်း-နို့နဲ့နို့ထွက်ပစ္စည်းတွေဝယ်ရင် rBGH-free, rBST-free
ဆိုတဲ့လေဘယ်များပါတာတွေကို ရှာဝယ်ရင် စိတ်ချရပါတယ်။

(၇)အော်ဂဲနစ်သီးနှံမဟုတ်သော ပန်းသီး`
`အသီးအနှံများ၏ပိုးသတ်ဆေးနှင့်ထိတွေ့မှုအများဆုံးပြိုင်ပွဲ´´သာလုပ်ရင်ပန်းသီးပထမရမှာ သေချာပါတယ်။ သာမန်ပန်းသီးတွေ၊အထူးသဖြင့်ကိုင်းကူးကိုင်းဆက်နည်းနဲ့စိုက်ထားတဲ့ ပန်းသီးတွေဟာ ရောဂါပိုးမွှားဒဏ်ကို ခံနိုင်ရည်နည်းလွန်းလို့ခဏခဏပိုးသတ်ဆေးဖျန်းရလွန်းလို့ဖြစ်ပါတယ်။ဒီပိုးသတ်ဆေးတွေဟာကင်ဆာအမျိုးမျိုးနဲ့ ပါကင်ဆန်ရောဂါလို့ခေါ်တဲ့ ဦးနှောက်ထိခိုက်တဲ့ ရောဂါဖြစ်စေနိုင်လို့ ကြောက်စရာပါပဲ။
ဖြေရှင်းနည်း-နံပတ်(၄)ကအာလူးနဲ့ တူတူပါပဲ။
Ref:aungmyintun.blog's

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!