
ရန်ကုန်မြို့ တွင် လူကူး မျဉ်းကျားမှ လမ်းဖြတ် မကူးသူ၊ စည်းကမ်းမဲ့ လမ်း ကူးသူများအား ဒဏ်ငွေကျပ် ၂,၀၀၀ နှင့် လူကူးမျဉ်းကျား များမှ လမ်းကူးနေ သူများ အားရပ်တန့်ပေးခြင်း မရှိဘဲ စည်း ကမ်းမဲ့ အရှိန်ဖြင့် မောင်းနှင်သော ယာဉ် များကိုလည်း ဒဏ်ငွေကျပ် ၂၁,၅၀၀ ဒဏ်တပ် အရေးယူမည်ဖြစ်ကြောင်း သိ ရသည်။
“စည်းကမ်းမဲ့ လမ်းကူးတာ၊ စည်း ကမ်းမဲ့ ကားတွေမောင်းနေ တာကို အ ရေးယူ သွားမယ်ဆိုတာ ဘာပဲ ပြောပြော ကောင်းပါတယ်။ အခုလိုင်းကား တွေ အပြိုင်မောင်းတာ၊ တက္ကစီတွေ စည်း ကမ်းမဲ့ရပ်ပြီး လူတင်တာ တွေကို နေ့ တိုင်း မြင်နေရတယ်။ ဒါပေမဲ့ တစ်ခု တော့ ရှိတယ်။ နေရာ အချို့မှာ မျဉ်း ကျား တွေမရှိတာ၊ မထင်မရှား ဖြစ်နေ တာတွေကို တော့ အမြန်ဆုံး ပြုပြင်ပေးဖို့ လိုတယ်။ ဒီလိုမျိုး မဟုတ်ရင် ဘယ် လောက်ပဲ အရေးယူယူ ထိရောက်မှာ မဟုတ်ဘူး လို့ထင်တယ်” ဟု အသက် ၃၀ အရွယ် ကုမ္ပဏီ ၀န်ထမ်း တစ်ဦးက ပြောကြား သည်။
စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူများ အား ၂၀၀၇ ခုနှစ်တွင် ဒဏ်ငွေရိုက် အသိပညာပေး လုပ်ငန်း များဖြင့် အရေး ယူ ဆောင်ရွက် ဖူးသော်လည်း စည်းကမ်း မဲ့ လမ်းကူးသူကို ဖမ်းဆီး ရာမှ မတော် တဆ မှုဖြစ်ပေါ်ခဲ့သည့် အတွက် အရေး ယူမှု ခေတ္တ ရပ်ဆိုင်း ထားကြောင်း သိရ သည်။
ထွန်းလင်း
Ref:themyanmarpost
No comments:
Post a Comment