Popular Posts!

Sunday, January 15, 2012

ကားပါမစ်နောက်ဆင်တွဲသတင်းများ(၆)

အေးသီတာကျော်
အတွဲ ၂၈ ၊ အမှတ် ၅၅၂ ( ၁၃ - ၁၉ ၊ ၁ ၊ ၂၀၁၂)

နိုင်ငံခြား ၀င်ငွေရရှိသူများနှင့် ကုမ္ပဏီ များအတွက် ဇန်န၀ါရီလဆန်းပိုင်းမှ စတင်ခါ ကားတင်သွင်းခွင့်များ ကျလာပြီဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန၏ ကုန်သွယ် မှုမူဝါဒများနှင့် ဥပဒေဆိုင်ရာညွှန်ကြားရေးမှူး ဦးသန်းအောင်က ပြောသည်။

ပို့ကုန်ကုမ္ပဏီများမှ အစီးရေ ၆,၀၀၀၊ ဟိုတယ်မှ အစီးရေ ၁,၀၀၀ ၊ နိုင်ငံခြားတွင် သွားရောက်လုပ်ကိုင်နေသူများက အစီးရေ ၁,၀၀၀ ၊ နိုင်ငံခြားသင်္ဘောသား များကအစီးရေ ၃,၀၀၀ ၊ ၀န်ကြီးဌာန များမှ ပြည်ပတွင် သင်တန်းတက်ရောက် နေသူများက အစီးရေ ၁,၇၀၀ ၊ ရင်းနှီး မြှုပ်နှံမှုလုပ်ငန်း အဖွဲ့အစည်းများနှင့် အခြားကိစ္စရပ်များမှ တင်သွင်းရန် အစီး ရေ ၄,၇၀၀ ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြည်ပတွင် တာဝန်ထမ်းဆောင်နေသည့် သံတမန်များက အစီးရေ ၃၀၀ တင်သွင်း ရန်ရှိသည်ဟု သိရသည်။

အဆိုပါကားများမှာ တင်သွင်းခွင့် ကျပြီဖြစ်သောကြောင့် ဇန်န၀ါရီလကုန် ပိုင်းမှ စတင်ကာ ရန်ကုန်ဆိပ်ကမ်းသို့ အသုတ်လိုက် ရောက်ရှိလာနိုင်သည်။

နောင်တစ်ချိန် မည်သူမဆို လွတ်လပ်စွာ ၀ယ်ယူနိုင်သော ကားအရောင်းပြခန်းများ ဖွင့်လှစ်ခွင့်ရရှိလာမည် ဆိုသော်လည်း စက်မှုဝန်ကြီးဌာနမှ ဖွင့်လှစ်သော အရောင်းပြခန်းမှလွဲ၍ ကျန်ကား အရောင်းစင်တာများမှာ ကားဟောင်း အပ်နှံပြီး ပါမစ်ရှိသူသာ ၀ယ်ယူခွင့်ရနေသေးသည်။

ထို့ကြောင့် ကားဟောင်းအပ်နှံမှု လျော့နည်းလာချိန်တွင် ကားဈေးကွက် အတွင်း အနိမ့်ကားများနှင့် ကားပါမစ် ဈေးနှုန်းများမှာ ကျပ်သိန်း ၁၀၀ မှ ၁၅၀ အထိ တစ်လအတွင်း မြင့်တက်သွားခဲ့သည်။

"မော်ဒယ်အမြင့် ကားပါမစ်တွေ ကျလာရင် ဈေးတွေပြန်ကျသွားမှာ သေချာတယ်။ မော်ဒယ်နိမ့်တဲ့ကား သွင်းတဲ့သူနဲ့ အမြင့်ကား သွင်းတဲ့သူ ပြန်မျှသွားနိုင်တယ်"ဟု ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်းမှ ကားဝယ် ရောင်းတစ်ဦးက ပြောသည်။

သို့သော် အချို့ကားတင်သွင်းခွင့်နှင့် ၀ယ်ရောင်းခွင့်ရရှိသူများက ကားပါမစ် များလက်ထဲတွင် တစ်ဦးတည်းစုဆောင်း ထားပြီး ၎င်းတို့ထံမှ ရောင်းလိုအားကို ထိန်းထားလိုခြင်းကြောင့် ဈေး ရုတ် တရက်မကျနိုင်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

Ref:myanmartimenews
"မူလက ကားအစီးရေ ၅၀,၀၀၀ ကျော်လောက် အပ်နှံမယ်လို့ မှန်းထားပေမယ့် အခု တကယ်တမ်းအပ်တာက ၂၉,၀၀၀ ကျော်ပဲရှိ သေးတယ်။ ဌာနဆိုင်ရာကားတွေက ထင်သလောက် လာမအပ်တဲ့ အတွက် ပါမစ်ဈေးလည်း မကျနိုင်ဘူး ဖြစ်နေတယ်"ဟု ကုန်သွယ်ရေးညွှန်ကြား မှူးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကားပါမစ်ဈေးတက်သည့် နည်းတူ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနက ကားတင်သွင်းရာတွင် ကညန ယာယီမှတ်ပုံတင် ကြေးကို အက်ဖ်အီးစီနှင့် ပေးဆောင်ရန် သတ်မှတ်လိုက်သည့်အတွက် အက်ဖ်အီးစီဈေးများလည်း မြင့်တက်လာခဲ့သည်။

ဇန်န၀ါရီလ ၁၀ ရက်နေ့ ဈေးအရ ငွေလဲကောင်တာများရှိ အက်ဖ်အီးစီနှင့် ဒေါ်လာဈေးနှုန်းများမှာ ကျပ် ၈၁၀ - ၈၂၅ ဖြစ်ပြီး ပြင်ပဈေးနှုန်းမှာမူ အက်ဖ်အီးစီ ကျပ်၈၂၁-၈၂၆ ၊ ဒေါ်လာဈေးနှုန်းမှာမူ ကျပ် ၈၀၈ - ၈၁၃ ဖြစ်သည်။

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!