Popular Posts!

Wednesday, January 4, 2012

ပြည်ပ နှင့် ငွေလွဲ လုပ်ငန်း လုပ်ကိုင်ရာ တွင် ဘဏ် အချင်းချင်း ချိတ်ဆက် လုပ်ကိုင်ခြင်း သည်သာ အကောင်းဆုံး ဖြစ်

ပြည်ပ နှင့် ငွေလွဲ လုပ်ငန်း လုပ်ကိုင်ရာ တွင် ဘဏ် အချင်းချင်း ချိတ်ဆက် လုပ်ကိုင်ခြင်း သည်သာ အကောင်းဆုံး ဖြစ်          ပြည်တွင်းရှိ နိုင်ငံခြားငွေ ရောင်းဝယ် ဖောက်ကား ခွင့်လိုင်စင်ရဘဏ်များ အနေ ဖြင့် ပြည်ပ နိုင်ငံများနှင့် ငွေလွှဲလုပ်ငန်း လုပ် ကိုင်ရာတွင် ဘဏ်အချင်းချင်း ချိတ်ဆက် လုပ်ကိုင်ခြင်း သည်သာ အကောင်းဆုံး ဖြစ် ကြောင်း ဘဏ္ဍာရေး၊ ငွေရေးကြေးရေးနှင့် အခွန်ဆိုင်ရာ အကြံပေးအဖွဲ့ခေါင်းဆောင် ဦးသန်းလွင်က သုံးသပ် ပြောကြားသည်။
        အဆိုပါကိစ္စနှင့် ပတ်သက်၍ ဦးသန်း လွင်က “နိုင်ငံခြားငွေကိုင် ဆောင်ခွင့်ရထား တဲ့ ဘဏ် ၁၁ ဘဏ်က သာမန် အားဖြင့် ပြည်ပနဲ့ ငွေလွှဲ လုပ်ငန်းလုပ်လို့ရတယ်။ ငွေ လွှဲလုပ်တယ် ဆိုတာ နိုင်ငံခြားမှာရှိ တဲ့ဘဏ် နဲ့ ဒီက ဘဏ်နဲ့လွှဲကြတယ်။ ဒါထုံးတမ်းစဉ် လာပဲ။ အဖွဲ့အစည်းတစ်ခုကနေ တစ်ခုလွှဲ တယ်ဆိုတာမရှိဘူး။ ဘဏ်အချင်းချင်း ပဲလွှဲ ရတယ်။ ဘဏ်အချင်းချင်း လွှဲနိုင်အောင် နိုင်ငံခြားမှာ ရှိတဲ့ဘဏ်နဲ့ ဒီကနိုင်ငံခြား ဘဏ် လုပ်ငန်းလုပ်ခွင့် လိုင်စင်ရထားတဲ့ ဘဏ်နဲ့ ချိတ်ရမယ်။ correspondent banking လို့ခေါ်တယ်။ အဲဒါ တခြား ဘဏ်နဲ့ ချိတ်ဆက်ပြီးတော့ လုပ်ကြတာ။ အဲဒီလို ချိတ်ဆက်ဖို့အတွက် ဘဏ် အချင်း ချင်း online system နဲ့သွားဖို့လိုတယ်။ အဓိပ္ပာယ်က swift system ပေါ့။ ဒါကို ဒီကဘဏ်အချို့လည်း ကိုယ်စားလှယ် ခေါ် ပြီးတော့ ချိတ်ဆက်ဖို့ လုပ်နေပြီး သူ့ရဲ့ ကိုယ်စားလှယ် က စင်ကာပူမှာ ရှိတယ်။ အဲဒါ အချိန်နည်းနည်းတော့ယူရတယ်။ နှစ် လ ကနေ လေးလလောက် အထိပေါ့။ အခု ဒါကိုစလုပ်နေပြီ။
            ဒီလိုလုပ်နေတဲ့ စပ်ကြားမှာ ငွေလွှဲလုပ် ငန်း လုပ်လို့မရဘူးလားဆိုတာ မေးစရာရှိ တယ်။ ဘဏ်တွေ အနေနဲ့ကတော့ ဒီနည်း က အကောင်းဆုံးပေါ့။ တခြား နည်းလမ်း ရှာမယ် ဆိုရင်တော့ ဟွန်ဒီစနစ် လိုဖြစ်သွား နိုင်တယ်။ ဟွန်ဒီစနစ် ဆိုတာတော့ မလုပ် သင့်ဘူးပေါ့။ ဒါရှင်းရှင်း ပြောတာ။ ဟွန်ဒီ လိုမျိုး ဆိုရင်တော့ ဟိုကအေးဂျင့်နဲ့ ချိတ်ရ မယ်။ အဲဒီတော့ ဒီအေးဂျင့်က ဟိုမှာတ ရားဝင် register လုပ်ထားတဲ့ အေးဂျင့် လား။ ဥပမာ ငွေရေးကြေးရေး အဖွဲ့အ စည်းအနေနဲ့ register လုပ်ထားလား။ money changer လား။ ဒါလိုတယ်။ ဟိုဘက်မှာလည်း သူ့စည်းနဲ့ ကမ်းနဲ့ရှိတာ ကို ရိုးရိုး ကုမ္ပဏီ တစ်ခုအနေနဲ့ ဆိုရင်တော့ ခုနကပြော သလို ဟွန်ဒီ ဆန်ဆန်ဖြစ်သွား မယ်လေ။ ဟွန်ဒီ ဆိုရင်တော့ သူက ဟို ဘက်မှာ ငွေလိုက် ကောက်မယ်ပြီးတော့ ထွက်ပြေး သွားရင် ဘယ်လိုလုပ်မလဲ။ အာ မခံချက်ရှိလား။ ဘဏ်နာမည် သုံးပြီး ထွက် ပြေးသွားရင် ဘဏ်က နာမည်ပျက်မယ်။ ကောင်းပြီ။ သူကမလိမ်ပါဘူး။ လုပ်ပေး တယ်ဆိုသည့် တိုင် အောင် ခုနကပြောတဲ့ ဒီကငွေရေးကြေးရေး ဘဏ်အဖွဲ့အစည်း တစ်ခုကို ခုန ဟိုကနေ ငွေစုပြီး တော့ ပို့တယ် ဆိုတာ ဟိုဘက်က ငွေရေး ကြေးရေး ဥပဒေက ဘယ်လို ရှိသလဲ။ ဒီကဘဏ်ကို လွှဲ လို့ရလား။ အဲဒါလည်း စဉ်းစား စရာ တစ်ခုပေါ့။ ဒါကြောင့် ဟွန်ဒီ ပုံစံမျိုးမလုပ်ဖို့ အရေး ကြီးတယ်။ ဘဏ်လုပ်ငန်း ဆန်ဆန် မျိုးလုပ်ဖို့ အရေးကြီးတယ်” ဟု သုံးသပ်ပြော ကြားသည်။
           လက်ရှိတွင် ပြည်ပတွင် သွားရောက် အလုပ်လုပ်ကိုင် နေကြသော မြန်မာ အလုပ် သမားများသည် တရားဝင် လမ်းကြောင်းအ ပြင် တရားမ၀င် လမ်းကြောင်းများမှ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ ဂျပန်၊ ကိုရီးယားနှင့် အရှေ့ အလယ်ပိုင်းနိုင်ငံ များသို့သွားရောက် အလုပ်လုပ် ကိုင်လျက်ရှိကြောင်း၊ ထိုသို့အ လုပ်လုပ် ကိုင်ရာမှရရှိလာသော ၀င်ငွေများ ကို တရားမ၀င် ဟွန်ဒီ စနစ်ဖြင့်သာ လွှဲပို့ နေ ရကြောင်း၊ သို့ဖြစ်၍ နိုင်ငံခြား ငွေရောင်း ၀ယ် ဖောက်ကား ခွင့်လိုင် စင်ရဘဏ်များဖြစ် သည့် သမ၀ါယမဘဏ်၊ ကမ္ဘောဇဘဏ်၊ ဧရာဝတီ ဘဏ်နှင့် အာရှစိမ်းလန်းမှုဖွံ့ဖြိုး ရေးဘဏ် တို့မှ စင်ကာပူ၊ ထိုင်းနှင့် မလေး ရှားနိုင်ငံတို့ရှိ မြန်မာ အလုပ်သမားများထံမှ မြန်မာနိုင်ငံ ရှိ မိသားစုများထံ ငွေလွှဲ ပို့မှုအ စီ အစဉ် ဆောင်ရွက်ရန် အတွက်တင်ပြခြင်း အားခွင့်ပြုပေး ခဲ့ကြောင်း တရားဝင် သတင်း ထုတ်ပြန်ချက် အရ သိရသည်။
          ထို့အပြင် ပြည်ထောင်စု အစိုးရအဖွဲ့ ၏ အမိန့်ကြော်ငြာစာ ၅၇ / ၂၀၁၁ ဖြင့် ပြည်ပ နေနိုင်ငံ သားများက နိုင်ငံခြားငွေဖြင့် ရရှိသည့် လစာ စာရင်း ခေါင်းစဉ်အောက် တွင် ၀င်ငွေစုစု ပေါင်းအပေါ်ရရှိသည့် နိုင်ငံ ခြားငွေအမျိုး အစားဖြင့် ပေးဆောင်စေမည့် ၀င်ငွေခွန်ကို ၀င်ငွေခွန် ဥပဒေပုဒ်မ ၅၊ ပုဒ်မ ခွဲ(၁)အရ ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီ ၁ ရက်မှ စ၍ ကင်းလွတ်ခွင့် ရရှိမည်ဖြစ်ကြောင်း၊ ထို့ ကြောင့် ပြည်ပတွင် သွားရောက် အလုပ်လုပ် ကိုင်နေသော အလုပ်သမားများ မြန်မာနိုင် ငံသို့ ငွေလွှဲပေးပို့ရာ တွင် ပေးဆောင် ရမည့် ၀င်ငွေခွန် နှစ်ရာခိုင်နှုန်းမှာ ကင်းလွတ်ခွင့် ပြုသည့် ရက်မှစ၍ ပေးဆောင်ရန် မလိုတော့ ကြောင်း တရားဝင် သတင်းထုတ်ပြန်ထား သည်။

ထွန်းလင်း-thrmyanmarpost

အခြားဆက်စပ်သတင်းများ-

- KBZ က Swift စနစ် ချိတ်ဆက်ပြီးပါက နိုင်ငံခြားဘဏ် များနှင့် ချိတ်ဆက်၍ Correspondent Bank ထူထောင်ပြီး ပြည်ပရောက် မြန်မာ အလုပ်သမားများ

- မြန်မာ နိုင်ငံ၌ ၁၆ ခုမြောက် နိုင်ငံခြား ဘဏ် ကိုယ်စားလှယ်ရုံး အဖြစ် တရုတ် ICBC ဘဏ် ကိုယ်စားလှယ် ရုံးစတင် ဖွင့်လှစ်

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!