by Myanmar Share on Wednesday, January 25, 2012 at 5:06am
Facebook Spam သတိပေးချက်
ယခုရက်ပိုင်းအတွင်း facebook ပေါ်တွင် ကိုယ့်သူငယ်ချင်းမှ ဒါလေးကြည့်ပါ။ ချက်နောရစ်တော့သေပြီ။ နယူးရီးယား စသည်ဖြင့် လင့်အမျိုးမျိုးဖြင့် မိမိဝေါ်ပေါ်တွင်ဖြစ်စေ၊ group များအတွင်းတွင်ဖြစ်စေ၊ Fan Page များပေါ်တွင်ဖြစ်စေ လိုက်တင်နေသည်ကိုတွေ့ရှိပါက လုံးဝမနှိပ်ကြပါနှင့်။ နှိပ်မိသည့်တိုင် profile ကြည့်ရင် နှိပ်ပါ။ Plug-in Install လုပ်ပါ။ Flash Player upgrade လုပ်ပါ စသည်တို့တောင်းဆိုပါက တောင်းဆိုသည့်အတိုင်းမလုပ်မိပါစေနှင့်။
ထိုသို့လုပ်ဆောင်မိပါက မိမိနာမည်ကိုသုံးကာ အခြားသူများကို Tag လုပ်ခြင်း၊ မိမိမန်ဘာဝင်ထားသော Group များတွင် ပို့စ်များတင်ခြင်း၊ မိမိ Like လုပ်ထားသော Fan Page များတွင် လင့်များတင်ခြင်းဖြင့် ပိုမိုပွားများအောင် ဖြန့်ချိနေကြပါသည်။
အကယ်၍ နှိပ်မိပြီးသားသူများအတွက် ထပ်မံမပြန့်ပွားစေရန် Chrome တွင် ဘေးနားက ဂွပုံလေးကို နှိပ်ပါ။ ထို့နောက် Options -> Extensions တွင် မသင်္ကာစရာကောင်းသော extensions အားလုံးဖြုတ်လိုက်ပါ။
Firefox တွင် Add-ons ထဲတွင် ရှာဖွေ၍ဖြုတ်လိုက်ပါ။
Myanmar Share
Fake Youtube Page

Ref:My Satan
No comments:
Post a Comment