Popular Posts!

Tuesday, January 31, 2012

ဟင်္သာတမြို့ မြသဇင်ဆေးရုံတွင် ၁၂.၁.၂၀၁၂ရက်နေ့က သေဆုံးသွားသော မပြည့်ပြည့်သော်ကိစ္စ (တိုင်ကြားစာ).



ဆက်စပ်နောက်ဆက်တွဲသတင်း-
ကျန်းမာရေး အာမခံထားနိုင်ပါက ဆရာဝန်နှင့် လူနာကြား ပဋိပက္ခလျော့ပါးမည်
ရန်ကုန်၊ ဇန်နဝါရီ ၇
မြန်မာနိုင်ငံတွင် Medical Protection Member နှင့် ကျန်းမာရေး အာမခံထားနိုင်ပါက ဆရာဝန်နှင့် လူနာကြားပဋိပက္ခများလျော့နည်း သွားမည်ဟုကျန်းမာရေး အတိုင်ပင်ခံဒေါက်တာဦးစိုးလွင်က ပြောသည်။ ”ကျန်းမာရေး စရိတ်တွေကလည်း ဈေးကြီးကြီးလာတယ်။ အစိုးရက ကောင်းကောင်းပေးနိုင်တဲ့ အပိုင်း ရှိသလို၊ ဒီလို ကျန်းမာရေး အာမခံသာ လူနာတွေထားနိုင်လာမယ်၊ ထားခွင့်ရှိလာမယ်ဆိုရင် ပိုကောင်း တယ်။ နိုင်ငံခြားမှာလည်း ဒါမျိုးရှိ တယ်။ မော်တော်ကားတွေမှာလည်း ထိခိုက်မှု အာမခံထားသလို လူတွေ အနေနဲ့ သူတို့ရဲ့ ကျန်းမာရေးအာမခံ လည်းထားနိုင်မယ်ဆို ကောင်းတယ် လို့မြင်တယ်” ဟု အထက်ပါဆရာဝန်က ထပ်မံပြောသည်။ လာမည့် ၂ဝ၁၂ တွင် မြန်မာ နိုင်ငံ၌ နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံသော စက်ရုံများ၊ လုပ်ငန်းများ တိုးလာ ပါကလည်း ဝန်ထမ်းများ လုပ်ငန်း ခွင်အတွင်းဖြစ်သည့် ရောဂါများ၊ ထိခိုက်မှုများ ရှိလာမည်ဖြစ်သော ကြောင့် ယင်းတို့မှ ကာကွယ်ရန်၊ ကုသရန်၊ ကျန်းမာရေးအာမခံများ ထားရှိရန်လိုအပ်လာမည်ဖြစ်ကြောင်း ၄င်းက ထပ်မံပြောသည်။ ”ကျန်းမာရေး အာမခံရှိ ထား ရင်လူနာတွေအတွက် ကောင်းပါ တယ်။ ဆရာဝန်တွေအတွက်ကတော့ Medical Protection Member ထားပေးနိုင်ရင်အဆင်ပြေမယ်။ နိုင်ငံ ခြားမှာ ဒီလိုမျိုးအသင်း၊ အဖွဲ့တွေ ရှိတယ်။ ဆရာဝန်တွေတင် မဟုတ်ဘဲ ဆေးရုံတွေကပါ အဲ့ဒီအသင်းဝင်ထားကြတယ်။ လူနာတွေအတွက် အာမခံကကောင်းတယ် ဆိုတာက တော့ ဆေးရုံတက် ကုသမှုခံယူခြင်း၊ ခွဲစိတ်ကုသရခြင်းများကြောင့် စရိတ် စကကြီးပါက အာမခံရှိရင် အာမခံမှ ထုတ်ယူသုံးစွဲနိုင်တော့ လူနာတွေ အတွက် စရိတ်စက ကုန်ကျငွေအ တွက် စဉ်းစားစရာ၊ ငွေရှာစရာ မလိုတော့ဘူး။ လိုအပ်တဲ့ ကုသမှုများအ တွက် အရေးပေါ်ချက်ချင်း ပြုလုပ် နိုင်လို့ ကုသမှုအပိုင်းမှာ အကျိုးရှိပြီး၊ ဆရာဝန် ဘက်ကလည်း လူနာကို ကုသပေးရာမှာ ငွေရေးကြေးရေး သိပ်ငဲ့စရာမလိုတဲ့အတွက် လိုအပ်မယ်ထင်တယ်။ ချက်ချင်းလုပ်နိုင်တော့ လူနာနဲ့ဆရာဝန်ကြားမှာ ကုသမှု ပိုင်းဆိုင်ရာ မပြေလည်မှုတွေ လျော့ကျနိုင်တယ်လို့ ပြောချင်တာပါ” ဟု ဒေါက်တာဦးစိုးလွင်က ပြောသည်။ ကျန်းမာရေး အာမခံစနစ်ကို လုပ်ကိုင်ဖြစ်ပါက မြန်မာနိုင်ငံတွင် အစိုးရတစ်ခုတည်းက လုပ်ကိုင် သည်မဟုတ်ဘဲ ပုဂ္ဂလိကအနေနှင့် လည်း ပြုလုပ်ခွင့်ပေးမည်ဆိုလျှင် ကျန်းမာရေးလောကအနေဖြင့် အလားအလာ ပိုကောင်းလာမည်ဟု အထက်ပါဆရာဝန်က ၄င်း၏ ထင်မြင်ချက်ကို ပြောသည်။
ချစ်ဆုဆွေ-polpularmyanmar

1 comment:

Ko Nge said...

ုဘာတွေလိုအပ်နေလဲ? ပြဿနာရှင်းပေးမဲ့ insurance co တွေမရှိလို ဒီလိုပြဿနာတွေတောက်လျှောက်ဖြစ်နေတာ?

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!